Five Fingers

Five Fingers Five Fingersအဖွဲ့သားများမှ ကြိုဆိုပါတယ်ခင်ဗျာ....

ဖခင်က ဆုံး ၊ ရှေ့တန်းက ထွက်ရမယ်ဒီတော့ မိခင်ကို သူခြိမ်းခြောက်မိတယ်တဲ့နာရေးကို လေယာဉ်ကြဲလိမ့်မယ်ဆိုပြီး မုသားပြော အမြန်သင...
05/09/2025

ဖခင်က ဆုံး ၊ ရှေ့တန်းက ထွက်ရမယ်
ဒီတော့ မိခင်ကို သူခြိမ်းခြောက်မိတယ်တဲ့

နာရေးကို လေယာဉ်ကြဲလိမ့်မယ်ဆိုပြီး
မုသားပြော အမြန်သင်္ဂြိုလ်ခိုင်းပြီး
ရှေ့တန်းထွက်ခဲ့ပါတယ်

တကယ်တော့ ဒါဟာ စိတ်ပြတ်သားလို့ပါ
တောင်ပိုင်းမှာ ကျနော်တချို့သိရသလောက်
အမျိုးသမီး ကိုယ်ဝန်ရှိနေချိန် ၊
မိခင် ၊ ဖခင် ၊ သားသမီးအရေးပေါ်ကိစ္စတွေမှာ
ရှေ့တန်းနားခိုင်းပါတယ် ( ခွင့်ပေးတာပေါ့ဗျာ )
ဘာလို့ဆို ရှေ့မှာစစ်ပွဲကို အာရုံမစိုက်နိုင်မှာစိုးလို့ပါ

အညာရဲဘော်ကတော့ ရှေ့တန်းထွက်ချင်လို့
သူ့လက်‌ပေါ် သူ့အဖေအသက်မြောနေချိန်
သူ့အဖေနားကိုကပ်လို့ သူ့အဖေကြားအောင်
အဖေအမြန်သွားပါဆိုပြီး ပြောမိသည်ထိပါပဲ

တခါထပ်ပြီး ပိုဆိုးသွားတာက
ပထမ အဖေအရင်း ဆုံးပြီးတော့
ဒုတိယ အဖေလိုဖြစ်တဲ့ ဒုတပ်ရင်းမှူးကျဆုံးပါတယ်

အခုဆို သူပြောတယ်
မယုံရင်ကြည့်ထား ၂ဆ ၊ ၃ဆ ပိုကြိုးစားပြမယ်တဲ့

အဲလိုကြိုးစားဖို့ ကျ-ည်ကလိုပြန်ပါတယ်
ဒါကြောင့် ဒီလိုဘဝတွေ ပေးဆပ်မှုကနေ မခံချင်စိတ်နဲ့ တိုက်ခိုက်လိုစိတ်အပြည့်ရှိတဲ့
ရဲဘော်တွေအတွက်
‌ကောမန့်က အနောက်မြောက်လွင်ပြင် ကမ်ပိန်းမှာ
ပါဝင်ကူညီပေးကြပါခင်ဗျာ

#အနောက်မြောက်လွင်ပြင်သို့
#တော်လှန်ကောမစ်

တော်လှန်ရေးကို သံလိုက်အိမ်မြှောင်လေးနဲ့ ထောက်ပို့ကူညီဖို့ ညွှန်ပြရမယ်ဆိုလျှင် ...စစ်ကိုင်းတိုင်း အနောက်မြောက်ဖက်မှာရှိပြ...
05/09/2025

တော်လှန်ရေးကို သံလိုက်အိမ်မြှောင်လေးနဲ့
ထောက်ပို့ကူညီဖို့ ညွှန်ပြရမယ်ဆိုလျှင် ...

