C.H. David Noble

C.H. David Noble He that is not with me is against me; ...
(Matthew 12:30)
ငါ့ဘက်၌မနေသောသူသည်ငါ့ရန်ဘက်ဖြစ်၏။.......။

မန်ယူဂန္တဝင်ကစားသမားလေးဦး မြန်မာနိုင်ငံလာမည်ဧရာဝတီတိုင်းမ်စက်တင်ဘာ ၃ ရက်မြန်မာ့ပရိသတ်အားပေးမှုအများဆုံးဖြစ်သော မန်ချက်စတ...
09/03/2026

မန်ယူဂန္တဝင်ကစားသမားလေးဦး မြန်မာနိုင်ငံလာမည်

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၃ ရက်

မြန်မာ့ပရိသတ်အားပေးမှုအများဆုံးဖြစ်သော မန်ချက်စတာယူနိုက်တတ်အသင်း၏ ဂန္တဝင်ကစားသမား လေးဦး အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။

မန်ယူကစားသမားများဖြစ်သည့် ရွိုင်ယန်ဂစ်၊ အန်ဒါဆန်၊ ဒီမီတာ ဘာဘာတော့ဗ် နှင့် ပတ်ထရစ်အီဗရာတို့ ပါဝင်ပြီး အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အထိ သုံး ရက်အစီအစဉ်ဖြင့်ကျင်းပမည့်တွေ့ဆုံပွဲရှိကြောင်း Legendary Players Meet and Greet လူမှုကွန်ရက်စာမျက်နှာတွင်ယမန်နေ့က ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ Melia Hotel ၌ အောက်တိုဘာ ၃၀ ရက်တွင် မန်ချက်စတာယူနိုက်တတ်မှ ဂန္တဝင်ကစားသမား လေးဦးသည် မြန်မာဘောလုံးအားကစားသမားများအတွက် ဘောလုံး အတွေ့အကြုံမျှဝေမည့်အစီအစဉ်ရှိကြောင်းသိရသည်။

ထို့ပြင် အောက်တိုဘာ ၃၁ ရက်နေ့တွင် မန်ယူကစားသမားများနှင့် ပရိတ်သတ်တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကာ ပွဲဝင်ရောက်ခွင့်လက်မှတ်ဈေးနှုန်းနှင့် တွေ့ဆုံခွင့်လက်မှတ်ဈေးနှုန်းများကို မကြာခင်ထုတ်ပြန်မည်ဖြစ်ကြောင်း စီစဉ်နေသူများထံမှ သိရသည်။

ယင်းပြင်အစီအစဉ်နောက်ဆုံးနေ့ နိုဝင်ဘာ ၁ ရက်၌ အင်းလျားရိပ်သာဟိုတယ်ဝင်းရှိ YCC ခန်းမတွင် မန်ယူကစားသမားလေးဦးက အများပြည်သူပရိသတ်တွေ့ဆုံပွဲလုပ်မည်ဖြစ်၍ အဆိုတော်ဘန်နီဖြိုး၊ ချမ်းမြေ့မောင်ချို၊ လွှမ်းပိုင်၊ Lu Hpring ၊ ထွန်းထွန်း၊ ဝိုင်းစုခိုင်သိန်းနှင့် ရဲလေးတို့သီချင်းဆိုမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် တိုက်ဂါးဘီယာ၏ ပရိုးမိုးရှင်းအစီအစဉ်ဖြင့် မန်ယူဂန္တဝင်နောက်ခံကစားသမား ရီယို ဖာဒီနန် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ဖူးသည်။

မန်ယူကစားသမားဟောင်းများ မြန်မာနိုင်ငံသို့လာမည့် အစီစဉ်နှင့်ပတ်သက်ပြီး ယူကေအခြေစိုက် မန်ချက်စတာဟင်းအိုးကြီးအဖွဲ့က စစ်အုပ်စု၏ ပြည်တွင်းအကြမ်းဖက်သတ်ဖြတ်မှုများအပါဝင် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပျက်နေသည့် အခြေအနေများကို မန်ယူအသင်းထံ ပေးပို့သွားမည်ဟု သိရသည်။

