Blossom Future ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Blossom Future, องค์กรไม่แสวงผลกำไร (NGO), Ban Mae Sot

ပွင့်သစ်ဝေမှ မီးဘေးသင့် အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သားများအတွက် အစားအစာ၊ သောက်ရေသန့်နှင့် ထောက်ပံ့ငွေများ လှူဒါန်းခြင်း...
08/10/2026

ပွင့်သစ်ဝေမှ မီးဘေးသင့် အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သားများအတွက် အစားအစာ၊ သောက်ရေသန့်နှင့် ထောက်ပံ့ငွေများ လှူဒါန်းခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ TK လေးစက်ရုံအနီး၊ UNHCRရုံး အနောက်ဘက်ရှိ ခေါင်းဖြူစက်ရုံ (ခ) King Plug အထည်ချုပ်ရုံမှာ မီးလောင်မှုဖြစ်ပွါးခဲ့ရာ မြန်မာလုပ်သား(၈၀)ဦးခန့် မီးဘေးသင့်သည်ဟု စုံစမ်းသိရှိခဲ့ရပါသည်။

၎င်းနေ့တွင်ပင် ဝန်ထမ်းများမှ ပွင့်သစ်ဝေကိုယ်စား မီးဘေးသင့်ပြည်သူများ၏ နေ့လည်စာအတွက် ထမင်းဘူး (၁၀၀)ဘူးနှင့် ရေသန့်ဘူး(၁၀၈)ဘူးနှင့် ညနေစာအတွက် ထမင်းဘူး(၈၀)ဘူးနှင့် ရေသန့်ဘူး (၈၄)ဘူးကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း စက်ရုံမီးလောင်ရာတွင် အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ ဆုံးရှုံးသွားသော လူဦးရေ (၃၇) ဦးစာအတွက် တစ်ဦးလျှင် (၇၀၀)ဘတ်နှုန်းဖြင့် (၂၅၉၀၀)ဘတ်အား ထပ်မံလှူဒါန်းပေးခဲ့ပါသည်။

ထိုသို့လှူဒါန်းမှုများအတွက် (၃၀၀၀၀)ဘတ် ပါဝင်ကူညီလှူဒါန်းပေးခဲ့ပါသော Thai-Japan Education Development Foundation (TJEDF) နှင့် လှူဒါန်းမှုများ ဆောင်ရွက်နိုင်ရန် ကူညီပေးခဲ့ပါသော စက်ရုံပိုင်ရှင်နှင့် တာဝန်ရှိသူများအား Blossom Future (ပွင့်သစ်ဝေ) မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)


08/10/2026
Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာမိသားစုများထံ ဆိတ်များ လှူဒါန်းခြင်း📅 ရက...
07/10/2026

Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ရွှေ့ပြောင်းမြန်မာမိသားစုများထံ ဆိတ်များ လှူဒါန်းခြင်း

📅 ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်

Blossom Future (ပွင့်သစ်ဝေ)နှင့် Church World Service (CWS)တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့တွင် မဲဆောက်မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ ရွှေ့ပြောင်းမြန်မာမိသားစု (၂၆) စုထံသို့ အိမ်ထောင်စုတစ်ခုလျှင် ဆိတ်(၁)ကောင်နှုန်း စတင်ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ လှူဒါန်းမှုတွင် မယ်ပ(၁၀)ရပ်ကွက်(ကျွန်းတော/ကရင်စု)နှင့် ဟွေ့ကလုတ်ရပ်ကွက်များမှ စိစစ်ရွေးချယ်ထားသော အိမ်ထောင်စုများပါဝင်ပြီး တစ်အိမ်ထောင်လျှင် ဆိတ်တစ်ကောင်နှုန်း အခမဲ့ကူညီပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။

Blossom Future အနေဖြင့် မဲဆောက်ရောက် ရွှေ့ပြောင်းမြန်မာမိသားစုများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်း ထောက်ပံ့မှုအတွက် စိစစ်ရွေးခြယ်ခြင်းခံရသူများကို -
✔️ အိမ်ထောင်စု(၁၇၀၀)အတွက် အမျိုသမီးလစဥ်သုံး တစ်ကိုယ်ရေသုံးပစ္စည်း(၄)မျိုးစီ၊
✔️ အိမ်ထောင်စု (၄၀၀) အတွက် တစ်အိမ်ထောင်လျှင် ကြက် (၄) ကောင်နှုန်း၊
✔️အိမ်ထောင်စု (၄၁၀) အတွက် တစ်အိမ်ထောင်လျှင် ဆိတ် (၁) ကောင်နှုန်း၊
✔️အိမ်ထောင်စု (၂၄၅) အတွက် တစ်အိမ်ထောင်လျှင် ဝက် (၁) ကောင်နှုန်း အသီးသီး ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။

