We Will Win

We Will Win Created by We Will Win team for fundraising activities to achieve Federal Democracy in Myanmar.

တော်လှန်ရေးသက်တမ်းရှည်လာတာနဲ့အမျှ ခေတ်သစ်ဗျူဟာမှာ Economic of Warfare လို့ခေါ်တဲ့ စီးပွါးရေးဗျူဟာကဏ္ဍက ပိုပြီးအရေးပါလာပါ...
13/07/2026

တော်လှန်ရေးသက်တမ်းရှည်လာတာနဲ့အမျှ ခေတ်သစ်ဗျူဟာမှာ Economic of Warfare လို့ခေါ်တဲ့ စီးပွါးရေးဗျူဟာကဏ္ဍက ပိုပြီးအရေးပါလာပါတယ်။ အကျိုးအကြောင်းဆက်စပ်မှုတွေ အများကြီးထဲကနေမှ အနီးစပ်ဆုံးတွေကို အခြေခံပြီး ပြောရမယ်ဆိုရင် ပြည်သူ့ဘဏ္ဏာကို စိတ်တိုင်းကျသုံးခွင့်ရနေတဲ့ အာဏာရှင်တွေကို တော်လှန်ရေးဘက်တော်သားတွေက ဘယ်လိုစျေးအသက်သာဆုံးနဲ့ နိုင်အောင်တိုက်နိုင်မလဲဆိုတဲ့ အကြောင်းက ချန်ထားလို့မရတော့ပါဘူး။ ဒါကြောင့် ဗျူဟာမှာ အရေးပါလာတဲ့ အချိုးမညီတဲ့ စရိတ်ဗျူဟာကို အကောင်အထည်ဖော်ကြရမှာ အင်မတန်အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်လာပါတယ်။

အားလုံးသိကြတဲ့ အတိုင်းယူကရိန်းမှာ အင်အားကြီးပြီး ပစ္စည်းပေါလှပါတယ်ဆိုတဲ့ ရုရှားကို ဒုက္ခပေးနေတာလည်း #ကြိုးနဲ့စွန် တွေပဲ။ တလောက ဒေါ်လာ ဆယ်သန်းကျော်တန်တဲ့ ပုစဉ်းဖျင်ထဲဝင်အောင်းသွားတာလည်း ဒါတွေပဲ။ ချင်းတွင်းမြစ်ထဲက သင်္ဘောစက်ခေါင်းခန်းထဲမှာ တေဇောတွေခကုန်တာလည်း ဒါတွေပါပဲ။

နည်းပညာအရ အတန်အသင့်ပဲခက်ခဲပြီး စျေးနှုန်းသက်သက်သာသာနဲ့၊ တနည်းအားဖြင့်ဆို economic ဖြစ်ဖြစ်နဲ့ အာဏာရှင်တွေ အမြစ်ဖြတ်ဖို့က #ကြိုးနဲ့စွန်တွေ မပါလို့မရပါဘူး။ ဒေါ်လာထောင်ဂဏန်းနဲ့ သိန်းသန်းချီတန်တွေကို ထိုးနှက်နိုင်ပါတယ်။

တနေ့က မကွေးတိုင်းထဲက ရဲဘော်တွေကျဆုံးသွားတာလည်း၊ အာဏာရှင်အုပ်စုက ဒီပစ္စည်းတွေ ဖောဖောသီသီသုံးနိုင်မှုကြောင့်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။

အကျဉ်းချုပ်ရမယ်ဆိုရင် #ကြိုးနဲ့စွန် ဟာ ဗျူဟာမြောက်တယ်၊ ခါချဉ်ကောင်က တောင်ဖြိုနိုင်မယ့် မျှော်လင့်ချက်ပေးတယ်၊ အာဏာရှင်အုပ်စုကို စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုပေးတယ်။ ကန့်သတ်ထိန်းချုပ်မှုမခံရတဲ့ ကြိုတင်သတင်းအချက်အလက်တွေရစေနိုင်တယ်။ ဒါတွေဟာ ကြယ်တွေမကြွေအောင် အားလုံးက ဝိုင်းပြီးလုပ်ပေးနိုင်တဲ့ အရာဖြစ်တယ်။