စစ်ကိုင်းတိုင်း အနောက်မြောက်ဖက်မှာရှိပြီး
တပ်ရင်းအများဆုံးခရိုင်တခုဖြစ်တဲ့
ယင်းမာပင်ခရိုင်ကို ညွှန်ပြပါရစေခင်ဗျာ

ထိုယင်းမာပင်ခရိုင်မှ တပ်ရင်း( ၆ ) ဟာ
အင်းတော်မြို့သိမ်း ၊ ပင်လည်ဘူးမြို့သိမ်းနှင့်
ဒေသတွင်းစခန်းသိမ်းပွဲတွေမှာလည်း ပါဝင်ပြီး
ဒုတပ်ရင်းမှူးအပါအဝင် ရဲဘော် ( ၁၁ ) ဦးကျဆုံးထားရသလို ၊

လက်ရှိအချိန်မှာလည်း ခရိုင်အတွင်း
ရန်သူ့စစ်ကြောင်းများကို ခုခံကာကွယ်ဖို့ရာ
နှုတ်ခမ်းနီများလိုအပ်လျှက်ရှိပါသည် ။

ထိုအတူ ဘုတလင်မှာ ရန်သူရဲ့စစ်ကြောင်းကို
တကြောင်းလုံးပြုတ်အောင် စွမ်းဆောင်ခဲ့တဲ့
ယင်းမာမြို့နယ် ပကဖ ULF စစ်ကြောင်းသည်လည်း
အညာပြည်သူလူထုကို အသက်ပေးကာကွယ်ဖို့
နှုတ်ခမ်းနီတောင့်များ လိုအပ်လျှက်ရှိပါသည် ။

ဒါကြောင့် ထို၂ဖွဲ့ပူးပေါင်းကာဖြင့်
" အနောက်မြောက်လွင်ပြင်သို့ " ဆိုတဲ့
ကမ်ပိန်းလေးကို နိုင်ငံတကာ OFP Fundraiser များရဲ့ ကူညီဝန်းရံမှုဖြင့် ပြုလုပ်ထားပြီး

တားဂတ်အနေနဲ့ - ကျ-ည်ငါးသောင်း ( သိန်း၆၀၀၀ )
ကမ်ပိန်းကာလအနေနဲ့ - 20.8.205 မှ 4.10.2025 ထိ
( ၄၅ ရက်တာ ကာလ သတ်မှတ်ထားပါတယ် )

CMS Portal စနစ်ဖြစ် တကျပ်တပြားက အစ
တိကျမှန်ကန်စွာနဲ့ နိုင်ငံတကာမှ ထောက်ပို့ငွေကြေးများအား တပ်ရင်းနှင့်စစ်ကြောင်းထံသို့
စီးဆင်းရောက်ရှိမှာဖြစ်ပါ၍

တော်လှန်အနုပညာရှင်များ ၊ တော်လှန်အတတ်ပညာရှင်များအပါအဝင်
တော်လှန်ပြည်သူတစ်ရပ်လုံးမှ စည်းလုံးစွာနဲ့ကူညီပါဝင်ပေးကြဖို့ တိုက်တွန်းအပ်တယ်ခင်ဗျာ

📌 " အနောက်မြောက်လွင်ပြင်သို့ " ကမ်ပိန်းအား
အောက်ပါ နိုင်ငံတကာမှ Fundraiser များထံတွင်
ပါဝင်ကူညီ ထောက်ပို့နိုင်ပါသည် ။

https://m.facebook.com/story.php?story_fbid=122106589280965095&id=61578952876940&mibextid=Nif5oz

#အနောက်မြောက်လွင်ပြင်သို့
#ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း
#ယင်းမာပင်မြို့နယ်ပကဖULFစစ်ကြောင်း

#နွေဦးအားမာန်

05/09/2025
ဒါလေးကူပေးကြပါအုံးဗျို့
05/09/2025

ဒါလေးကူပေးကြပါအုံးဗျို့

ဒါလေးရှိမယ်ဗျို့ .... COD ကလုပ်တာ .... Page ကိုတိုက်ရိုက်သွားကူလို့ရတယ် ....
17/08/2025

ဒါလေးရှိမယ်ဗျို့ .... COD ကလုပ်တာ .... Page ကိုတိုက်ရိုက်သွားကူလို့ရတယ် ....