အမျိုးသမီးလစဥ်သုံး တစ်ကိုယ်ရေသုံးပစ္စည်း (၄)မျိုးစီ ဖြန့်ဝေလှူဒါန်းခြင်းလုပ်ငန်းစဥ်ကို ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ အိမ်မွေးကြက်များနှင့် ဆိတ်များကို စတင်ဖြန့်ဝေပေးနေပြီဖြစ်ပြီး ယခုအောက်တိုဘာလအပါအဝင် လာမည့်နိုဝင်ဘာလ၊ ဒီဇင်ဘာလများနှင့် ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရွေးချယ်ခံရသည့် အိမ်ထောင်စုများထံ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားကာ ကြက်၊ ဝက်နှင့် ဆိတ်များ ဖြန့်ဝေခြင်းလုပ်ငန်းကို လုပ်ငန်းစဉ်အတိုင်း စနစ်တကျ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ပါသည်။

ဤလှူဒါန်းမှုလုပ်ငန်းစဥ်အဆင့်ဆင့် အဆင်ပြေချောမွေ့စွာ ပြီးမြောက်ရေးအတွက် ပူးပေါင်းကူညီပေးခဲ့ကြသော တာဝန်ရှိသူများနှင့် ပါဝင်အားဖြည့်ပေးခဲ့ကြသူအားလုံးကို Blossom Future (ပွင့်သစ်ဝေ) မှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

📌 သို့ပါ၍ ဖော်ပြပါအစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထားပါဝင်နိုင်ပြီ ဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

လျှောက်ထားနိုင်ရန်နည်းလမ်းများ
+++++++++++++++++++++++
➡️ နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း
လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸 https://forms.gle/mc8WG253rsQbzB9H9
( သို့မဟုတ် )

➡️ နည်းလမ်း (၂) အစီအစဉ်နှင့်ပတ်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ မရှင်းလင်းသည်များနှင့် မေးမြန်လိုသည်များရှိပါက လုပ်ငန်းစဉ်တာဝန်ခံထံ အပတ်စဉ် တနင်္လာနေ့ မှ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

မှတ်ချက်။ ။ ထောက်ပံ့ပေးသည့် အရေအတွက် အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံးလျှောက်ထားနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်
-------------
☎️ တာဝန်ခံ ဖုန်းနံပါတ်/ 𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် - +66635804509/ +66945595084
📧 Email – [email protected]/ [email protected]






ထိုင်းဘာသာစကားပြောအခမဲ့သင်တန်း အပတ်စဥ် (၂၂) အတွက် သင်တန်းသားခေါ်ယူခြင်း။ -----------------------------------------------...
06/10/2026

ထိုင်းဘာသာစကားပြောအခမဲ့သင်တန်း အပတ်စဥ် (၂၂) အတွက် သင်တန်းသားခေါ်ယူခြင်း။
--------------------------------------------------------
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်‌ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်း ဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ဖောင်ဒေးရှင်းမှ အခြေခံထိုင်းဘာသာ စကားပြောသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။

ယခုအခါ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့မှစတင်၍ အခြေခံထိုင်းဘာသာစကားသင်တန်း သင်တန်းအပတ်စဉ် (၂၂) ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလအနေဖြင့် (၂) လအထိ ကြာမြင့်မည်ဖြစ်ပြီး ထိုင်းဘာသာစကားကို စိတ်ပါဝင်စား သင်ယူလိုသော ထိုင်းနိုင်ငံရောက် မြန်မာပြည်သူပြည်သားများ လျှောက်ထားနိုင်ပါသည်။ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း လူကိုယ်တိုင် (In Person) စနစ်ဖြင့် တန်းခွဲများခွဲ၍ သင်ကြားပေးသွားမည်ဖြစ်ရာ မိမိတို့ အဆင်ပြေမည့် အချိန်ဇယားတစ်ခုကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

တက်ရောက်နိုင်သော အတန်းအချိန်ဇယားများ
In Person Class 𝗔: တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (ညနေ ၆ မှ ၈ နာရီအထိ)
In Person Class 𝗕: အင်္ဂါ၊ ကြာသပတေး၊ စနေ (ညနေ ၆ မှ ၈ နာရီအထိ)
သင်တန်းပြုလုပ်မည့်နေရာ - Mae Sot (Gigahertz Computer Store အနီး)

ထိုင်းဘာသာစကားသင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင်မည့် Google Form ကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှ စတင်ဖွင့်လှစ်ထားပေးမည်ဖြစ်ပါသည်။ အခြေခံထိုင်းဘာသာစကား သင်တန်းဖြစ်ပါသောကြောင့် ထိုင်းစာသင်ယူဖူးခြင်းမရှိသူများ၊ ယခုမှစပြီး လေ့လာမည့်သူများသာ လျှောက်ထားပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ လျှောက်ထားသူဦးရေ သတ်မှတ်ထားသော ပမာဏ‌ရောက်ရှိပါက လျှောက်လွှာတင်ခွင့်အား ပိတ်သိမ်းမည်ဖြစ်‌ပါသဖြင့် အချိန်မီကြိုတင်လျှောက်ထားနိုင်ပါရန် အကြံပြုအသိပေးအပ်ပါသည်။