ကြယ်တွေကြွေမှ ငိုကြမယ့်အစား၊ ကြယ်တွေဆီကို #ကြိုးနဲ့စွန် တွေ အရောက်ပို့ကြအောင်လား။

#ကြိုးနဲ့စွန်




#ငါတို့ပဲနိုင်မှာ

https://www.facebook.com/share/p/1ESzVA2ZCw/

🧵🪁 ကြိုးနဲ့စွန်လက်လုပ်တူမီးကနေ အဆင့်ဆင့်တိုးမြှင့်လာတဲ့ ဒီပွဲမှာ နည်းပညာတွေရဲ့ အကူအညီနဲ့ လေထဲကနေစေလွှတ်လိုက်တဲ့စွန်လေးတွ...
25/06/2026

🧵🪁 ကြိုးနဲ့စွန်

လက်လုပ်တူမီးကနေ အဆင့်ဆင့်တိုးမြှင့်လာတဲ့ ဒီပွဲမှာ နည်းပညာတွေရဲ့ အကူအညီနဲ့ လေထဲကနေစေလွှတ်လိုက်တဲ့စွန်လေးတွေရဲ့ အခန်းကဏ္ဍ ဆီရောက်နေပါပြီ။

မြေပြင်နဲ့ဝေဟင် ဟန်ချက်ညီမှ ကိုယ့်လူတွေ အသက်ဘေးအန္တရာယ်နည်းလို့ အောင်ပွဲပိုများမှာ သေချာတာမို့ အားလုံးပါဝင်အားဖြည့်နိုင်မယ့် "ကြိုးနဲ့စွန်" ကို ပွဲထုတ်လိုက်ပါပြီ။

ကြိုးရှိမှ စွန် ကောင်းကင်ယံမှာ တည့်တည့်ပျံနိုင်သလို၊ ပြည်သူ့ရဲ့ ပံ့ပိုးကူညီမှုဆိုတဲ့ ကြိုးတစ်မျှင်ရှိမှသာလျှင်၊ တော်လှန်ရေးရဲဘော်တွေ သွားရောက်ရင်ဆိုင်ရမယ့်နေရာဆီကို အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်မှာပါ။

စွန်ဟာ အရေးပါပါတယ်။ အရာရောက်ဖို့ ကြိုးလည်း လိုအပ်ပါတယ်။ ဒီလိုပါပဲ တော်လှန်ရေးရဲဘော်စွန်လေးတွေလိုရာ ဝဲပျံနိုင်ဖို့ ပြည်သူ့ထောက်ပို့ကြိုးလေးတွေလိုအပ်နေပါပြီ။

ကောင်းကင်ယံရင်ဆိုင်ပွဲမှာ အတူတူပါဝင်ပြီး မတရားမှုကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးတစ်စစီကိုင်ကာ ဝိုင်းဝန်းတော်လှန်ပေးကြပါဦး။ ပွဲရှိန်မြှင့်တင်ဖို့ အားလုံးပူးပေါင်းပေးကြပါရန် လေးနက်စွာ နှိုးဆော်အပ်ပါသည်

ငါ့...စွန်လေးကို
အဝေးထိန်းစက်နှင့် ထိန်းတော့
မင်းတို့က လေလှိုင်းလွှင့်ပြီး
ဖျက်စီးကြတယ်။

အခုတော့
ငါ့စွန်ကို ကြိုးတပ်လိုက်ပြီ
မင်းတို့ပြေးတော့
မင်းတို့ဆီ
ငါတို့ရဲ့စွန်တွေ ပျံလာပြီ။

အားလုံးပါမှနိုင်မယ့်ပွဲ 💪

#ကြိုးနဲ့စွန်


#ငါတို့ပဲနိုင်မှာ

အကွာအဝေးဆိုတာ နှလုံးသားချင်း ထိတွေ့မှုကို မတားဆီးနိုင်ပါ။နေရာဒေသ အကွာအဝေး ဘယ်လောက်ပဲ ဝေးကွာနေပါစေ၊ ကျွန်တော်တို့ ရဲဘော်တ...
12/06/2026