PROJECT RPG🚀

တော်လှန်မိဘပြည်သူများအားလုံးမင်္ဂလာပါ

ကျွန်တော်တို့ Diary of Comrade page နဲ့ မဟူရာရွှေဘိုသား PDF အဖွဲ့နဲ့အတူ
ရွှေဘိုခရိုင်စစ်ဆင်ရေးတွေမှာပါဝင်နိုင်ရန်အတွက် လိုအပ်နေတဲ့ "RPG" တစ်လတ် ဝယ်ယူရန် ကမ်ပိန်းတစ်ခုပြုလုပ်ထားပါတယ်။

ကမ်ပိန်းလေးအမည်ကတော့ ‘’PROJECT RPG’’ဖြစ်ပါတယ်။

ကမ်ပိန်း‌ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့_ 🚀ကျွန်တော်တို့ရွှေဘိုမြို့နယ်ရှိ စခန်းသိမ်းများဖော်ဆောင်ရန် ၊
🚀အခြားမည်သည့်ဒေသမဆိုစ-စ်ဆင်ရေးတွေမှာမဟာမိတ်များနှင့်အတူပါဝင်တိုက်ခိုက်နိုင်ရန် နှင့်
🚀ကျွန်းဗျူဟာအတွက်ဖြစ်ပါတယ်။
(ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကျွန်းဗျုဟာဆိုတာ ရေ ပတ်လည်ဝိုင်းနေသည့် ကျွန်းတခုလို ကျေးလက်ကို အခြေပြုလို့ မြို့တွေကို ဝိုင်းပတ်ပိတ်ဆို့ကာ ရန်သူကို တိုက်ခိုက် ချေမှုန်းမယ်ဆိုတာမျိုးပါ။)

အခုလည်း ရွှေဘိုမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ ရွှေဘိုမြို့ကို ဝိုင်းပတ်ပိတ်ဆို့လို့ ရန်သူကို တိုက်ခိုက်နေကြပါတယ်။
အခု ကမ်ပိန်းဟာ စစ်ဆင်ရေးဖြစ်တဲ့ ရန်သူ့ဘန်ကာများကို ထိရောက်စွာဖြိုဖျက်နိုင်မှသာ စခန်းသိမ်းတွေမှာ မိမိတို့ရဲဘော်များအထိအခိုက်နည်းမှာဖြစ်တဲ့အတွက် အရေးကြီးလိုအပ်သည့် RPG 7 နဲ့ ခဲယမ်းဝယ်ယူဖြည့်တင်းဖို့ရန်ဖြစ်ပါတယ်။

ကျွန်တော်တို့ တ_ပ်ရင်းအနေဖြင့် ဘာကြောင့် ဒီကောင်လိုအပ်တာလဲဆိုရင် ‘RPG 7’’ ခေါ် "တုတ်ကြီး"ရဲ့ အရေးပါမှုက စခန်းသိမ်းတာ ၊ရန်သူ့ဘန်ကာဖြိုဖျက်တာ ၊ 6တာ်လှန်ရေးရဲဘော်များ ရှေ့တိုး/တက် နောက်ဆုတ်လုပ်ရာတွင် ရန်သူကို ဖိအားအတော်လေးကိုပေးနိုင်တဲ့ လ-က်နက်ဖြစ်လို့ ဒီကမ်ပိန်းလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။

PROJECT RPG ကမ်ပိန်း Target- ကျပ်သိန်း (500) သတ်မှတ်ထားပါတယ်။

ကမ်ပိန်းကာလကတော့ ၁၃.၈.၂၀၂၅ မှ ၁၃.၉.၂၀၂၅အထိ ကမ်ပိန်းခေါ်ယူသွားမှာဖြစ်ပါတယ်ဗျ။

ဒီကမ်ပိန်းကို
ကျွန်တော်တို့ရဲ့ မဟူရာရွှေဘိုသား page ၊
Diary Of Command page ၊ တို့မှ
ထူးခြားစွာ ပူးတွဲပြုလုပ်မည့် ပထမဆုံးကမ်ပိန်းလည်းဖြစ်ပါတယ်။

