Bliss In Action

Bliss In Action We are an official fundraiser for Committee Representing Pyidaungsu Hluttaw (CRPH). Email: [email protected]

❤️ ၃၈ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် Freedom From Fear – ၈၈၈၈ ထီးနီ၃၈ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် global action အတွက် ရည်ရွ...
12/07/2026

❤️ ၃၈ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် Freedom From Fear – ၈၈၈၈ ထီးနီ

၃၈ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ် global action အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ၈၈၈၈ ထီးနီကို ဒီနှစ်မှာတော့ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်တဲ့ ခေါက်ထီး (Compact Folding Umbrella) အဖြစ် ထုတ်လုပ်ပေးထားပါတယ်။

လက်ကိုင်အိတ်ထဲ၊ ကျောပိုးအိတ်ထဲ အလွယ်တကူထည့်သွင်းသယ်ဆောင်နိုင်ပြီး နေ့စဉ်အသုံးပြုရင်း Freedom From Fear ဆိုတဲ့ ယုံကြည်ချက်နဲ့ သမိုင်းအမှတ်တရပစ္စည်းတစ်ခုကို အတူဆောင်ယူသွားနိုင်ပါတယ်။

🌹 ထီးပေါ်ရှိ Graphic Portrait သည် ၂၀၂၂ ခုနှစ် ပန်းပင်ကြီးလမ်းဖြစ်စဉ်တွင် ရန်ကုန်လူထုသပိတ်စစ်ကြောင်းမှ ကိုင်ဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပုံပန်းချီကားကို အခြေခံဖန်တီးထားခြင်းဖြစ်ပြီး၊ “Freedom From Fear” စာတန်းသည် သပိတ်စစ်ကြောင်းမှ ကိုင်ဆောင်ခဲ့သော “The Only Real Prison is Fear and The Real Freedom is Freedom From Fear” ဟူသော သမိုင်းဝင် Banner ပေါ်တွင်ရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်၏ အထင်ကရ စာသားမှ ကောက်နုတ်အသုံးပြုထားပြီး ၈လေးလုံးပြည်သူ့အရေးတော်ပုံကြီးမှ ပေါ်ထွန်းလာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုထားခြင်း ဖြစ်ပါတယ်။

Freedom From Fear – ၈၈၈၈ ထီးနီ သည် ရိုးရိုးထီးတစ်လက် မဟုတ်ဘဲ ၁၉၈၈ မှ ၂၀၂၁ ထိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်း၏ မျှော်လင့်ချက်နှင့် ယုံကြည်ချက်တို့ကို ကိုယ်စားပြုထားသောသမိုင်းကြောင်းဆိုင်ရာ အထိမ်းအမှတ်နှင့် အမှတ်တရပေါင်းများစွာ ပေါင်းစည်းထားသည့် တော်လှန်ထုတ်ကုန်ပစ္စည်းတစ်ခုဟု လည်း ဆိုနိုင်ပါတယ်။

📌 ထီးရောင်းချခြင်းမှ ရရှိသော အကျိုးအမြတ် ၁၀၀% ကို စစ်ဘေးရှောင်ပြည်သူများ နှင့် နိုင်ငံရေးအကျဉ်းသားများ အတွက် ခွဲဝေလှူဒါန်းသွားမည်ဖြစ်ပြီး၊ ငွေကြေးအသုံးပြုမှုနှင့် ရှင်းတမ်းများကို Strike Market Page မှ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားပါမယ်ခင်မျာ။

📦 အရေအတွက်ကန့်သတ်ထားသော Limited Production ဖြစ်တာကြောင့် အမြန်ဆုံး ဝယ်ယူရရှိထားနိုင်ဖို့ chatbot မှာ အော်ဒါတင်လို့ရပါပြီနော် ☂️

📍Singapore 🇸🇬
📌 Price - 44 SGD

One Umbrella. One Help. One Strike.

#၃၈နှစ်မြောက်၈လေးလုံးလှုပ်ရှားမှု
#၈လေးလုံးထီးနီလှုပ်ရှားမှု
#၈၈၈၈ထီးMerchandising


#ရန်ကုန်လူထုသပိတ်

Photography by Revography Team

https://m.facebook.com/story.php?story_fbid=1068643162446970&id=100079038897601
11/07/2026

https://m.facebook.com/story.php?story_fbid=1068643162446970&id=100079038897601

“ရှေ့တန်းက အသက်ပေးပြီး ကာကွယ်ချိန်မှာ... နောက်တန်းက ငါတို့ရဲ့ တာဝန်က ဘာလဲ?”