အကွာအဝေးဆိုတာ နှလုံးသားချင်း ထိတွေ့မှုကို
မတားဆီးနိုင်ပါ။

နေရာဒေသ အကွာအဝေး ဘယ်လောက်ပဲ ဝေးကွာနေပါစေ၊ ကျွန်တော်တို့ ရဲဘော်တွေရဲ့ ခြေလှမ်းသစ်အတွက် လိုအပ်တဲ့ ခြေတု၊ လက်တုနဲ့ ဆေးဘက်ဆိုင်ရာ စက်ကရိယာတွေအတွက် တတ်နိုင်သလောက် ပံ့ပိုးကူညီနိုင်ပါတယ်။

ဒိုဒိုတို့ရဲ့တစ်ဒေါ်လာ၊ တစ်ပေါင်၊ တစ်ယူရို အစရှိတဲ့ ဝန်းရံမှုတိုင်းဟာ ကျွန်တော်တို့ရဲဘော်တွေရဲ့ဘဝကို ပြန်လည်မောင်းနှင်ပေးနိုင်မယ့် အဓိကအင်အားစုတွေပဲ ဖြစ်ပါတယ်။

ဝန်းရံဖို့အတွက် CB မှာ Hi လိုက်ပါ

RCS လေးနဲ့လဲ အတူရှေ့သို့လှမ်း ပေးပါခင်ဗျာ

#ရှေ့သို့လှမ်း

#ငါတို့ပဲနိုင်မှာ
#ငါတို့သည်ကောက်ရိုးမီးမဟုတ်

03/05/2026

ဂျပန်ရောက် ညီအကိုမောင်နှမများတို့ရေ…

Mun Awng "Melody of Freedom" Music Concert လက်မှတ်များ စတင်ဝယ်ယူနိုင်ပါပြီ ✨

လက်မှတ်အမျိုးအစားကတော့ ၄ မျိုးရှိပါတယ်
- ဝတ်မှုန် ¥15,000
- မိုးလုံးမှိုင်း ¥10,000
- ရင်ခတ်အလွမ်း ¥7,000
- ရိုးရိုးလေး ¥5,000
လက်မှတ်နံမည်ကြားရုံနဲ့ သီချင်းလေးညည်းချင်လာပါပြီနော် ♬

ဝယ်ယူရန် Link:

https://www.facebook.com/share/p/1B6gFQH2GJ/?mibextid=wwXIfr

"ဆီသို့လှမ်းချီ တိုင်းဧရာဝတီ" ကမ်ပိန်းက ဧပြီလ ၂၄ ရက်နေ့အထိလို့ ဆိုခဲ့ပေမယ့် တာဂတ်မပြည့်သေးလို့ မပိတ်သေးပါဘူး…ကျည်ကာဦးထုပ...
29/04/2026

"ဆီသို့လှမ်းချီ တိုင်းဧရာဝတီ" ကမ်ပိန်းက ဧပြီလ ၂၄ ရက်နေ့အထိလို့ ဆိုခဲ့ပေမယ့် တာဂတ်မပြည့်သေးလို့ မပိတ်သေးပါဘူး…

ကျည်ကာဦးထုပ် ၁ လုံး၊ ကျည်ကာပြား ၁ ပြား၊ ကျည်ကာဝတ်စုံ ၁ စုံစာ ကူချင်သူများနဲ့ နိုင်သလောက်ပဲ ကူချင်သူများ တိုင်းဧရာအတွက် ပါဝင်ပေးကြပါဦးနော်။

၁၆ ရာခိုင်နှုန်းလောက်ပဲ လိုတော့တာမို့ပါ။

တသက်လုံး စစ်ကျွန်မဖြစ်ရအောင်

အရွေ့မှာ ဝင်ရုန်းလိုက်ကြရအောင်ပါ

#ဆီသို့လှမ်းချီတိုင်းဧရာဝတီ


#ငါတို့ပဲနိုင်မှာ

တချို့တွေက ပြောကြတယ်…ဧရာဝတီတိုင်းဘက်က ထောက်ပို့ရလောက်အောင် ဘာတွေများရှိလို့လဲ တဲ့။ဟုတ်ကဲ့ပါ။ ဧရာဝတီတိုင်းဆိုတာ လတ်တလောမှ...
07/04/2026

