Arakan Community Mae Sot

Arakan Community Mae Sot ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Arakan Community Mae Sot, องค์กรการกุศล, Amphoe Mae Sot

Now the association is to help the flood and other natural disasters happening in the Arakkha region.

ယခုအခါ အာရက္ခဒေသတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုနှင့် အခြားသော သဘာဝဘေးအန္တရာယ်များကို ကူညီဆောင်ရွက်ပေးနေသည့် အသင်းဖြစ်သည်။

04/08/2026

မာန်အောင်က အခင်ကြီး မိသားစုနန့် အဆက်အသွယ်ရခလို့ ဝမ်းသာ ပီတိ ဖြစ်ရပါရေ။
အစစ အရာရာ ကူညီပီးဂတ်ရေ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါရေ။
ဂါရဝပါ 🙏🙏🙏
Arakan Community Mae Sot

သာလီစွပါ အမျိုးရို့ မိသားစုနန့် အဆက်အသွယ် ရခပါယာ။
03/08/2026

သာလီစွပါ အမျိုးရို့ မိသားစုနန့် အဆက်အသွယ် ရခပါယာ။

02/08/2026

မာန်အောင်မြို့နယ်မှ ဦးထွန်းကြီး မဲဆောက်မြို့၌ ညာဖက်တစ်ခြမ်း လီဖြတ်ခံရပြီး အကူအညီလိုအပ်

ACM | ၂.၈.၂၀၂၆

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ကုရပ်ကွက်တွင် နီထိုင်ရေ အာရက္ခပြည် မာန်အောင်မြို့နယ်၊ သင်္ဂဇာရပ်ရွာမှ ဦးထွန်းကြီးမှာ (၂၀၂၆) ခုနှစ်၊ မေ (၁၆) ရက်နိကပင် ညာဖက်တစ်ခြမ်း လီဖြတ်လားရေဝေဒနာ ခံစားနီရကြောင်း သိရပါရေ။

ယင်းနောက်ပိုင်းကစလို့ လက်ဟိမ့်အချိန်အထိ အလုပ်မလုပ်နိုင်တော့ရေအတွက် တခြားသူရို့၏ ကူညီထောက်ပံ့မှုနန့် အသက်မွီးဝမ်းကျောင်းပြုနီရကြောင်း ဦးထွန်းကြီးက ပြောပါရေ။

ယင်းအခြေအနေနန့်ပတ်သက်ပြီး မယ်ကု SR စက်ရုံမှ (ACM) အဖွဲ့ဝင် ကိုမောင်မောင်လွင်ရို့အဖွဲ့က လားရောက်ကြည့်ရှုကာ လိုအပ်စွာတိကို ကူညီထောက်ပံ့ပီးခရေကြောင်း သိရပါရေ။

ဦးထွန်းကြီးက အခက်အခဲကြုံနီရေ ယင်းအချိန်မှာ မိသားစုဝင်ရို့နန့် အဆက်အသွယ်ရချင်ရေဟုလည်း ပြောဆိုထားပါရေ။

ဦးထွန်းကြီး၏ မိသားစုဝင်တိမှာ —

အိမ်ချင်မ — ဒေါ်သန်းမြင့်
သား — ကျော်သူရိန်ထွန်း

လက်ဟိမ့် ဦးထွန်းကြီးကို ကူညီစောင့်ရှောက်နီရေသူထံသို့ အောက်ပါ ထိုင်းဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်နိုင်ပါရေ။

ထိုင်းဖုန်း — 063 537 1893

မျိုးရို့အနီနန့်လည်း ဦးထွန်းကြီး၏ စားဝတ်နီရီး၊ ဆီးဝါးဝယ်ယူကုသရီးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတိ ပီးချင်ရေဆိုကေ ACM အဖွဲ့မှတစ်ဆင့် ဆက်သွယ်ကူညီနိုင်ပါရေ။

#မာန်အောင်
#လီဖြတ်ရောဂါ
#မဲဆောက်မြို
#စားဝတ်နီရေးလိုအပ်

ဝိုင်းကူ လှူဒါန်းကတ်ရေ အားလုံးကို ဂါရဝပြုပါရေ။
25/07/2026

ဝိုင်းကူ လှူဒါန်းကတ်ရေ အားလုံးကို ဂါရဝပြုပါရေ။

အာရက္ခပြည် ရီဘေးသင့်ပြည်သူရို့အတွက် ACM မှ သိန်း (၁၀၀) တစ်ရာ လှူဒါန်းမှု မှတ်တမ်းACM | ၂၅.၇.၂၀၂၆အာရက္ခဒေသအတွင်း ရီဘေးဒဏ်...
25/07/2026

