28/11/2023
25.11.23 စနေနေ့
#ရွှေဥမင်ဓမ္မသုခတောရရိပ်သာ
(၂၅) ကြိမ်မြောက် ကထိန်သင်္ကန်း
ဆက်ကပ်လှူဒါန်းပွဲ
🙏🙏🙏🙏🙏🙏🙏🙏🙏
ထုံတာ ကျဉ်တာပဲဖြစ်ဖြစ်၊
ကိုက်ခဲတာပဲဖြစ်ဖြစ်၊
စိတ်ကလေး အသာ လျှော့ထား
ပြီးတော့ သူ့အပေါ်မှာ "လက်မခံံ
ချင်တဲ့စိတ်" မဖြစ်စေဘဲ
စိတ်အေးအေး နဲ့ အရှိကို
အရှိအတိုင်းသိ,သိပေးနေလို့ရှိရင်
အဲဒီ နာကျင်မှု,ဖောက်ပြန်မှုတွေဟာ
ပြောင်း ပြောင်းသွားတာ
တွေ့ရမယ်။
မပင်ပန်းပဲနဲ့ ကြည့်နိုင်လာမယ်။
"ကိုယ်နာသော်လည်း စိတ်မနာ"ဆိုတဲ့
အခြေအနေထဲ ရောက်လာမယ်။
ဒါကြောင့် ဘာပဲ ဖြစ်လာ ဖြစ်လာ
စိတ်အေးအေးနဲ့ ကြည့်နိုင်ဖို့လိုတယ်။
ဒီလို သတိလေးနဲ့ အေးအေးကြည့်တဲ့
အကျင့်ရသွားရင် ဒီထက်ပိုဆိုးတဲ့
နာကျင် ခံခက်မှုမျိုး ကြုံလာရင်
အေးအေးကြည့်တတ်တဲ့
အရည်အချင်းဟာ
တဖြည်းဖြည်း တိုးတက်လာမယ်။
စိတ်ကိုကျင့်တာ
အာရုံကောင်း/မကောင်းနဲ့
မဆိုင်ပါဘူး
အခုဖြစ်တဲ့ "ဝေဒနာ"က
ထိုင်တုန်း ခဏတဖြုတ်ဖြစ်တာပါ။
ခုချက်ချင်း ပြင်လိုက်ရင်
ပျောက် သွားမှာပါ။
ဘယ်လောက်မှ မကြီးကျယ်ပါဘူး။
နောင်တစ်ချိန် ဆေးရုံမှာဖြစ်စေ၊
ဆေးခန်းမှာဖြစ်စေ၊
ဘယ်လိုနည်းနဲ့မှ ဖျောက်လို့မရတဲ့
ဝေဒနာတစ်ခုခုနဲ့ကြုံလာရင်
လှည့်လို့ ပြောင်းလို့မရတဲ့
အိပ်ယာထဲမှာ ဝေဒနာတစ်ခုခု
ကြာရှည် ခံစားရမယ်ဆိုရင်
စိတ်မနာအောင်ဘယ်လို နေမလဲ။
ဘယ်လို"စိတ်ထားမျိုး"နဲ့
ကြည့်မလဲ။
ကြိုတင် ပြင်ဆင်ထားဖို့
ခုကတည်းက လေ့ကျင့်ထားဖို့ လိုတယ်။
"ဒုက္ခ"ကို တွန်းဖယ်ရင်
ဒုက္ခဟာ ပိုဆိုးတယ်။
ဒါကြောင့် တွန်းဖယ်ဖို့ မကြိုးစားဘဲ
လိုလိုချင်ချင်နဲ့ ကြည့်ပါ။
တစ်ခါတလေ ကြည့်ရင်း
လျော့သွားတာလည်း ရှိတယ်။
မသက်မသာ တိုးလာရင်
စိတ်ထဲတင်းကျပ်မှု များလာမယ်။
ကိုယ်ခန္ဓာလည်း တောင့်တင်းလာတယ်။
စိတ်မကျေမနပ်လည်း
ဖြစ်လာတတ်တယ်။
အဲဒီ "မကျေနပ်တဲ့စိတ်" ကို
သိသိပြီးတော့ အသာကလေး
နေပေးလိုက်ပါ။