တချို့တွေက ပြောကြတယ်…

ဧရာဝတီတိုင်းဘက်က ထောက်ပို့ရလောက်အောင် ဘာတွေများရှိလို့လဲ တဲ့။

ဟုတ်ကဲ့ပါ။ ဧရာဝတီတိုင်းဆိုတာ လတ်တလောမှာ ကွတ်ခိုင်တို့၊ မိုးကုတ်တို့လောက် သတင်းမတက်ပေမယ့် စစ်ရေးအခြေအနေအရ အရေးပါတဲ့ စစ်တိုင်းတစ်ခုပါ။

မြေပြန့်ဒေသဆိုပေမယ့် စစ်ခဝေးတွေ မြန်မာပြည်အပေါ်ဘက်ကို အာရုံစိုက်နေချိန်မှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ တိုက်ပွဲဝင်ရင်း စစ်ရေးအခြေအနေတွေကို တမျိုးတဖုံ ပြောင်းလဲပေးနိုင်မယ့် စစ်တိုင်းတစ်ခုဆိုရင်လဲ မမှားပါဘူး…

မြေပြန့်ဒေသမို့ ဘတပြန်၊ ကျားတပြန် အပြိုင်ဆွဲနိုင်ဖို့ရာ၊ ခြင်းကျားခဝေးတပ်တွေကို အပြိုင်ဗျင်းဖို့ရာ ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာဝတ်စုံတွေ လိုအပ်နေတာမို့ “ဆီသို့လှမ်းချီ တိုင်း ဧရာဝတီ” ကမ်ပိန်းလေးမှာ ပါဝင်ကူညီထောက်ပို့ပေးကြဖို့ လေးလေးနက်နက် ဖိတ်ခေါ်အပ်ပါတယ်။

တော်လှန်ရေး‌ရဲ့ အနှစ်သာရက မဆုတ်မနှစ် တွန်းလှန်ခြင်း၊ တော်လှန်ရေးအောင်မြင်ရေးက မဆုတ်မနှစ် ထောက်ပို့ခြင်းဖြစ်တာမို့ ဝန်းရံထောက်ပို့ကြပါဦးနော။


#ငါတို့ပဲနိုင်မှာ

နှိုးဆော်လွှာ

"ဆီသို့လှမ်းချီ တိုင်းဧရာဝတီ" ရန်ပုံငွေရှာဖွေရေးအစီအစဉ်
Road To Irrawaddy
၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့

၁။ တော်လှန်ရေးအစဉ်အလာကြီးသော မြစ်ဝကျွန်းပေါ်သည် ယနေ့ ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း ရှေ့တန်းက ပါဝင်လျက် ရှိကြသည်။

၂။ ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်လျက်ရှိသော တော်လှန်ရေးရဲဘော်များ အကာအကွယ်ဖြစ်ရေး ကျည်ကာတပ်ဆင်ပေးရန် ရည်ရွယ်သည့် ‘’ဆီသို့လှမ်းချီ တိုင်းဧရာဝတီ ‘’ Road To Irrawaddy အစီအစဉ်တွင် တတပ်တအား ပါဝင်ပေးကြပါရန် တော်လှန်ပြည်သူများအား နှိုးဆော်အပ်ပါသည်။

ကာကွယ်​ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်​ရေးအစိုးရ

ဧရာဝတီတိုင်းရဲ့တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးမယ့်ကမ်ပိန်းကို စတင်လိုက်ပါပြီ Road to Irrawaddy - ဆီသို့လှမ်းချီ တ...
01/04/2026

ဧရာဝတီတိုင်းရဲ့တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးမယ့်ကမ်ပိန်းကို စတင်လိုက်ပါပြီ

Road to Irrawaddy - ဆီသို့လှမ်းချီ တိုင်းဧရာဝတီ

မြန်မာ့မြေပုံပေါ်က မြန်မာ့အသည်းနှလုံးလို့ တင်စားရတဲ့ "ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ" ဟာ အာဏာရှင်တွေအတွက်တော့ စားနပ်ရိက္ခာနဲ့ အဓိကထောက်တိုင် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဧရာဝတီဟာ ရန်သူ့အတွက် လုံခြုံတဲ့ နောက်တန်း မဟုတ်တော့ပါဘူး။

ရန်သူ့အမာခံနယ်မြေထဲမှာ အသက်ကိုရင်းပြီး အမြစ်တွယ်နေတဲ့ ဧရာဝတီစစ်ဌာနချုပ် (MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ အခုဆိုရင် ရန်သူ့ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ "ဒုတိယစစ်မျက်နှာ" ကို အောင်မြင်စွာ ဖွင့်လှစ်နေပြီဖြစ်ပါတယ်။

📌 ဘာကြောင့် "တိုင်းဧရာဝတီ" ကို ထောက်ပံ့ဖို့လိုလဲ?