လျှောက်ထားသူများအနက် သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်မည့် သင်တန်းသား (၄၀) ဦးအား ရွေးချယ်စိစစ်၍ တန်းခွဲတစ်ခုလျှင် (၂၀) ဦးနှုန်းဖြင့် တန်းခွဲ (၂) ခု ခွဲကာ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၄၀)ဦးကို လက်ခံသင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများကိုသာ Telegram (သို့) E-mail မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်သည့်အတွက် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ Telegram (သို့) E-mail လိပ်စာ/ ဖုန်းနံပါတ်များကို မှန်ကန်စွာထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက် ။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခြင်းမခံရသူများအား ပြန်လည်အကြောင်းကြားပေးမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ယခုအပတ်စဉ်တွင် ရွေးချယ်ခြင်းမခံရသူများအား နောက်အပတ်စဉ်များတွင် ဦးစားပေး ရွေးချယ်သွားမည်ဖြစ်ပါသည်။

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 - ပွင့်သစ်ဝေ၏ ထိုင်းဘာသာစကား အွန်လိုင်းသင်တန်း အပတ်စဉ် (၂၂) အပေါ် စိတ်ပါဝင်စားစွာ စာရင်းပေးသွင်းကြသူများထဲမှ
● သင်တန်းကာလ (၂ လ) အစမှ အဆုံးထိ တက်ရောက်ပါမည်ဟု ကတိပြုသူများ၊
● သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာမည့်သူများ၊
● သင်တန်းပုံမှန်တက်ရောက်မည့်သူများအတွက် သွားလာရေးစရိတ် (Transportation Fee) တို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ စုစုပေါင်း သင်တန်းအချိန်၏ ၇၅% တက်ရောက်ခဲ့သော သင်တန်းသား/သူများနှင့် ထိုင်းဘာသာစကား တတ်မြောက်မှုဆိုင်ရာ အရည်အချင်းစစ်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူများကို သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion)နှင့် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန်လင့်: https://docs.google.com/forms/d/e/1FAIpQLSfGL3qsMez0PukoFCqoZLnYFeCMJZVfaT7bYVmqs3TAP8tjZA/viewform?usp=publish-editor

လေးစားစွာဖြင့်
ထိုင်းဘာသာစကားသင်တန်းတာဝန်ခံ
Phone: +66 628-168-985
Email: [email protected]
Telegram Phone number: +66 628-168-985
User Name:


စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၄) အတွက် သင်တန်းသားခေါ်ယူခြင်း========================================ရက်စွဲ ။ ။ ၂၀၂၆ ခုနှ...
06/10/2026

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၄) အတွက် သင်တန်းသားခေါ်ယူခြင်း
========================================

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်

မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ ပြောင်းရွှေ့ နေထိုင်နေကြသော မြန်မာပြည်သူများအတွက် (၁)လကြာ နေ့/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ရာ Thai-Japan Education Development Foundation မှထောက်ပံ့ကူညီမှုဖြင့် အပတ်စဉ် (၂၄) သင်တန်းကို လာမည့် နိုဝင်ဘာလအတွင်း သင်တန်းပြုလုပ်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးရေးအား အမှန်တကယ် စိတ်ပါဝင်စားပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြန်လည်လုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

သင်တန်းတွင် မှိုစိုက်ပျိုးနည်းသာမက ရာသီပေါ်သီးနှံများဖြစ်သည့် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဘူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြားပေးသွားမည်အပြင် မြေဩဇာအကြောင်း၊ ပိုးမွှားရောဂါများအကြောင်းနှင့် ပိုးသတ်ဆေးအကြောင်းများကိုလည်း စာတွေ့သင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းအား လူကိုယ်တိုင်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းနေရာတွင် နေထိုင်၍ဖြစ်စေ၊ မိမိတို့နေအိမ်မှ လာရောက် သင်တန်းတက်၍ဖြစ်စေ တက်ရောက်နိုင်ပါသည်။

အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ (၅း၃၀) နာရီအချိန် နောက်ဆုံးထား၍ သင်တန်းလျှောက်လွှာအား လက်ခံပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့်သူများကို ပြန်လည်ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

သင်တန်းဆိုင်ရာ အကြောင်းအရာအသေးစိတ်
=========================
သင်တန်းကာလ ။ နိုဝင်ဘာလ (၃) ရက် မှ (၂၈) အထိ ။ တစ်ပတ် (၆)ရက် (တနင်္ဂနွေတစ်ရက် ပိတ်ပါသည်)
သင်တန်းအချိန် ။ နေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၅:၃၀ နာရီ အထိ။
သင်တန်းတည်နေရာ ။ ဟုန်ဖိုင်ရွာ၊ မဲဆောက်မြို့။
ခေါ်ယူမည့်သင်တန်းသား/သူဦးရေ ။ ၈ ဦး ။ (အမျိုးသမီးများ ဦးစားပေးရွေးချယ်ပါမည်။)