အာရက္ခပြည် ရီဘေးသင့်ပြည်သူရို့အတွက် ACM မှ သိန်း (၁၀၀) တစ်ရာ လှူဒါန်းမှု မှတ်တမ်း

ACM | ၂၅.၇.၂၀၂၆

အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြုံနီရရေ ပြည်သူရို့ကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ACM မှ သိန်း (၁၀၀) တစ်ရာကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်ခံ လူသားချင်းစာနာထောက်ထားရေးနန့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ လှူဒါန်းခပါရေ။

ယင်းအလှူငွေကို ACM ၏ မြီပြင် မိတ်ဖက်အဖွဲ့ဖြစ်တေ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ အဖွဲ့သူ၊ အဖွဲ့သားတိက ရက္ခိုင် လူမှုအသိုင်းအဝိုင်း မဲဆောက် (ACM) အဖွဲ့ ကိုယ်စား ကိုယ်တိုင် လားရောက် အပ်နှံလှူဒါန်းခပါရေ။

ရီဘေးဒဏ်ကြောင့် ပြည်သူအများအပြား၏ နီအိမ်တိ၊ လယ်ယာတိနန့် အသက်မွီးဝမ်းကျောင်း လုပ်ငန်းတိ ပျက်စီးဆုံးရှုံးခရပြီး မိသားစုအများအပြားမှာ စားနပ်ရိက္ခာ၊ သောက်သုံးရီ၊ ဆီးဝါး၊ နီအိမ်ပြန်လည်ပြုပြင်ရေး ပစ္စည်းတိနန့် အခြီခံလူသုံးကုန်ပစ္စည်းတိကို ဆက်လက်လိုအပ်နီပါရေ။ ယင်းအပြင် ရီဘေး၏ နောက်ဆက်တွဲအဖြစ် ကျန်းမာရေး၊ သန့်ရှင်းရေးနန့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတိကိုလည်း အရေးတကြီး ဆောင်ရွက်ရန် လိုအပ်နီပါရေ။

ယင်းအတွက် အာရက္ခဒေသက ပြည်သူရို့ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ဖို့ အဖက်ဖက်က ဝိုင်းဝန်းပူးပေါင်း ကူညီလှူဒါန်းမှုတိသည် အလွန်အရေးပါပါရေ။ ACM ၏ အဂု လှူဒါန်းမှုသည်လည်း အခက်အခဲကြုံနီရေ ပြည်သူရို့အတွက် များစွာအထောက်အကူဖြစ်စီဖို့ မျှော်လင့်ပါရေ။

အဂုပိုင် မြတ်နိုးစိတ်၊ စေတနာတရားနန့် အာရက္ခပြည်သူရို့အတွက် ဝိုင်းဝန်းကူညီလုပ်ဆောင်ပီးကတ်တေ ရက္ခိုင် လူမှုအသိုင်းအဝိုင်း မဲဆောက် (ACM) မှ တာဝန်ဟိသူတိ၊ မြီပြင်မိတ်ဖက် အဖွဲ့ဖြစ်တေ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းမှ အဖွဲ့သူ၊ အဖွဲ့သားတစ်ယောက်ချင်းစီနန့် ပါဝင်လှူဒါန်းပီးကတ်တေ အလှူရှင်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လေးစားဂုဏ်ယူစွာဖြင့် အထူးကျေးဇူးတင်ဟိပါရေ။

ပါဝင်လှူဒါန်းပီးကတ်တေ အလှူရှင်တိအားလုံး၏ အလှူဒါနတိ အဓွန့်ရှည်တည်တံ့ပါစီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနန့် ပြည့်စုံကတ်ပါစီ။ လှူဒါန်းလိုက်တေ စေတနာအကျိုးတရားတိကြောင့် မိသားစုတိအားလုံး ဘေးအန္တရာယ်ကင်းဝီးပြီး လိုအင်ဆန္ဒတိ ပြည့်ဝကတ်ပါစီလို့ ဆုတောင်းမေတ္တာပို့သအပ်ပါရေ။