UK ရောက် မြန်မာမောင်နှမများရေ .အရေးကြီးလို့ သွေးစည်းကြဖို့ အချိန်ရောက်လာပါပြီ။ တိုင်းပြည်ကို နေ့စဉ်ဗုံးကြဲ လူသတ် ပြည်သူတွေအားလုံး ငတ်ပြတ်နေချိန်မှာမအလ ရဲ့ အောက်ဆွဲတသိုက် ပြည့်သူ့ ဘဏ္ဍာကို စိတ်ကြိုက်သုံးလို့ အာရုံပြောင်းဖို့ကြိုးစားနေပါပြီ။ ဒါဟာ ဘယ်လိုမှ လက်သင့်မခံနိုင်တာမို့ UK ရောက် Myanmar diaspora များ အနေဖြင့် Man U ရဲ့ fan group များ page များမှာ မိမိတို့တိုင်းပြည်၏ အခြေအနေမှန်ကို ရှင်းပြပြီး ဒီ အစီအစဉ်ကိုရပ်ဆိုင်းပေးဖို့ ယဉ်ကျေးစွာ နိုင်ငံကြီးသားပီသစွာ တောင်းဆိုပေးကြဖို့မေတ္တာရပ်ခံပါရစေ။ Burmese Diaspora in UK အနေနဲ့လည်း တစုတစည်းတည်း လက်မှတ်ထိုးပြီး Manchester United အသင်းကို တောင်းဆိုအကြံပြုလွှာတင်သွင်းမှာဖြစ်ပါတယ် ဟု မန်ချက်စတာဟင်းအိုးကြီးအဖွဲ့က နှိုးဆော်ထားသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
#မန်ယူကစားသမားလေးဦး #မြန်မာနိုင်ငံလာမည် #ရန်ကုန်တွင်တွေ့ဆုံပွဲလုပ်မည် #မန်ချက်စတာဟင်းအိုးကြီး

မြန်မာအစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ သဘာဝဘေးဒ-ဏ်သင့်သူများအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်လ...
09/03/2026

မြန်မာအစိုးရက နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသမှ သဘာဝဘေးဒ-ဏ်သင့်သူများအတွက် အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်လှူဒါန်း

သဘာဝဘေးဒ-ဏ်ခံစားနေရသည့် နီပေါနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသတွင်နေထိုင်သူများအတွက် မြန်မာနိုင်ငံတော်အစိုးရက အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် ပဲ(၈)တန်ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရ(ကိုယ်စား )လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးနှင့် တာဝန်ရှိသူများက စက်တင်ဘာ ၂ ရက်တွင် တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ Tribhuvan International Airport (KTM)သို့သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

လူကယ်ပြန် ဒုတိယဝန်ကြီးက ယခုလှူဒါန်းမှုသည် နီပေါပြည်သူများအပေါ် မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုအရ ကူညီထောက်ပံ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်နိုင်မည်ဟုမျှော်လင့်ကာ သဘာဝဘေးသင့်သူများ အမြန်ဆုံးပုံမှန်ဘဝပြန်လည်ရောက်ရှိစေရေး ဆုမွန်ကောင်းတောင်းသည်ဟု ပြောကြားခဲ့သည်။

ထို့အတူ နီပေါနိုင်ငံ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဝန်ကြီးဌာနဝန်ကြီးကလည်း မြန်မာနိုင်ငံတော်အစိုးရနှင့်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပံ့ပိုးပေးမှုအတွက် အထူးကျေးဇူးတင်ပြီး ယင်း ကူညီထောက်ပံ့မှုများကို သဘာဝဘေးသင့်သူများအတွက် ထိရောက်စွာအသုံးပြုသွားမည်ဟု ပြောသည်။

ထို့နောက် နီပေါနိုင်ငံမှ သဘာဝဘေးသင့်သူများ၏ အရေးပေါ်လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရေးနှင့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အမေရိကန်ဒေါ်လာ(၅)သိန်းနှင့် မတ်ပဲ(၅)တန်၊ ကုလားပဲ(၃)တန်တို့ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယူနီဘာစီတီ ကောလိပ် လန်ဒန် (UCL) က ဦးဆောင်ပြုလုပ်သည့် သုတေသနသစ်တခုအရ ရေရှည်ကြုံ တွေ့ရသော ငွေကြေးခက်ခဲ ကျပ်တည်းမှုများသည် ...
09/03/2026

ယူနီဘာစီတီ ကောလိပ် လန်ဒန် (UCL) က ဦးဆောင်ပြုလုပ်သည့် သုတေသနသစ်တခုအရ ရေရှည်ကြုံ တွေ့ရသော ငွေကြေးခက်ခဲ ကျပ်တည်းမှုများသည် အသက်အရွယ်ကြောင့် ဖြစ်ပေါ်တတ်သည့် သိမြင် နားလည်နိုင်စွမ်း ကျဆင်းမှုကို ပိုမိုမြန်ဆန်စေနိုင်ကြောင်း သိရသည်။

Innovation in Aging ဂျာနယ်တွင် ဖော်ပြခဲ့သည့် အဆိုပါ လေ့လာမှုသည် MRC အမျိုးသား ကျန်းမာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာန်းစစ်ချက် (၁၉၄၆ ဗြိတိသျှ လူဦးရေအုပ်စု လေ့လာမှုဟုလည်း သိကြသည်) မှတဆင့် ၎င်းတို့၏ ဘဝသက်တမ်း အများစုတွင် မေးခွန်းလွှာများ ဖြေဆိုခဲ့ကြသည့် ယူကေ နိုင်ငံမှ လူ ၂,၇၅၉ ဦး၏ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ခြင်း ဖြစ်သည်။

သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။


#ငွေကြေး
#ဦးနှောက်
#အိုမင်းရင့်ရော်

---------------------------

ကိုင်ရိုမြို့၌ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံခဲ့သည့် ရှီကျင့်ဖျင်သည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသ...
09/03/2026

ကိုင်ရိုမြို့၌ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာ အယ်လ်စီစီနှင့် တွေ့ဆုံခဲ့သည့် ရှီကျင့်ဖျင်သည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကို သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အလေးပေးပြောကြားခဲ့သည်။

အီဂျစ်နှင့် တရုတ်အစိုးရတို့သည် စူးအက်ဇ်တူးမြောင်းဒေသရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် စက်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ရန် သဘောတူညီချက်အသစ်များ လက်မှတ်ရေးထိုးခဲ့ကြသည်။

သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#တရုတ်သမ္မတ
#ရှီကျင့်ဖျင်
#အီဂျစ်
#စူးအက်ဇ်ဒေသ
#ရင်းနှီးမြှုပ်နှံ

---------------------------

နှစ်တိုင်းနီးပါး ရေကြီးမှုကြုံလာရတဲ့ ပဲခူးမြို့မှာ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက်မြင့်တက်နေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၃ ရက...
09/03/2026

နှစ်တိုင်းနီးပါး ရေကြီးမှုကြုံလာရတဲ့ ပဲခူးမြို့မှာ ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက်မြင့်တက်နေတာကြောင့် ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ ပဲခူးမြို့ က အနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ ရေဆက်ကြီးနေတယ်လို့ ပဲခူးအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့ဝင်တချို့နဲ့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။

ဒါအပြင် ပဲခူးမြို့ထဲ မြစ်ရေတိုးလို့ ရေကြီးမှုစတင်လာပြီဖြစ်လို့ မနေ့ စက်တင်ဘာ ၂ ရက်ကစပြီး စာသင်ကျောင်း ၁၄ ကျောင်း ယာယီပိတ်ထားရပါတယ်။

Facebook

#ဘီဘီစီမြန်မာပိုင်း #ပဲခူး #ရေကြီး #မြန်မာ #ရာသီဥတု

နွံအတွင်း ၃ ရက်ကြာ ပိတ်မိနေခဲ့သည့် ရေအားလျှပ်စစ်  ဥမင်ခေါင်းအတွင်းမှ လူပေါင်း ၂၀၈ ဦးကို နီပေါစစ်တပ် အောင်မြင်စွာ ကယ်ထုတ်...
09/03/2026

နွံအတွင်း ၃ ရက်ကြာ ပိတ်မိနေခဲ့သည့် ရေအားလျှပ်စစ် ဥမင်ခေါင်းအတွင်းမှ လူပေါင်း ၂၀၈ ဦးကို နီပေါစစ်တပ် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့

နီပေါနိုင်ငံတွင် ငလျင်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရွှံ့နွံနှင့် စက်မှုနယ်မြေ ပြိုကျမှုအတွင်း ရေအားလျှပ်စစ် ဥမင်ခေါင်း အတွင်း ပိတ်မိနေသည့် အလုပ်သမား ၂၀၈ ဦးအား နီပေါစစ်တပ်က သြဂုတ်လ ၂၉ ရက်နေ့တွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ပိတ်မိသူများအနက် နိုင်ငံခြားသား ၄၃ ဦး ပါဝင်ပြီး၊ ကျန်ရှိနေသေးသည့် ဥမင် အကောက်များအတွင်း ပိတ်မိနေသူများထံ အောက်ဆီဂျင် ရရှိစေရန် တွင်းတူး စက်များဖြင့် အထက်ပိုင်းမှ အပေါက်ဖောက်၍ လေပေးပို့လျက် ရှိသည်။

၁။ စက္ကန့် ၂၀ သာ အချိန်ရခဲ့သည့် ရွှံ့နွံဘေးဆိုး
ကြောက်မက်ဖွယ် မြန်ဆန်မှု ရေအားလျှပ်စစ် စီမံကိန်းမှ အင်ဂျင်နီယာတစ်ဦး၏ ပြောပြချက်အရ ရွှံ့နွံများ မီတာ ၆ အမြင့် (ပေ ၂၀ နီးပါး) သို့ ရောက်ရှိလာစဉ် လွတ်မြောက်ရန် စက္ကန့် ၂၀ သာ အချိန်ရခဲ့ပြီး တောင်စောင်းများပေါ်တွင် ၄၈ နာရီကျော်ကြာ ပုန်းခိုခဲ့ရသည်ဟု ဆိုသည်။
အပျက်အစီး ပမာဏ ဝန်ထမ်းအိမ်ရာ စခန်းတစ်ခုလုံး အစအနမကျန် စီးဆင်းမျောပါသွားခဲ့ပြီး၊ လက်ရှိအချိန်ထိ လူပေါင်း ၇၀၀ ကျော် သေဆုံးကာ ၂,၄၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

