Myanmar Students Association - Khon Kaen University

Myanmar Students Association - Khon Kaen University Welcome to Myanmar Students Association - Khon Kaen University It is also to create the moments of activities organized by MSA-KKU.

Our aim is to share the update information for scholarship programs offered to Myanmar Students from Khon Kaen University, and acts as a link between applicants from Myanmar and our association at Khon Kaen University.

🎉 2026-2027 ပညာသင်နှစ်အတွက် မြန်မာကျောင်းသားများ အသင်း ခွန်ကန်တက္ကသိုလ် (MSA-KKU) ရဲ့အဖွဲ့ဝင်သစ်များကို ဂုဏ်ပြုကြိုဆိုလိ...
07/10/2026

🎉 2026-2027 ပညာသင်နှစ်အတွက် မြန်မာကျောင်းသားများ အသင်း ခွန်ကန်တက္ကသိုလ် (MSA-KKU) ရဲ့အဖွဲ့ဝင်သစ်များကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ရှင့် 🎉



အောက်တိုဘာ ၇၊ ၂၀၂၆

Myanmar Student Association - Khon Kaen
University (MSA-KKU) ရဲ့ 2026-2027 ခုနှစ်အတွက် အဖွဲ့ဝင်သစ် (Admin Team) တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ကြရအောင်ပါရှင့် 🌟

🙌 ကျေးဇူးတင်လွှာ
အခုလိုမျိုး မျိုးဆက်သစ်တွေ လက်ဆင့်ကမ်းတာဝန်ယူနိုင်ဖို့အတွက် အရင်ကာလတစ်လျှောက်လုံး အခက်အခဲများစွာကြားက ဦးဆောင်လှုပ်ရှားပေးခဲ့ကြတဲ့ ယခင် Admin အဖွဲ့ဟောင်းများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ကျောင်းသားအသိုင်းအဝိုင်းအတွက် အချိန်ပေး၊ လူအင်အားစိုက်ထုတ်ပြီး ကြိုးစားပေးခဲ့ကြတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုအပ်ပါတယ်ရှင်။ 🙏✨

မြန်မာကျောင်းသားများအသင်း၊
ခွန်ကန်တက္ကသိုလ်၊ ထိုင်းနိုင်ငံ။



🎉 Congratulations and welcome to the new members of the Myanmar Student Association - Khon Kaen University (MSA-KKU) for the 2026-2027 academic year! 🎉

​October 7, 2026

​Let’s give a warm welcome to the incoming Admin Team of the Myanmar Student Association - Khon Kaen University (MSA-KKU) for the 2026-2027 term!

​Words of Gratitude,
We would also like to express our deepest gratitude to all the former Admin team members who led and actively worked through many challenges in the past, paving the way for the new generation to take on these responsibilities. We sincerely thank and honor you for dedicating your time, energy, and hard work to our student community. 🙏✨

​Myanmar Student Association,
Khon Kaen University, Thailand.

Budget Announcement 📢 မြန်မာကျောင်းသားများအသင်း (MSA-KKU) တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများ၏ ဘတ်ဂျက်အသုံးစရိတ် အစီရင်ခံ...
28/09/2026

Budget Announcement 📢
မြန်မာကျောင်းသားများအသင်း (MSA-KKU) တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများ၏ ဘတ်ဂျက်အသုံးစရိတ် အစီရင်ခံစာ

မင်္ဂလာပါခင်ဗျာ 🙏

Myanmar Students Association Khon Kaen University(MSA-KKU) မှ တစ်နှစ်တာအတွင်း ပြုလုပ်ခဲ့သော လှုပ်ရှားမှုများနှင့် အစီအစဉ်များအတွက် အသုံးပြုခဲ့သည့် ဘတ်ဂျက်နှင့် အသုံးစရိတ်များကို အသိပေးတင်ပြအပ်ပါသည်။

📋 အသင်း၏ တစ်နှစ်တာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသော အဖွဲ့ဝင်များအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် ခွန်ကန် တက္ကသိုလ်ရှိ အခြားသော မြန်မာကျောင်းသူကျောင်းသားများ၏ ပံ့ပိုးကူညီမှုများကြောင့် ယခုလို အစီအစဉ်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။🙏

အချိန်ပေးဖတ်ရှုပေးကြသူများနှင့် တစ်နှစ်တာလုံး MSA-KKU ၏ လုပ်ငန်းများတွင် ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ❤️

Myanmar Students Association, Khon Kaen University, Thailand.