#ရက္ခိုင်ရီဘေး
#မဲဆောက်
Arakan Community Mae Sot

မက်ကျလောင်းစက်ရုံမှ မချိုချိုးသန်း လစိုင်ငွေနန့် ရီဘေးအလှူ ထိုင်းဘတ် (၁,၄၀၀) လာရောက်အပ်နှံရီဘေးအလှူ | ၂၅.၇.၂၀၂၆အာရက္ခဒေသ...
25/07/2026

မက်ကျလောင်းစက်ရုံမှ မချိုချိုးသန်း လစိုင်ငွေနန့် ရီဘေးအလှူ ထိုင်းဘတ် (၁,၄၀၀) လာရောက်အပ်နှံ

ရီဘေးအလှူ | ၂၅.၇.၂၀၂၆

အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြုံနီရရေ ပြည်သူရို့ကို ကူညီထောက်ပံ့နိုင်ဖို့အတွက် မက်ကျလောင်းစက်ရုံမှ ACM အဖွဲ့သား မချိုချိုးသန်းက ကောက်ခံရဟိမ့်ထားရေ လစိုင်ငွေနန့် ရီဘေးအလှူ စုစုပေါင်း ထိုင်းဘတ် (၁,၄၀၀) ဘတ်ကို လာရောက်အပ်နှံပါရေ။

အပ်နှံထားရေ အလှူငွေတိကို လက်ဟိမ့်မှာ အာရက္ခအစိုးရဘားကို တိုက်ရိုက် လှူဒါန်းပီးထားပြီး၊ အစိုးရကတဆင့် ရီဘေးဒဏ်ကြောင့် အခက်အခဲဖြစ်ပေါ်နီရေ ပြည်သူရို့၏ လိုအပ်ချက်တိကို သင့်တော်လျောက်ပရေ နီရာတိမှာ အကျိုးဟိဟိ အသုံးပြုလှူဒါန်းနိုင်အောင် ဖြစ်ပါရေ။

စေတနာသဒ္ဓါတရားနန့် ပါဝင်ကူညီလှူဒါန်းပီးကတ်တေ ACM အဖွဲ့သား မချိုချိုးသန်းနန့် အလှူရှင်အမျိုးရို့အားလုံး၏ အလှူဒါနတိ အဓွန့်ရှည်တည်တံ့ပါစီ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနန့် ပြည့်စုံကတ်ပါစီလို့ ဆုတောင်းမေတ္တာပို့သအပ်ပါရေ။

ပါဝင်ကူညီလှူဒါန်းပီးကတ်တေ အလှူရှင်တိအားလုံးကို အထူးကျေးဇူးတင်ဟိပါရေ။

မယ်ပ TNC စက်ရုံမှ ရီဘေးအတွက် ကောက်ခံရဟိမ့်ထားရေ အလှူစာရင်းရီဘေးအလှူ | ၂၅.၇.၂၀၂၆အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြ...
25/07/2026

မယ်ပ TNC စက်ရုံမှ ရီဘေးအတွက် ကောက်ခံရဟိမ့်ထားရေ အလှူစာရင်း

ရီဘေးအလှူ | ၂၅.၇.၂၀၂၆

အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြုံနီရရေ ပြည်သူရို့အတွက် ကူညီထောက်ပံ့နိုင်ဖို့အတွက် မယ်ပ TNC စက်ရုံမှ ကိုမောင်လှဝင်းနန့် မရီးဆန်းရီရို့က ဦးဆောင်ပြီးကေ ရီဘေးအတွက် ကောက်ခံရဟိမ့်ထားရေ အလှူငွေ စုစုပေါင်း ထိုင်းဘတ် (၃,၃၀၀) ဘတ် လက်ခံရဟိထားပါရေ။

ရဟိမ့်ထားရေ အလှူငွေတိကို လက်ဟိမ့်မှာ အာရက္ခအစိုးရဘားကို တိုက်ရိုက် လှူဒါန်းပီးထားပါရေ။ အစိုးရကတဆင့် အခက်အခဲဖြစ်ပေါ်နီရေ ပြည်သူရို့၏ လိုအပ်ချက်တိကို သင့်တော်လျောက်ပရေ နီရာတိမှာ အကျိုးဟိဟိ အသုံးပြုလှူဒါန်းနိုင်အောင် ဖြစ်ပါရေ။