၂။ ဥမင်ခေါင်းအတွင်း ပိတ်မိနေသူများအား ကယ်ဆယ်ရေး
ရေအားလျှပ်စစ် စီမံကိန်း၏ 3A နှင့် 3B စခန်းများရှိဥမင်ခေါင်း များအတွင်း ပိတ်မိနေသူ အလုပ်သမား ၃၀၀ မှ ၄၀၀ ခန့်ရှိနိုင်သေးပြီး အချို့မှာ အဆက်အသွယ် ပြတ်တောက်နေသည်မှာ ၃ ရက်ခန့် ရှိပြီဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကူညီမှု ဟိမဝန္တာ တောင်ကြား ဥဥမင်ခေါင်း ကယ်ဆယ်ရေး အတွေ့အကြုံရှိသော အိန္ဒိယ အထူးကယ်ဆယ်ရေး အဖွဲ့များအပြင်၊ တရုတ်နိုင်ငံမှ ဥမင်ခေါင်း ကျွမ်းကျင်သူ အဖွဲ့များလည်း ဟယ်လီကော့ပတာများဖြင့် အခင်းဖြစ်ပွားရာသို့ ရောက်ရှိကူညီလျက် ရှိသည်။

သဘာဝဘေးအန္တရာယ် ပြင်းထန်လွန်းသဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်နိုင်ရန် နိုင်ငံတကာ အကူအညီများဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်နေကြပါသည်။
#သဘာဝဘေးအန္တရာယ် #နီပေါ #ကယ်ဆယ်ရေး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အရပ်၀တ် ၀တျထားတဲ့စဈသားပုံစံ အသွင်ယူပြီး လူငယ် ၂ ဦးကို တာဝန်အရ မေးမြန်းဖို့ဆိ...
09/01/2026

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အရပ်၀တ် ၀တျထားတဲ့စဈသားပုံစံ အသွင်ယူပြီး လူငယ် ၂ ဦးကို တာဝန်အရ မေးမြန်းဖို့ဆိုကာ ဖမ်းဆီးခဲ့တဲ့အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံရဲတပ်ဖွဲ့နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

ဒီလူ ၃ ဦးလိုက်လာတဲ့ကားကို ရဲက စစ်ဆေးရာကနေ လက်ထိပ်ခတ်ခံထားရတဲ့လူငယ် ၂ ဦးကိုလည်း ကားနောက်ဖုံးထဲမှာ ရဲက တွေ့ခဲ့လို့ ဖမ်းဆီးမှုထွက်ပေါ်လာတာဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/crp3kjpvjjzqt

#ဘီဘီစီမြန်မာပိုင်း #တာချီလိတ် #လူငယ် #ဘီဘီစီမြန်မာပိုင်း

တရုတ်ထိန်းချုပ် တိဗက်အခြမ်းက ရေကြီးမှုအခြေအနေ သိဖို့ ဘာကြောင့်ခက်ခဲ၁၉၅၀ ပြည့်နှစ်တွေမှာ တရုတ်လက်အောက်ရောက်ခဲ့တဲ့ တိဗက်ဟာ...
09/01/2026

တရုတ်ထိန်းချုပ် တိဗက်အခြမ်းက ရေကြီးမှုအခြေအနေ သိဖို့ ဘာကြောင့်ခက်ခဲ

၁၉၅၀ ပြည့်နှစ်တွေမှာ တရုတ်လက်အောက်ရောက်ခဲ့တဲ့ တိဗက်ဟာ တရုတ်နိုင်ငံထဲ တင်းကျပ်ထိန်းချုပ်မှုခံရတဲ့ဒေသတွေထဲက တစ်ခုဖြစ်ပါတယ်။

တိဗက်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရဖို့ တောင်းနေတာ ကြာပါပြီ။ ဆန္ဒပြပွဲတွေလို လှုပ်လှုပ် လှုပ်လှုပ်ဖြစ်တာမျိုးကိုလည်း ဘေကျင်းက စိုးရိမ်လို့ တိဗက်ကို စောင့်ကြည့်မှု တင်းကျပ်ပါတယ်။

ဒါကြောင့်လည်း အခုတစ်ကြိမ် နီပေါနယ်စပ်နဲ့ကပ်လျက်မှာဖြစ်တဲ့ တိဗက်က ရေဘေးမှာ အမိန့်တွေအားလုံးဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီကနေ တိုက်ရိုက်ဆင်းသက်တာ၊ ၀နျကွီးခြုပျ လီကျန်းကိုယ်တိုင် နယ်မြေဆင်းကြည့်တာမျိုးတွေ လုပ်ခဲ့တာပါ။

တရုတ်မှာ နယ်စပ်က ရေဘေးကို ပြည်တွင်းမှာ ဘယ်လိုဆင်ဆာဖြတ်ထားလဲ။
ဓာတ်ပုံ - Getty/Reuters
အပြည့်အစုံ ဖတ်ရှုရန် - https://www.bbc.com/burmese/articles/cddv6ny7dgzo