ခံစားခွင့်
=====
 သင်တန်းတက်ရောက်သူများအား သင်တန်းကာလအတွင်း နေထိုင်စားသောက်ရေးအတွက် စီစဉ်ပေးထားမည်ဖြစ်ပါသည်။
 သင်တန်းတွင်နေထိုင်၍ တက်ရောက်မည့်သူများအတွက် အကြို/အပို့ လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။
 သင်တန်းတက်ရောက်သူများ အထောက်အထားမရှိပါက ရဲကဒ်ပြုလုပ်ရန် ချိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ (ကုန်ကျစရိတ်အား သင်တန်းသူ/သား မှ ကျခံရမည် ဖြစ်ပါသည်။)
 သင်တန်းပြီးဆုံးပါက မဲဆောက်ရှိ စိုက်ပျိုးရေးခြံများတွင် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ရှာဖွေပေးခြင်း (သို့မဟုတ်) ကိုယ်တိုင်အမှန်တကယ် စိုက်ပျိုးလိုသူများသည် Blossom Future (ပွင့်သစ်ဝေ) မှ ၁ နှစ်စာ မြေငှားပေးပြီး ထောက်ပံ့ပေးမည့်အစီအစဉ်ကိုလည်း ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

မှတ်ချက် ။ သင်တန်းဆင်းပြီးပါက အမှန်တကယ် စိုက်ပျိုးရေးအလုပ်ဖြင့် ပြန်လည်လုပ်ကိုင်မည့်သူများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် form link >> https://forms.gle/7jWuNZiohjb4CUTT6

မရှင်းလင်းသည်များ၊ မေးမြန်းလိုသည်များရှိပါက သင်တန်းတာဝန်ခံ ဖုန်းနံပါတ် ၀၉၄၄၅၈၀၂၃၅ နှင့် အီးမေးလ် [email protected] သို့ ရုံးဖွင့်ရက်ဖြစ်သော တနင်္လာနေ့ မှ သောကြာနေ့ ( နံနက် (၉) နာရီ မှ ညနေ (၅) နာရီ) အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

မှတ်ချက် ။ Blossom Future မှ စိုက်ပျိုးရေးသင်တန်းများအား ၂၅ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်မှ စတင်ခဲ့ရာ ယခုအခါအပတ်စဉ် (၂၃) ခုအား အောင်မြင်စွာ သင်တန်းပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၂၈၀) ဦးအား မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)


တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအစီအစဉ် ++++++++++++++++++++မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်း...
05/10/2026

တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းထောက်ပံ့မှုအစီအစဉ်
++++++++++++++++++++

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအနေဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိတွင် လျှောက်လွှာတင်ထားသော ဖောင်များကိုလည်း စိစစ်ရွေးချယ်လျက်ရှိပြီး၊ ရွေးချယ်ခံရသူများအား ကြိုတင်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ ဖြန့်ဖြူးမည့်ရက်မတိုင်ခင် ၁ ရက်အလိုတွင်လည်း ဖုန်းဖြင့်ထပ်မံခေါ်ဆို၍ အကြောင်းကြားပေးပါမည်။

ယခုနှစ် အောက်တိုဘာလမှစတင်ပြီး ဖြန့်ဖြူးမည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်လျက်ရှိရာ သက်ရှိများကို ဖြန့်ဖြူးရခြင်းဖြစ်သည့်အတွက်ကြောင့် အချိန်အတိုင်းအတာတစ်ခု သည်းခံစောင့်ဆိုင်းပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လျှောက်လွှာတင်ထားသူ လူဦးရေအရေအတွက်လည်း ထပ်မံလိုအပ်ရှိနေပါသေးသည်။

သို့ဖြစ်ပါ၍ မိမိတို့ နေအိမ်၊ ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင် အသေးစားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။

အစီအစဉ်အကြောင်းအရာ
---------------------------
လုပ်ငန်းစဉ်ကာလ
➡️ ၉ လ (၂၀၂၆ ခုနှစ် ဇူလိုင်လ မှ ၂၀၂၇ မတ်လအထိ)

လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက်
---------------------------------------------------------------
➡️ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု ၁၀၅၅ အတွက် (လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မဲဆောက်အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)

ထောက်ပံ့ပေးမည့်အမျိုးအစား
-----------------------------
1️⃣ ကြက်မွေးမြူရေး
📌တအိမ်ထောင်လျှင် ဒေသကြက် (၄) ကောင်နှုန်းဖြင့် (အိမ်ထောင်စု 400 အတွက် )
(သို့မဟုတ်)
2️⃣ ဆိတ်မွေးမြူရေး
📌တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် (အိမ်ထောင်စု 410 အတွက်)
(သို့မဟုတ်)
3️⃣ ဝက်မွေးမြူရေး
📌 တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် (အိမ်ထောင်စု 245 အတွက်)