ရန်သူက မတရားမှုကိုပွဲခံပြ၊သတင်းတွေထုတ်ပြပြီး ငါတို့ရဲ့ စိတ်ဓာတ်ကို ချိုးနှိမ်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ ပကတိအမှန်တရားကတော့... မြေပြင်က ရဲဘော်တွေဟာ နည်းပညာနဲ့ အင်အားမမျှတတဲ့ ကြားကနေ နောက်ဆုံးအချိန်ထိ ရဲရဲဝံ့ဝံ့ ခုခံရင်း ရန်သူ့ရဲ့ ရက်ရက်စက်စက် စစ်ရာဇဝတ်မှုကိုချိုးဖောက်တဲ့လုပ်ရပ်တွေကြောင့် ပေးဆပ်နေကြရတယ်။

ရန်သူက ကျည်သောင်းချီသုံးနေချိန်မှာ... ငါတို့ရဲဘော်တွေ ဘာနဲ့ တိုက်နေရလဲ?

အခုချိန်မှာ ဖြစ်နေတဲ့ ပူဆွေးမှုကို ရန်သူအလိုကျ စိတ်ဓာတ်ကျစရာအဖြစ် အသုံးချခံ မဖြစ်စေပဲ။ ဒီနာကျင်မှုကို တော်လှန်ရေးအရှိန်မြှင့်တင်မယ့် အရှိန်အဟုန်အဖြစ် ပြောင်းလဲပစ်ရပါမယ်။ ရှေ့တန်းမှာ အသက်နဲ့လဲပြီး ပေးဆပ်ခဲ့တဲ့ အဖိုးတန်ရဲဘော်တွေအတွက် ငါတို့တွေ ပေးနိုင်တဲ့ အကောင်းဆုံး တန်ပြန်တုံ့ပြန်မှု နဲ့ ဂုဏ်ပြုမှုကတော့ ရန်သူ့ထက် သာလွန်တဲ့ အင်အားကို တည်ဆောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

စိတ်ဓာတ်ကျနေဖို့ အချိန်မရှိပါဘူး။ ရန်သူ့ရဲ့ ခနဲ့တဲ့တဲ့ သွေးထိုးမှုတွေကို တုံ့ပြန်နိုင်မယ့် တခုတည်းသောနည်းလမ်းက ငါတို့တွေ အရင်ကထက်ပိုစည်းလုံးပြီးတော့ မြေပြင်ရဲဘော်တွေအတွက် တကယ့်အင်အားဖြစ်စေမယ့် ထောက်ပို့မှုတွေနဲ့ နောက်တန်းက တာဝန်ကျေကြဖို့ပါပဲ။

တိုင်းပြည်အတွက် အသက်နဲ့ခန္ဓာကို ပေးဆပ်သွားခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မြင့်မြတ်တဲ့စွန့်လွှတ်မှုကို အလေးအနက် ဦးညွတ်ရင်း အလေးနီပြုလိုက်ပါတယ်။

အရေးတော်ပုံ မုချ အောင်ရမည်။

လာပါ ငါတို့အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF⁩⁩⁩

❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞══════════════ #၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု  ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ ...
16/06/2026

❝ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ ❞

══════════════

#၁၉ဇွန်_နှင်းဆီလှုပ်ရှားမှု



ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား၊ မြန်မာစစ်အာဏာရှင်အဆက်ဆက် အကြောက်ဆုံးလူသား၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လေးစားယုံကြည်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ မကြာခင် ရောက်ပါတော့မယ်။

အမေစုအပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း (၂၂၀၀၀) ကျော်ကို အဓမ္မ ချုပ်နှောင်ထားတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို နေ့စဉ်နဲ့အမျှ နည်းလမ်းမျိုးစုံသုံးပြီး အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်အုပ်စု၊ ပြည်သူလူထုကို အဓမ္မ ပေါ်တာဆွဲဥပဒေနဲ့ ဒုက္ခမျိုးစုံ ပေးနေတဲ့ စစ်အုပ်စု။ ဒီစစ်အုပ်စုကပဲ ရွေးကောက်ပွဲအတု လုပ်၊ လွှတ်တော်အတု ခေါ်၊ အရပ်သားအတု အစိုးရအတု ဖွဲ့ပြီး ပြည်တွင်းပြည်ပမှာ လူရာဝင်ချင်သေးသတဲ့။ လုံးလုံး အရှက်မဲ့တဲ့ ဖက်ဆစ်တွေပဲ။

လူထုခေါင်းဆောင် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းများစွာရဲ့ ဝိသေသ လက္ခဏာက စစ်အာဏာရူးတွေကို “ငုံ့မခံဘဲ တုန့်ပြန်” ခဲ့ကြတာပဲ ဖြစ်ပါတယ်။ အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီလူ့ဘောင် တည်ဆောက်ရေး ယုံကြည်ချက်အပေါ်မှာ မယိမ်းမယိုင် မြဲမြံစွာ စွဲကိုင်ခဲ့သလို ပန်းနဲ့ အမြဲတွဲမြင်ရလေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက “သံမဏိ နှင်းဆီ” လို့ ဂုဏ်ပြုညွှန်းဆိုလေ့ရှိပါတယ်။