#ဘီဘီစီမြန်မာပိုင်း #နီပေါ #တိဗက် #ရေကြီးမှု

နေ့ရက်တိုင်း မင်းကိုလွမ်းတယ်။မရိုးနိုင်တဲ့အချစ်နဲ့ပေါ့။
09/01/2026

နေ့ရက်တိုင်း မင်းကိုလွမ်းတယ်။
မရိုးနိုင်တဲ့အချစ်နဲ့ပေါ့။

Ro Min Rel Sak Ang Che မီဇိုရမ်ပြည်နယ်သီချင်း နှင့် မီဇိုစာဆိုတော်ကြီး Rokungaကိုဇံ(ချင်းတောင်)မီဇို အမျိုးသားတွေက သက္ကရ...
09/01/2026

Ro Min Rel Sak Ang Che မီဇိုရမ်ပြည်နယ်သီချင်း နှင့် မီဇိုစာဆိုတော်ကြီး Rokunga

ကိုဇံ(ချင်းတောင်)

မီဇို အမျိုးသားတွေက သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ ရာစုနှစ်ရဲ့ စာဆိုတော်ကြီး (Poet of the Century) ဘွဲ့နဲ့ ဂုဏ်ပြုကြတဲ့ Pu Rokunga စပ္ဆိုထားတဲ့ Ro Min Rel Sak Ang Che သီချင်းကို မီဇိုရမ်ပြည်နယ် သီချင်း အဖြစ် ဩဂုတ္လ ၂၇ နေ့မှာ ကျင်းပတဲ့ မီဇိုရမ် ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူ မရွိ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

သီးချင်းကို မီဇိုရမ်ပြည်နယ် သီချင်း အဖြစ် အဆိုပြုသူ ကေတာ့ ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ဖြစ်ပြီး ပြည်နယ် အတွင်းရှိ စာသင်ကျောင်း အားလုံးမွာ ၂၀၂၂ ခုနှစ် က စပြီး သီဆိုခဲ့ကြပြီ ဖြစ်သော်လည်း တရား ဥပေဒ အရ တရားဝင် အတည်ပြုခြင်း မရှိသေးတာကြောင့် အခုလို လွှတ်တော် ကေန အတည်ပြုချက် ရယူတာ ဖြစ်တယ်လို့လည်း ဒေသမီဒီယာများက ဖော်ပြထားပါတယ်။

ပြည်နယ် အစိုးရ အဖွဲ့ကတော့ Ro Min Rel Sak Ang Che သီချင်းကို ပြည်နယ်သီချင်း အဖြစ် အတည်ပြရန် ဩဂုတ္လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး တရားဝင် အတည်ပြုနိုင်ဖို့ အတွက် လွှတ်တော်မှာ အဆိုတင်သွင်းပြီး ဥပေဒ နှင့် လုပ်ထုံးလုပ်နည်းများ အရ အဆုံးအဖြတ် ရယူ ခြင်း ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် မွာ စာဆိုတော်ကြီး Rokunga က စပ္ဆိုထားတဲ့ Ro Min Rel Sak Ang Che သီချင်းဟာ ပြည်နယ်ရဲ့ တရားဝင် ပြည်နယ်သီချင်း အဖြစ် ဥပေဒ အရ တရားဝင် အတည်ပြုခြင်း မရှိသေးမီ ကာလကပင် မီဇိုလူမျိုးများ အနေဖြင့် မီဇို အမျိုးသား သီချင်း အဖြစ် သတ်မှတ်ကာ အိန္ဒိယနိုင်ငံ အတွင်းရှိ ပြည်တွင်း တော်လှန်ရေးကို လေကြောင်းဖြင့် ပထမဆုံး တိုက်ခိုက်ခဲ့ရသည် အထိ ပြင်းထန် ခဲ့သော မီဇိုရမ်ပြည် ခွဲထွက်ရေး တော်လှန်ရေး ကာလ ကတည်းက အသုံးပြုခဲ့ပြီ ဖြစ်ကြောင်း သမိုင်း အထောက်အထားများ အရ တွေ့ရှိခဲ့ရ ပါတယ်။

သီချင်းရဲ့ စာသား နှင့် သံစဉ် တခုတည်းကြောင့် ပြည်နယ် သီချင်း ဖြစ်လာခြင်း မဟုတ်ဘဲ စပ္ဆိုသူ စာဆိုတော်ကြီး Rokunga ရဲ့ ဘဝ ဖြတ်သန်းမှု ဇာတ်ကြောင်း၊ ခံယူချက် အယူဝါဒတွေကြောင့်လည်း Ro Min Rel Sak Ang Che သီချင်းဟာ အငြင်းပွားဖွယ် မရွိ ရွေးချယ် အတည်ပြုနိုင်ခြင်း ဖြစ်တယ်လို့ လည်း တချို့ ပုဂ္ဂိုလ်တွေက သုံးသပ္ထားတာ တွေ့ရ ပါတယ်။