ကိုယ်"နာ"ပေမယ့်
စိတ်တင်းကျပ်မှုလျှော့လာမယ်။
စိတ်တင်းကျပ်မှု ဖြစ်ရင် စိတ်ထဲမှာ
တင်းတာကို အရင်သိအောင် ကြည့်ပါ။
ကြည့်ရင်းနဲ့ နောက်ဆုံးမှာ
ဘယ်လိုနည်းနဲ့မှ သည်းမခံ
နိုင်ဘူး ဆိုရင်တော့ သတိလေးနဲ့
သိပြီးတော့ လက်/ခြေအနေအထား
ပြင်ပါ။
ဝေဒနာ ရှုနည်းနဲ့ ပတ်သက်ပြီး
နာကျင် ကိုက်ခဲတာကိုပဲ အာရုံစိုက်
ရှုခိုင်းတာများတယ်။
နာလေလေ စူးစိုက်လေလေ။
စိတ်ခံစားချက်ဘက်က ရှုဖို့ မမေ့နဲ့။
သိပ်နာနေရင် သူ့ကို အာရုံမပြုနဲ့။
"မခံချင်တဲ့ ခံစားချက်"ကို အာရုံပြုပေး။
မကြိုက်ရင် "မကြိုက်တဲ့ စိတ်ကလေး"
ကို အာရုံပြုပေး။
သတိထားပေး။
စိတ်ကောင်းရင် အားလုံးကောင်း
သွားတယ်။
မခံချင်တဲ့စိတ် ပျောက်ချင်တဲ့စိတ်
ဖြစ်နေရင် အဲဒီစိတ်ကိုကြည့်။
ကြည့်ပေးရင် အေးချမ်းသွားမယ်။
"နာတဲ့နေရာ"ကိုချည်း သွားမကြည့်နဲ့။
"နာ"တာကိုချည်း သွားကြည့်နေရင်
နာတာကြီးကို ပုံကြီးချဲ့သလိုဖြစ်တယ်။
မကြိုက်ရင် မကြိုက်တဲ့စိတ်ကလေးကို ကြည့်။
တင်းကျပ်တဲ့စိတ်ကလေးကို လျှော့ပြီး
သက်သက်သာသာနဲ့ ကြည့်ပေးပါ။
သည်းခံပြီး ကြည့် ပေးပါ။
မရတော့လည်း ပြောင်းပြင်ရတာပေါ့။
သတိ ထားပြီး ကြည့်နေပါ။
နာတာကို "ခန္ဓာ"နဲ့ မရောစေနဲ့။
ကိုယ်က သပ်သပ်၊ စိတ်ခံစားမှုက
သပ်သပ်စီမှန်း သိအောင် ကြည့်ပါ။
"ပညတ် ပရမတ်" ခွဲခြားနားလည်ဖို့
ပြောတာပါ။
"ကိုယ်"နဲ့ "ခန္ဓာ"မရောစေနဲ့။
မရှိတာကို မကြည့်နဲ့။
မရှိတာက "ပညတ်"
(ဒူး ခါး တင် ရင် ခြေ လက် စသည်)
ရှိတာက ပရမတ်၊
ရုပ်နာမ် သဘော,သဘာဝ။
ဝိပဿနာတရား ရှုရာမှာ
ပညတ်၊ ပရမတ် ကွဲဖို့ သိပ်
အရေးကြီးတယ်။
"ဝေဒနာ"ကို ဘာဖြစ်လို့
မကြိုက်တာလဲ။
"ဝေဒနာ"နဲ့ ဖက်ပြီး သေရမှာပါ။
အသုံးချတတ်ရင်
ရန်သူ ဟာ မိတ်ဆွေ ဖြစ်တယ်။
ပေါင်းတတ်ဖို့ပဲ လိုပါတယ်။
(ရွှေဥမင်ဆရာတော်ဘုရားကြီး)
Ctedit=ဗုဒ်ဓဆာယာ
https://www.facebook.com/Nandi.Dhamma.Charity.Page