𝗦𝘂𝗺𝗺𝗶𝘁 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

  • Home
  • Singapore
  • Singapore
  • 𝗦𝘂𝗺𝗺𝗶𝘁 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻

𝗦𝘂𝗺𝗺𝗶𝘁 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 From Youths to Youths

03/06/2026

"သားယောက်ျားလေးဆိုရင် " စမ်းကြည့်‌လေ" လို့ အားပေးပြီး သမီးမိန်းကလေးဆိုရင်တော့ "မလုပ်နဲ့ ပြုတ်ကျလိမ့်မယ်" လို့ ဘာလို့ တားမြစ်နေမိတာလဲ? ဒီခွဲခြားမှုက သူတို့ရဲ့ အနာဂတ်အပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိနေမလဲ?"

🧠 Study Smarter, Not Harder Series | Ep-06: ကိုယ့်ဦးနှောက်ကို ပြန်လှည့်စားပြီး စာလုပ်ဖြစ်အောင် လုပ်နိုင်မယ့် နည်းလမ်း (၄...
13/05/2026

🧠 Study Smarter, Not Harder Series | Ep-06: ကိုယ့်ဦးနှောက်ကို ပြန်လှည့်စားပြီး စာလုပ်ဖြစ်အောင် လုပ်နိုင်မယ့် နည်းလမ်း (၄) ခု

စာလုပ်တော့မယ်ဆိုပြီး စားပွဲရှေ့မှာ ထိုင်လိုက်ပေမဲ့ လက်က ဖုန်းဆီပဲ ရောက်ရောက်သွားတာ၊ ဒါမှမဟုတ် စာမျက်နှာ တစ်မျက်နှာတောင် မပြီးခင်မှာတင် "ခဏနေမှ လုပ်တော့မယ်" ဆိုပြီး စာအုပ် ပြန်ပိတ်မိတာမျိုး ခဏခဏ ဖြစ်ဖူးကြမှာပါ။ အဲဒီလို ဖြစ်တိုင်းလည်း ကိုယ့်ကိုယ်ကိုယ် "ငါကတော့ ပျင်းလိုက်တာ" ဆိုပြီး အပြစ်တင်မိတတ်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ပျင်းလို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဦးနှောက်က သဘာဝအရ ခက်ခဲတဲ့ အလုပ်တွေထက် ချက်ချင်း ပျော်ရွှင်မှုပေးနိုင်တဲ့ Social Media တို့မှာပါတဲ့ ဗီဒီယိုအတိုလေးတွေ တို့ကို ပိုပြီး မက်မောနေလို့ပဲ ဖြစ်ပါတယ်။

ဒီလို "ချက်ချင်းရတဲ့ ပျော်ရွှင်မှု" (Dopamine) တွေကပဲ ကျွန်တော်တို့ရဲ့ စာလုပ်ချင်စိတ်ကို ဝါးမြိုသွားတာပါ။ ဒါကြောင့် စာလုပ်ချင်လာအောင် ကိုယ့်စိတ်ကို အတင်းအကျပ် ဖိအားပေးနေမယ့်အစား ဦးနှောက်ရဲ့ သဘာဝကို အသုံးချပြီး ပြန်လှည့်စားလိုက်ဖို့ လိုပါတယ်။ အခုပြောပြမယ့် နည်းလမ်း (၄) ခုကို သေချာလေး သုံးကြည့်မယ်ဆိုရင် စာလုပ်ဖို့ ပိုလွယ်လာမှာဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေကို တစ်ပုံချင်းစီမှာ အသေးစိတ် ဖတ်ရှုကြည့်ရအောင် 👇

10/05/2026

မိန်းကလေးတိုင်းကို တန်ဖိုးရှိရှိ ဆက်ဆံဖို့ အချိန်ရောက်ပါပြီ။ အရင်တုန်းက အတွးအခါ်တွေနဲ့ မိန်းကလေးတွကို ကူညီသလိုလိုနဲ့ အသားယူနေတဲ့ သူတွေ တကယ်ရှိနေပါသေးတယ်။ ဒါဟာ ပြောင်းလဲချိန်တန်နေပါပြီ။

Study Smarter, Not Harder Series | Ep-05: Learn English Smarter, Not Harderအင်္ဂလိပ်စာကို ကျောင်းမှာရော၊ အပြင်သင်တန်းတွေ...
07/05/2026