စာဆိုတော်ကြီး Rokunga ဟာ ၁၉၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီဇိုရမ် ပြည်နယ်၊ အိုင်ဇောလ်မြို့ရှိ Venghnuai ရပ်ကွက်မှာ မိဘ နှစ်ပါး ဖြစ်တဲ့ Thangluta Vaiphei နှင့် Zaliani တို့မှ မွေးဖွား သန့်စင်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ Zamawii နဲ့ လက်ထပ်ခဲ့ပြီး သား ၅ ယောက်နှင့် သမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။

ဖခင်က နာမည်တွင် Vaiphei ဆိုတဲ့ မျိုးနွယ်စု နာမည်ကို တရားဝင် ထည့်သွင်း အသုံးပြု ခဲ့ပေမယ့် Hmar မျိုးနွယ်စု ဟုတ် မဟုတ္ကို မူ စာဆိုတော်ကြီး Rokunga ဖော်ပြ ပြောဆို ထားခြင်း မပြုခဲ့ပေ။ ထိုကာလတွင် မီဇိုတောင်တန်းများပေါ်ရှိ မျိုးနွယ်စုများ ဟာ Hmar, Vaiphei စသည်ဖြင့် စိတ်ဝမ်း ကွဲပြားနေချိန် ဖြစ်ပြီး မျိုးနွယ်စု နာမ ကိစ္စနှင့် ပတ်သက်ပြီး Rokunga က "ငါတို့ Hmar လား၊ Vaiphei လား ခွဲခြားပြောနေဖို့ မလိုဘူး၊ မီဇို (Mizo) လူမျိုးဖြစ်ရတာနဲ့တင် ဂုဏ်ယူဖို့ လုံလောက်တယ်" လို့ ဖြေကြား ပြောဆိုသွားကာ လူမျိုးစုအားလုံးကို "မီဇို" ဟူသော ကမ္ပည်းတစ်ခုအောက်မှာ စည်းလုံးစေတဲ့ သမိုင်းဝင် စကား အဖြစ် ထင်ကျန် သွားပါတယ်။ သူကိုယ်တိုင် ကလည်း သူ့ရဲ့ နာမည်တွင် မျိုးနွယ်စု နာမည်ကို ထည့်သွင်းထားခြင်း မပြုခဲ့ပေ။

သမိုင်းပညာရှင်များနှင့် စာပေအကဲဖြတ်သူအချို့က အိန္ဒိယအစိုးရထံမှ ခွဲထွက်ရေးအတွက် ၁၉၆၆ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ မီဇိုလူမျိုးများ ရဲ့ လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားလာရခြင်း နောက်ကွယ်မှာ Rokunga ရေးစပ်ထားတဲ့ "Harh la, harh la" (နိုးထကြလော့! နိုးထကြလော့!) ဟူသော ကဗ်ာက လူထုနှင့် လူငယ္မ်ားကို မိမိတို့မြေအား ကာကွယ်ရန် သွေးဆူစေခဲ့တဲ့ အဓိက တွန်းအားဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်နှစ်ခုနီးပါး တောထဲတောင်ထဲမှာ အခက်အခဲ ပေါင်းစုံ ဖြတ်သန်းရတဲ့ မျိုးချစ် တော်လှန်ရေး ရဲဘော်များ အတွက် လက်နက်ကိုင် တော်လှန်ရေးကာလ အတွင်း အစားအသောက်ဟာ ကာယ အတွက် ရိက္ခာတစ်ခုဖြစ်သလို စာဆိုတော်ကြီး Rokunga ရေးစပ်ခဲ့တဲ့ မျိုးချစ်သီချင်းများဟာ စိတ်ဓာတ် အတွက် အားအင်ဖြစ်စေတဲ့ ရိက္ခာ ဖြစ်ပြီး မျိုးချစ်စိတ်ဓာတ် ပျောက်ပျက် မသွားအောင် ထိန်းထားပေးနိုင်ခဲ့တယ် လို့လည်း သုံးသပ် ခဲ့ကြပါတယ်။

စာဆိုတော်ကြီးက သူရဲ့ ကဗ်ာမ်ားကို မိမိတို့၏ အချုပ်အခြာအာဏာနှင့် နယ်မြေကို လာရောက် ကျူးကျော်စော်ကားသော ရန္သူမ်ားကို သွေးမြေကျသည်အထိ တွန်းလှန်ရမည် ဟူသော အဓိပ္ပာယ်များ ပါဝင်တဲ့ ထိမိသော မီဇို စကားလုံးဖြင့် ရေးစပ်ထားကာ တော်လှန်ရေးရဲ့ တရားဝင်မှုကို စာပေဖြင့် ပုံဖော် သွားခဲ့တယ် လို့လည်း ဖော်ပြထားကြတာကိုလည်း တွေ့ရ ပါတယ်။