မြစ်ဝကျွန်းပေါ်ရဲ့ ပထဝီဝင်ဟာ တော်လှန်ရေးအတွက် စိန်ခေါ်မှု အကြီးမားဆုံး နယ်မြေတစ်ခုပါ။

ရေလမ်းခရီး အားသာတဲ့ ရန်သူ့ကို ကုန်းလမ်း၊ ရေလမ်း နှစ်သွယ်လုံးကနေ အန်တုနိုင်ဖို့…

တောတောင်မရှိတဲ့ မြေပြန့်လွင်ပြင်မှာ ပြောက်ကျားစစ်ကနေ ထိုးစစ်အသွင် ပြောင်းလဲနိုင်ဖို့…

အဓိကအကျဆုံးဖြစ်တဲ့ "ကာကွယ်ရေးပစ္စည်းများ" ပြည့်စုံလုံလောက်စွာ ရရှိဖို့…

ဒါဟာ ဧရာဝတီသားတွေရဲ့ တာဝန်တင်မဟုတ်ဘဲ၊ တစ်နိုင်ငံလုံး အောင်ပွဲဆီ လှမ်းချီဖို့အတွက် ကျွန်တော်တို့အားလုံးရဲ့ အရေးကြီးတဲ့ ဗျူဟာမြောက် ထောက်ပံ့မှု ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ပန်းတိုင်က ကြီးမားပါတယ်။ ဒါပေမဲ့ မြစ်မင်းဧရာဝတီရဲ့အဟုန်လိုပဲ ပြည်သူ့အင်အားဟာ ဘယ်အရာကိုမဆို တွန်းလှန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဧရာဝတီရဲ့လှိုင်းသံတွေကြားမှာ အောင်ပွဲရဲ့တေးသံတွေ ပါဝင်လာဖို့ မိမိတို့တတ်နိုင်သရွေ့ ပါဝင်အားဖြည့်ပေးကြဖို့ လေးလေးနက်နက် ဖိတ်ခေါ်အပ်ပါတယ်

📌ဝန်းရံဖို့အတွက် CB မှာ Hi လိုက်ပါ 👋




#ဆီသို့လှမ်းချီတိုင်းဧရာဝတီ
#ဧရာဝတီစစ်ဌာနချုပ်

ဧရာဝတီတိုင်းရဲ့တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်ပေးမယ့်ကမ်ပိန်းကို စတင်လိုက်ပါပြီ

Road to Irrawaddy - ဆီသို့လှမ်းချီ တိုင်းဧရာဝတီ

မြန်မာ့မြေပုံပေါ်က မြန်မာ့အသည်းနှလုံးလို့ တင်စားရတဲ့ "ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ" ဟာ အာဏာရှင်တွေအတွက်တော့ စားနပ်ရိက္ခာနဲ့ အဓိကထောက်တိုင် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဧရာဝတီဟာ ရန်သူ့အတွက် လုံခြုံတဲ့ နောက်တန်း မဟုတ်တော့ပါဘူး။

ရန်သူ့အမာခံနယ်မြေထဲမှာ အသက်ကိုရင်းပြီး အမြစ်တွယ်နေတဲ့ ဧရာဝတီစစ်ဌာနချုပ် (MOD) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေဟာ အခုဆိုရင် ရန်သူ့ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ "ဒုတိယစစ်မျက်နှာ" ကို အောင်မြင်စွာ ဖွင့်လှစ်နေပြီဖြစ်ပါတယ်။

📌 ဘာကြောင့် "တိုင်းဧရာဝတီ" ကို ထောက်ပံ့ဖို့လိုလဲ?