Study Smarter, Not Harder Series | Ep-05: Learn English Smarter, Not Harder

အင်္ဂလိပ်စာကို ကျောင်းမှာရော၊ အပြင်သင်တန်းတွေမှာပါ နှစ်နဲ့ချီပြီး လေ့လာခဲ့ကြပေမဲ့ တကယ်တမ်း စကားပြောရမယ့်အချိန်ကျမှ စကားလုံးတွေက ရှာမရဘဲ ထစ်နေတာမျိုး၊ သိပြီးသား စကားလုံးတွေကိုတောင် ဘယ်လိုပြန်သုံးရမှန်း မသိတာမျိုးတွေ ကြုံဖူးကြမှာပါ။
အထူးသဖြင့် Native speaker တွေ ပြောတာကို နားထောင်တဲ့အခါ လိုက်မမီတာမျိုးတွေက ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို တော်တော်လေး လျော့နည်းစေပါတယ်။ Grammar rules တွေလည်း အလွတ်ရတယ်၊ Vocabulary တော်တော်များများကိုလည်း သိထားတယ်ဆိုပေမဲ့ တကယ်အသုံးချလို့မရတာက ကိုယ်က "မလေ့လာလို့" မဟုတ်ဘဲ လေ့လာနေတဲ့ "နည်းလမ်း" မှာ အားနည်းချက် ရှိနေလို့ပဲ ဖြစ်ပါတယ်။

အများစုက စကားလုံးတွေကို တစ်လုံးချင်း အလွတ်ကျက်တာ၊ Grammar rules တွေချည်းလေ့လာတာမျိုးတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စာဆိုတာ စာမေးပွဲဖြေဖို့ထက် တစ်ဖက်လူနဲ့ နားလည်အောင် ဆက်သွယ်ဖို့၊ ကိုယ့်အမြင်ကို ရဲရဲဝံ့ဝံ့ ချပြနိုင်ဖို့က ပိုအရေးကြီးပါတယ်။ အခုပြောပြမယ့် နည်းလမ်းလေးတွေကို အသုံးပြုပြီး လေ့လာတဲ့ပုံစံကို နည်းနည်းလေး ပြောင်းလိုက်ရုံနဲ့ ကိုယ့်ရဲ့ English Skill က သိသိသာသာ တိုးတက်လာမှာပါ။

တကယ်အသုံးဝင်တဲ့ English Learning Techniques (၃) မျိုး ကို တစ်ပုံချင်းစီမှာ အသေးစိတ် လေ့လာကြည့်ရအောင် 👇

Summit Education ရဲ့ ဒီ Series လေးမှာတော့ အင်္ဂလိပ်စာကို စာအုပ်ထဲမှာတင် မဟုတ်ဘဲ တကယ်အသုံးချနိုင်မယ့် Practical Techniques တွေကို ဆက်လက် မျှဝေပေးသွားမှာပါ။ နောက် Episode မှာတော့ "အင်္ဂလိပ်စာကို နားလည်ပေမဲ့ မပြောရဲဘူး" ဆိုတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် Speaking Confidence Techniques လေးတွေအကြောင်း ပြောပြပေးသွားမှာမို့ Stay Tuned ပါနော်! 👀

ဒါပေမဲ့ ဒီနည်းလမ်းတွေကို သိရုံနဲ့တင် မလုံလောက်ပါဘူး။ တကယ်တမ်း တိုးတက်ဖို့ဆိုရင် လက်တွေ့ပြောဆိုလေ့ကျင့်ဖို့ Partner ရှိနေဖို့လည်း လိုအပ်ပါတယ်။

ကိုယ့်ရဲ့ Speaking Skill ကို ယုံကြည်မှုရှိရှိနဲ့ အရှိန်အဟုန်နဲ့ တိုးတက်ချင်တယ်ဆိုရင်တော့ Summit Education ရဲ့ Speaking Partner Program လေးကလည်းရှိနေပါတယ်။ ဒီ Program လေးအကြောင်းအသေးစိတ်ကိုလည်း messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

26/04/2026

ပစ္စည်းဥစ္စာတွေ ပြည့်စုံလာပေမယ့် လူတွေ ဘာလို့ ပိုပြီး အထီးကျန်လာကြတာလဲ။ အဖြေက ပျော်ရွှင်မှု မရှိလို့မဟုတ်ဘဲ "ဘဝအဓိပ္ပာယ်" ပျောက်ဆုံးနေလို့ပါ။



Study Smarter, Not Harder Series | Ep-04: Stay Focused While Studyingစာဖတ်ဖို့ ထိုင်လိုက်တိုင်း ၅ မိနစ်တစ်ခါ ဖုန်းကို မက...
22/04/2026