ဒါ့ကြောင့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး၊ တော်လှန်တိုက်ပွဲဝင် လူထုတရပ်လုံးကို ဂုဏ်ပြုညွှန်းဆိုသောအားဖြင့် လာမယ့် ဇွန်လ (၁၉) ရက်နေ့မှာ “နှင်းဆီလှုပ်ရှားမှုကြီး” ကို ပြည်လုံးကျွတ် ဝေဝေဆာဆာ ဖော်ဆောင် ဆင်နွှဲလိုက်ကြရအောင်ဗျာ။

နှင်းဆီလှုပ်ရှားမှု၊ ပန်းသပိတ်။ ဒီလူထုတိုက်ပွဲလှုပ်ရှားမှုနည်းနာကို အထူးတလည် ရှင်းပြနေစရာမလိုဘဲ ပြည်သူလူထုက နားလည်သဘောပေါက်ကြပြီးလည်း ဖြစ်ပါတယ်။ အဲ့ဒီကာလမှာ နှင်းဆီပန်းများအပါအဝင် အဆင်သင့်ရာ ပန်းများကို ပြည်သူလူထုက ဘုရားပန်းတင်မယ်။ ပန်ဆင်ကြမယ်။ အလှပန်းအိုး ထိုးမယ်။ အပြန်အလှန် ပန်းလက်ဆောင် ပေးကြမယ်။ အွန်လိုင်းပေါ် ဓာတ်ပုံတင်ကြမယ်။ မြေပြင်လူထုလှုပ်ရှားမှုတွေကိုလည်း နှင်းဆီပန်းတွေ ကိုင်ဆောင်ကာ (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်ကြဖို့ပါ။

အတိုချုပ်ပြောရရင်တော့ လာမယ့် ဇွန် ၁၉ အမေစုမွေးနေ့မှာ ကျနော်တို့ ပြည်တွင်းပြည်ပ ပြည်သူလူထုတရပ်လုံးအနေနဲ့ “နှင်းဆီလှုပ်ရှားမှုကြီး” မိမိတို့ အဆင်ပြေသလို ဉာဏ်ကွန့်မြူးကာ အွန်လိုင်းကော မြေပြင်မှာပါ ဉာဏ်နဲ့ယှဉ်ပြီး နည်းနာပုံစံမျိုးစုံနဲ့ ဖော်ဆောင် ဆင်နွှဲကြပါမယ်ခင်ဗျာ။

ပြည်သူလူထုရဲ့ ဒီ“နှင်းဆီလှုပ်ရှားမှုကြီး” ကနေ စစ်အုပ်စုနဲ့တကွ တကမ္ဘာလုံးကို အသိပေးလိုက်တဲ့ တောင်းဆိုဖော်ပြချက်ကြီး (၃) ချက် ရှိပါတယ်။ ဒီသုံးချက်ကတော့-

(၁) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း လွှတ်ရန် တောင်းဆိုသည်။

(၂) အဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲဥပဒေကို ချက်ချင်း ဖျက်သိမ်းရန် တောင်းဆိုသည်။

(၃) မြန်မာပြည်၏ သမ္မတသည် ဦးဝင်းမြင့်သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ကြောင်း ထပ်လောင်း ဖော်ပြသည်။

လက်ရှိ ကျနော်တို့ ဖော်ဆောင်နေဆဲဖြစ်တဲ့ Proof of Life လှုပ်ရှားမှုကိုလည်း ဒီနှင်းဆီလှုပ်ရှားမှုကြီးနဲ့အတူ ဆက်လက် ဖော်ဆောင်သွားကြမှာဖြစ်ပါတယ်။ Proof of Life လှုပ်ရှားမှုကတော့ အချိန်ကာလ သတ်မှတ်ချက်မရှိဘဲ လှုပ်ရှားမှုရဲ့ တောင်းဆိုချက် မရမချင်း ဆက်လက်ဆင်နွှဲသွားကြဖို့လည်း ဖြစ်ပါတယ်။ အလားတူပဲ (၈၁) နှစ်ပြည့်မွေးနေ့ဖြစ်တာနဲ့အညီ ကိန်းဂဏန်း (၈၁) ကို အစွဲပြု ဖော်ဆောင်တဲ့ လှုပ်ရှားမှုများလည်း ဉာဏ်ရှိသလို ကွန့်မြူးဖော်ဆောင်သွားကြမှာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုအဆက်ဆက်ဟာ အာဏာသာ ရူးပြီး တိုင်းပြည်အုပ်ချုပ် အစိုးရလုပ်တဲ့ အတတ်ပညာ၊ ဉာဏ်ပညာနဲ့ စိတ်စေတနာ လုံးလုံး မရှိပါဘူး။ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ယနေ့ မြန်မာပြည် လူမှုစီးပွါး အခြေအနေအရပ်ရပ်ဟာ အဝီစိကို ဇောက်ထိုးဆင်းနေပါပြီ။ ကုန်ဈေးနှုန်းတွေ မိုးပျံအောင် တက်နေတာက အစ၊ လူငယ်ထုကို သေလမ်းပို့တဲ့ အဓမ္မ ပေါ်တာဆွဲနေတာ အလယ်၊ အပေါဆုံးက မူးယစ်ဆေး ဖြစ်လာတာအဆုံး၊ တိုင်းပြည်မှာ အကောင်းဆိုလို့ ဘာမှမရှိတော့ပါဘူး။

