Moon Halo

Moon Halo မြို့ပြပွဲတွေ စည်စေဖို့ Moon Halo မှာကူကြစို့

* Proof Of Life 🌹 လူထုလှုပ်ရှားမှု စတင်ပါပြီအမေ့အတွက် ပြည်သူများတတ်စွမ်းသမျှ ပါဝင်ပေးကြပါဦးခင်ဗျာ။သားတစ်ယောက်ရဲ့ အရိုးရှ...
21/04/2026

* Proof Of Life 🌹 လူထုလှုပ်ရှားမှု စတင်ပါပြီ
အမေ့အတွက် ပြည်သူများတတ်စွမ်းသမျှ ပါဝင်ပေးကြပါဦးခင်ဗျာ။

သားတစ်ယောက်ရဲ့ အရိုးရှင်းဆုံးဆန္ဒလေးတစ်ခုဖြစ်သည့် အမေကျန်းကျန်းမာမာနှင့် ရှိနေသေးသည်ကို သက်သေနှင့် ပြပေးဖို့အတွက် တောင်းဆိုသည့်လှုပ်ရှားမှု့လေးဖြစ်သည့် Proof of life လှုပ်ရှားမှု့လေး စတင်ပြီ ဖြစ်ပါတယ်။

ကင်မ်နှင့်အမေ့သားသမီးများ အတူတူပါဝင်လှုပ်ရှားပေးဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

အစီအစဉ် (၁) အမေစု ကျန်းကျန်းမာမာရှိနေကြောင်းကို သက်သေပြပေးရန်အတွက် Social media မှတဆင့် မိမိခံစားချက်များအတိုင်း တောင်းဆိုပေးကြရန်။

(၂) မိမိနေထိုင်ရာနိုင်ငံများတွင်ပြုလုပ်မည့်သက်ဆိုင်ရာအစိုးရဌာနများမှတစ်ဆင့် အမေစုရဲ့သက်ရှိထင်ရှားရှိနေကြောင်း အထောက်အထား တစ်ခုခု ကို စစ်တပ်မှထုတ်ပြပေးနိုင်ရန်အတွက် အကူအညီပေးဖို့တောင်းဆိုမှု့များတွင် ပါဝင်ပေးကြပါရန် ဖြစ်ပါတယ်။

Moon Halo ရဲ့ ထောက်ပို့ရဲဘော်မိသားစုဝင်များခင်ဗျား...MoonHalo ရဲ့ မြို့ပြရဲဘော်တွေဟာ ဒီကနေ့အထိ မြို့ပြမှာရော၊တောထဲမှာပါ ...
29/03/2026

Moon Halo ရဲ့ ထောက်ပို့ရဲဘော်မိသားစုဝင်များခင်ဗျား...

MoonHalo ရဲ့ မြို့ပြရဲဘော်တွေဟာ ဒီကနေ့အထိ မြို့ပြမှာရော၊တောထဲမှာပါ ကျရာတာဝန်ကိုယ်စီယူပြီး တော်လှန်ရေးတာဝန်တွေကို ဆက်လမ်းထမ်းဆောင်လျှက်ရှိပါတယ်။

တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အမျှ လူရော၊စိတ်ရော အားလျော့၊အားနည်းတတ်တာ သဘာဝပဲဆိုပေမယ့် အာဏာရူးတွေကို ရတဲ့နည်း၊ရှိသမျှခွန်အားနဲ့ မနားတမ်းဆက်တိုက်ပွဲနေဖို့လိုပါတယ်။

ဒီလိုတိုက်ပွဲဝင်ဖို့ ဆုံးဖြတ်
တိုက်ပွဲဝင်နေကြတဲ့MoonHaloရဲ့ မြို့ပြရဲဘော်တွေနဲ့တော်လှန်ရေးအင်အားစုတွေကို အရှိန်မလျော့တမ်းဆက်လက်ခရီးဆက်နိုင်ဖို့
တတ်စွမ်းသမျှ ဝန်းရံထောက်ပံ့ပေးကြရအောင်ပါ။

#မြို့ပြကြွက်

ဒီနေ့တင်တဲ့ ပို့စ့် က သာမာန်် status တခု မဟုတ်ပါဘူး လူအယောက် (၄၀) ကျော်ရဲ့ အသက်ပါ။ ပဲခူးတိုင်း ညောင်လေးပင် ၊ ရေတွင်းကုန်...
10/03/2026