သုံးသပ်သူ တချို့ကတော့ Laldenga က မီဇိုတော်လှန်ရေးကို လက်နက်ဖြင့် ဦးဆောင်သူ ဖြစ်ပါက Rokunga ဟာ တော်လှန်ရေးကို စာပေနှင့် သီချင်းများဖြင့် မီဇိုလူမျိုးများရဲ့ နှလုံးသားကို သိမ်းပိုက်ကာ လမ်းခင်းပေးခဲ့သူ ဟု သတ်မှတ် ရလိမ့်မည် လို့လည်း ဖော်ပြ ကြပါတယ်။

သီချင်းများ စတင်ရေးစပ်တဲ့ အချိန်မှာတော့ Rokunga ဟာ အသက် ၁၆ နှစ်အရွယ်သာ ရှိခဲ့ပြီး ၁၉၃၄ ခုနှစ် အရောက်မှာတော့ သူ့ရဲ့ သီချင်းများဟာ လူသိများလာခဲ့ပါတယ်။ မျိုးချစ်သီချင်းများ၊ ရိုးရာပွဲတော်သီချင်းများ နှင့် ခရစ္စမတ်သီချင်းများ ရေးစပ်ရာမှာ အထူးထင်ရှားပြီး မီဇိုလူမျိုးများကြားတွင် သူ့ရဲ့ မျိုးချစ်သီချင်းများမှာ ယနေ့တိုင် အျမတ္နိုးဆုံး သီချင်းများဖြစ်နေဆဲပင် ဖြစ်ပါတယ်။ သူတသက္တာမွာ ကျော်ကြား လူသိမ်ားတဲ့ သီချင်းပုဒ်ရေ ပေါင်း ၁၂၇ ပုဒ်ကျော် ရေးစပ်ခဲ့ပါတယ်။

စာဆိုတော်ကြီး Rokunga ဟာ မီဇိုစာပေအနုပညာ လောကမှာ အကောင်းဆုံး တေးရေးဆရာများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး သူရဲ့ Kan Zotlang Ram Nuam သီချင်းမှာ အကျော်ကြားဆုံးသီချင်းများထဲမှာ ပါဝင်ခဲ့ ပါတယ်။ စာဆိုကြီး ရေးစပ်ထားတဲ့ Ro Min Rlsak Ang Che, Ka Pianna Zoram Nuam (ချင်းဘာသာစကား အတော်များများ ဖြင့် ဘာသာပြန် သီဆိုကြသည်), Raltiang I Kai Ve Ang, Kan Zotlang Ram Nuam သီချင်းတွေဟာ ယနေ့ ထက္ထိ မီဇိုရမ်ရှိ အမျိုးသားရေး ဆိုင်ရာ အခမ်းအနားတွေမှာ အသုံးပြု သီဆို ကြဆဲ ဖြစ်ပါတယ်။

စာဆိုတော်ကြီးဟာ မီဇိုတော်လှန်ရေး စစ္မီးလွ်ံ ပြင်းထန်တဲ့ ကာလ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၊ အသက် ၅၅ နှစ်အရွယ်တွင် အိုက်ဇောလ်မြို့မှာ ကွယ်လွန်သွားပါတယ်။

မီဇိုလူမျိုးတွေက သက္ကရာဇ် ၂၀၀၀ ပြည့်ခုနှစ် မွာ သူ့ကို ရာစုနှစ်ရဲ့ စာဆိုတော်ကြီး (Poet of the Century) ဟူသောဘွဲ့ နာမနဲ့ ဂုဏ်ပြုခဲ့ပြီး သူ့ရဲ့ ကြေးရုပ်တုကိုလည်း ၂၀၀၈ ခုနှစ်မှာ အိုင်ဇောလ်မြို့ရဲ့ City Park မွာ စိုက္ထူ ထား ကြ ပါတယ်။

၁၉၉၉ ခုနှစ်မှာ စာဆိုတော်ကြီး Rokunga ကို ဂုဏ်ပြုသော အားဖြင့် Rokunga Memorial Society (RMS) ကို တည်ထောင်ကာ မီဇိုရိုးရာကျင့်ဝတ်များကို စောင့်ထိန်းပြီး စံပြဖြစ်သူများအား နှစ်စဉ် Rokunga Award ကို ချီးမြှင့်လေ့ ရှိပါတယ်။ အဆိုပါဆုအတွက် ဆုကြေးငွေ အိန္ဒိယရူပီးငွေ ၅၀,၀၀၀ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုကြေးငွေ အတွက် Vanglaini နေ့စဉ်သတင်းစာမှ ပံ့ပိုးပေးခဲ့ ပါတယ်။ ထို့ပြင် ၂၀၁၆ ခုနှစ် မှာလည်း စာဆိုတော်ကြီးကို ဂုဏ်ပြုသော အားဖြင့် သူ့ရဲ့ မွေးနေ့မှာ Mizo Poetry Society ကို တည်ထောင် ကြပါတယ်။