ဒါတွေအားလုံးရဲ့ ပင်မလက်သည် တရားခံသည် စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ပါပဲ။ ဒီအာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ဒီတိုင်းပြည် အနာဂတ် ဘာတခုမှ ကောင်းလာစရာ မရှိဘူးဆိုတာကလည်း အင်မတန် ထင်ရှားပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်ရဲ့ အညွှန့်ထွက်စ၊ အရှိန်ရစ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်မှုလေးကို သင်းသပ်ချလိုက်တာပဲ။

အာဏာရှင်စနစ်ဟာ တပ်မတော်၊ ရဲတပ်ဖွဲ့၊ နိုင်ငံဝန်ထမ်းများနဲ့တကွ အစစ်အမှန် ပြည်ခိုင်ဖြိုးပါတီဝင်ထုအပါအဝင် တိုင်းသူပြည်သားအားလုံးအတွက် ရေတိုကော ရေရှည်မှာပါ ဘာကောင်းကျိုးမှ မပြုပါဘူး။ ဒီအာဏာရှင်စနစ်လက်အောက်မှာ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစု၊ ဒင်းတို့မိသားစု ဆွေမျိုးတစု၊ နီးစပ်ရာလူတစုပဲ ပိုပိုပြီး ကျိကျိတက် ချမ်းသာလာနေတာကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ဒင်းတို့ ဖက်ဆစ်မိစ္ဆာတွေကို “ငုံ့ခံ” ရင်းနဲ့ ရေနွေးအိုးထဲက ဖားတွေလို့ အသေမခံနိုင်ဘူး၊ အစွမ်းကုန် စုစည်းညီညွတ်ပြီး “တုန့်ပြန်” ကြမယ်ဆိုတဲ့ ဇွဲနဘဲခတ်ပြီး တော်လှန်ခရီးကြမ်းကို ဒီအထိ လျှောက်လှမ်းခဲ့ကြပါပြီ။ အခုချိန်ကတော့ ဒီသံမဏိစိတ်ဓာတ်၊ ဘာမထီစိတ်ဓာတ်ကို အမြင့်မားဆုံး လွှင့်ထူပြီး တော်လှန်တိုက်ပွဲကို အရှိန်တိုးမြှင့်ကြဖို့ လိုပြီဆိုတာကိုလည်း မီးမောင်းထိုးပြလိုပါတယ်။ ယခု ဇွန် (၁၉) နှင်းဆီလှုပ်ရှားမှုမှသည် ရှေ့လာမယ့်ကာလတွေမှာလည်း ပြည်သူလူထုအနေနဲ့ တော်လှန်တိုက်ပွဲ လူထုလှုပ်ရှားမှုတွေမှာ “တက်စုံဖွင့် ရွက်ကုန်လွှင့်” ဖော်ဆောင်ကြမယ်ဗျာ။

ဟေ့ . . . စစ်အာဏာရူးတွေ၊ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့် ဘဝ မဟုတ်ဘူးဟေ့။ “ငုံ့မခံဘဲ တုန့်ပြန်မယ့် သံမဏိ နှင်းဆီတွေ” ဆိုတာကို ဒီပြည်လုံးကျွတ် နှင်းဆီလှုပ်ရှားမှုကြီးကနေ ထပ်လောင်း သက်သေတည်လိုက်ကြပါစို့။

#ကြောက်ခေတ်ကို_မှောက်ပစ်





အရေးတော်ပုံ အောင်ရမည်။

81 Tribute Collection ဖြစ်တဲ့ SHE Brand Watch ဟာ ရေစိုခံ Watch တစ်လုံး ဖြစ်ပါတယ်။ Water Resistant level  IP68 ဖြစ်ပါတယ်။...
15/06/2026

81 Tribute Collection ဖြစ်တဲ့ SHE Brand Watch ဟာ ရေစိုခံ Watch တစ်လုံး ဖြစ်ပါတယ်။
Water Resistant level IP68 ဖြစ်ပါတယ်။
Watch Case ဟာ လုံးဝ flat ဖြစ်တာကြောင့် နာရီ ဝတ်လို့ ဝတ်ထားမှန်း မသိတဲ့ထိကို confortဖြစ်ပါတယ်။
SHE Brand Watch ကိုဝယ်ယူအားပေးကြတဲ့21CM ချစ်သူတွေအတွက် SHE ဟာ အမိုက်စား feeling ကိုပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
Unisex ဖြစ်ပြီး strap ပေါ်က နာရီကြိုးရဲ့ အပေါက်လေးတွေကို အရေအတွက် တိုးထားပေးတာကြောင့် လက်သေးတဲ့သူတွေအနေနဲ့ fit မဖြစ်မှာ ၊ကြီးနေမှာ ကို စိတ်ပူစရာမလိုပါဘူး။ fit ဖြစ်တဲ့အထိ ဒီတစ်ခေါက်မှာ အဆင်ပြေအောင် လုပ်ထားပေးပါတယ်။ လက်ကြီးတဲ့ သူတွေအနေနဲ့လည်း လုံးဝ အဆင်ပြေပါတယ်။
သက်ဆိုင်ရာ နိုင်ငံတကာ ကိုယ်စားလှယ် link တွေကို ကောမန့်မှာ ချထားပေးပါတယ်။