အထက်ဖော်ပြပါ ထောက်ပံ့မှုအတွက် Blossom Future (ပွင့်သစ်ဝေ) မှ
⚠️ လျှောက်လွှာလျှောက်ထားလာသော မိသားစုဝင်များထဲမှ ရွေးချယ်ခံရသော မိသားစုဝင်များ၏ လုပ်ကိုင်မည့် တည်နေရာအရောက် ထောက်ပံ့မည့် မွေးမြူရေးတိရစ္ဆာန်များအား ပို့ဆောင်ပေးခြင်းနှင့် အပြီးအပိုင်ပေးအပ်ခြင်း။
⚠️ မွေမြူရေးပညာရှင်မှ အိမ်တိုင်ရာရောက် (လိုအပ်ပါက) သင်ကြားပို့ချပေးခြင်း။
⚠️ မွေးမြူရေးပညာရှင်ထံမှ တိရိစ္ဆာန်များ၏ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးပံ့ပို့းပေးခြင်း။
⚠️ လုပ်ငန်းလုပ်ဆောင်မည့် Project ကာလ ၉ လတာအတွင်း လစဉ်လုပ်ငန်းတိုးတက်မှုများအား လာရောက် စစ်ဆေးပေးခြင်း များကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

📌 သို့ပါ၍ ဖော်ပြပါအစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထား ပါဝင်နိုင်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။

လျှောက်ထားနိုင်ရန်နည်းလမ်းများ
+++++++++++++++++++++++
➡️ နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း
လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸 https://forms.gle/mc8WG253rsQbzB9H9
( သို့မဟုတ် )

➡️ နည်းလမ်း (၂) အစီအစဉ်နှင့်ပတ်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ မရှင်းလင်းသည်များနှင့် မေးမြန်လိုသည်များရှိပါက လုပ်ငန်းစဉ်တာဝန်ခံထံ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက်ဆက်သွယ်
လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ထောက်ပံ့ပေးသည့် အရေအတွက်အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံးလျှောက်ထားနိုင်ကြပါရန် ကြိုတင်အသိပေးအပ်ပါသည်။

ဆက်သွယ်ရန်
-------------
☎️ တာဝန်ခံ ဖုန်းနံပါတ်/𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် - +66635804509/ +66945595084
📧 Email – [email protected]/ [email protected]


Blossom Future (ပွင့်သစ်ဝေ)၏ စိုက်ပျိုးရေးခြံထွက်သီးနှံများလှူဒါန်းမှု==================Blossom Future (ပွင့်သစ်ဝေ)မှ စိ...
05/10/2026

Blossom Future (ပွင့်သစ်ဝေ)၏ စိုက်ပျိုးရေးခြံထွက်သီးနှံများလှူဒါန်းမှု
==================

Blossom Future (ပွင့်သစ်ဝေ)မှ စိုက်ပျိုးခြံထွက်သီးနှံများဖြစ်သော

ကြက်ဟင်းခါးသီး - ၈၂ ကီလိုဂရမ်၊
ဘူးသီး - ၁၉၀ ကီလိုဂရမ်၊
ရုံးပတီသီး - ၅၉ ကီလိုဂရမ်၊
ချဉ်ပေါင်ရွက် - ၁၄ ကီလိုဂရမ်၊
သခွားသီး - ၂၆၆ ကီလိုဂရမ်၊
ပဲတောင့်ရှည် - ၂၈ ကီလိုဂရမ်၊
ဗုံလုံသီး - ၆၀ ကီလိုဂရမ်၊
ငြုပ်ပွ - ၁၃ ကီလိုဂရမ်၊
ခဝဲသီး - ၂၀ ကီလိုဂရမ် တို့အား ၃၀.၉.၂၀၂၆ ရက်နေ့တွင် CDC ကျောင်း၊ ၂.၁၀.၂၀၂၆ ရက်နေ့တွင် David စစ်ရှောင်ဂေဟာ နှင့် ၅.၁၀.၂၀၂၆ ရက်နေ့တွင် မယ်တော်ဆေးခန်းတို့သို့ သွားရောက်လှူဒါန်းပေးခဲ့ပါသည်။


Small Grant Support for Local InitiativesBlossom Future (ပွင့်သစ်ဝေ) အနေဖြင့် ဒေသခံအဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့် ရပ်ရွ...
02/10/2026

Small Grant Support for Local Initiatives

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် ဒေသခံအဖွဲ့အစည်းများ၏ ဦးဆောင်မှုနှင့် ရပ်ရွာအခြေပြု လုပ်ဆောင်ချက်များ ကို အားပေး ပံ့ပိုးရန် ရည်ရွယ်၍ Small Grant Initiative ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအစီအစဉ်အရ ရရှိလာသည့် Proposal များကို သတ်မှတ်ထားသော စံနှုန်းများနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်သုံးသပ်ပြီးနောက် အောက်ဖော်ပြပါ မိတ်ဖက်အဖွဲ့အစည်းများ၏ Proposal (၃) ခုကို ရွေးချယ်၍ အဖွဲ့အစည်းတစ်ဖွဲ့လျှင် ဘတ် ၁၅,၀၀၀ ဖြင့် စုစုပေါင်း ဘတ် ၄၅,၀၀၀ ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