မြစ်ဝကျွန်းပေါ်ရဲ့ ပထဝီဝင်ဟာ တော်လှန်ရေးအတွက် စိန်ခေါ်မှု အကြီးမားဆုံး နယ်မြေတစ်ခုပါ။

ရေလမ်းခရီး အားသာတဲ့ ရန်သူ့ကို ကုန်းလမ်း၊ ရေလမ်း နှစ်သွယ်လုံးကနေ အန်တုနိုင်ဖို့…

တောတောင်မရှိတဲ့ မြေပြန့်လွင်ပြင်မှာ ပြောက်ကျားစစ်ကနေ ထိုးစစ်အသွင် ပြောင်းလဲနိုင်ဖို့…

အဓိကအကျဆုံးဖြစ်တဲ့ "ကာကွယ်ရေးပစ္စည်းများ" ပြည့်စုံလုံလောက်စွာ ရရှိဖို့…

ဒါဟာ ဧရာဝတီသားတွေရဲ့ တာဝန်တင်မဟုတ်ဘဲ၊ တစ်နိုင်ငံလုံး အောင်ပွဲဆီ လှမ်းချီဖို့အတွက် ကျွန်တော်တို့အားလုံးရဲ့ အရေးကြီးတဲ့ ဗျူဟာမြောက် ထောက်ပံ့မှု ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ပန်းတိုင်က ကြီးမားပါတယ်။ ဒါပေမဲ့ မြစ်မင်းဧရာဝတီရဲ့အဟုန်လိုပဲ ပြည်သူ့အင်အားဟာ ဘယ်အရာကိုမဆို တွန်းလှန်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ဧရာဝတီရဲ့လှိုင်းသံတွေကြားမှာ အောင်ပွဲရဲ့တေးသံတွေ ပါဝင်လာဖို့ မိမိတို့တတ်နိုင်သရွေ့ ပါဝင်အားဖြည့်ပေးကြဖို့ လေးလေးနက်နက် ဖိတ်ခေါ်အပ်ပါတယ်

📌 ပါဝင်လှူဒါန်းရန်နှင့် အသေးစိတ်စုံစမ်းရန် -
[Forward Myanmar Page Messenger သို့လည်း တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်




#ဆီသို့လှမ်းချီတိုင်းဧရာဝတီ
#ဧရာဝတီစစ်ဌာနချုပ်

ရိုးမဆိုတာ သာမန်တောင်တန်းတစ်ခုမဟုတ်ပါဘူး…အဲ့ဒါဟာ မူလ၊ အစ၊ အားလုံးရဲ့ အရင်းမြစ်ပါ။မြို့ပြဆိုတာလည်း အဆုံးမဟုတ်ပါဘူး…အဲ့ဒါဟ...
21/03/2026

ရိုးမဆိုတာ သာမန်တောင်တန်းတစ်ခုမဟုတ်ပါဘူး…
အဲ့ဒါဟာ မူလ၊ အစ၊ အားလုံးရဲ့ အရင်းမြစ်ပါ။

မြို့ပြဆိုတာလည်း အဆုံးမဟုတ်ပါဘူး…
အဲ့ဒါဟာ အိပ်မက်တွေ အကောင်အထည်ဖော်ရာနေရာ တစ်ခုပါ။

ကျွန်တော်တို့ဟာ
ရိုးမရဲ့ ခွန်အားကို ခံယူထားတဲ့သူတွေ
မြို့ပြမှတည်၍ ကျွန်တော်တို့ရဲ့ အနာဂတ် ခေတ်သစ်ကို တည်ဆောက်မယ့်သူတွေ။
ဒီအတွက် မပြည့်စုံမှုတွေ ရှိနိုင်မယ်
ခက်ခဲမှုတွေ ရှိနိုင်မယ် ။

အတားအဆီးတွေ ရှိနိုင်တယ်၊
ငါ့တို့ အိမ်မက် ပန်းတိုင်အတွက်
ခရီးကြမ်းလဲ ဆက်လျှောက်ကြမယ်။

“ရိုးမမှ စတင်သူတွေဟာ
မြို့ပြကို ပြောင်းလဲ နိဂုံး ဖြစ်စေမည်။
ဒီခရီးဟာ သွားရာလမ်းမဟုတ်ဘူး။