SHE Smart Watch ရဲ့ Strap 7 မျိုး မှာပါဝင်တဲ့ creation တွေ ဖြစ်ပါတယ်။ - အဖြူရောင် လက်ပတ်နာရီကြိုးပေါ်က creation လေးက Ide...
15/06/2026

SHE Smart Watch ရဲ့ Strap 7 မျိုး မှာပါဝင်တဲ့ creation တွေ ဖြစ်ပါတယ်။

- အဖြူရောင် လက်ပတ်နာရီကြိုးပေါ်က creation လေးက Identity လို့အမည်ရပါတယ်။
အဆင်းရောအချင်းပါပြည့်စုံပြီးလှပကျော့ရှင်းတဲ့ အမေ့ရဲ့ပုံလေးနဲ့အတူ သူမရဲ့ဖြစ်တည်မှု ဖြစ်တဲ့ ကာလာစုံ ဒေါင်းရုပ်သဏ္ဠန်ကို တွဲစပ်ဖန်တီးထားပါတယ်။ ကာလာစုံ လှပတင့်တယ် တဲ့ ဒေါင်းသဏ္ဠန် ဟာ ကျွန်တော်တို့ချစ်ရတဲ့ အမေစု နဲ့ တစ်ထပ်တည်းကျတယ်လို့ အဓိပ္ပာယ်ရပါတယ်။

- နက်ပြောင်ရောင် လက်ပတ်ကြိုးပေါ်က creation လေးက Rebirth လို့အမည်ရပါတယ်။
ဒီကာလတွေမှာ တစ်ခါတစ်လေ ကျွန်တော်တို့ရဲ့စိတ်တွေအရမ်းမွန်းကျပ်တာတွေ ၊ အားလုံးလွှတ်ချပြီး စိတ်တွေသေဆုံးသွားတဲ့ အချိန်တွေရှိကြပါတယ်။
ခနလောက်အနားယူလိုက်ပြီးရင် စိတ်သစ်လူအသစ်နဲ့အတူ တစ်ဖန် ကျွန်တော်တို့ အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာကြမယ် ဆိုတဲ့ အဓိပ္ပာယ် ကို ဆိုလိုပါတယ်။

- အညိုရောင်လက်ပတ်ကြိုး ပေါ်က creation လေးက Resistance လို့အမည်ရပါတယ်။
စစ်အာဏာရူး အာဏာစသိမ်းတဲ့အချိန်ကနေ ယနေ့အချိန်ထိ စစ်ကောင်စီဟာ အမှန်တရား အတွက် ဆန္ဒပြခဲ့ကြသူတွေ အမှန်တရားဘက်က ရပ်တည်ခဲ့ကြသူ အားလုံး ကို မတရားသဖြင့် ဖမ်းဆီးအကျဉ်းချခဲ့ပါတယ်။ စစ်ကောင်စီရဲ့ မတရားသဖြင့် ဖမ်းဆီး အကျဉ်းချခံ ရတဲ့ နိုင်ကျဉ်း အားလုံးဟာ အမှန်တရားရဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အမှန်တရားကို ဘယ်တော့မှ မမေ့သလို အမှန်တရား ရဲ့သူရဲကောင်းတွေဖြစ်တဲ့ နိုင်ကျဉ်းတွေနဲ့ စစ်မြေပြင်မှာ အသက်ပေးခဲ့တဲ့ အာဇာနည်အားလုံးကိုလည်း ဘယ်တော့မှမမေ့ကြောင်း အဓိပ္ပာယ် ရပါတယ်။

- အနက်ရောင်လက်ပတ်ကြိုးပေါ်က creation လေးက Memorie လို့ အမည်ရပါတယ်။
မြန်မာနိုင်ငံရဲ့အခုလက်ရှိအခြေအနေ ဟာ အားလုံးသိကြတဲ့အတိုင်း စစ်အာဏာရှင် ရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေကြောင့် အပြစ်မရှိတဲ့ ပြည်သူလူထု တွေနဲ့ ကလေးငယ်တွေ အားလုံး နေ့စဉ်နဲ့အမျှ သေဆုံး နေကြရပါတယ်။ စစ်ကောက်စီဟာ ကျေးရွာတွေ မြို့နယ်တွေကို နေ့စဉ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်တယ်။
ဒါတွေဟာ ကျွန်တော်တို့အနေနဲ့ ဘယ်တော့မှ မေ့ဖျောက်ပစ်လို့မရတဲ့ မှတ်ဥာဏ်တွေဖြစ်ပါတယ်။ သွေးကြွေးမှာဆွေးနွေးစရာ မရှိတာမို့ လက်လျှော့ချင်လာတဲ့အခါတိုင်း နာကျဉ်စရာ ဒီမှတ်ဥာဏ်တွေကို အမြဲသတိရပေးပါ။

