Hysan Community Hub

Hysan Community Hub Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hysan Community Hub, Community Organization, Time city, Yangon.

Hysan က နှစ်စဉ်ပြုလုပ်ပေးနေတဲ့ Volunteer Training မှာ Volunteer တွေကို ဘယ်လို တိုးတက်ပြောင်းလဲပေးနေလဲ❓မန္တလေး၊ ရန်ကုန်၊ ...
08/04/2026

Hysan က နှစ်စဉ်ပြုလုပ်ပေးနေတဲ့ Volunteer Training မှာ Volunteer တွေကို ဘယ်လို တိုးတက်ပြောင်းလဲပေးနေလဲ❓

မန္တလေး၊ ရန်ကုန်၊ မော်လမြိုင် Campus တွေတင်မကဘဲ ဒီနှစ် 2026 မှာတော့ တောင်ကြီး Campus က Volunteer လူငယ်တွေပါ စုံစုံလင်လင်နဲ့ ဆုံတွေ့ခွင့်ရခဲ့ကြတဲ့ ဒီ Volunteer Training လေးမှာ တကယ့်ကို မေ့မရနိုင်တဲ့ အမှတ်တရတွေကို Hysan နဲ့အတူ ဖန်တီးခဲ့ကြပါတယ်။

Hysan က ပြုလုပ်ပေးတဲ့ ဒီ Training လေးမှာ Public Speaking ကနေ HR Skills တွေအထိ Topic စုံစုံလင်လင်နဲ့ Volunteer တွေရဲ့ Potential တွေကို Upgrade လုပ်ပေးခဲ့ပြီး ကျွမ်းကျင်တဲ့ Trainer တွေရဲ့ လမ်းညွှန်မှုအောက်မှာ စာတွေ့တင်မကဘဲ လက်တွေ့ Presentation တွေ၊ Budget တွက်ချက်မှုတွေကို အချင်းချင်း အားပေးကူညီရင်း လေ့ကျင့်ခဲ့ကြပါတယ်။

ဒီလိုမျိုး စနစ်တကျ လေ့ကျင့်ခဲ့ကြတာတွေက ကျွန်တော်တို့ရဲ့ Volunteer တွေ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့အခါမှာရော၊ ဘဝမှာ စိန်ခေါ်မှုတွေရှိလာတဲ့အခါမှာ ယုံကြည်မှုရှိရှိ ရင်ဆိုင်နိုင်ဖို့ အားကိုးရမယ့် အရည်အချင်းတွေ ဖြစ်လာမှာပါ။ 💪

တစ်ယောက်ကိုတစ်ယောက် အကြံပြုရင်း၊ အားပေးရင်းနဲ့ ဖြတ်သန်းခဲ့တဲ့ ဒီ Training က ကျွန်တော်တို့ရဲ့ Volunteer တွေကို ပိုမိုထက်မြက်တဲ့ Active Leaders တွေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့မယ်လို့လည်း မျှော်လင့်ပါတယ်။ ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ဒီအမှတ်တရတွေက Volunteer တွေအတွက် ခွန်အားအပြည့်နဲ့ တောက်ပနေဦးမှာ အသေအချာပါပဲ။

ဒီတစ်ခေါက် Volunteer Training လေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ Volunteer (၅၆)ယောက်ရဲ့ ပျော်ရွှင်စရာ Training ပုံရိပ်လေးတွေကို အတူတူ ခံစားကြည့်လိုက်ရအောင်နော်! 📸✨

Address

Time City
Yangon

Website

Alerts

Be the first to know and let us send you an email when Hysan Community Hub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share