ဒီနေ့တင်တဲ့ ပို့စ့် က သာမာန်် status တခု မဟုတ်ပါဘူး လူအယောက် (၄၀) ကျော်ရဲ့ အသက်ပါ။

ပဲခူးတိုင်း ညောင်လေးပင် ၊ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာတွေမှာ အကြမ်းဖက် စစ်တပ် က ပြည်သူ (၃၀၀) ကျော်ကို ဖမ်းပြီး (၄၀) ကျော်ကို သတ်ခဲ့တယ်။

ဒီနိုင်ငံ မှာ

“အစုလိုက် အပြုံလိုက်သတ်ဖြတ်”

“ လေကြောင်းတိုက်ခိုက်မှု”

“လူမျိုးသုဉ်းသတ်ဖြတ်မှု”

“ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်”

“ထောင်တွင်းနှိပ်စက်ညှင်းပန်းမှု”

“အာဏာသိမ်းမှု”

“ဆင်းရဲမွဲတေမှု” တွေ ရှိတယ်။

မရှိတာ ကတော့ တရားမျှတမှုပါ

မတရားမှုကို မမြင်သလို မနေပါနဲ့။ မတရားမှု ကို ကိုယ်နဲ့ မဆိုင်သလို နေရင်းကနေ ကိုယ်ပါ ဒုက္ခရောက်လာတတ်ပါတယ်။

ဒီ post ကို share လုပ်ပါ။ ပြန်ကူးတင်ပါ။

အနည်းဆုံး
စစ်တပ်ရဲ့ ယုတ်မာမှုတွေကို လူထုကြားထဲ သာမာန်ကိစ္စ တခုလို အသံ မတိတ်သွားအောင် လုပ်ပေးပါ။

#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု

Today’s post is not just another status update. It carries the weight of more than 40 lives.

In Nyaunglebin Township, Bago Region, in the villages of Yay Twin Kone, Khayu Kone, and Kyaung Kone, the military arrested over 300 civilians and killed more than 40 people.

In this country, there are:

• Massacres
• Airstrikes on civilians
• Genocide
• One of the world’s longest civil wars
• Torture inside prisons
• A military coup
• Widespread poverty

What we do not have is justice.

Do not look away from injustice.
Do not pretend it has nothing to do with you.

Because when injustice is ignored, it eventually reaches everyone.

Please share this post. Repost it.
At the very least, help ensure that the military’s atrocities do not become something the world grows silent about.

#မြို့ပြကြွက်

မြို့ပြကြွက် Mission သတင်းထုတ်ပြန်ချက်စစ်အာဏာရှင်တွေရှိနေသ၍ မြို့ပြကြွက်တွေဆက်ရှိနေအုံးမယ်။ #မြို့ပြကြွက်       #သတင်းထု...
24/02/2026

မြို့ပြကြွက် Mission သတင်းထုတ်ပြန်ချက်

စစ်အာဏာရှင်တွေရှိနေသ၍ မြို့ပြကြွက်တွေဆက်ရှိနေအုံးမယ်။

#မြို့ပြကြွက် #သတင်းထုတ်ပြန်ချက်

ခေတ်ကြီးတစ်ခုလုံးပြောင်းလဲဖို့ အချိန်ဘယ်လောက်လိုမလဲ?တိုင်းပြည်တစ်ခု အနက်ရှိုင်းဆုံးပြုတ်ကျသွားဖို့ အချိန်ဘယ်လောက်လိုမလဲ?...
01/02/2026

ခေတ်ကြီးတစ်ခုလုံးပြောင်းလဲဖို့ အချိန်ဘယ်လောက်လိုမလဲ?

တိုင်းပြည်တစ်ခု အနက်ရှိုင်းဆုံးပြုတ်ကျသွားဖို့ အချိန်ဘယ်လောက်လိုမလဲ?

လူငယ်မျိုးဆက်တစ်ခုလုံး အသက်ရှူရပ်သွားဖို့ အချိန်ဘယ်လောက်လိုမလဲ?

မသေရုံရှင်သန်ရတဲ့ခေတ်ကြီးထဲရောက်သွားဖို့ အချိန်ဘယ်လောက်လိုမလဲ?