ပြည်တွင်းပြည်ပရှိ မိဘပြည်သူများ၏ 6တာ်လှန်လိုစိတ် တွန်းလှန်လိုစိတ်ကြောင့် ဒီကမ်ပိန်းလေးဟာတားဂတ်ပြည့်မှီမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။

မိဘပြည်သူများ၏ အားနဲ့ ကျွန်တော်တို့ဒေသ ကျွန်တော်တို့တ-ပ်ရင်းအတွက် လိုအပ်နေတဲ့
RPG ဒီပစ္စည်းလေးကို ဝိုင်းဝန်းအားဖြည့်ပေးကြဖို့ တောင်းဆိုပါတယ်။
🙏🙏🙏💪💪💪

PROJECT RPG ကမ်ပိန်းကို အားဖြည့်ပါဝင်ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ page cb မှာ မိမိတို့အဆင်ပြေရာ payment များကို လာရောက်တောင်းယူ ပါဝင်နိုင်ပါပြီ။
Kpay , wave pay, NUG pay,
SDB acc များအပြင်
Singapore Pay now account, Thai bank account
များဖြင့် ပါဝင်ပေးလို့ရပါတယ်ခင်ဗျာ။


#မဟူရာရွှေဘိုသား

#ရွှေဘို
#ရန်သူ့ဘန်ကာဖြိုဖျက်ဖို့RPG_projectမှာပါဝင်စို့

ဒါလေး ကူပေးကြပါအုံးခင်ဗျာ .... ကျတော့ဆီလာကူလဲရသလို  33 Society ကိုတိုက်ရိုက်သွားကူလဲရပါတယ်လို့ ...ပါဝင်ပေးကြပါအုံး
19/07/2025

ဒါလေး ကူပေးကြပါအုံးခင်ဗျာ .... ကျတော့ဆီလာကူလဲရသလို 33 Society ကိုတိုက်ရိုက်သွားကူလဲရပါတယ်လို့ ...
ပါဝင်ပေးကြပါအုံး

🚨 " စစ်ဘေးသင့် ပြည်သူ (၈၀၀) ကျော် အခြေခံစားနပ်ရိက္ခာထောက်ပံ့မှုများ လိုအပ်လျှက်ရှိ " 🚨

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီးတ၀ိုက်တွင် စစ်ကောင်စီ၏ ပစ်မှတ်ထားခံခဲ့ရသော ပြည်သူဦးရေ (၈၀၀) ကျော်၊ အိမ်ထောင်စု (၂၅၀) ခန့် စစ်‌‌ဘေးဒုက္ခဒဏ်ကို ခံစားနေကြရပါသည်။

အဆိုပါ စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကာကွယ်ကယ်ဆယ်ရေး၊ အခြေခံစားနပ်ရိက္ခာနှင့် ဆေးဝါး အရေးပေါ် အကူအညီ များစွာ လိုအပ်လျှက်ရှိသောကြောင့် "33 Society" မြေပြင်ရဲဘော်များမှလည်း အရေးပေါ် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းစဉ်များကို အချိန်နဲ့ တပြေးညီ ဆောင်ရွက်ပေးလျှက်ရှိပါသည်။

တော်လှန်မိဘပြည်သူများထံမှ အကူအညီများလည်း လိုအပ်နေသောကြောင့် အရေးပေါ်အကူအညီများ ပေးနိုင်ရန် Page Messenger မှတဆင့် (သို့) 33 Society ၏ Network Agent များမှတဆင့် လာရောက်ဆက်သွယ်ပေးရန် တိုက်တွန်းလိုပါသည်။

03/07/2025

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲက ရွာတချို့မှာ Jun လထဲမှာဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စခတွေရဲ့လက်နက်ကြီးဒဏ်၊ ဗုံးကျဲတိုက်ခိုက်မှုဒဏ်တွေကို ရှောင်ရှားနေရတဲ့ စစ်ဘေးရှောင်ပြည်သူအများအပြားရှိနေပါတယ်။ သူတို့အတွက် နေထိုင်စရာ၊အစားအစာနဲ့ဆေးဝါးအကူအညီတွေ အများကြီးလိုအပ်နေတာရှိပါတယ်။ ဒါလေးကို အားဖြည့်ကူညီဖို့အတွက် အားလုံးပဲ ပါဝင်ပေးကြဖို့ဖိတ်ခေါ်ပါတယ်၊ ကိုယ်အဆင်ပြေတဲ့ပမာဏနဲ့ ကျွန်တော့်ဆီမှာ လာကူလို့ရပါတယ်။