The final call! Please don’t forget to register. 😊
25/09/2026

The final call! Please don’t forget to register. 😊

📣 မြန်မာကျောင်းသားအသင်း MSA-KKU မှ ကြိုဆိုပွဲနှင့် အဖွဲ့ဝင်အသစ်ရွေးချယ်ပွဲကို

📍 Bimala Kalakicha Building (fourth floor)

📅 27 September 2026 (3:00pm - 5:00 pm) တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

✨မိတ်ဆွေသူငယ်ချင်း အသစ်ဖွဲ့လိုသူများ၊ အသင်းနဲ့ပူးပေါင်းလုပ်ဖူးချင်သူများ၊ KKU တက္ကသိုလ်မှာရှိတဲ့ မြန်မာ ကျောင်းသား/သူများအားလုံးနှင့် မိတ်ဆွေဖွဲ့ပြီး ရင်နှီးချစ်ကြည်မှုများ အတူတူတည်ဆောက်ဖို့အတွက် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

🫱‍🫲 မိတ်ဆွေသစ်တွေ၊ အတွေ့အကြုံတွေမျှဝေဖို့အတွက် အရမ်းကောင်းတဲ့အခွင့်အလမ်းလည်း ဖြစ်ပါတယ်။

For registration,
https://docs.google.com/forms/d/e/1FAIpQLSeRIoFrRh1YS_PcoMiPmzCRn1LI6VNQ46v3cLb6kSBjl1obgQ/viewform?usp=publish-editor

📣 မြန်မာကျောင်းသားအသင်း MSA-KKU မှ ကြိုဆိုပွဲနှင့် အဖွဲ့ဝင်အသစ်ရွေးချယ်ပွဲကို📍 Bimala Kalakicha Building (fourth floor) ...
22/09/2026

📣 မြန်မာကျောင်းသားအသင်း MSA-KKU မှ ကြိုဆိုပွဲနှင့် အဖွဲ့ဝင်အသစ်ရွေးချယ်ပွဲကို

📍 Bimala Kalakicha Building (fourth floor)

📅 27 September 2026 (3:00pm - 5:00 pm) တွင်ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

✨မိတ်ဆွေသူငယ်ချင်း အသစ်ဖွဲ့လိုသူများ၊ အသင်းနဲ့ပူးပေါင်းလုပ်ဖူးချင်သူများ၊ KKU တက္ကသိုလ်မှာရှိတဲ့ မြန်မာ ကျောင်းသား/သူများအားလုံးနှင့် မိတ်ဆွေဖွဲ့ပြီး ရင်နှီးချစ်ကြည်မှုများ အတူတူတည်ဆောက်ဖို့အတွက် လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်။

🫱‍🫲 မိတ်ဆွေသစ်တွေ၊ အတွေ့အကြုံတွေမျှဝေဖို့အတွက် အရမ်းကောင်းတဲ့အခွင့်အလမ်းလည်း ဖြစ်ပါတယ်။

For registration,
https://docs.google.com/forms/d/e/1FAIpQLSeRIoFrRh1YS_PcoMiPmzCRn1LI6VNQ46v3cLb6kSBjl1obgQ/viewform?usp=publish-editor

Admin အသစ်များ ရွေးချယ်ရန် မဲပေးခြင်းယနေ့စ၍မဲပေးနိုင်ပါပြီ!!မဲပေးရန်ကာလ -August 18 2026 မှ September 01 2026(ည ၉:၀၀) အထိ...
18/08/2026

Admin အသစ်များ ရွေးချယ်ရန် မဲပေးခြင်း
ယနေ့စ၍မဲပေးနိုင်ပါပြီ!!
မဲပေးရန်ကာလ -August 18 2026 မှ September 01 2026(ည ၉:၀၀) အထိ
မိမိအကြိုက်ဆုံး အဖွဲ့ဝင်ကို ရွေးချယ်မဲပေးဖို့ မမေ့ပါနဲ့နော်! မဲတစ်ခုတိုင်းက အရေးပါပါတယ်!

https://docs.google.com/forms/d/e/1FAIpQLSfab93KDVqh4_hpJbJ4xfXSTjSYQKIgQoJ6n0zRZZmP-qzlvg/viewform?usp=header

🇲🇲 A Taste of Myanmar at KKU International Student Day 2026! 🇲🇲Myanmar Student Association (MSA) proudly participated in...
17/08/2026

🇲🇲 A Taste of Myanmar at KKU International Student Day 2026! 🇲🇲

Myanmar Student Association (MSA) proudly participated in International Student Day July 10 2026 ("One Thing From Home"), organized by Khon Kaen University’s International Affairs Division, featuring an authentic favorite: (Pe Pya Asar Thut)!
During the event, we presented a step-by-step "How To Make" demonstration on stage, sharing the culinary art and detailed recipe of Burmese Pe Pya Asar Thut with international students from across the globe.

We served every portion with fresh ingredients, neat preparation, and mini Myanmar flags. MSA is deeply grateful for the warm enthusiasm and support from everyone who came by to try our dish.

Seeing our international friends thoroughly enjoy the flavors of "Pe Pya Asar Thut" was a truly memorable moment for all MSA members.

A heartfelt thank you to every MSA member who worked behind the scenes to make this event a success, and to everyone who came out to support us.❤️

Khon Kaen University ရဲ့ International Affairs Division က ဦးစီးကျင်းပတဲ့ International Student Day July 10 2026 ("One Thing From Home") ပွဲတော်မှာ Myanmar Student Association (MSA) အနေနဲ့ မြန်မာ့အစားအစာ ဖြစ်တဲ့ "ပဲပြားအဆာသွပ် (Pe Pya Asar Thut)" နဲ့ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဒီပွဲမှာ ပဲပြားအဆာသွပ် ပြုလုပ်ပုံ အဆင့်ဆင့် (How To Make Video) ကို စင်မြင့်ပေါ်မှာ ပြသခဲ့ပြီး မြန်မာ့ပဲပြားအဆာသွပ် ပြုလုပ်ပုံအသေးစိတ်ကို နိုင်ငံတကာ ကျောင်းသား/သူတွေကို ဝေမျှခွင့်ရခဲ့ပါတယ်။

လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းများ၊ သန့်ရှင်းသပ်ရပ်မှုနဲ့အတူ မြန်မာနိုင်ငံတော်အလံငယ်လေးများ စိုက်ထူကာ စနစ်တကျ ပြင်ဆင်ဧည့်ခံခဲ့လို့ လာရောက်မြည်းစမ်းသူတိုင်း ရဲ့ အားပေးမှုကို MSA မှ ကျေးဇူး တင်ပါတယ်ခင်ဗျာ။

ဒီပွဲလေး အောင်အောင်မြင်မြင် ပြီးမြောက်အောင် နောက်ကွယ်ကနေ အားကြိုးမာန်တက် ပါဝင်ကူညီပေးခဲ့ကြတဲ့ MSA အဖွဲ့ဝင်တစ်ဦးချင်းစီနဲ့ လာရောက်အားပေးကြသူအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ❤️

မြန်မာကျောင်းသူ/ကျောင်းသားအသင်း (ခွန်ကန်တက္ကသိုလ်) အတွက် စေတနာ့ဝန်ထမ်း များ ဖိတ်ခေါ်ခြင်း**မင်္ဂလာပါခင်ဗျာ။လက်ရှိခွန်ကန်...
26/07/2026

မြန်မာကျောင်းသူ/ကျောင်းသားအသင်း (ခွန်ကန်တက္ကသိုလ်) အတွက် စေတနာ့ဝန်ထမ်း များ ဖိတ်ခေါ်ခြင်း**
မင်္ဂလာပါခင်ဗျာ။
လက်ရှိခွန်ကန်တက္ကသိုလ်မှာ ပညာသင်ကြားနေသော မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော ကျောင်းသား အသိုင်းအဝိုင်းတစ်ခု တည်ဆောက်နိုင်ရန် “Myanmar Students' Association (MSA-KKU)”မှ “စေတနာ့ဝန်ထမ်း ”များကို ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