Study Smarter, Not Harder Series | Ep-04: Stay Focused While Studying

စာဖတ်ဖို့ ထိုင်လိုက်တိုင်း ၅ မိနစ်တစ်ခါ ဖုန်းကို မကိုင်မိဘဲ မနေနိုင်တာ၊ Notification တစ်ခု တက်လာတာနဲ့ အာရုံလွဲသွားပြီး စာအုပ်ရှေ့မှာ အချိန်သာ ကုန်သွားပေမဲ့ ဘာမှခေါင်းထဲမဝင်တာမျိုး ကြုံဖူးကြမှာပါ။
စာကြည့်တာ ၁၀ မိနစ်တောင် မပြည့်ခင်မှာတင် တခြားအရာတွေကို လျှောက်တွေးနေမိတာဟာ တကယ်တော့ Concentration မကောင်းလို့ မဟုတ်ဘဲ အာရုံစိုက်မှုကို ထိန်းထားနိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ မသုံးတတ်သေးလို့ပဲ ဖြစ်ပါတယ်။

တစ်ခါတလေမှာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်နဲ့ အလေ့အကျင့်လေးတွေက အာရုံစူးစိုက်မှုကို မသိမသာ နှောင့်ယှက်နေတတ်တာပါ။ ဥပမာ - စာကြည့်စားပွဲပေါ်မှာ ဖုန်းရှိနေတာမျိုး ဒါမှမဟုတ် အလုပ်တွေအများကြီးကို တစ်ပြိုင်တည်း လုပ်ဖို့ ကြိုးစားနေတာမျိုးတွေက ဦးနှောက်ကို ပင်ပန်းစေပြီး စာထဲအာရုံမရောက်တာမျိုးတွေဖြစ်တတ်ပါတယ်။

စာဖတ်တဲ့အခါ နည်းစနစ်လေးတွေ နည်းနည်းပဲ ပြောင်းလဲလိုက်ရုံနဲ့ အချိန်ကို ပိုထိရောက်စေနိုင်ပါတယ်။ ဒါ့အပြင် အာရုံစူးစိုက်မှုက လေ့ကျင့်ယူလို့ရတဲ့ အရည်အချင်းတစ်ခု ဖြစ်တာကြောင့် အခုကတည်းက စနစ်တကျ ပြင်ဆင်ထားရင် တက္ကသိုလ်ဘဝနဲ့ Scholarship လျှောက်တဲ့အခါမှာပါ အများကြီး အထောက်အကူဖြစ်စေမှာပါ။ အဓိကကတော့ "စာကြည့်ဖို့ အချိန်ဘယ်လောက်ပေးနိုင်လဲ" ဆိုတာထက် "ပေးလိုက်တဲ့အချိန်အတွင်းမှာ ဘယ်လောက်အာရုံစိုက်နိုင်လဲ" ဆိုတာကိုပိုပြီး လေ့ကျင့်ရမှာပါ။

ဒီနေ့မှာတော့ အာရုံစူးစိုက်မှု အားကောင်းစေဖို့အတွက် လက်တွေ့အသုံးချနိုင်မယ့် Focus Techniques (၃) မျိုး ကို တစ်ပုံချင်းစီမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ် 👇

Summit Education ရဲ့ ဒီ Series လေးမှာတော့ Note-taking, Study Techniques တွေအပြင် အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ အသုံးချနိုင်မယ့် Tips တွေကိုလည်း ဆက်လက် မျှဝေပေးသွားမှာပါ။ နောက် Episode မှာတော့ English Learning Technique လေးတွေအကြောင်း ပြောပြပေးသွားမှာမို့ Stay Tuned ပါနော်! 👀


20/04/2026

လူအတော်များများက ယုံကြည်မှုရှိမှ အလုပ်တစ်ခုကို ရဲရဲဝံ့ဝံ့ လုပ်နိုင်မယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီ့ဆန့်ကျင်ဘက်က ပိုမှန်တယ်လို့ ယုံကြည်ပါတယ်။ ယုံကြည်မှုဆိုတာ အလုပ်လုပ်မှ ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုပါ။ ကျွန်မကို ယုံကြည်မှုအမြဲရှိနေစေတဲ့ လက်တွေ့ကျတဲ့ လျှို့ဝှက်ချက်တစ်ခုကို မျှဝေချင်ပါတယ်။


မြန်မာတို့ရဲ့ နှစ်ဆန်း (၁) ရက်နေ့ မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ Summit Education က ဆုမွန်ကောင်းတောင်းလိုက်ပါတယ...
17/04/2026

မြန်မာတို့ရဲ့ နှစ်ဆန်း (၁) ရက်နေ့ မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ Summit Education က ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ဒီနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်နေ့... ကျွန်တော်တို့ရဲ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ပဲ ဖြစ်ပါတယ်။

နှစ်ဟောင်းက အခက်အခဲတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေအားလုံးကို သင်္ကြန်ရေနဲ့အတူ ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိတဲ့ နှစ်သစ်မှာ စိတ်သစ်၊ လူသစ်၊ ခွန်အားအသစ်တွေနဲ့ ရှေ့ဆက်နိုင်ကြပါစေကြောင်း Summit Education မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

