Shwe Inn Arr Organization of Persons with Disabilities

Shwe Inn Arr Organization of Persons with Disabilities တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ် မသန်စွမ်းသူများအရေးကူညီဆောင်ရွက်ပေးနေသောအသင်းအဖွဲ့ဖြစ်ပါသည်။

🤝 Volunteers Meeting ပြုလုပ်ခြင်း 💙​ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းမှလူမှုအသိုင်းအဝိုင်းအတွင်း လိုအပ်နေ...
02/09/2026

🤝 Volunteers Meeting ပြုလုပ်ခြင်း 💙

​ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းမှ
လူမှုအသိုင်းအဝိုင်းအတွင်း လိုအပ်နေသူများကို အတူတကွ ပံ့ပိုးကူညီနိုင်ရန်နှင့် ရှေ့ဆက်လုပ်ဆောင်မည့် လှုပ်ရှားမှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် Volunteers Meeting ကို အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။ 🌱

ယခုတွေ့ဆုံမှုတွင်—

🔹 လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများ ပြန်လည်သုံးသပ်ခြင်း
🔹 ရှေ့ဆက်ဆောင်ရွက်မည့် Activities များ ဆွေးနွေးခြင်း
🔹 Volunteer များ၏ အခန်းကဏ္ဍနှင့် တာဝန်များ ခွဲဝေသတ်မှတ်ခြင်း
🔹 ကြုံတွေ့နေရသော အခက်အခဲများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ ဆွေးနွေးခြင်း
🔹 အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် အကြံပြုချက်များ ဖလှယ်ခြင်း

တို့ကို အတူတကွ ဆွေးနွေးခဲ့ကြပါသည်။

💪 Volunteer တစ်ဦးချင်းစီ၏ အချိန်၊ အင်အားနှင့် စေတနာတို့သည် လူမှုအသိုင်းအဝိုင်းအတွက် တန်ဖိုးရှိသော အပြောင်းအလဲများကို ဖန်တီးပေးနိုင်ပါသည်။

🌍 Together, We Can Make a Difference.
🤝 Together for an Inclusive Community.

ပါဝင်ပေးကြသော Volunteer များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ❤️







♿ Disability Inclusion Training ပြုလုပ်ခြင်း 🌏မသန်စွမ်းသူများအတွက် တန်းတူညီမျှအခွင့်အရေးများ၊ ပါဝင်ခွင့်များနှင့် လက်လှမ...
02/09/2026

♿ Disability Inclusion Training ပြုလုပ်ခြင်း 🌏

မသန်စွမ်းသူများအတွက် တန်းတူညီမျှအခွင့်အရေးများ၊ ပါဝင်ခွင့်များနှင့် လက်လှမ်းမီနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး Disability Inclusion Training ကို
ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းရုံးတွင်အောင်မြင်စွာ ပြုလုပ်ခဲ့ပါသည်။

ဒီသင်တန်းမှတစ်ဆင့်—

🔹 Disability နှင့်ပတ်သက်သော အသိပညာများ
🔹 မသန်စွမ်းသူများ၏ အခွင့်အရေးများ
🔹 Inclusion နှင့် Equality ၏ အရေးပါမှု
🔹 အတားအဆီးများကို လျှော့ချနိုင်မည့် နည်းလမ်းများ
🔹 မသန်စွမ်းသူများ ပါဝင်နိုင်သော Inclusive Environment တည်ဆောက်ခြင်း
တို့ကို အတူတကွ လေ့လာဆွေးနွေးခဲ့ကြပါသည်။

✨ Inclusion ဆိုတာ မသန်စွမ်းသူများကို “ကူညီပေးခြင်း” သာမက၊ သူတို့၏ အသံ၊ အခွင့်အရေးနှင့် ဆုံးဖြတ်ချက်များတွင် တန်းတူပါဝင်ခွင့်ပေးခြင်း ဖြစ်ပါတယ်။