✨ **လျှောက်ထားနိုင်သူများ**ကတော့
• လတ်တလော ခွန်ကန်တက္ကသိုလ်တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား၊ ကျောင်းသူများထဲမှ
•စေတနာ့ဝန်ထမ်း (Volunteer) လုပ်ဆောင်လိုသူများ
•တာဝန်ယူမှုရှိပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်ချင်သူများ ကို ဖိတ်ခေါ်အပ်ပါတယ်။
• အတွေ့အကြုံ မလိုအပ်ဘဲ ပါဝင်ကူညီလိုသော စိတ်ဆန္ဒရှိရုံဖြင့် လျှောက်ထားနိုင်ပါတယ်ခင်ဗျာ ။

💼 လုပ်ဆောင်ရမယ့်အဓိက**တာဝန်**တွေကတော့
•ကျောင်းသား/ကျောင်းသူများအတွက်စီစဉ်ကျင်းပပေးသော ပွဲအခမ်းအနားများကို ပြင်ဆင် စီစဉ်ပေးခြင်း
•ကျောင်းသားအသစ်များအား ကူညီပံ့ပိုးပေးခြင်း
•page နှင့် လူမှုကွန်ရက်စာမျက်နှာများကို စီမံခန့်ခွဲခြင်း
•ခွန်ကန်တက္ကသိုလ်ရှိ တာဝန်ရှိဝန်ထမ်းများအပါအဝင် အခြားသောနိုင်ငံတကာကျောင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
•မြန်မာကျောင်းသူ/ကျောင်းသား အသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင် ကူညီခြင်း တို့ပဲ ဖြစ်ပါတယ်ခင်ဗျ။

🌱 “စေတနာ့ဝန်ထမ်း အဖြစ် ပါဝင်ခြင်းဖြင့်”
ခေါင်းဆောင်မှု နှင့် အဖွဲ့အစည်းလိုက် အလုပ်လုပ်ကိုင်နိုင်စွမ်း အတွေ့အကြုံများ၊ လူအများနှင့် ပေါင်းသင်း ဆက်ဆံရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် အဖွဲ့ အစည်းတစ်ခုမှာ ပါဝင်လုပ်ဆောင်ရာ၌ ရှိသင့် သော အရည်အချင်းများ တိုးတက်လာနိုင်သည့်အပြင် မြန်မာကျောင်းသား ကျောင်းသူများနှင့် ခင်မင်ရင်းနှီးမှု ကိုပါတိုးမြှင့်လာနိုင်ပြီး စေတနာ့ဝန်ထမ်းအဖြစ် ခွန်ကန်တက္ကသိုလ်ရှိ မြန်မာကျောင်းသူ /ကျောင်းသားအသိုင်းအဝိုင်းအတွက်လည်း အကျိုးရှိသော ကိစ္စရပ်များကိုပါ မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။

📅 **လျှောက်လွှာပိတ်ရက်** – [၁၅/၈/၂၆]

📝 **လျှောက်ထားရန်** – https://docs.google.com/forms/d/e/1FAIpQLSdsuC###kcJFXFM0QBWa-g-WR9ZafV4Z8lna1_oLCv0NYzGiw/viewform?usp=publish-editor

မေးမြန်းလိုတာရှိရင်လည်း page ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

**ပိုမိုအားကောင်းခိုင်မာပြီး ကျယ်ပြန့်တဲ့ မြန်မာကျောင်းသူ/ကျောင်းသားအဖွဲ့အစည်းတစ်ခုကို ကျွန်တော်/ကျွန်မတို့အားလုံး အတူတည်ဆောက်ကြပါစို့” လို့ တိုက်တွန်းရင် အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ

31/05/2026

***အားလုံးပဲ မင်္ဂလာပါခင်ဗျာ။***

ဒီနေ့ဟာ MSA ကနေ ဦးဆောင်ကျင်းပခဲ့တဲ့ Myanmar Student Badminton ခရီးစဉ်လေးရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ အားတက်သရောနဲ့ တက်တက်ကြွကြွ ပါဝင်ဆင်နွှဲပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးပင် ကျေးဇူးတင်ရှိကြောင်း ဖော်ပြချင်ပါတယ်။

ဒီပွဲလေး အောင်အောင်မြင်မြင် ပြီးမြောက်ဖို့အတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြသူအားလုံးကို MSA မှ မှတ်တမ်းတင် ဂုဏ်ပြုချင်ပါတယ်။

🏸 အစွမ်းကုန် တက်ကြွစွာ ကြိုးစားကစားခဲ့ကြတဲ့ သူများ။
👏 ခွန်အားပေးခဲ့ကြတဲ့ သူငယ်ချင်းများ။
🌟 ပွဲဖြစ်မြောက်အောင် စီစဉ်ပေးခဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

🗓️ Septemberလ 2025 ကနေစခဲ့တဲ့ ယခုပွဲလေးက
🗓️ Mayလ 2026 ထိရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ဒီပွဲလေးကျင်းပခဲ့တဲ့တစ်လျောက်မှာ အားလုံးနဲ့အတူ ကျန်းမာကြံ့ခိုင်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိခဲ့ပါတယ်။ကျောင်းသားအချင်းချင်း ပိုမိုရင်းနှီးခွင့်ရခဲ့ပါတယ်။ပင်ပန်းသမျှတွေကို အားကစားနဲ့အတူ ဖြေဖျောက်နိုင်ခဲ့ပါတယ်။

နောင်လာမည့် ပွဲစဉ်တွေမှာလည်း အခုလိုပဲ အားလုံးနဲ့ ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။ အားလုံးပဲ သာယာပျော်ရွှင်တဲ့ နေ့လေး ဖြစ်ပါစေခင်ဗျာ။

🏸✨

  Announcement  #သင်္ကြန်ပွဲတော်_ငွေစာရင်းရှင်းတမ်း"​မြန်မာကျောင်းသား/ကျောင်းသူများအသင်း၊ ခွန်ကန်တက္ကသိုလ် (MSA-KKU)" မှ...
18/05/2026

Announcement
#သင်္ကြန်ပွဲတော်_ငွေစာရင်းရှင်းတမ်း

"​မြန်မာကျောင်းသား/ကျောင်းသူများအသင်း၊ ခွန်ကန်တက္ကသိုလ် (MSA-KKU)" မှ မိမိတို့တက္ကသိုလ်အတွင်းရှိ မြန်မာကျောင်းသား/သူများ စည်းလုံးညီညွတ်စွာဖြင့် ပျော်ရွှင်စွာကျင်းပခဲ့သော ၂၀၂၆ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ Thingyan Festival (သင်္ကြန်ပွဲတော်) အခမ်းအနားအတွက် အသုံးပြုခဲ့သည့် အလှူငွေ၊ ရန်ပုံငွေများနှင့် ကုန်ကျစရိတ် နှင့်တစ်ကွ ဒုတိယအကြိမ်မြောက် ငွေစာရင်းရှင်းတမ်းကို အောက်ပါ အတိုင်းထုတ်ပြန်လိုက်ပါတယ်ခင်ဗျာ။

  #Erasmus Mundus Scholarship Information Sharing Session
01/05/2026

#
Erasmus Mundus Scholarship Information Sharing Session

Join us for a special talk with our alumni on “How to Achieve an Erasmus Mundus Joint Master’s Degree Scholarship” on 22 May 2026, from 14:00–16:00 hrs (Thailand time), online via Zoom Meeting.
Hear inspiring experiences, practical tips, and valuable insights on the application process, scholarship journey, and study opportunities abroad. Don’t miss this chance to learn from those who have been there and succeeded!
Register: https://forms.office.com/r/pBTgeEuGrm?origin=lprLink

ที่อยู่

Mitraparb Road
Amphoe Muang Khon Kaen
40000

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66813208354

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Myanmar Students Association - Khon Kaen University โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์

หมวดหมู่