Selected Partner Organizations
• Future Light
• Partnership Meeting Organizing Committee
• The Next Horizon

ဤ Small Grant အစီအစဉ်သည် မိတ်ဖက်အဖွဲ့အစည်းများ၏ ကိုယ်ပိုင်ဦးဆောင်မှု၊ လိုအပ်ချက်များနှင့် ဦးစားပေးလုပ် ဆောင်ချက်များအပေါ် အခြေခံ၍ ၎င်းတို့၏ လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်နိုင်ရန် အားပေးပံ့ပိုးရန် ရည်ရွယ်ပါသည်။

ရွေးချယ်ခံရသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခြင်းအတွက် Blossom Future အနေဖြင့် ဝမ်းမြောက်မိပါသည်။ မိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီး ရည်မှန်းထားသည့် အကျိုးရလဒ်များ ရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ) အနေဖြင့်လည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဒေသခံဦးဆောင်မှုနှင့် ရပ်ရွာအခြေပြု လုပ်ဆောင်ချက်များကို ဆက်လက်အားပေးပံ့ပိုးသွားမည် ဖြစ်ပါသည်။

Blossom Future (ပွင့်သစ်ဝေ)
Supporting local initiatives through partnership, participation and shared responsibility.


Mae Pa Health Promotion Hospital မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ကျန်းမာရေး စေတနာ့ဝန်ထမ်းများမှ မယ်ပရပ်ကွက်အတွင်း ခြ...
02/10/2026

Mae Pa Health Promotion Hospital မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ကျန်းမာရေး စေတနာ့ဝန်ထမ်းများမှ မယ်ပရပ်ကွက်အတွင်း ခြင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရပ်ရွာကျန်းမာရေး အရေးပေါ်ကွင်းဆင်းဆောင်ရွက်မှုတွင် Blossom Future မှ ပါဝင်ကူညီပံ့ပိုးမှု

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက် ။

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့တွင် Blossom Future အဖွဲ့သည် Mae Pa Health Promotion Hospital မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံကျန်းမာရေး စေတနာ့ဝန်ထမ်းများနှင့်အတူ မာလွေရပ်ကွက်အတွင်း ခြင်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ဒေသခံများအကြား ဦးနှောက်ရောင်ရောဂါ (Encephalitis) ဖြစ်ပွားမှုများ အတည်ပြုတွေ့ရှိခဲ့ပြီးနောက် ခြင်ပေါက်ဖွားနိုင်သည့်နေရာများကို စစ်ဆေးခြင်း၊ ပတ်ဝန်းကျင် ကျန်းမာရေးအန္တရာယ်များကိုလေ့လာခြင်း၊ အိမ်ထောင်စုနှင့် လူဦးရေစာရင်းများကောက်ယူခြင်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ Blossom Future အဖွဲ့မှ မြန်မာဘာသာစကားဖြင့် ဘာသာပြန်ကူညီပေးခြင်းနှင့် ရပ်ရွာအတွင်း ဆက်သွယ်ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ရွှေ့ပြောင်းနေထိုင်သူများအား ခြင်မှတစ်ဆင့် ရောဂါကူးစက်နိုင်သည့်အကြောင်း၊ ရေတည်နေရာများကို ဖယ်ရှားရန်နှင့် နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထိန်းသိမ်းရန်လိုအပ်ကြောင်း အသိပညာပေးခဲ့ပါသည်။ ရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာမိသားစုများအတွက် Blossom Future အဖွဲ့ဝင်များက မြန်မာဘာသာစကားဖြင့် ဘာသာပြန် ဆက်သွယ်ကူညီပေးခဲ့ပါသည်။ ထိုသို့ကူညီပေးမှုကြောင့် နေထိုင်သူများအနေဖြင့် ယုံကြည်စိတ်ချစွာ ဆက်သွယ်ပြောဆိုနိုင်ခဲ့ပြီး လိုအပ်သောအချက်အလက်များ ပေးအပ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုများတွင်လည်း ပိုမိုပူးပေါင်းပါဝင်နိုင်ခဲ့ကြပါသည်။ Mae Pa Health Promotion Hospital မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံကျန်းမာရေးစေတနာ့ဝန်ထမ်း များ၏ ပူးပေါင်းကူညီမှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။

*** ကျန်းမာပြီး ဘေးကင်းလုံခြုံသော ရပ်ရွာများ တည်ဆောက်နိုင်ရန် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြပါစို့။ ***

(ပွင့်သစ်ဝေ)

With support from Blossom Future, emergency field operations were conducted for vector-borne (mosquito-borne) disease prevention and control, as well as community health promotion, in collaboration with health workers and local village health volunteers from Mae Pa Health Promotion Hospital in Mae Pa Village.

Date - 21 October, 2026.

On October 2, 2026 the Blossom Future team, together with health staff and local health volunteers from Mae Pa Health Promotion Hospital, jointly implemented mosquito-borne disease prevention and control activities in Mae Pa Village.