မသေသေးရင် အဆင်ပြေတယ်လို့သတ်မှတ်ရတဲ့ခေတ်ကိုရောက်ဖို့ အချိန်ဘယ်လောက်လိုမလဲ?

အရာအားလုံးဟာ လွန်ခဲ့တဲ့ငါးနှစ်ရဲ့ ဒီနေ့မှာပဲစတင်ခဲ့ပါတယ်။တိုင်းပြည်ရဲ့ အဆီအနှစ်တွေကို မျိုးဆက် ကိုးဆက်စားမကုန်အောင် ဝါးမြိုထားခဲ့လို့ ကြွယ်ဝပြီးရင်း ကြွယ်ဝနေတဲ့သူတွေ၊

တိုင်းပြည်ရဲ့ ဘဏ္ဍာနဲ့ ခေတ်မီလက်နက်တွေ ရသလိုတပ်ဆင်ထားပြီး အနိမ့်ဆုံးခံစားခွင့်ပေးထားရုံနဲ့ အသက်ပေးမယ့် စစ်သားတွေ သိန်းချီပိုင်ဆိုင်ထားတဲ့ အာဏာကိုလည်းရထားပြီးသားဖြစ်တဲ့ စစ်အာဏာရှင်တွေဟာ အကြွင်းမဲ့အာဏာကို ထပ်လိုချင်တာကြောင့် တိုင်းပြည်နဲ့လူငယ်တွေရဲ့အနာဂတ်၊ပြည်သူတွေရဲ့ ဘဝနဲ့အသက်ကို ချနင်းပြီး အရင်းအနှီးကြီးတဲ့ အာဏာသိမ်းမှုကို အတ္တကြီးစွာနဲ့ လုပ်ခဲ့ကြတယ်။

ဒါ့ကြောင့်ပဲ ခေတ်နောက်ပြန်မသွားချင်တဲ့ လူငယ်ထုနဲ့ နိုင်ငံရေးအင်အားစုအသီးသီးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့ တူညီတဲ့ကြွေးကြော်သံ၊ တူညီတဲ့ ရည်မှန်းချက်၊ပန်းတိုင်တွေအတွက် မိသားစု၊ဘဝ၊အသက်နဲ့အနာဂတ်တွေကို ရင်းပြီး အာဏာရူးတွေကို တော်လှန်မယ့်တော်လှန်ရေးခရီးကို စတင်လျှောက်လှမ်းခဲ့ကြတယ်။

နွေဦးတော်လှန်ရေးဟာ ''စစ်အာဏာရှင်စနစ်နဲ့အာဏာရူးတွေရဲ့စရိုက်နဲ့ဖိနှိပ်မှုကိုလက်မခံနိုင်လို့ ဒီစနစ်၊ဒီအချိုး၊ဒီလူတွေကို ဖြုတ်ချရှင်းလင်းပြီး လူသားဆန်မှု၊တရားမျှတမှုနဲ့လွတ်လပ်ခွင့်နဲ့ ခွဲခြားဆက်ဆံခံရခြင်းမရှိတဲ့ စနစ်တစ်ခုကိုအစားထိုးတည်ဆောက်မယ့်'' တော်လှန်ရေးတစ်ရပ်ဖြစ်တယ်ဆိုတာဟာ ကျယ်ကျယ်ပြန့်ပြန့်ထုတ်မပြောရင်တောင် အားလုံးနားလည်လက်ခံထားပြီးသားအရာဖြစ်မယ်လို့ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အကြမ်းမဖက် အာဏာဖီဆန်ရေးလမ်းကနေ လက်နက်ကိုင်တော်လှန်ရေးအထိ ချီတက်ခဲ့ရတဲ့ ဒီငါးနှစ်တာကာလဟာ ကြမ်းတမ်းလွန်းပါတယ်။ပျောက်ရှသွားတဲ့အသက်နဲ့ဘဝတွေ၊အနာဂတ်တွေဟာ စာရင်း၊အင်းထဲမှာတောင် အစုံရှိနေနိုင်မှာမဟုတ်ပါဘူး။

ဒါပေမယ့် အားလုံးရဲ့ရင်ထဲမှာ ဒီအာဏာရူးတွေနဲ့အာဏာရှင်စနစ်ကို ရွံ့မုန်းတဲ့စိတ်တွေဟာရှိနေတုန်းပါပဲ။