လူတိုင်းအတွက် တန်းတူညီမျှပြီး လက်လှမ်းမီနိုင်သော လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေရန် ကျွန်ုပ်တို့အားလုံးက အတူတကွ ပါဝင်တည်ဆောက်ကြပါစို့။ 🤝❤️

“Different Abilities, Equal Rights, Inclusive Future.” 🌈







စတီးရီုးထည့်ထားသော လမ်းလျှောက်ရန်ခက်ခဲနေသောသမီးငယ်လေးအား ရွှေအင်အားမသန်စွမ်းသူများအသင်း တောင်ဒဂုံမှ ဂျိုင်းထောက်ကူညီပံ့ပ...
19/08/2026

စတီးရီုးထည့်ထားသော လမ်းလျှောက်ရန်ခက်ခဲနေသောသမီးငယ်လေးအား ရွှေအင်အား

မသန်စွမ်းသူများအသင်း တောင်ဒဂုံမှ ဂျိုင်းထောက်ကူညီပံ့ပိုးခဲ့ပါသည်။

💙♿️

📢 ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းမှ မသန်စွမ်းသူများအတွက် အထောက်အကူပြုကိရိယာများ ပံ့ပိုးပေးခြင်းလူတိုင်း...
19/07/2026

📢 ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းမှ မသန်စွမ်းသူများအတွက် အထောက်အကူပြုကိရိယာများ ပံ့ပိုးပေးခြင်း

လူတိုင်းသည် လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ရန်နှင့် နေ့စဉ်ဘဝကို အဆင်ပြေစွာ ဖြတ်သန်းနိုင်ရန် အခွင့်အရေးရှိပါသည်။ ယနေ့တွင် မသန်စွမ်းသူများအတွက် လိုအပ်သော အထောက်အကူပြုကိရိယာ ဝှီးချဲလ် ကို ပံ့ပိုးပေးနိုင်ခဲ့သဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူမိပါသည်။
ဤကဲ့သို့သော အထောက်အကူပြုကိရိယာများသည် သွားလာလှုပ်ရှားမှု ပိုမိုလွယ်ကူစေရုံသာမက မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် လူမှုဘဝတွင် ပါဝင်နိုင်စေရန်လည်း အထောက်အကူပြုပါသည်။
မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြှင့်တင်ရေးအတွက် ဆက်လက်ပူးပေါင်းပါဝင်ပြီး “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်မနေစေရ” ဟူသော ရည်မှန်းချက်ကို အတူတကွ အကောင်အထည်ဖော်ကြပါစို့။
💙♿️

🎉 မင်္ဂလာရှိသော သတင်းကောင်း 🎉🗣🗣🗣📄🖨️ ယနေ့မှစ၍ ကျွန်ုပ်တို့၏ "ရွှေအင်အား"မိတ္တူဆိုင်လေးကို ဖွင့်လှစ်လိုက်ပါပြီ။🗣✅ မိတ္တူကူ...
26/06/2026

🎉 မင်္ဂလာရှိသော သတင်းကောင်း 🎉🗣🗣🗣

📄🖨️ ယနေ့မှစ၍ ကျွန်ုပ်တို့၏ "ရွှေအင်အား"မိတ္တူဆိုင်လေးကို ဖွင့်လှစ်လိုက်ပါပြီ။🗣

✅ မိတ္တူကူးခြင်း

✅ Print ထုတ်ခြင်း

✅ Scan ဖတ်ခြင်း

✅ Lamination

✅ စာရွက်စာတမ်းဝန်ဆောင်မှု

ကို မြန်ဆန်တိကျစွာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

💙 အထူးသဖြင့် ဆိုင်မှရရှိလာသော အကျိုးအမြတ်များကို မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ပါသည်။

လိပ်စာ ⭕ မင်းခေါင်လမ်းနှင့်မင်းခေါင်လမ်းသွယ်ထောင့်၊ (၇၀)ရပ်ကွက်၊

တောင်ဒဂုံမြို့နယ်

📱 ဖုန်းနံပါတ် 09698275974
09420255952
09881673636

လာရောက်အားပေးကြသော Customer တစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါသည်။ 🙏