မယ်ပ TNC စက်ရုံမှ ကိုမောင်လှဝင်း၊ မရီးဆန်းရီနန့် ပါဝင်လှူဒါန်းပီးကတ်တေ အမျိုးရို့အားလုံး၏ စေတနာအလှူဒါနတိကို အထူးလေးစားဂုဏ်ယူပါရေ။ အလှူဒါန၏ အကျိုးကျေးဇူးတိကြောင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကတ်ပါစီ။ စီးပွားလာဘ်လာဘတိုးတက်ပြီး မိသားစုတိအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝီးကတ်ပါစီ။ လိုအင်ဆန္ဒတိအားလုံး ပြည့်ဝပြီး ကောင်းမှုကုသိုလ်အကျိုးတိ အဆက်မပြတ် ရဟိနိုင်ကတ်ပါစီလို့ ဆုတောင်းမေတ္တာပို့သအပ်ပါရေ။

ပါဝင်ကူညီလှူဒါန်းပီးကတ်တေ TNC စက်ရုံမှ အမျိုးရို့အားလုံးကို အထူးကျေးဇူးတင်ဟိပါရေ။

23/07/2026

ပြည်သူရို့အတွက် ကိုယ်ရို့တတ်နိုင်သလောက် ပါဝင်ကတ်ဖို့ ကိုမောင်လှဝင်း တိုက်တွန်း

Date | ၂၃.၇.၂၀၂၆

အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြုံခရရေ ပြည်သူရို့နန့် စစ်ရှောင်ပြည်သူရို့ကို ကူညီထောက်ပံ့ပီးကတ်ဖို့ကို TNC စက်ရုံမှ ကိုမောင်လှဝင်းက ပြည်သူတိအားလုံးထံ တိုက်တွန်းနှိုးဆော်ထားပါရေ။

လက်ဟိမ့်မှာ ရီပြန်ကျလားပါဗျာလ်။ ပြည်သူအများအပြားလည်း နေရပ်ကို ပြန်နီကတ်ပါဗျာလ်။ သို့သော် ရီဘေးကြောင့် နီအိမ်တိ၊ လယ်ယာတိ၊ လမ်းတံတားတိ ပျက်စီးဆုံးရှုံးမှုတိ ကျန်ဟိနီသိမ့်ပြီး ပြည်သူတချို့မှာ နီအိမ်ပြန်လည်ပြုပြင်ရေး၊ စားနပ်ရိက္ခာ၊ သောက်သုံးရီ၊ ဆီးဝါးနန့် အခြေခံလူသုံးပစ္စည်းတိကို ဆက်လက်လိုအပ်နီပါရေ။

ယင်းအပြင် စစ်ဘေးကြောင့်လည်း စစ်ရှောင်ပြည်သူ သိန်းနန့်ချီ နေရပ်ကို မပြန်နိုင်သေးဘဲ ယာယီခိုလှုံရာတိမှာ နီထိုင်နီရဆဲဖြစ်ပါရေ။

အခက်အခဲကြုံနီရေ ပြည်သူရို့အတွက် ကိုယ်ရို့တတ်နိုင်သလောက် အနည်းအများမရွီး စုပေါင်းပါဝင်ကူညီ လှူဒါန်းပီးကတ်ဖို့ကို TNC စက်ရုံမှ ကိုမောင်လှဝင်းက တိုက်တွန်းနှိုးဆော်ထားပါရေ။

ပါဝင်ကူညီလှူဒါန်းပီးကတ်တေ အလှူရှင်တိအားလုံးကို အထူးကျေးဇူးတင်ဟိပါရေ။

#ရက္ခိုင်ရီဘေး
#မဲဆောက်

ရီဘေးအတွက် ဒေါ်ရီ ကောက်ခံရဟိမ့်ထားရေ အလှူစာရင်းရီဘေးအလှူ | ၂၃.၇.၂၀၂၆အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြုံနီရရေ ပြည...
23/07/2026