ကူကြပါအုံး
05/06/2025

ကူကြပါအုံး

" ကလေးများအတွက် ကမ်းလင့်လက် "

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ စစ်ဘေးရှောင်နှင့် စစ်ဘေးသင့်ပြည်သူလူထုထဲမှာ ကလေးငယ်ပေါင်းများစွာလည်း ပါ၀င်ပါတယ်။ ကြားကာလ ပညာရေး ကျောင်းပေါင်း (၁၅) ကျောင်းခန့်ရှိပြီး ကျောင်းသား/ သူ ဦးရေ (၅၀၀) ကျော် ရှိတာပဲ ဖြစ်ပါတယ်။

ဝေးလံခေါင်သီတဲ့ တောင်ပေါ်ကျေးလက်ဒေသက ကလေးတွေ မည်သည့်ကာလမှာမဆို ပညာသင်ကြားနိုင်ရန်အတွက် ကျနော်တို့ရဲ့ ကလေးများကို ပညာရေးစရိတ်ထောက်ပံ့ပေးခြင်းဖြင့် မွေးစားပေးစေလိုပါတယ်။

ကလေးလေးတွေက သူတို့အတွက် ၂၀၂၅ - ၂၀၂၆ ခုနှစ် ကျောင်းစရိတ်အား ထောက်ပံ့ပေးမယ့် မွေးစားမိဘများ လိုအပ်နေပါတယ်။ ကလေးတစ်ဦးကို မွေးစားမယ်ဆိုရင် ပညာသင်စရိတ် (၁) နှစ်စာ မြန်မာငွေကျပ် (၈၀,၀၀၀) ကျပ် ကူညီထောက်ပံ့ပေးခြင်းဖြင့် မွေးစားနိုင်ပြီး မိမိတတ်နိုင်သလောက် ခပ်များများ မွေးစားလို့လည်း ရပါတယ်။ မွေးစားမိဘများအတွက် တစ်ဘ၀စာလုံး အမှတ်တရဖြစ်စေမယ့် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာကို ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်။

အမျိုးသမီးအခွင့်အရေးနဲ့ တရားမျှတမှု့အတွက်  Five Fingers မှ နစ်နာသူအမျိုးသမီးဘက်မှရပ်တည်ပီး ယခုလိုအာဏာရှင်ဆန်တဲ့လုပ်ရပ်မျ...
27/03/2025

အမျိုးသမီးအခွင့်အရေးနဲ့ တရားမျှတမှု့အတွက် Five Fingers မှ နစ်နာသူအမျိုးသမီးဘက်မှရပ်တည်ပီး ယခုလိုအာဏာရှင်ဆန်တဲ့လုပ်ရပ်မျိုးကိုရှုံ့ချပါသည်။

မနေ့ကတည်းကလာပြောထားတာ.... ဒီအဖွဲ့က ရှေ့တန်းမှာတောက်လျှောက်အလုပ်လုပ်တဲ့အဖွဲ့ပါပဲ.... တခါတရံတော့ ရိက္ခာပြတ်တဲ့ပြသနာကြုံတယ်...
21/03/2025

မနေ့ကတည်းကလာပြောထားတာ.... ဒီအဖွဲ့က ရှေ့တန်းမှာတောက်လျှောက်အလုပ်လုပ်တဲ့အဖွဲ့ပါပဲ.... တခါတရံတော့ ရိက္ခာပြတ်တဲ့ပြသနာကြုံတယ် ....
အဆင်ပြေရင် ကူညီပေးကြပါအုံးဗျ ....

Address

Singapore

Telephone

+959740015542

Website

Alerts

Be the first to know and let us send you an email when Five Fingers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Five Fingers:

Share