#မိတ္တူဆိုင်ဖွင့်ပွဲ



ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်း 📢 မသန်စွမ်းအိမ်ထောင်စု (၁၅) စုအား Home Visit သွားရောက်ခြင်း 📢မသန်စွမ်းအ...
20/06/2026

ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်း

📢 မသန်စွမ်းအိမ်ထောင်စု (၁၅) စုအား Home Visit သွားရောက်ခြင်း 📢

မသန်စွမ်းအိမ်ထောင်စု (၁၅) စုထံသို့ Home Visit သွားရောက်ကာ အခြေခံစားနပ်ရိက္ခာများ ပံ့ပိုးပေးခဲ့ပြီး ကျန်းမာသောလူမှုဘဝတည်ဆောက်နိုင်ရေးအတွက် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာများနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။

ယခုကဲ့သို့ အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံခြင်းဖြင့် မသန်စွမ်းသူများနှင့် ၎င်းတို့၏ မိသားစုများ၏ လိုအပ်ချက်များကို ပိုမိုနားလည်နိုင်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းအတွင်း အားလုံးပါဝင်နိုင်သော ပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေခဲ့ပါသည်။

မသန်စွမ်းသူများ၏ ဘဝအရည်အသွေး မြင့်မားလာစေရေးနှင့် လူ့ဂုဏ်သိက္ခာအပြည့်အဝဖြင့် ရပ်တည်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။







17/06/2026
🔈 🔈 🔈 🔉 မသန်စွမ်းသူများအတွက်    “Building Bridges by Breaking Barriers - 5B PWDs Scholarship Program”🔉🔉🔉🔉🔉🎓 🎓 🎓 🎓 🎓 🎓 🎓 ...
17/06/2026

🔈 🔈 🔈 🔉 မသန်စွမ်းသူများအတွက် “Building Bridges by Breaking Barriers - 5B PWDs Scholarship Program”🔉🔉🔉🔉🔉
🎓 🎓 🎓 🎓 🎓 🎓 🎓 🎓 🎓 🎓🎓🎓🎓
ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)သည် မသန်စွမ်းသူများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းတခုဖြစ်ပြီး မသန်စွမ်းသူများ၏ ပညာသင်ကြားရန် အခွင့်အရေးများ တန်းတူရရှိရန်နှင့် ပညာရေးကို ပိုမိုလက်လှမ်းမီမှု ရရှိစေရန်အတွက် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိရာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မသန်စွမ်းသူများ၏ ပညာရေးကို အားပေးမြှင့်တင်သည့် အနေဖြင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပါဝင် အားဖြည့်ပေးမှုဖြင့် “5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ် ကို အကောင်အထည်ဖော်ကာ မသန်စွမ်းသူများအတွက် ပညာသင်ဆုများ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်🌻🌻🌻🌻🌻🌻🌻🌻🌻

✅ “5B PWDs Scholarship Program” ကို ဘယ်သူတွေ လျှောက်ထားနိုင်သလဲ ?👇👇👇👇👇👇
ပညာသင်ကြားရန် အမှန်တကယ် ငွေကြေးထောက်ပံ့မှုလိုအပ်သည့် “Grade 8 မှ Grade 12 အတန်းပညာ (သို့မဟုတ်) တက္ကသိုလ်ပညာသင်ကြားနေသော မည်သည့် မြန်မာနိုင်ငံသား မသန်စွမ်းသူမဆို လျှောက်ထားနိုင်ပါသည်။✅✅✅✅