အချိန်ကာလ ငါးနှစ်ကြာလာတဲ့အခါ လူတချို့ ဒါမှမဟုတ် တချို့ထက်ပိုသောသူတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဖြတ်သန်းနေတဲ့ဘဝတွေထဲမှာ အသားကျကုန်ကြပါတယ်။အသားကျတယ်ဆိုရာမှာ အာဏာရှင်လက်အောက်မှာနေရတာကို အသားကျတာတစ်ခုတည်းကိုမဆိုလိုပဲ တော်လှန်ရေးသမားတစ်ယောက်အနေနဲ့ ရတဲ့နေရာ၊ရောက်ရာအရပ်မှာ ရထားတဲ့ ရာထူး၊စည်းစိမ်အောက်မှာသာယာပြီး ''တော်လှန်ရေးကိုကြာပြီးရင်ကြာစေချင်နေတဲ့လူတန်းစား'' ထဲပါဝင်အသားကျသွားတာတွေပါပါဝင်ပါတယ်။

ဒါ့ကြောင့် ငါးနှစ်ကျော်ကာလမှာ ကျွန်တော်တို့အားလုံး အာဏာရှင်ကို တိုက်ရမယ်ဆိုတဲ့ သိစိတ်တစ်ခုထဲကိုမဟုတ်ပဲ ဘာကြောင့် ဒီအာဏာရှင်တွေနဲ့ဒီစနစ်ကို ဖြိုချဖို့ ဆုံးဖြတ်ခဲ့ကြတယ်ဆိုတဲ့ ''စမှတ်'' တွေကိုပါ ပြန်တူးဆွဖို့လိုပါတယ်။

ဒီနိုင်ငံမှာ စစ်အာဏာရှင်တွေကို တော်လှန်လာရတဲ့သက်တမ်းဟာ နှစ်ပေါင်း (၇၀) ကျော်ရှိလာခဲ့ပါပြီ။ဒါဟာ ဖက်ဆစ်စစ်တပ်ရဲ့ အားကောင်းနေမှုတစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာ ကိုလက်ခံရပါလိမ့်မယ်။ဒါရဲ့သက်သေကိုလည်း နွေဦးရဲ့စဦးနှစ်တွေဖြစ်တဲ့ (၂၀၂၁-၂၀၂၃) မှာ လူငယ် Gen Z တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေက သက်သေပါပဲ။

စစ်အုပ်စုကို အပြီးသတ်မလှဲနိုင်ခဲ့ရင် ပိုတိုးတက်လာတဲ့ နည်းပညာတွေနဲ့ အင်အားကြီးအာဏာရှင်နိုင်ငံတွေရဲ့ ကျားကန်ပေးမှုအောက်မှာ ဖက်ဆစ်စစ်တပ်ဟာ နိုင်ငံက ရသမျှသယံဇာတနဲ့ လူ့အရင်းအမြစ်တွေကို ချနင်းပြီး အနာဂတ်မှာပိုအားကောင်းလာဦးမှာဖြစ်ပါတယ်။

ဒီတစ်ခေါက် နွေဦးတော်လှန်ရေးဟာ ဖက်ဆစ်စစ်တပ်ကို အရှိုက်ထိစေတဲ့တော်လှန်ရေး၊သမိုင်းတစ်လျှောက်လုံးမှာ အထိအနာဆုံးဖြစ်စေတဲ့တော်လှန်ရေးဖြစ်ပါတယ်။ဒီအရှိန်ကို ပြန်ထိန်းပြီး အဆုံးမသတ်နိုင်ရင် ရန်သူဟာ သင်ခန်းစာကောင်းကောင်းယူပြီး အနိုင်ကျင့်ဗိုလ်ကျဖို့ ကြိုးစားလာပါလိမ့်မယ်။

ဒါ့ကြောင့် ဒီအချိန်ဟာ သူ့ပြည်နယ်၊ငါ့ပြည်နယ်၊သူ့လူမျိုး၊ငါ့လူမျိုး ဆိုတဲ့ လူမျိုးစုတစ်စုနဲ့နယ်မြေတစ်ခုကို အခြေတည်စဥ်းစားလို့ရမယ့်အခြေအနေမဟုတ်ဘူးဆိုတာကိုလက်ခံရမှာဖြစ်ပါတယ်။ရန်သူဖက်ဆစ်တပ်ဟာ ပြည်ထောင်စုဆိုတဲ့အမြင်နဲ့ တစ်နိုင်ငံလုံးကို လက်ဝါးကြီးအုပ်ထားချင်တာဖြစ်တာကြောင့် တစ်နိုင်ငံလုံးကို အရင်ဆုံး ဖက်ဆစ်တပ်အောက်ကလွတ်မြောက်စေဖို့လိုပါတယ်။

