19/02/2026
The Border Consortium-TBC ၏ နောက်ဆုံး ထွက်ရှိ သော စာတမ်းတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်များကိုယ်တိုင် ဦးစီးအုပ်ချုပ်သည့် စနစ်ကို လေ့လာသုတေသနပြုလုပ်ထားပါသည်။ သုတေသနတွေ့ရှိချက်မှာ စိတ်ဝင်စားဖွယ်ကောင်းပြီး အကျိုးရှိသောကြောင့် ဝေမျှလိုက်ရပါသည်။
စာတမ်းတွေ့ရှိချက်အရ စစ်ဘေးရှောင်များကို အလှူခံ ဒုက္ခသည်များအဖြစ်သာ မဆက်ဆံဘဲ ကိုယ်ပိုင်အုပ်ချုပ်နိုင်စွမ်းရှိသူများ အဖြစ် ၄င်းတို့၏ စစ်ဘေးရှောင်စခန်းများကို ကိုယ်တိုင်အုပ်ချုပ် လည်ပတ်စေရာ နှစ်ပေါင်း၄၀ ကျော်သည်အထိ ကောင်းမွန်စွာလည်ပတ်နိုင်စွမ်းရှိသည့်အပြင် အခြေတကျဖြစ်စေမှုနှင့် ထိရောက်စွာ အကာအကွယ်ပေးနိုင်မှုတို့ ရှိသည်ကိုလည်း တွေ့ရသည်။ ဤသည်မှာ အလွန်အဖိုးတန်သော တွေ့ရှိချက် ဖြစ်ပါသည်။ စစ်ဘေးရှောင်များအတွက် တစ်ခုတည်းရှင်သန်မှုမှာ ပြည်တွင်းနှင့် နိုင်ငံတကာမှု ထောက်ပံ့မှုများသာ မဖြစ်သင့်ပါ။ စစ်ဘေးရှောင်သည့် ကာလတစ်လျှောက်လုံး ဘဝနေထိုင်မှု ရပ်တန့်ရန်မလိုအပ်ဘဲ ကိုယ့်ကိုယ်ကို ပြန်လည်ထူထောင်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးရန်မှာ ထောက်ပံ့ကြေးများပေးရန်ထက် ပိုမို အရေးကြီး လိုအပ်ကြောင်း ထောက်ပြလိုက်ရပါသည်။
ဤစာတမ်း၏ အရေးပါသော တွေ့ရှိချက်များကို အကျဥ်းချုံး၍ ဖော်ပြပေးသွားပါမည်။
#စစ်ဘေးရှောင် #နယ်စပ် #မြန်မာ #ထိုင်း
A new report from The Border Consortium reveals how refugee-led camp management on the Thai–Myanmar border has sustained protection, stability, and effective governance for more than four decades, challenging conventional humanitarian models that treat refugees only as beneficiaries. The findings make a strong case for refugee-led governance as a proven, durable localisation model with critical implications for the future of humanitarian policy and protracted displacement responses worldwide.
https://www.theborderconsortium.org/wp-content/uploads/2026/02/Article2026.pdf