18/09/2026
မလေးရှားမြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့အစည်း COBEM ကနေ ဦးဆောင်ပြီး ကေအဲလ် ဒန်၀န်ဂီ ဒုတိယ ရဲချုပ်နဲ့ ယနေ့ မြန်မာဒုက္ခသည်များနဲ့ လူထုတွေ့ဆုံပွဲအသေးတခု ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ အဓိက ပြောဆိုသွားတဲ့အရာတွေကို ခြုံငုံကောက်နုတ်ပြီးပြောရရင် ---
1⃣ မလေးရှားမှာနေတဲ့ မြန်မာဒုက္ခသည်တွေအနေဖြင့် မလေးရှားက ဥပဒေတွေကို နားလည်ဖို့၊ လိုက်နာဖို့၊ မဆူညံဖို့၊ သန့်သန့်ရှင်းရှင်းနေဖို့ရန်နဲ့ ဥပဒေတွေကိုဆန့်ကျင်တဲ့ပြစ်မှုတွေ မလုပ်ဖို့ရန်ဖြစ်တယ်။
ဥပမာ-
မိမိတစ်ယောက်ကြောင့် အများပြည်သူအားလုံးနာမည်ပျက်အောင်မလုပ်ဖို့၊ ယာဉ်မောင်းလိုင်စင်မရှိပဲ ယာဉ် မောင်းခြင်းမလုပ်ဖို့၊ ဒေသခံတွေ မနှစ်မြို့ဖွယ်ဖြစ်အောင်မနေဖို့၊ ရန်မဖြစ်ဖို့။
အိမ်မွေးတိရိစ္ဆာန်များ အထူးသဖြင့် ၀က်၊ ခွေး၊ ကြောင်များကို မွေးထားရင် အနီးအနားပတ်၀န်းကျင်တွေအတွက် အဆင်မပြေဖြစ်စေမည့် အရာများကို ကြိုးစားရှောင်ကြဥ်ကြဖို့ ပြောကြားခဲ့ပါတယ်။ အရက်သေစာသောက်တတ်သူများ လမ်းမှာ မူးရစ်ပြီး မနေဖို့ လည်း ပြောကြားခဲ့ပါတယ်။ အပြင်လမ်းမပေါ်မှာ သောက်စာတာမျိုး၊ ပြည်သူများအပန်းဖြေတဲ့နေရာတွေမှာ သောက်စားတာမျိုးရှောင်ကြဉ်ရန်။
2⃣မလေးစကားပြောတတ်အောင် လုပ်ရင် အစစအရာရာ ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။ ဒါကြောင့် မလေးစကား လုံး၀ ပြောတတ်အောင် လေ့လာထားဖို့ တိုက်တွန်းထားပါတယ်။
3⃣ရဲဆိုတာ ကြောက်ဖို့မဟုတ်ပဲ အကူအညီပေးဖို့သာဖြစ်ကြောင်း။ မိမိပစ္စည်းခိုးခံရတာမျိုး၊ ဓါးပြတိုက်ခံရတာမျိုး စသည်ဖြင့် ခံရလျင်လည်း လာရောက် တိုင်တန်းမှုများ လုပ်နိုင်ကြောင်းပြောကြားခဲ့ပါတယ်။ တိုင်တန်းတဲ့အခါ မိမိရဲ့ ကွန်မြူနတီ ခေါင်းဆောင်တွေနဲ့ အတူတကွလာဖို့ တိုက်တွန်းထားပါတယ်။
ယူအဲန်ကဒ်မရှိသေးဘူးဆိုရင်လည်း မိမိရဲ့ ခေါင်းဆောင်တွေက တိုင်တန်းပေးလို့ရပါတယ်။ လိမ်လည်ခံရမှု (သို့) မည်သည့်ကိစ္စမဆို မိမိ ရဲစခန်းကို တိုင်ကြားချင်ရင် တိုင်တန်းနိုင်ကြောင်း သို့သော် မဟုတ်မမှန်တဲ့အရာတွေကို မတိုင်တန်းဖို့ ပြောကြားခဲ့ပါတယ်။
KRC info
source crd: Patrick Yaw Htoi