Following confirmed cases of Encephalitis among local residents, activities included inspecting potential mosquito breeding sites, assessing environmental health risks, collecting household and population data, and conducting mosquito control operations. The Blossom Future team assisted with Burmese translation and community coordination.

They provided awareness and education to migrant residents regarding how mosquito-borne diseases spread, removing stagnant water sources, and keeping living environments clean. Because Blossom Future team members translated into Burmese for Burmese families living in the neighborhood, residents felt confident to communicate, resulting in increased active participation during health screenings. Special thanks to the healthcare personnel and local health volunteers from Mae Pa Health Promotion Hospital for their collaboration and support.

*** Let us work together to build a healthy and safe community ***

(Blossom Future)

วันที่ 2 ตุลาคม 2026 องค์กร Blossom Future ร่วมกับเจ้าหน้าที่สาธารณสุขและอาสาสมัครสาธารณสุขท้องถิ่นของโรงพยาบาลส่งเสริมสุขภาพตำบลแม่ปะ ได้ร่วมกันดำเนินกิจกรรมป้องกันและควบคุมโรคที่ติดต่อผ่านยุงในพื้นที่หมู่บ้านแม่ปะ

หลังจากยืนยันกรณีพบผู้ป่วยโรคสมองอักเสบ (Encephalitis) ในพื้นที่แล้ว ได้มีการลงพื้นที่ตรวจเช็กจุดที่อาจเป็นแหล่งเพาะพันธุ์ยุง สำรวจความเสี่ยงด้านสุขภาพสิ่งแวดล้อม เก็บรวบรวมข้อมูลครัวเรือนและประชากร และร่วมกันดำเนินกิจกรรมกำจัดยุง ทางทีมงาน Blossom Future ได้ช่วยแปลภาษาพม่าและช่วยประสานงานในชุมชน พร้อมทั้งให้ความรู้แก่แรงงานข้ามชาติเกี่ยวกับวิธีการติดเชื้อโรคผ่านยุง การกำจัดแหล่งน้ำขัง และการดูแลรักษาสิ่งแวดล้อมที่อยู่อาศัยให้สะอาด การที่สมาชิก Blossom Future ช่วยแปลเป็นภาษาพม่าให้กับครอบครัวชาวพม่าที่อาศัยอยู่ในชุมชน ทำให้ผู้อาศัยเกิดความไว้วางใจ สื่อสารได้สะดวกยิ่งขึ้น และให้ความร่วมมือในการตรวจสุขภาพเป็นอย่างดี ขอขอบคุณความร่วมมือและการช่วยเหลือจากเจ้าหน้าที่สาธารณสุขและอาสาสมัครสาธารณสุขของโรงพยาบาลส่งเสริมสุขภาพตำบลแม่ปะเป็นอย่างยิ่ง

*** ร่วมมือกันสร้างสรรค์ชุมชนที่มีสุขภาพดีและปลอดภัย ***

(องค์กรพุ่งทิตย์เว)


အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာ သင်တန်း+++++++++++++++++++++++++++++++++++++++++++++++၂၀၂၆ခုနှစ်၊ စက်တင်ဘာ (၂၉) ...
30/09/2026

အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာ သင်တန်း
+++++++++++++++++++++++++++++++++++++++++++++++
၂၀၂၆ခုနှစ်၊ စက်တင်ဘာ (၂၉) ရက်နေ့ နေ့လည် (၂:၀၀) နာရီ မှ ညနေ (၅:၃၀)အထိ ထိုင်းမြန်မာနယ်စပ်ဒေသရှိ မဲ့ကုကင်းကျေးရွာကူညီရေးရုံး ၏ ခန်းမတွင် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာ အသိပညာပေးသင်တန်းကို ပွင့်သစ်ဝေ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပြီး ဆရာမ Maria မှသင်တန်းဆရာမအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခု သင်တန်းတွင် အမျိုးသမီး သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ယူ ခဲ့ကြပါသည်။
သင်တန်းအတွင်း—
• S*x နှင့် Gender ကွာခြားချက်
• Gender အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု
• အမျိုးသမီးအခွင့်အရေး
• Gender-Based Violence (GBV)
• အိမ်တွင်းအကြမ်းဖက်မှုနှင့် ကာကွယ်တားဆီးရေးနည်းလမ်းများ
စသည့် အကြောင်းအရာများကို သင်တန်းဆရာမ၏ ရှင်းလင်းပို့ချမှုများအပြင် အပြန်အလှန်မေးမြန်းခြင်း၊ အတွေ့အကြုံများ မျှဝေခြင်းနှင့် အုပ်စုလိုက်ဆွေးနွေးခြင်းများဖြင့် ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းသားများသည် မိမိတို့၏ နေ့စဉ်ဘဝအတွင်း ကြုံတွေ့ရနိုင်သည့် Gender နှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ အခြေအနေများကို ဆက်စပ်ဆွေးနွေးခဲ့ကြပါသည်။
မိမိ၏အခွင့်အရေးကို သိရှိခြင်းသည် မိမိကိုယ်ကို ကာကွယ်နိုင်ရန် ပထမခြေလှမ်းတစ်ခု ဖြစ်ပါသည်။
မဲ့ကုကင်းကျေးရွာကူညီရေးရုံးမှ ဦးစိုးပိုင်၊ သင်တန်းဆရာမ မာရီယာ နှင့် သင်တန်းတွင် တက်ကြွစွာ ပါဝင်သင်ယူခဲ့ကြသော သင်တန်းသူ များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ သင်တန်းအတွက် ပူးပေါင်းကူညီပေးမှု၊ အတွေ့အကြုံများ မျှဝေပေးမှုနှင့် တက်ကြွစွာ ပါဝင်ပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။
Blossom Future မှ အမျိုးသမီးအခွင့်အရေးနှင့် Gender Equality ဆိုင်ရာ အသိပညာမြှင့်တင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Women’s Rights and Gender Training
On 29 September 2026, from 2:00 PM to 5:30 PM, Blossom Future organized a Women’s Rights and Gender Training at the Mae Ko Kaen Village Assistance Office in the Thai-Myanmar border area. The training was facilitated by the trainer Miss Maria (Blossom Future HR Trainer). 30 women participated in this training.
During the training, participants explored key topics including:
• The differences between s*x and gender
• Gender-based discrimination
• Women’s rights
• Gender-Based Violence (GBV)
• Domestic violence and prevention