- အစိမ်းရောင်လက်ပတ်ကြိုးပေါ်က creation လေးက Rebellion လို့အမည်ရပါတယ်။
စစ်ကောင်စီသမ္မတရူးရဲ့ မတရားသဖြင့် အာဏာသိမ်းခြင်းကိုခံရတဲ့အခါ မှာ ပြည်သူအားလုံး ရှေ့ထွက်ဆန္ဒပြခဲ့ကြတယ်။စစ်ကောင်စီရဲ့ ပစ်ခတ်မှုတွေကြောင့် ဆန္ဒပြ ကာလ မှာ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေ အာဇာနည် ဖြစ်ခဲ့ကြရတယ်။ ဒါကြောင့်မို့ အမှန်တရား ကို လက်ကိုင်ထားတဲ့ ကျွန်တော်တို့လူငယ်တွေနဲ့ အမှန်တရားဘက်တော်သား အချို့ဟာ တောထဲမှာ စစ်သင်တန်းတွေတက်ပြီး အာဏာရှင် ကိုဆက်လက်တော်လှန်ခဲ့တယ်။ အချို့က လွတ်မြောက်နေမြေကနေ စစ်အာဏာရှင်ကို ဆက်လှန်တော်လှန်ခဲ့တယ်။ ယခုလက်ရှိအခြေအနေမှာတော့ စစ်အာဏာရှင် တွေ လက်သုံးချောင်းကို ချိုးဖဲ့ခဲ့လဲ ကျွန်တော်တ်ို့တစ်တွေ စစ်အာဏာရှင်အားလုံးကို လက်ခလယ် ပြန်ပြနိုင်ပါပြီ။

- အဝါရောင်လက်ပတ်ကြိုးပေါ်က creation လေးက Hope လို့အမည်ရပါတယ်။
ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေ အများကြီးထဲက တစ်ခုဟာ စစ်အာဏာရှင်ရဲ့ အာဏာရှူးမှုကြောင့် မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရတဲ့ ကျွန်တော်တို့အားလုံး ချစ်ရတဲ့ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် အမေ ဒေါအောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ပါ။ ချစ်ရတဲ့ မိသားစု ကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေရ ဖို့အတွက် အပင်ပန်းခံကြိုးစားပေးခဲ့တဲ့ 81 နှစ်အရွယ် ဒီအမေအို အတွက် ကျွန်တော်တို့ ကဘာလို့ မကြိုးစားပေးနိုင်ရမှာလဲ။ အမေ အမြန်ဆုံး လွတ်မြောက်ဖို့ အတွက် ကျွန်တော်တို့နိုင်တဲ့ ဘက်ကနေ အမြဲကြိုးစားပါဝင်ရင်း အမေ့အတွက် မျှော်လင့်ချက် တွေနဲ့ အားမလျှော့ကြောင်း သက်သေပြကြ မယ်ဆိုတဲ့ အဓိပ္ပာယ် ကို ဆိုလိုပါတယ်။

- အနီရောင်လက်ပတ်ကြိုး ပေါ်က creation လေး က Truth လို့အမည်ရပါတယ်။
သူမ အတွက် ငါတို့အားလုံး လုပ်နိုင်တယ်။နိုင်တဲ့ဘက်ကနေ သူမ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့အားလုံး မရပ်မနား ကြိုးစားနေကြပါတယ်။ ဒါဟာ လက်တွေ့ အမှန်တရား ဖြစ်ပါတယ်။

Product owner and creation- Ja Kuu
Photography- Revography Team



SHE smart watch တစ်လုံးရှိရုံနဲ့ Android & IOS 2မျိုးလုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။အမေစုရဲ့ Wallpaper 6 ပုံက နာရီအလုံး...
14/06/2026

SHE smart watch တစ်လုံးရှိရုံနဲ့ Android & IOS 2မျိုးလုံး ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

