06/09/2026
လူငယ်ကွန်ယက် 2026 Event ရဲ့ တစ်နေ့တာကို ပြန်ကြည့်ကြမယ် 💙
August 29 ရက်နေ့က Summit Parkview Hotel မှာ ကျင်းပခဲ့တဲ့ “လူငယ်ကွန်ယက် ၂၀၂၆ : Youth Network 2026” Event က အခုဆို ပြီးဆုံးသွားခဲ့ပါပြီ
Home Education နဲ့ Rotaract Club of Dagon Myanmar တို့က ပူးပေါင်းစီစဉ်ခဲ့တဲ့ ဒီပွဲလေးမှာ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး စကားပြောခွင့်ရသလို၊ အသိပညာအသစ်တွေ ရယူနိုင်မယ့် Session တွေ၊ ကိုယ်တိုင်ပါဝင်လှုပ်ရှားရမယ့် Game Activity တွေ၊ ပျော်စရာအစီအစဉ်တွေနဲ့ တနေ့လုံး ပြည့်နေခဲ့ပါတယ် 💙
ဒီ Event ကို ပိုပြီးအသက်ဝင်စေခဲ့တာကတော့ ကိုယ်တိုင်လာရောက်ပါဝင်ပေးခဲ့ကြတဲ့ Participants တွေကြောင့်ပါပဲ အယောက်၂၀၀ ကျော် Register ပြုလုပ်ခဲ့ကြပြီး ၁၈၀ ကျော်အထိ လာရောက်ခဲ့ကြတာကလည်း ဒီပွဲလေးအတွက် တကယ်ကို ဝမ်းသာစရာပါ။
ဒါနဲ့ Event ရဲ့ မနက်ပိုင်း Session တွေထဲကတစ်ခုဖြစ်ပြီး လူတိုင်းရဲ့ စိတ်ဝင်စားမှုကို အများကြီးရခဲ့တဲ့ “ကျပန်းစကားပြောပြိုင်ပွဲ” ကိုလည်း မမေ့ရသေးပါဘူး
ခေါင်းစဉ်ကို အချိန်တိုအတွင်း စဉ်းစားပြီး ကိုယ့်အတွေးကို ကိုယ်ပိုင်ပုံစံနဲ့ ပြန်လည်တင်ဆက်ရတဲ့ ဒီပြိုင်ပွဲမှာ Participant တစ်ဦးချင်းစီက Confidence၊ Public Speaking နဲ့ Quick Thinking Skill တွေကို အသုံးချပြီး အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်
ဝင်ရောက်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးတင်သလို၊ အကောင်းဆုံးတင်ဆက်မှုတွေနဲ့ ဆုရရှိခဲ့ကြတဲ့ Winners လေးတွေကိုလည်း Congratulations ပါနော် 👏🏻
ပြိုင်ပွဲရဲ့ Judge တွေအဖြစ် ပါဝင်ပေးခဲ့ကြတဲ့
🔹Ma Su Latt Nwe
🔹Sayar Myo Min Thu တို့ကလည်း ပြိုင်ပွဲဝင်တွေအတွက် Feedback တွေ၊ Public Speaking နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို မျှဝေပေးခဲ့ကြပါတယ် အဲ့ဒီအတွက်လည်း အမနဲ့ ဆရာကို အထူးကျေးဇူးတင်ရှိပါတယ်
Knowledge Sharing အပိုင်းမှာတော့ Guest Speakers တွေဖြစ်တဲ့
🔹Ma Nan Kyi Pyar Maw
🔹Sayar Myo Min Thu တို့က လူငယ်တွေအတွက် အသုံးဝင်မယ့် စိတ်ကျန်းမာရေးအကြောင်းအရာနဲ့ လူမှုပတ်ဝန်းကျင်အကြား ဘယ်လိုနေထိုင်ပေါင်းသင်းရမလဲဆိုတာတွေကို မျှဝေပေးခဲ့ကြပါတယ်
Speaker တွေပြောသွားတဲ့အကြောင်းအရာတွေကို ထိုင်နားထောင်နေတာမဟုတ်ဘဲ Q&A Session မှာ Participants တွေကိုယ်တိုင် စိတ်ဝင်စားတဲ့အရာတွေ မေးမြန်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြတာကလည်း ဒီ Session ရဲ့ သဘောကျစရာအပိုင်းတစ်ခုပါပဲ 🙌🏻