✅ “5B PWDs Scholarship Program” က မသန်စွမ်းသူတွေအတွက် ပေးအပ်သွားမည့် ပညာသင်ဆုများ
✅ Grade 8 မှ 12 ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအတွက် ၁လလျှင် ၁၈၀,၀၀ဝိ/- ကျပ်ဖြင့် ၂၀၂၆-၂၇ ပညာသင်နှစ် စုစုပေါင်း (၉)လ အတွက် လစဉ် ထောက်ပံ့မှုပုံစံဖြင့် ပေးအပ်ခြင်း။
✅ တက္ကသိုလ်(Day) ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအတွက် ၁လလျှင် ၂၀၀,၀၀ဝိ/- ကျပ်ဖြင့် ၂၀၂၆-၂၇ ပညာသင်နှစ်အတွက် လစဉ် ထောက်ပံ့မှုပုံစံဖြင့် ပေးအပ်ခြင်း။
✅တက္ကသိုလ် (အဝေးသင်) ပညာသင်ကြားနေသော မသန်စွမ်းကျောင်းသား/သူများအတွက် (၁)ဦးလျှင် (၆၀၀,၀၀ဝိ/-) ကို နှစ်ကြိမ်ခွဲ၍ ထောက်ပံ့ပေးခြင်း။

✅ပညာသင်ဆုလျှောက်လွှာ လျှောက်ထားနိုင်သည့်ကာလ
🗓️၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၆) ရက် - ဇူလိုင်လ(၃)ရက်(သောကြာနေ့)ထိ

✅“5B PWDs Scholarship Program” ကို လျှောက်ထားဖို့ ဘာတွေ လိုအပ်သလဲ ? 👇👇
၁။ ပညာသင်ဆုလျှောက်လွှာ
၂။ ပညာသင်ဆုလျှောက်လွှာဖောင်ပုံစံ
၃။ ဝန်ခံကတိပြုချက်
၄။ ကျောင်းထောက်ခံစာ
၅။ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ
၆။ လိုင်စင်ဓာတ်ပုံ (၁.၂ လက်မ x ၁.၅ လက်မ)
၇။ မသန်စွမ်းမှုအားမြင်သာစေသည့် တစ်ကိုယ်လုံးပုံ (၄ လက်မ x ၆ လက်မ)
မမြင်သာသော မသန်စွမ်းမှုဖြစ်ပါက ဆေးထောက်ခံချက် (သို့) ဆေးကုသမှု ခံယူထားကြောင်း အထောက် အထား (သို့မဟုတ်) ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ မသန်စွမ်းသူဖြစ်ကြောင်း ထောက်ခံချက် တစ်ခုခု ပါဝင်ရပါမည်။ 🌻🌻🌻🌻🌻

🛑 ပညာသင်ဆုအတွက် လူဦးရေ ကန့်သတ်ချက်ရှိပါဖြင့် အချိန်မီ လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

☎️မေးမြန်းစုံစမ်းရန်နှင့် ပညာသင်ဆုလျှောက်လွှာဖောင်များကို အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်၍ ရယူနိုင်ပါသည်။📲
၁။ ဦးအောင်သန်းလွင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် - ၀၉ ၄၀၁၅၉၁၆၅၁
၂။ ဦးအောင်သူ၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) - ၀၉ ၈၉၂၉၁၁၁၄၁
၃။ ဒေါ်မေမွန်ဖိုး၊ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) – ၀၉၈၈၂၃၄၅၂၃၅
၄။ ဦးစိုင်းမြတ်မိုး၊ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း - ၀၉ ၂၅၀၆၃၈၄၅၇
၅။ မြန်မာနိုင်ငံမျက်မြင်များအသင်း - ၀၉ ၂၆၂၂၄၇၀၇၈
၆။ ဒေါ်မိုးမြင့်နိုင်၊ ရွှေအင်အားတောင်ဒဂုံမသန်စွမ်းသူများအသင်း - ၀၉ ၇၉၆၉၄၅၃၆၂

♿မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးခရီးလမ်းကို အတူတကွ ပံ့ပိုးကူညီကြပါစို့။
♿♿♿♿♿♿♿♿♿♿♿♿♿♿

#ရွှေမင်းသားဖောင်ဒေးရှင်းမြန်မာ
(Myanmar)