အမေစုရဲ့ Wallpaper 6 ပုံက နာရီအလုံးတိုင်းမှာ ပါရှိပါတယ်။

Black Colour မှလွဲ၍ ကျန်တဲ့ strap အားလုံး leather ဖြစ်ပါတယ်။

Strap တစ်ခုစီတိုင်းမှာ တန်ဖိုးရှိတဲ့ creation တစ်မျိုးစီ ပါဝင်ပါတယ်။

Case back မှာ Limited Edition Serial Numberတွေကို ထွင်းထားပေးပါတယ်။

ရေစိုခံ ဖြစ်ပါတယ်။

2140mAh polymer Battery ဖြစ်ပြီး Battey အား 6 ရက် 7 ရက်ခံပါတယ်။

Bluetooth call ကို watch နဲ့ပြောလို့ရပါတယ်။

Basic function တွေဖြစ်တဲ့
Weather
Sleep
Heart rate
Blood oxygen
Blood pressure
Alarm clock
Sedentary reminder
Alarm clock reminder
Music control
Remote control
Photo
Message
Mobile phone
အားလုံး SHE မှာ ပါဝင်ပါတယ်။

SHE အတွက် နိုင်ငံတကာ ကိုယ်စားလှယ်link တွေကို ကောမန့်မှာ ချထားပေးပါတယ်။

Photography-Revography Team
Product owner- Ja Kuu



SHE ကို ပထမဆုံးတသုတ်အနေနဲ့ Bliss in Action က အလုံး ၂၀ ပဲ အော်ဒါလက်ခံမှာမို့ ခုပဲအော်ဒါစတင်လို့ရပါပြီရှင့်❤️🤜🤛✨✨✨81 Tribu...
13/06/2026

SHE ကို ပထမဆုံးတသုတ်အနေနဲ့ Bliss in Action က အလုံး ၂၀ ပဲ အော်ဒါလက်ခံမှာမို့ ခုပဲအော်ဒါစတင်လို့ရပါပြီရှင့်❤️🤜🤛

✨✨✨

81 Tribute Collection ဖြစ်တဲ့ SHE က Blind Box အနေနဲ့လာမှာ ဖြစ်ပါတယ်။

Blind Box အနေနဲ့ လာတာမို့ SHE ရဲ့ လက်ပတ်ကြိုးအရောင်တွေ နဲ့ Serial Number တွေက ရွေးလို့မရပါဘူး ။

ဘယ်သူတွေက ဘယ် strap တွေကို ရရှိသွားမလဲ?
ဘယ်သူတွေက ဘယ် serial number တွေကို ရရှိသွားမလဲ?
ဆိုတာ က SHE ကို ဝယ်ယူအားပေးကြတဲ့သူတွေအတွက် ရင်ခုန်ရမယ့် feeling ဖြစ်ပါတယ်။

ကျား/မ Unisex ဝတ်လို့ရပါတယ်။

SHE Smart Watch ကို မိန်းကလေးတွေအားလုံး နဲ့ fit ဖြစ်အောင် သေချာ ထုတ်လုပ်ထားတာမို့ လက်သေးတဲ့ မိန်းကလေးတွေအနေနဲ့ ဝယ်ပြီးရင် ကြီးနေမှာ စိတ်ပူစရာ မလိုပါဘူး။
ယောကျ်ားလေး လက်ကြီးတဲ့သူတွေ အနေနဲ့လည်း အဆင်ပြေအောင် လုပ်ထားပေးပါတယ်။

Limited edition 1200 မို့ နိုင်ငံတကာ မှာ SHE အရေအတွက် အနည်းငယ် သာရရှိမှာဖြစ်တာကြောင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုယ်စားလှယ်တွေဆီမှာ အမြန်ဆုံး order တင်လိုက်ကြပါဗျို့။

81 Tribute Collection
SHE Brand Watch (IOS & Android )
SHE is not just about smart watch. SHE combines creation and utility.
SHE have invaluable History and Creation.
Which Strap will you get?
Which Number will you get?

Size :42mm
Thickness : 9.60mm
Brand width : 20*20mm
Case material : Kirstie+PC
Waterproof level : IP68
Bluetooth distance : 5- - 7 days (depending on the usage senario)
CPU : AB5691
RAM : 578KB
ROM : 640KB
Accelerometer : STK8321
Bluetooth : BLE5.3
Display : 1.32” 466*466 Amoled Display
Physical button : 2 pieces
Touch : Full screen touch

Owner - Ja Kuu
Photography- Revography



25/04/2026

We sincerely thank the ASEAN Chair for the recent statement calling for the release of State Counsellor Daw Aung San Suu Kyi,and all political prisoners in Myanmar. Daw Aung San Suu Kyi is very important for Myanmar and its people, and we encourage continued efforts to ensure the immediate and unconditional release of all remaining detainees.
At this time, our leader remains held as a hostage. We are deeply concerned about her well-being. As she is now 80 years old, and given that we have not seen any credible or trusted evidence of her condition since the coup, our concerns continue to grow.
We urgently call on the Myanmar military to provide conclusive and independently verifiable proof that State Counsellor Daw Aung San Suu Kyi is alive and in stable health, while respectfully urging ASEAN leaders to help independently verify this. Transparency is essential to reassure the people of Myanmar and the international community.