Summit ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ "From Youths to Youths" ဆိုတဲ့အတိုင်း လာမယ့်နှစ်သစ်မှာလည်း ကျွန်တော်တို့ လူငယ်အချင်းချင်း တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း၊ အသိပညာ ဗဟုသုတတွေ ဝေမျှရင်းနဲ့ အိပ်မက်တွေကို အတူတူ အကောင်အထည်ဖော်သွားကြမယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Summit Education ကလည်း နှစ်သစ်မှာ ပိုမိုကောင်းမွန်တဲ့ Program တွေ၊ Activity အသစ်တွေနဲ့အတူ လူငယ်တို့ရဲ့ အနားမှာ အမြဲရှိနေပါ့မယ်။

ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူးလေး ဖြစ်ပါစေခင်ဗျာ။ ✨

Study Smarter, Not Harder Series | Ep-03: Study Techniques That Actually Work 🧠စာတွေအကြာကြီးဖတ်ပေမယ့် ဘာမှလည်းမမှတ်မိဘူး...
16/04/2026

Study Smarter, Not Harder Series | Ep-03: Study Techniques That Actually Work 🧠

စာတွေအကြာကြီးဖတ်ပေမယ့် ဘာမှလည်းမမှတ်မိဘူးဆိုပြီး ခံစားဖူးကြလား?

စာလေ့လာတဲ့အခါ စာအုပ်ကိုပဲထပ်တလဲလဲဖတ်တာ၊ highlight လုပ်တာတွေ လုပ်နေတယ်ဆိုပေမယ့် စာမေးပွဲမှာ ပြန်မမှတ်မိတော့တာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။

ဒါပေမယ့် စိတ်မပူပါနဲ့။ အဲဒါက စာဖတ်နည်းမမှန်သေးလို့ပါ။

👉စာကို ထပ်ခါထပ်ခါဖတ်တာ
👉Highlight တွေအများကြီးလုပ်တာ
👉နားမလည်သေးဘဲ အလွတ်မှတ်မိဖို့ ကြိုးစားတာ

ဒီလိုနည်းတွေက အချိန်ယူပေမယ့် လွယ်လွယ်မေ့တတ်ပါတယ်။

ဒါကြောင့် စာကို ထိထိရောက်ရောက် လေ့လာနိုင်ဖို့ဆိုရင်ကိုယ်
နေ့စဉ် စာဖတ်တဲ့နည်းကို နည်းနည်းပြောင်းလိုက်တာနဲ့
အချိန်အတူတူပဲပေးပြီး ရလဒ်က ပိုကောင်းလာနိုင်ပါတယ်။

Study techniques မှန်မှန်အသုံးပြုနိုင်မယ်ဆိုရင်
စာကို ပိုမြန်မြန်နားလည်နိုင်ပြီး
အချိန်အကြာကြီး ကြာသွားလည်းမှတ်မိနိုင်မှာပါ။

ဒါကြောင့် ဒီနေ့မှာတော့
တကယ်အသုံးဝင်ပြီး ထိရောက်တဲ့ study techniques (၃)မျိုးကို
တစ်ပုံချင်းစီမှာ ကြည့်ရှုနိုင်ပါတယ် 👇

Summit Education ရဲ့
ဒီ series လေးမှာတော့ note-taking, study techniques, focus skills တွေအပြင်
အင်္ဂလိပ်စာကို ယုံကြည်မှုရှိရှိ အသုံးချနိုင်အောင် tips တွေလည်း ဆက်လက်မျှဝေပေးသွားမှာပါ။

👉 နောက် Episode မှာတော့
"စာဖတ်နေချိန်မှာ အာရုံမစိုက်နိုင်ဘူး?" ဆိုတဲ့ ပြဿနာကို
ဖြေရှင်းပေးမယ့် focus techniques လေးတွေကို ပြောပြပေးသွားမှာမို့
Stay Tuned နော် 👀

12/04/2026

ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် အထက်လူကြီးဆီက ရိုင်းပျတဲ့ စကားတစ်ခွန်း ကြားလိုက်ရုံနဲ့တင် ကိုယ့်ရဲ့ အလုပ်စွမ်းဆောင်ရည်က သိသိသာသာ ထိုးဆင်းသွားနိုင်တယ်ဆိုတာ သိပါသလား။

Address

Singapore

Telephone

+6588372847

Website

Alerts

Be the first to know and let us send you an email when 𝗦𝘂𝗺𝗺𝗶𝘁 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to 𝗦𝘂𝗺𝗺𝗶𝘁 𝗘𝗱𝘂𝗰𝗮𝘁𝗶𝗼𝗻:

Share