ဒီခရမ်းကြမ်းလဲ အဆုံးထိ ဆက်လျှောက်မှာမို့ ဝန်းရံပေးကြပါဦးဗျို့ 🙏💪

#ရိုးမမှသည်မြို့ပြဆီသို့
#ဗျူဟာ၂၂

ဆီသို့ကမ်ပိန်းတွေလုပ်တဲ့အခါ မကွေးဆီသို့က မြေလတ်Road To Mandalay နဲ့ စစ်ကိုင်းဆီသို့က အညာဘက်တွေပေါ့အဲဒီမှာ အညာဟာ အညာခံနေရ...
27/02/2026

ဆီသို့ကမ်ပိန်းတွေလုပ်တဲ့အခါ

မကွေးဆီသို့က မြေလတ်
Road To Mandalay နဲ့
စစ်ကိုင်းဆီသို့က အညာဘက်တွေပေါ့

အဲဒီမှာ အညာဟာ အညာခံနေရလို့ဆိုပြီး
ကမ်ပိန်းအတွက် တော်လှန်ငွေလာထည့်ကြတယ်။

အခု ဆီသို့လှမ်းချီတနင်္သာရီ ကမ်ပိန်းမှာတော့
မနည်းတွန်း၊ တံခါးတွေမနည်းခေါက်တာတောင်မှ
ဖွင့်မပေးကြလို့ ကမ်ပိန်းကတားဂတ်ပြည့်ဖို့
၉% ခန့်လိုနေပါသေးတယ်။

ကမ်ပိန်းနောက်ဆုံးရက်က မနက်ဖြန်မို့
လက်ကျန်ရက်လေးမှာ နောက်ဆုံးတစ်ချက်လောက်တွန်းလိုက်ကြရအောင်လားခင်ဗျာ 💪

#ဆီသို့လှမ်းချီတနင်္သာရီ




#ငါတို့ပဲနိုင်မှာ

ပွဲတွေလဲ မများစေနဲ့လမ်းတွေလဲ မမှားစေနဲ့ပွဲတွေများရင် Energy တွေ Drain out ဖြစ်ရသလိုလမ်းတွေမှားပြန်ရင်လဲ တော်လှန်ရေးအတွက်...
21/02/2026

ပွဲတွေလဲ မများစေနဲ့
လမ်းတွေလဲ မမှားစေနဲ့

ပွဲတွေများရင် Energy တွေ Drain out ဖြစ်ရသလို

လမ်းတွေမှားပြန်ရင်လဲ တော်လှန်ရေးအတွက် ရှေ့ကိုမချီတက်နိုင်ပါဘူး

တော်လှန်ရေးမှာ အမှန်တွေရှိသလို အမှားတွေလဲရှိတယ်

မှန်ရင်ဘာမှမပြောဘဲ မှားတော့မှ ဝင်ကြိတ်တတ်တဲ့ စခ ⚽️မတွေ၊ သာ့ဒ်ပါတီတွေ၊ ၆၈၀၀ စားတွေလဲ ရှိတာမို့ အသိကို သတိကပ်ပြီး constructive feedback လေးတွေပေးရင်း အတူတကွ ချီတက်ကြပါမယ်လို့ တိုက်တွန်းဆန္ဒပြုလိုက်ရပါတယ်။

ဖေဖော်ဝါရီကမ်ပိန်းများမှာလဲ နည်းများမဆို ဝန်းရံပေးကြပါဦးနော 🙏

(၁) Feb ရိက္ခာထုပ်မှ ပေးမည့်တပ်ရင်းများ
- Union Liberation Front (ULF)
- ရွှေဘိုရင်း ၁၂ (Depeyin PDF)

(၂) ဝေမျှ (Urban Owls UG အဖွဲ့အတွက်)

(၃) ဆီသို့လှမ်းချီတနင်္သာရီ (တနင်္သာရီစစ်ဌာနအတွင်းရှိ MOD လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များအတွက် ကျည်ကာများတပ်ဆင်ရန်)

(၄) ရန်ကုန်မှာနားထွင်း စစ်တပ်ကိုတအားဗျင်း (ရန်ကုန် UG အဖွဲ့များအတွက်)


#ငါတို့ပဲနိုင်မှာ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when We Will Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share