ဒီနေရာမှာ ပိုအရေးကြီးလာတာကတော့ ဖက်ဆစ်စစ်တပ်နဲ့စစ်အာဏာရှင်တွေကို အဆုံးသတ်ပြီးတဲ့အခါ ဘယ်လောက်ထိ တရားမျှတမှု၊လွတ်လပ်ခွင့်နဲ့တန်းတူညီမျှမှုရှိတဲ့လူ့အဖွဲ့အစည်းတရပ်ကို ပုံဖော်နိုင်မလဲ၊ဘယ်လောက်အပြောင်းအလဲဖြစ်သွားစေမလဲဆိုတဲ့ လက်တွေ့ကျတဲ့ စနစ်တည်ဆောက်မှုပုံစံကို ပုံဖော်နိုင်ဖို့က အရေးကြီးဆုံးပထမခြေလှမ်းပါပဲ။

နှစ် (၇၀) ကျော် အာဏာရှင်တော်လှန်ရေးခရီးမှာ ဒီကနေ့လူထုရဲ့တော်လှန်ရေး ရေချိန်ဟာ အမြင့်ဆုံးဖြစ်ပါတယ်။ဒီလိုအမြင့်ဆုံးလှိုင်းကို လိုက်စီးလာခဲ့ကြပြီးမှ တည်ဆောက်နိုင်ခဲ့တဲ့ လွတ်မြောက်ဒေသတွေဟာ တကယ်ရော လူထုအတွက် စိတ်လုံခြုံမှုပေးနိုင်တဲ့ အခြေအနေကိုရောက်ပြီးလား ဆိုတာကို မေးခွန်းထုတ်ကြဖို့လိုပါတယ်။

တော်လှန်ရေးလမ်းခရီးဟာ လမ်းကြမ်းသလောက်၊ရှည်လျားနိုင်တာဖြစ်လို့ လူတွေ၊စိတ်တွေဟာ စနစ်နဲ့ခေတ်ရဲ့ပုံဖော်မှုအောက်မှာ ပုံစံမျိုးစုံ၊အရောင်မျိုးစုံ ဖြစ်သွားတတ်တာဟာ သဘာဝပါပဲ။အလွှာအသီးသီးက လူအသီးသီးပါတာကြောင့် ကောင်းခြင်း၊ဆိုးခြင်း ဟာလည်း မျိုးစုံရှိနိုင်ပါတယ်။

ဒါ့ကြောင့်ပဲ တရားမျှတမှုကိုလိုလားတဲ့အင်အားစုတွေအနေနဲ့ မတရားမှုမှန်သမျှကို ဘက်မရွေးပဲ ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုပါတယ်။

တန်းတူရေးကိုလိုလားတဲ့ အင်အားစုအားလုံးဟာ ခွဲခြားဆက်ဆံခြင်းကို ဘယ်လိုအခြေအနေမျိုးမှာမဆို မလုပ်မိကြဖို့လိုပါတယ်။

စစ်တွင်းကာလမှာ တသီးပုဂ္ဂလလွတ်လပ်ခွင့်ဆိုတာ အားနည်းနိုင်ပေမယ့် တိကျတဲ့စည်းမျဥ်းတွေအောက်က အထိုက်အလျောက်လွတ်လပ်ခွင့်တွေကို ပုံဖော်နိုင်ရပါမယ်။

ကိုယ်ကျိုးစီးပွားနောက်အသည်းအသန်လိုက်ခြင်းနဲ့အာဏာရူးမှုတွေကြောင့် နှစ် (၇၀) ကြာပျက်စီးနေရတဲ့ နိုင်ငံကို အဖက်ဆယ်တည်ဆောက်ဖို့ဆိုရင် ဒီလိုဖြစ်ရပ်မျိုးတွေကို ဘယ်နေရာ၊ဘယ်ဒေသမှာမှ ဖြစ်ခွင့်မပြုဖို့လိုပါတယ်။

