30/08/2026
Last Call Campaign (3) ခု
—————————————-
နေ့ရက်တွေပြောင်းလဲသွားလို့ ကမ်ပိန်းရက်တွေပိတ်သိမ်းတော့မယ့် နေ့ရက်ကို ရောက်ရှိလို့လာခဲ့ပါပြီ…။ ဒါပေမယ့်လည်း ဒီကမ်ပိန်း (၃)ခုကတော့ တားဂတ်ပြည့်ဖို့ နေနေသာသာ ရာခိုင်နှုန်း (၅၀) ပြည့်ဖို့ကိုတောင် မနည်းရုန်းကန်နေကြရပါတယ်။
ဒီ တပ်ရင်းတပ်ဖွဲ့တွေက စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အတွက် အမှန်တကယ်ကို တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ မနေမနား ကြိုးစားအားထုတ်နေကြတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ထောက်ပံ့အားနဲ့ အားအင်ပြည့် တက်ကြွကြရမယ့်သူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တတ်စွမ်းနိုင်သလောက် ကူညီပံ့ပိုးပေးကြပါဦးလို့ … တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။
၁။ ဟင်္သာဌာနေ အောင်ပွဲဝေ ကမ်ပိန်း
ရည်ရွယ်ချက် - ပဲခူးတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် (၂၈) မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) - PDO များ နဲ့ အထူး တိုက်ခိုက်ရေးတပ်ရင်းရှိ ရဲဘော်များအတွက် ရိက္ခာ၊ ဆေးဝါးနဲ့ စစ်ရေးအသုံးအဆောင်များကို ဖြည့်တင်းပေးနိုင်ဖို့ ရန်
Target - ကျပ် သိန်း ၃,၀၀၀
၂။ "အောင်ပွဲနွှဲဖို့ ကျည်ဖြည့်စို့…. ကျည် (၃၀၀၀၀) ရရှိရေးကမ်ပိန်း"
ရည်ရွယ်ချက် - ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်းအတွက် လိုအပ်နေတဲ့ ကျည် များကို ဝယ်ယူ ဖြည့်တင်းနိုင်ရန်
Target - ကျည် ၃၀,၀၀၀ (ကျပ် သိန်း ၂,၄၀၀)
၃။ ချီလေတဲ့ ချီလေ… ကမ်ပိန်း
ရည်ရွယ်ချက် - နေပြည်တော်တပ်ရင်းအမှတ် ၈၀၅၊ ထနောင်းစစ်ကြောင်းအတွက် အရေးပေါ်လိုအပ်နေသော ခဲယမ်းမီးကျောက်များ ဖြည့်တင်းပေးနိုင်ရန်
Target - ကျပ် သိန်း ၂,၀၀၀
Campaign များ မှာ ပါဝင်ထောက်ပံ့လိုကြသူများအနေနဲ့ ကျနော်တို့ရဲ့ FOP ကို ဆက်သွယ်နိုင်ပြီး SGD, THB, CAD, USD(Zelle), USDT, DMMK, SDB တို့နဲ့ ပါဝင်ပေးနိုင်ပါတယ်... ။
#ဟင်္သာဌာနေအောင်ပွဲဝေ
#ပဲခူးတိုင်းပကဖ
#အောင်ပွဲနွှဲဖို့ကျည်ဖြည့်စို့
#ထားဝယ်ခရိုင်အမှတ်၁တပ်ရင်း
#ချီလေတဲ့ချီလေ
#ထနောင်းစစ်ကြောင်း
#တပ်ရင်းအမှတ်၈၀၅