နှစ်စဉ် နှစ်တိုင်း မီဇို မျိုးချစ် လူငယ် အမ်ားအျပားဟာ စာဆိုတော်ကြီး Rokunga ရဲ့ ဂူဗိမာန္ကို သွားရောက်ခဲ့ပြီး အမျိုးသားရေး ဆိုင်ရာ တိုင်တည်မှုများ ပြုလုပ်ကာ ဂါရဝ ပြုလေ့ရှိတယ် လို့လည်း သိရွိရ ပါတယ်။

စာရေးသူ အနေဖြင့်လည်း Ro Min Rel Sak Ang Che သီချင်းစာသားပါ ဖော်ပြချက်များကိုလည်း စာဖတ် ပရိသတ်များ ဆဝါးမိ နိုင်ဖို့ရန် ရည်ရွယ်၍ မြန်မာလိုဖြင့် ဆီလျော်အောင် အောက်ပါ အတိုင်း ဘာသာပြန်ဆို ပေးထားပါတယ်။

RO MIN REL SAK ANG CHE

ကိုယ်တော်တိုင် လမ်းပြစီမံပါ

Aw nang, kan Lal kan Pathian,
I hming ropui ber se;
I hma a kan lo kun hian,
Kan dil ngaithla ang che.
Kan awmdan tur ngaihtuaha,
Mipui kan inkhawmin,
Finna ropui min pe la,
Ro min rel sak ang che.

အို... ကြှနျုပျတို့၏ အရှင်၊ ဘုရားသခင်၊
ကိုယ်တော်၏ နာမတော်သာ အကြီးမြတ်ဆုံး ဖြစ်ပါစေသား၊
ရှေ့တော်မှောက်ဝယ် ဒူးထောက်ခယ၊ တောင်းလျှောက်ကြသည်...
နားညောင်းတော်မူပါ ဆုတောင်းသံများ။
အနာဂတ္ခရီး ရှေ့ရေးရည်ရွယ်၊ တိုင်ပင်ဆွေးနွေး စုဝေးရာဝယ်၊
မှန်ကန်ဆုံးဖြတ် ဉာဏ်ပညာမြတ်၊ ချပေးသနား တောင်းခံပါ၏...
လမ်းပြစီမံ အုပ်စိုးတော်မူပါ၊ အို... ကိုယ်တော်ဘုရား။
I finna leh theihna leh,
I hruaina lo rengin,
Ropuina leh lalthuthleng,
An ral leh thuai si thin.
Nang erawh chu chatuanin,
Hnam tin tan kulhpui nghet,
Lalber te lalber chuanin,
Ro min rel sak ang che.

ဉာဏ်ပညာနှင့် တန်ခိုးတော်ရှင်၊
လမ်းပြမှုသာ ကင်းကွာလျှင်ကား၊
ရရှိလာသည့် လောကီဂုဏ်နှင့် အာဏာပလ္လင်၊
ယာယီမမြဲ လျင်မြန်ပျောက်ကွယ်...
ကိုယ်တော်သာလျှင် လူမျိုးတကာတို့ ခိုလှုံရာ၊
ဘုရင်တကာတို့၏ ဘုရင်၊
ထာဝရခိုင်ခံ့သည့် ခံတပ်ကြီးပင်...
လမ်းပြစီမံ အုပ်စိုးတော်မူပါ၊ အို... ကိုယ်တော်ဘုရား။

Chuvangin aw kan Pathian,
Hei hi kan dil ber che,
Kan ram kan hnam min hruaia'n,
Nang chauh kan thlang a che.
Chhung lam leh pawn lam hmelma,
Indona thleng mah se,
Hneh zel turin min pui la,
Ro min rel sak ang che.

သို့ဖြစ်ပါ၍ ကိုယ်တော်ဘုရား၊
ကြှနျုပျတို့၏ တိုင်းပြည်နှင့် လူမျိုးများအား၊
ဦးဆောင်လမ်းပြ စောင့်ရှောက်ဖို့ရာ၊
ကိုယ်တော်ကိုသာ ရွေးချယ်ကိုးစား...
ပြည်တွင်းပြည်ပ ရန်စွယ်များကြား၊
အန္တရာယ်ခပ်သိမ်း စစ်မက်ဘေးများ ကြုံလာငြားလည်း၊
အစဉ်အောင်မြင် ကျော်လွှားနိုင်ရန် မစဖို့ရာ...
လမ်းပြစီမံ အုပ်စိုးတော်မူပါ၊ အို... ကိုယ်တော်ဘုရား။

~ ကိုဇံ(ချင်းတောင်)

Address

Yap Seng Yew 5B16, Jalan Mewah 8, Taman Ampang Mewah
Indianapolis, IN
68000

Website

Alerts

Be the first to know and let us send you an email when C.H. David Noble posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to C.H. David Noble:

Shortcuts

Share