08/03/2026
စာအနည်းငယ်ရှည်တယ်
عن عائشة قالت قلت يا رسول الله أرأيت إن علمت أي ليلة ليلة القدر ما أقول فيها قال قولي اللهم إنك عفو تحب العفو فاعف عني
ဟဇရသ်အိုင်ရှာ ( رضي الله عنها)က
'ယာ ရစူလလ္လာဟ် အကယ်၍ကျွန်တော်မျိုးမသည် ကဒရ်ညကို သိခဲ့ပါလျှင် မည်သည့် ဒိုအာတောင်းရပါမည်နည်း'ဟု လျှောက်ထားမေးမြန်းခဲ့ရာ တမန်တော်မြတ်(صلى الله عليه وسلم) က
اللهُمَّ إِنَّكَ عَفُوٌّ تُحِبُّ الْعَفْوَ فَاعْفُ عَنِِّى
(အလ္လာဟွမ္မ၊ အင်န္နက အဖု၀န်၊ သုဟစ်ဗ်ဗူလ်
အဖ်ဝ၊ ဖအ်ဖု အန္နီ)
ဟူသော ဒိုအာကိုတောင်းရန် ပြသတော်မူခဲ့၏။ ဒိုအာ၏အဓိပ္ပာယ်မှာ ဤသို့ဖြစ်၏။
“ယာ အလ္လာဟ်၊ အရှင်မြတ်သည် ဧကန်မလွဲ အလွန်တစ်ရာ ခွင့်လွတ်တော်မူသော အရှင်ဖြစ်ပါသည်။ ခွင့်လွတ်ခြင်းကိုလည်း နှစ်သက်တော်မူပါသည်။ သို့ပါ၍ အရှင်မြတ်သည် ကျွန်တော်မျိုး အား ခွင့်လွတ်တော်မူပါ။'
( #သိရ်မေဇီ)
ရှင်းလင်းချက်။
ဤဒိုအာမှာ အလွန်ပြည့်စုံသောဒိုအာဖြစ်၏။ အလ္လာဟ် ရှင် သည် မိမိ၏ သနားကရုဏာတော်အားဖြင့် အာခိရသ်ရေးရာတောင်းဆိုမှုများကို ခွင့်လွှတ်တော်မူပါလျှင် ထို့ထက်ကောင်းမွန်သောကိစ္စဟူ၍ ရှိပါဦးမည်လား။
ဟဇရသ်အလီ(ရသွီ)သခင် မိန့်သည်မှာ အကြင်သူသည် ကဒရ်ညတွင် အိယှာနမာဇ်ပြီးသည့်နောက် စူရဟ်ကဒရ် (၇)ကြိမ် ရွတ်ဖတ်ခဲ့သည်ရှိသော် အလ္လာဟ်အရှင်မြတ် သည် ထိုသူအား ဘေးဘလာအပေါင်းမှ လွတ်မြောက်စေအံ့။ ထို့အပြင် ဖရစ်ရှ်တာပေါင်း
( #ခုနှစ်သောင်း) တို့သည် ထိုသူအား ဂျန္နသ်ရရှိစေရန် ဆုပန်တော် မူလေသည်။
(စူရဟ်ကဒရ်,,,
بِسْمِ ٱللَّهِ ٱلرَّحْمَٰنِ ٱلرَّحِيمِ
إِنَّا أَنزَلْنَاهُ فِي لَيْلَةِ الْقَدْرِ وَمَا أَدْرَاكَ مَا لَيْلَةُ الْقَدْرِ
لَيْلَةُ الْقَدْرِ خَيْرٌ مِِّنْ أَلْفِ شَهْرٍ
تَنَزَّلُ الْمَلَائِكَةُ وَالرُّوحُ فِيهَا بِإِذْنِ رَبِّهِم مِِّن كُلِِّ أَمْرٍ
سَلَامٌ هِيَ حَتَّىٰ مَطْلَعِ الْفَجْرِ
( #နဇ်ဟသွလ်မဂျာလစ်စ်)