အလှည့်ကျ အာစီယံ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုင်ရာ ကြေညာချက်အတွက် ကျွန်ုပ်တို့ မြန်မာပြည်သူများမှ အထူးကျေးဇူးတင်ရှိပါသည်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်မှူများကိုလည်း ကျွန်ုပ်တို့ အားပေးထောက်ခံပါသည်။

လက်ရှိအချိန်တွင် ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမှန်တကယ်အားဖြင့် ထိန်းသိမ်းခံထားရသော ဓားစားခံတစ်ဦးဖြစ်နေပါသည်။ အသက် ၈၀ အရွယ် သူမ၏ ကျန်းမာရေးအတွက် ပြည်သူများမှာ အလွန်စိုးရိမ်လျက်ရှိနေပါသည်။ အာဏာသိမ်း ထိန်းသိမ်းခံရပြီး မကြာမီ သူမ၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့နှင့် ပါတ်သက်၍ ယုံကြည်စိတ်ချရသော သတင်းအချက်အလက် အထောက်အထား ဘာမှမတွေ့ရှိရသည်မှာ နှစ်အတော်ကြာလာပြီ ဖြစ်ပါသဖြင့် ပြည်သူလူထု၏ စိုးရိမ်ပူပန်မှူကို ပိုမိုမြင့်တက်လာစေနေပါသည်။

ထို့ကြောင့် မြန်မာစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်ရှိနေမှူ နှင့် ကျန်းမာရေး သတင်းအချက်အလက်တို့ကို အပြောသက်သက်မဟုတ်ပဲ အထောက်အထားခိုင်ခိုင်လုံလုံဖြင့် ပြည်သူလူထုနှင့်တကွ သူမ၏သားတို့ကို အသိပေးရန် တောင်းဆိုအပ်ပါသည်။

အာစီယံခေါင်းဆောင်များအားလုံးကိုလည်း သူမ၏ ကျန်းမာရေးနှင့် သက်ရှိထင်ရှားရှိ မရှိတို့အတွက် လွတ်လပ်၍ ယုံကြည်စိတ်ချရသော သတင်းအထောက်အထားများကို လူသားချင်းစာနာမှူရှူထောင့်မှ ကူညီဆန်းစစ်အတည်ပြုပေးဖို့ လေးစားစွာတိုက်တွန်းအပ်ပါသည်။ မြန်မာနိုင်ငံအတွက် အရေးကြီးသောအချိန်အခါတွင် ယုံကြည်စိတ်ချ ပွင့်လင်းမြင်သာသော သတင်းအချက်အလက် အထောက်အထားများက မြန်မာပြည်သူလူထုကို ယုံကြည်မှူ တည်ငြိမ်မှူဆောင်ကျဉ်းပေးနိင်မည်ဖြစ်ပါသည်။

Note:
ကျွန်တော်တို့ Proof of Life Campaign ရဲ့လှုပ်ရှားမှု့ တစ်ခုအဖြစ် အထက်တွင် ဖေါ်ပြထားသော English စာသားအားကူးယူပြီး ASEAN facebook စာမျက်နှာ ရှိအောက်ပါ link တွင် သွားရောက် ပြီး ရေးသားပေးခြင်းဖြင့်ပါဝင်ပေးကြပါရန် တိုက်တွန်းပါတယ်ခင်ဗျား

https://www.facebook.com/share/p/18RAyPYAiR/?mibextid=wwXIfr

အမေ့အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာ နှင့်ရှိနေသေးသည်ကို သက်သေနှင့်ပြပေးဖို့အတွ...
23/04/2026

အမေ့အတွက် သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာ နှင့်ရှိနေသေးသည်ကို
သက်သေနှင့်ပြပေးဖို့အတွက်တောင်းဆိုသည့် လှုပ်ရှားမှု့လေးဖြစ်သည့် Proof of life လှုပ်ရှားမှု့လေးစတင်ပြီဖြစ်ပါတယ်။

ကိုထိန်လင်းနှင့်အတူအမေ့ရဲ့သားသမီးများ အတူတူ ပါဝင်လှုပ်ရှားပေးဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်

အစီအစဉ် (၁) အမေစု ကျန်းကျန်းမာမာ ရှိနေကြောင်း ကို သက်သေပြပေးရန် အတွက် social media မှတဆင့် မိမိခံစားချက်များအတိုင်းတောင်းဆိုပေးကြရန်

(၂) မိမိနေထိုင်ရာနိုင်ငံများတွင်ပြုလုပ်မည့် သက်ဆိုင်ရာအစိုးရဌာနများမှတစ်ဆင့် အမေစုရဲ့သက်ရှိထင်ရှားရှိနေကြောင်းအထောက်အထားတစ်ခုခု ကိုစစ်တပ်မှထုတ်ပြပေးနိုင်ရန်အတွက်အကူအညီပေးဖို့တောင်းဆိုမှု့များတွင်ပါဝင်ပေးကြပါရန်ဖြစ်ပါတယ်



Address

Singapore

Alerts

Be the first to know and let us send you an email when Bliss In Action posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bliss In Action:

Shortcuts

Share