ဒါကသာ ခေတ်အဆက်ဆက်ကနေ ဒီကနေ့အထိ ပေးဆပ်ခဲ့ရတဲ့ အသက်နဲ့ဘဝတွေကို ချွေးသိပ်နိုင်မယ့်တစ်ခုတည်းသောလမ်းဖြစ်ပါတယ်။

ဒါကသာ ခေတ်အဆက်ဆက်ကနေ ကနေ့အထိ ပျက်ခဲ့ရတဲ့ စိတ်ဓာတ်နဲ့အိပ်မက်တွေကို ပြန်တည်ဆောက်နိုင်မယ့် တစ်ခုတည်းသောလမ်းဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး ဘာအတွက်ဘာကြောင့် တော်လှန်ခဲ့ကြပါသလဲ?

ဘယ်လိုစနစ်မျိုးနဲ့လူ့အဖွဲ့အစည်းတစ်ခုကို စိတ်ကူးခဲ့ကြပါသလဲ?

ကျွန်တော်တို့ရဲ့ အရာရာကိုပေးခဲ့ရရင်တောင် ကျန်ရစ်ခဲ့သူတွေနဲ့နောက်မျိုးဆက်ကို ပေးချင်ခဲ့တဲ့ အနာဂတ်ဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲ?

ခေတ်အဆက်ဆက်ကနေ ကနေ့အထိ အာဏာရှင်တော်လှန်ရေးခရီးလမ်းပေါ်က သွားနှင့်သူတွေအားလုံးသာ ကျွန်တော်တို့ကိုကြည့်နေကြမယ်ဆိုရင်
သူတို့ဖြစ်စေချင်တဲ့ပုံစံဟာ ဘယ်လိုပုံစံမျိုး ဖြစ်မယ်ထင်လဲ?ကျွန်တော်တို့ကရော သူတို့ဖြစ်စေချင်သလို ပုံဖော်နေကြရဲ့လား?

ဒီမေးခွန်းတွေနဲ့အတူ ကျွန်တော်တို့တစ်ယောက်စီတိုင်းဟာ မပြီးဆုံးသေးတဲ့ခရီးလမ်းကို ဆက်လှမ်းကြရင်း အားလုံးကိုယ်စီရဲ့ ''စမှတ်'' တွေကို မမေ့ကြဖို့နဲ့ လိုလားတဲ့ခေတ်သစ်ဆီ အားလုံးအတူဆက်ချီတက်နိုင်ကြပါစေကြောင်း.....။

Micky
#မြို့ပြကြွက်

ပြည်သူတွေနှင့်အတူပါ💪💪💪   #မြို့ပြကြွက်
29/12/2025

ပြည်သူတွေနှင့်အတူပါ💪💪💪

#မြို့ပြကြွက်

Keep moving ပါ💪💪💪
08/12/2025

Keep moving ပါ💪💪💪

06/12/2025

စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို မဲမပေးခြင်းနဲ့ဆန့်ကျင်ကြ!

စစ်အုပ်စုရဲ့မတရားဖိအားမှန်သမျှကို သတင်းပို့တိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြ!

မြို့ပြကြွက်တွေနဲ့ မြို့ပြရဲ့ရန်စွယ်ကို အတူတူရင်ဆိုင်ကြ!
#မြို့ပြကြွက်

17/11/2025

လစဥ်memberဝင်တွေရဲ့အားနဲ့ကျွန်တော်တို့ရှေ့ဆက်နေပါတယ်✊✊✊

ရန်ကုန်ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးမှာ မြို့ပြကြွက် လေးတွေလည်း အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာကနေ တက်ကြွစွာ ပူးပေ...
24/10/2025

ရန်ကုန်ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးမှာ မြို့ပြကြွက် လေးတွေလည်း အုတ်တစ်ချပ် သဲတစ်ပွင့် တစ်ထောင့်တစ်နေရာကနေ တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ပါကြောင်း 🐀 🐀 😎😎 🐁 🐁

#မြို့ပြကြွက်

လစဥ်memberဝင်တွေရဲ့အားနဲ့ကျွန်တော်တို့ရှေ့ဆက်နေပါတယ်✊✊✊
01/10/2025

လစဥ်memberဝင်တွေရဲ့အားနဲ့ကျွန်တော်တို့ရှေ့ဆက်နေပါတယ်✊✊✊

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Moon Halo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share