အကြင်သူ တစ်ဦးတစ်ယောက်သည် ကဒရ်ညတွင် တိကျမှန်ကန်သော စိတ်နေစိတ်ထားခြင့် ကလေမဟ် သောင်ဟီဒ်ကို သုံးကြိမ် ဖတ်လျှင် အလ္လာဟ် အရှင် မြတ်သည် ပထမအကြိမ် ရွတ်ဆိုမှုတွင် ၎င်း၏ ဂိုနာဟ်များကို ပလပ်စေ၏။ ဒုတိယအကြိမ် ရွတ်ဆို မှုတွင် ၎င်းအား ဂျဟန္နမ် ငရဲမီးဘေးမှ လွတ်မြောက် စေ၏။ တတိယအကြိမ် ရွတ်ဆိုမှုတွင် ၎င်းသူသည် ဂျန္နသ်ထိုက်သူ ဖြစ်သွားလေတော့သည်။
لَا إِلَهَ إِلَّا اللهُ وَحْدَهُ لَا شَرِيكَ لَهُ، لَهُ الْمُلْكُ وَلَهُ الْحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ
( #နဇ်ဟသွလ်မဂျာလစ်စ်)
ဟဇရသ်အစ်ဗ်နူအဗ္ဗားဆ်သခင်မှတစ်ဆင့် တမန်တော် မြတ်(ဆွ)၏ သြဝါဒတော်တစ်ပါး လာရှိပေသည်။ အကြင် သူသည် ထိုညတွင် အောက်ပါနည်းအတိုင်း နဖိလ် နှစ်ရကအသ်ဖတ်ခဲ့မူ ထိုသူစလာမ်လှည့်၍ မုစွလ္လာ အခင်းပေါ်မှ မထသေးမီအလျင် အရှင်မြတ်သည် ထိုသူနှင့် ထိုသူ၏ မိဘနှစ်ပါး၏ ပြစ်မှုများကို ခွင့်လွှတ်တော်မူပေအံ့။ ၎င်းဖတ်နည်းမှာ နဖိလ်နှစ် ရကအသ်၏ နိယသ်ကိုပြု၍ ပထမနှင့် ဒုတိယရကသ် တိုင်း၌ စူရဟ်ဖာသေ့ဟာ တစ်ကြိမ်ကိုဖတ်ပြီး( #စူရဟ်အစ်ခ်လာစ် )ခုနစ်ကြိမ်ကျစီဖတ်၍ စလာမ်လှည့်ပါ။ ထို့နောက်
( #အပ်စ်သပ်ဂ်ဖိရွလ္လာဟ်ဟဝအသူဗုအေလိုင်း) (ဟ်)ကို ထိုအခင်း၌ပင် ထိုင်လျက် အခေါက်ပေါင်း #ခုနစ်ဆယ်ဖတ်ရမည်။
( #ဒွရ်ရသွန်းနားဆွေဟီန်)
ဟဇရသ် အနတ်စ် (ရသွီ) က ဆင့်ပြန်ခဲ့သည်။
ရစူလွလ္လာဟ် (ဆွ) မိန့်ကြားတော်မူသည်မှာ “ကဒရ်ည၌ ဟဇရသ် ဂျစ်ဗ်ရီးလ် (အလိုင်း) သည် မလာအိကဟ်များ၏ အုပ်စုနှင့်အတူဆင်းလာပြီး
အကြင်သူသည် ရပ်၍ဖြစ်စေ၊မတ်တပ်ရပ်၍ဖြစ်စေ ဇေကိရ် အခြားအေဗာရသ်ပြုနေသူများအတွက် ရဟ်မသ်တော်ရရှိရန် ဒိုအာဆုမွန်ပြုကြသည်”။
ထို့နောက် အီဒွလ် ဖစ်သိရ် နေ့ ကျရောက်သောအခါ အလ္လာဟ် ရှင်သည် မလာအိကဟ်တို့ရှေ့ဝယ် မိမိဗနွဟ်များ၏ဝတ်ပြုမှုကိုအကြောင်းပြု၍ ဂုဏ်ယူတော်မူလျက် (အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် လူသားကိုဖန်ဆင်းခြင်း အပေါ် စောဒက တက်ခဲ့ကြ၏) 'အို မလာအိကဟ်အပေါင်းတို့၊ မိမိတာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်ခဲ့သော အလုပ်သမားအား မည်သို့အစားပေးရပါမည်နည်း”ဟု မေးမြန်းတော်မူရာ ၄င်းတို့က “အို ကျွန်တော်မျိုးတို့၏အရှင်၊ ထိုသူ၏လုပ်ခကို အပြည့်အဝပေးဆပ်ခြင်း သည်သာလျှင် ယင်းအားအစားပေးခြင်းဖြစ်ပါသည်' ဟု လျှောက်ထားကြသည်။ ထိုအခါ အလ္လာဟ် ရှင်က ငါအရှင်မြတ်၏ မလာအိကဟ်အပေါင်းတို့၊ ငါအရှင်မြတ်၏ ဗန္နဟ်၊ ဗန္ဒီတို့သည် ယင်းတို့အပေါ်၌ရှိနေသော ငါအရှင်မြတ်၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ကြလေပြီ။
ထို့နောက် ဆုမွန်ဒိုအာတောင်းဆိုလျက် (အီဒ်ဂါဟ်) သို့ ထွက်ခဲ့ကြလေပြီ။ ငါအရှင်မြတ်၏ ဂုဏ်သိက္ခာ၏ကစမ်၊ ငါအရှင်မြတ်၏ တန်ခိုးတော်၏ ကစမ်၊ ငါအရှင်မြတ်၏ ရက်ရောစွာပေးကမ်းစွန့်ကြဲမှု၏ကစမ်၊ ငါအရှင်မြတ်၏ မြင့်မြတ်မှု၏ကစမ်၊ ငါအရှင်မြတ်၏ ဂုဏ်အင်မြင့်မားမှု၏ကစမ်၊ ငါအရှင်သည် ယင်းတို့၏ ဆုမွန်ဒိုအာကို ဧကန်မလွဲလက်ခံတော်မူမည်ဖြစ်သည်။
ထို့နောက် (လူသားတို့အား) သင်တို့ပြန်ကြကုန်လော့။ ငါအရှင်သည် သင်တို့၏မကောင်းမှုဂိုနာဟ်တို့ကို ခွင့်လွှတ်တော် မူခဲ့လေပြီ။ သင်တို့၏ မကောင်းမှုဂိုနာဟ်တို့ကို ကောင်းမှုများဖြင့် အစားထိုးလဲလှယ်၍ ပေးတော်မူခဲ့လေပြီ'ဟုမိန့်ကြားတော်မူ၏။ သို့ဖြစ်ပေရာ ၄င်းတို့သည် ခွင့်လွတ်ခြင်း ခံရသော အခြေအနေမျိုးနှင့် အီဒ်ဂါဟ်ကွင်းပြင်မှပြန်ကြကုန်၏။
ရှင်းလင်းချက်။
ဟဇရသ် ဂျစ်ဗ်ရီးလ် (အ) သည် မလာအိကဟ်များနှင့် အတူဆင်းသက်ခြင်းကို အထက်ဖော်ပြခဲ့သည့်အတိုင်း ကုရ်အာန်ကျမ်းမြတ်တွင်လည်းလာရှိ၏။ မြောက်မြားစွာသော ဟဒီးဆ်တော်များတွင်လည်း ဤသည်ကို အတိအလင်းမိန့်ကြားထား၏။
#ခိုက်ရန်ဖြစ်ပွါးမှုကြောင့်ကဒရ်ညအသိပေးမှု
ရုပ်သိမ်းခံရခြင်း
ရစူလွလ္လာဟ် (ဆွ) သည် ကျွန်ုပ်တို့အား ကဒရ်ည၏သတင်းကို မိန့်ကြားတော်မူရန် အပြင်သို့ထွက်တော်မူခဲ့ရာ မွတ်စ်လင်မ်နှစ်ဦးတို့မှာ ခိုက်ရန် ဖြစ်ပွားနေကြလေ၏။ ရစူလွလ္လာဟ် (ဆွ) က ငါကိုယ်တော်မြတ် ဆွ သည် အသင်တို့အား ကဒရ်ညနှင့်စပ်လျဉ်း၍ သတင်းပေးတော်မူရန် လာခဲ့တော်မူသော်လည်း မည်သူမည်ဝါတို့နှစ်ဦးမှာ ခိုက်ရန်ဖြစ်ပွားနေကြသောကြောင့် ကဒရ်ည၏သတ်မှတ်ချက်မှာ ရုပ်သိမ်းခြင်းခံရလေပြီ။
