29/05/2026
အက်မင်တွေ ဘယ်ရောက်နေကြလဲထင်ကုန်ပြီလားဗျ? ရှိတယ်ဗျ ရှိတယ်။ ပုံလေးတွေစုနေရလို့ ခနပျောက်နေတာပါ ဟီးးး
ကညားမော် ဝတ်တဲ့ ကယောရိုးရာ ✨
ဆန်းဆန်းပြားပြားမဟုတ်ပေမယ့် အရှိန်ဝါကတော့ကြီးတယ်။ ရိုးရာဝတ်စုံတွေဟာ မှော်ဆန်တယ်လို့ ကျနော်တို့ပြောရင်ယုံ။ ရိုးရိုးဆံထုံးလေးထုံးပြီး မခို့တရို့ပြုံးတာတောင် လှတဲ့ မော်ကညား။ ကျက်သရေရှိတယ်၊ လေးစားရာဖြစ်တယ်။
ခုလို ကယောဝတ်စုံလေးကို တမြတ်တနိုးဌားရမ်းဝတ်ဆင်ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။ ကျန်တဲ့ မမလှလှ ညီမလေးနုနုတို့ကလည်း ဌားရမ်းဝတ်ဆင်ချင်တယ်ဆိုရင် ကျနော်တို့ Page ကိုသတိရလိုက်ပါဗျ။ (စင်္ကာပူအတွင်းသာ)
အားလုံး အမောပြေတဲ့ သောကြာနေ့ဖြစ်ပါစေဗျ။
#ကယော