ရီဘေးအတွက် ဒေါ်ရီ ကောက်ခံရဟိမ့်ထားရေ အလှူစာရင်း

ရီဘေးအလှူ | ၂၃.၇.၂၀၂၆

အာရက္ခဒေသအတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲကြုံနီရရေ ပြည်သူရို့အတွက် ကူညီထောက်ပံ့နိုင်ဖို့အတွက် ဒေါ်ရီက ရပ်ကွက်နန့် စက်ရုံတချို့ကို လားရောက်ကောက်ခံထားရေ အလှူငွေ စုစုပေါင်း ထိုင်းဘတ် (၂,၉၃၅) ဘတ် ရဟိထားပါရေ။

ရဟိမ့်ထားရေ အလှူငွေတိကို လက်ဟိမ့်မှာ အာရက္ခအစိုးရဘားကို တိုက်ရိုက် လှူဒါန်းပီးထားပါရေ။ အစိုးရကတဆင့် အခက်အခဲဖြစ်ပေါ်နီရေ ပြည်သူရို့၏ လိုအပ်ချက်တိကို သင့်တော်လျောက်ပရေ နီရာတိမှာ လှူဒါန်းနိုင်အောင် ဖြစ်ပါရေ။

စေတနာသဒ္ဓါတရားနန့် ပါဝင်လှူဒါန်းပီးကတ်တေ အလှူရှင်တိ၏ အလှူဒါနတိ အဓွန့်ရှည်တည်တံ့ပါစီ။ ကောင်းကျိုးချမ်းသာအဖြာဖြာနန့် ပြည့်စုံပြီး ကပ်ဘေး၊ ရောဂါဘေး၊ အန္တရာယ်အပေါင်းမှ ကင်းဝီးနိုင်ကတ်ပါစီ။ လှူဒါန်းလိုက်တေ စေတနာအကျိုးဆက်တိကြောင့် မိသားစုတိအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အစစအရာရာ အဆင်ပြေချောမွေ့ကတ်ပါစီလို့ ဆုတောင်းမေတ္တာပို့သအပ်ပါရေ။

ပါဝင်ကူညီလှူဒါန်းပီးကတ်တေ အလှူရှင်တိအားလုံးကို အထူးကျေးဇူးတင်ဟိပါရေ။

#ရက္ခိုင်ရီဘေး
#မဲဆောက်

ကိုမောင်စိုးချေ + မခင်ဆန်းရီ မိသားစု (မဲဆောက်ဈေး) မှ ထိုင်းဘတ် (၃၀၀) လှူဒါန်းရီဘေးအလှူ | ၂၁.၇.၂၀၂၆အရက္ခိုင်ပြည်အတွင်း ရီ...
21/07/2026

ကိုမောင်စိုးချေ + မခင်ဆန်းရီ မိသားစု (မဲဆောက်ဈေး) မှ ထိုင်းဘတ် (၃၀၀) လှူဒါန်း
ရီဘေးအလှူ | ၂၁.၇.၂၀၂၆

အရက္ခိုင်ပြည်အတွင်း ရီဘေးဒဏ်ကြောင့် အခက်အခဲနန့် ရင်ဆိုင်နီရရေ ပြည်သူရို့အတွက် ကိုမောင်စိုးချေ + မခင်ဆန်းရီ မိသားစု (မဲဆောက်ဈေး) က စေတနာဖြင့် ထိုင်းဘတ် (၃၀၀) ကို လှူဒါန်းပီးလားခပါရေ။

အာရက္ခပြည်သူရို့ကိုယ်စား ကိုမောင်စိုးချေ + မခင်ဆန်းရီ မိသားစု ၏ မွန်မြတ်တေ စေတနာအတွက် အထူးကျေးဇူးတင်ဟိမ့်ပါရေ။

ကိုမောင်စိုးချေနန့် မခင်ဆန်းရီ၊ မိသားစုဝင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားရေး၊ လူမှုရေးနန့် မိသားစုရေးရာ အစစအရာရာ အဆင်ပြေကောင်းမွန်ပါစီ။ ကောင်းကျိုးမင်္ဂလာတိ အစဉ်အမြဲ ပြည့်စုံပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနန့် လိုအင်ဆန္ဒတိ ပြည့်ဝကတ်ပါစီလို့ ဆုမွန်ကောင်းတောင်းအပ်ပါရေ။


#ရီဘေးအလှူ
#ရက္ခိုင်ရီဘေး

ที่อยู่

Amphoe Mae Sot
63110

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Arakan Community Mae Sot โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์