🌟 ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်း 🌟 🛑အရေးပေါ်ကျန်းမာရေးအခက်အခဲရှိနေသောမသန်စွမ်းလူငယ်အမျီုးသမီးအား  (၁) ...
14/06/2026

🌟 ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်း 🌟

🛑အရေးပေါ်ကျန်းမာရေးအခက်အခဲရှိနေသောမသန်စွမ်းလူငယ်အမျီုးသမီးအား (၁)

သိန်းကျပ် ကူညီပံ့ပိုးခဲ့ပါသည်။🛑

ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားတက်သရော ဆောင်ရွက်လျက်ရှိသော အသင်းအဖွဲ့တစ်ခုဖြစ်ပါသည်။

ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းသည် မသန်စွမ်းသူများ၏ ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှု၊ ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍ၊ အလုပ်အကိုင်
အခွင့်အလမ်း များတွင် ပိုမိုပါဝင်နိုင်စေရန် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

"မသန်စွမ်းမှုသည် အတားအဆီးမဟုတ်ဘဲ အခွင့်အလမ်းများ ဖန်တီးနိုင်သော အင်အားတစ်ရပ်ဖြစ်သည်" ဟူသော ယုံကြည်ချက်ဖြင့် မသန်စွမ်းသူများအားလုံး လူ့အဖွဲ့အစည်းအတွင်း တန်းတူညီမျှစွာ ပါဝင်နိုင်ရေးကို ရည်ရွယ်ဆောင်ရွက်နေပါသည်။

မသန်စွမ်းသူများအတွက် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကို အမြဲကြိုဆိုလျက်ရှိပါသည်။

#ရွှေအင်အား
#တောင်ဒဂုံမြို့နယ်မသန်စွမ်းသူများအသင်း

မအိန္ဒြေဖူးပွင့်ခိုင် (၂၂)နှစ်ပြည့်မွေးနေ့အလှူ 🎂🎂🎂🥰🥰🥰မသန်စွမ်းသူများ၏ နေ့စဉ်ဘဝ အဆင်ပြေချောမွေ့စေရန်နှင့် လူမှုဘဝတွင် ပို...
13/06/2026

မအိန္ဒြေဖူးပွင့်ခိုင် (၂၂)နှစ်ပြည့်မွေးနေ့အလှူ 🎂🎂🎂🥰🥰🥰

မသန်စွမ်းသူများ၏ နေ့စဉ်ဘဝ အဆင်ပြေချောမွေ့စေရန်နှင့် လူမှုဘဝတွင် ပိုမိုတက်ကြွစွာ ပါဝင်နိုင်စေရန် ရည်ရွယ်၍ အလှူငွေ (၁၀၀၀၀၀)တစ်သိန်းကျပ်အား
ရွှေအင်အားတောင်ဒဂုံမြို့နယ် မသန်စွမ်းသူများအသင်းသို့
လှူဒါန်းပေးခဲ့ပါသည်။
အလှူရှင်အား အထူးပင် ကျေးဇူးတင်ရှိပါသည်။

ဤအလှူဒါနသည် မသန်စွမ်းသူများအတွက် လက်တွေ့ကျသော အထောက်အပံ့တစ်ခုဖြစ်ပြီး ၎င်းတို့၏ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်လာစေရန် များစွာ အထောက်အကူပြုမည်ဖြစ်ပါသည်။

လှူဒါန်းပေးခဲ့သော မွေးနေ့ရှင်အလှူရှင်နှင့် မိသားစုဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကျေးဇူးတင်လွှာ
#မသန်စွမ်းသူများအတွက်
#အထောက်အကူပြုကိရိယာများ

Address

မင်းခေါင်လမ်းနှင့်မင်းခေါင်လမ်းသွယ်ထောင့်၊ (၇၀)ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်
Yangon
11181

Website

Alerts

Be the first to know and let us send you an email when Shwe Inn Arr Organization of Persons with Disabilities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share