ဤသည်လည်း အသင်တို့အဖို့ အလ္လာဟ်ရှင် ထံတော်မှ အကောင်းဖြစ်နိုင်ရာ၏။ သို့ဖြစ်ရာ ယခုမူ ထိုညကို ၉ ရက်မြောက်၊ ၇ ရက်မြောက်၊ ၅ ရက်မြောက် မည များတွင် ရှာဖွေကြလော့'ဟု မိန့်ကြားတော်မူ၏။
ရှင်းလင်းချက်။
ဤဟဒီးဆ်တော်တွင် အချက်သုံးချက်စဉ်းစားသင့်၏။
ပထမဆုံးနှင့် အရေးကြီးဆုံးသောအချက်မှာ ခိုက်ရန်ဖြစ်ပွားခြင်းသည် အဘယ်မျှလောက်ဆိုးရွားသည်ဆိုလျှင် ယင်းကြောင့် ကဒရ်ညသတ်မှတ်ပေးမှုကို ထာဝစဉ်ရုပ်သိမ်းခြင်းခံလိုက်ရ၏။ အမှန်စင်စစ်သော်ကား ခိုက်ရန်ဖြစ်ပွားခြင်းမှာ ဗရ်ကသ်မင်္ဂလာများ လက်လွတ်စေသောအကြောင်းဖြစ်သည်။
ရစူလွလ္လာဟ် (ဆွ ) က `သင်တို့အား နမာဇ်၊ ရိုဇဟ်နှင့် ဆွဒကဟ် စသည် တို့ထက်မြတ်သောကိစ္စကို ညွှန်ပြရမည်လား'ဟု မိန့်ကြားတော်မူလေရာ၊ ဆွဟာဗာ် များက မုချမိန့်ကြားတော်မူပါ”ဟု လျှောက်ထားကြ၏။ ကိုယ်တော်က “အချင်းချင်းသင့်မြတ်စွာ ဆက်ဆံခြင်းသည် အထူးမြတ်ဆုံးဖြစ်သည်။ အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်းသည် ဒီးန် သာသနာတော်ကို ပြောင်တလင်းလုပ်ပစ်သကဲ့သို့ဖြစ်သည်' ဟု မိန့်ကြားတော်မူ၏။ သဘောမှာ သင်တုံးဓားဖြင့် ဦးခေါင်းမှဆံပင်များကိုရိတ်ပစ်သောအခါ ပြောင်တလင်းဖြစ်သွားစေသကဲ့သို့ အချင်းချင်းရန်ဖြစ်သောကြောင့် ဒီးန် သာသနာတော်မှာလည်း ပြောင်တလင်းဖြစ်သွားသည် ဟူသောသဘောပင်ဖြစ်သည်။
ဒီအကြောင်းကတော့အကျယ်ရှိပါတယ်
အတိုချုံးပြီးရေးထားတာပါ
( #ဖဇာအေလေအအ်မာလ်ကျမ်း)
လူတယောက် ကဒရ်ညတညအေဗာရသ်
လုပ်ရင် လပေါင်းတထောင်ရဲ့ စဝါးဗ်ရမယ်
လပေါင်းတထောင်မှာ ရှစ်ဆယ်သုံးနှစ်နှင့် လေးလ
မျှဖြစ်သည်။
ထိုညတွက် ကျမ်းတော်မြတ်ကုရ်အာန်
စတင်ကျရောက်ခြင်း
ကောင်းကင်တမန်များဆင်းတက်တော်မူခြင်း
လပေါင်းတထောင်ထက်သာမြတ်ခြင်း
နံနက်အာရုဏ်ဦးအချိန်ထိ ကောင်းမှုမင်္ဂလာများ
အဆက်မပြတ်ခညောင်းခြင်းဖြစ်သည်။
✍️✍️
8/3/2026🕔🕔