In addition, the session included interactive discussions, experience sharing, and group activities. Participants also discussed and reflected on gender and women’s rights issues that they may encounter in their daily lives.
Knowing your rights is the first step toward protecting yourself.
We would like to express our sincere appreciation to U Soe Pai from Mae Ko Kaen Village Assistance Office, Trainer Maria, and all the participants who actively took part in this training. Thank you very much for your valuable support, active participation, and willingness to share your experiences throughout the training. Blossom Future will continue to promote awareness of women’s rights and gender equality, contributing to a more inclusive community.

การอบรมเรื่องสิทธิสตรีและความเท่าเทียมทางเพศ
เมื่อวันที่ 29 กันยายน 2569 เวลา 14:00 น. ถึง 17:30 น. องค์กร Blossom Future ได้จัดกิจกรรมการอบรมเรื่องสิทธิสตรีและความเท่าเทียมทางเพศ ณ สำนักงานความช่วยเหลือหมู่บ้านแม่โก้เกน บริเวณชายแดนไทย-เมียนมา โดยมีคุณมารีอา (วิทยากรฝ่ายทรัพยากรบุคคลของ Blossom Future) เป็นวิทยากรดำเนิน การอบรมในครั้งนี้มีสตรีเข้าร่วมจำนวน 30 คน ในระหว่างการอบรม ผู้เข้าร่วมได้เรียนรู้และสำรวจหัวข้อสำคัญต่างๆ ได้แก่: ความแตกต่างระหว่างเพศทางชีวภาพ (S*x) และเพศสภาพ (Gender) การเลือกลืมหรือเลือกปฏิบัติตามเพศสภาพ สิทธิสตรี ความรุนแรงบนฐานทางเพศสภาพ (GBV) ความรุนแรงในครอบครัวและการป้องกัน นอกจากนี้ การอบรมยังมีการอภิปรายแบบมีส่วนร่วม การแบ่งปันประสบการณ์ และกิจกรรมกลุ่ม ผู้เข้าร่วมยังได้ร่วมพูดคุยและสะท้อนคิดถึงปัญหาเรื่องเพศสภาพและสิทธิสตรีที่อาจพบเจอในชีวิตประจำวันอีกด้วย การรับรู้และเข้าใจในสิทธิของตนเองคือประการแรกในการปกป้องตนเอง ทางเราขอขอบพระคุณ คุณอู โซ ไป (U Soe Pai) จากสำนักงานความช่วยเหลือหมู่บ้านแม่โกนเกน วิทยากรคุณมารีอา และผู้เข้าร่วมทุกท่านที่ตั้งใจและมีส่วนร่วมอย่างแข็งขันในการอบรมครั้งนี้ ขอขอบคุณเป็นอย่างยิ่งสำหรับการสนับสนุนอันมีค่า การเข้าร่วมกิจกรรมอย่างกระตือรือร้น และความเต็มใจในการแบ่งปันประสบการณ์ตลอดการอบรม ทั้งนี้ Blossom Future จะยังคงมุ่งมั่นส่งเสริมความตระหนักรู้ด้านสิทธิสตรีและความเท่าเทียมทางเพศ เพื่อร่วมสร้างสังคมที่มีความครอบคลุมและเท่าเทียมยิ่งขึ้นต่อไป





ที่อยู่

Ban Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 17:30
อังคาร 09:00 - 17:30
พุธ 09:00 - 17:30
พฤหัสบดี 09:00 - 17:30
ศุกร์ 09:00 - 17:30

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Blossom Future โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์