ပြီးတော့ ကျွန်တော်တို့ရဲ့ မာမီ Rachel က Moderator အနေနဲ့ “Youth and Global Solidarity” ဆိုတဲ့ Theme နဲ့ “From Local Action to Global Impact” အကြောင်းကို Panel Discussion လည်း ရှိခဲ့ပါသေးတယ်
🔹Ma Thiri Aung
🔹Author Mon Halsey
🔹Ma Chit Aein Thu တို့က Panelist တွေအဖြစ် ပါဝင်ဆွေးနွေးပေးခဲ့ကြပြီး လူငယ်တွေရဲ့ လက်တွေ့လုပ်ဆောင်မှုတွေကနေ ပိုမိုကျယ်ပြန့်တဲ့ အကျိုးသက်ရောက်မှုတွေဆီ ဘယ်လိုရောက်ရှိနိုင်မလဲဆိုတာကို မတူညီတဲ့အမြင်တွေနဲ့ ဆွေးနွေးပေးခဲ့ကြပါတယ်
နေ့လယ်စာသုံးဆောင်နိုင်ဖို့အတွက်လည်း ခေါက်ဆွဲကြော်၊ ကြာဇံကြော်နဲ့ ထမင်းကြော်ဆိုပြီး ကြိုက်နှစ်သက်ရာကို သုံးဆောင်နိုင်အောင် စီစဉ်ထားပေးခဲ့ပါတယ်
ဒီလိုနဲ့ Event ရဲ့ နေ့လယ်ခင်းအစီစဉ်ပြန်စတော့ လူငယ်ကွန်ယက် ၂၀၂၆ Event ကို မတက်ရောက်နိုင်ကြတဲ့ နယ်ပယ်အသီးသီးက ဆရာ၊ဆရာမတွေက လူငယ်တွေအတွက် ပို့ထားပေးတဲ့စကားလက်ဆောင် Video တွေကို ကြည့်ရှုခဲ့ရပါသေးတယ်
Performance အဖြစ် မာမီRachel နဲ့ Volunteer လေးတွေက “ထာဝရသစ္စာ” နဲ့ “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” တို့ကို ကပြဖျော်ဖြေခဲ့ကြပြီး Participants တွေနဲ့အတူ “ယုံကြည်ရာ” နဲ့ “Heal the World” တို့ကိုလည်း အတူတူ သီဆိုခဲ့ကြပါတယ်
နောက်ပိုင်းမှာတော့ အမRachel ကိုအမြဲကူညီအားပေးခဲ့တဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတသင်းဖြစ်တဲ့ “ကြီးလေးကြီး”အတွက် ဂုဏ်ပြုချီးမြှင့်လွှာနဲ့ အမှတ်တရလက်ဆောင်တွေကို ပေးအပ်ခဲ့ကြပါတယ် မနက်ပိုင်းက ကျပန်းစကားပြောပြိုင်ပွဲမှာ ဆုရရှိသွားကြတဲ့ ပ၊ဒု၊တ ဆုရှင်တွေနဲ့ အခြားပြိုင်ပွဲဝင်တွေကိုလည်း ဆုပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်
ဒါကတော့ “လူငယ်ကွန်ယက် 2026” ရဲ့ တစ်နေ့တာအမှတ်တရတွေပါပဲ 💙
Home Education ရဲ့ ဒုတိယမြောက် In-person Event ဖြစ်တဲ့ “လူငယ်ကွန်ယက် 2026” ကို လာရောက်ပေးခဲ့ကြသူ၊ ပါဝင်ပေးခဲ့ကြသူ၊ ကူညီပေးခဲ့ကြသူ တစ်ယောက်ချင်းစီကို ဒီနေရာကနေ Thank You လို့ ပြောချင်ပါတယ်
Event မှာ ရခဲ့တဲ့ Knowledge တွေ၊ တွေ့ခဲ့ရတဲ့လူတွေ၊ ပြောခဲ့ကြတဲ့စကားတွေ၊ အတူတူပျော်ခဲ့ကြတဲ့အချိန်တွေက တစ်နေ့တည်းနဲ့ပြီးသွားပေမယ့် အားလုံးအတွက် အမှတ်တရကောင်းလေးတစ်ခု ဖြစ်ကျန်နေမယ်လို့ မျှော်လင့်ပါတယ်
နောက်ထပ် လူငယ်တွေအတွက် Knowledge လည်းရ၊ Connection လည်းရ၊ ပျော်စရာတွေလည်း ရနိုင်မယ့် Event တွေ ဆက်ပြီးဖန်တီးသွားဦးမှာမို့ Home Education ကို ဆက်ပြီးစောင့်ကြည့်ပေးကြပါဦးနော် 👀✨️
ပြီးတော့ ပွဲနေ့မှာ ကိုယ်တိုင်တွေ့ကြုံခဲ့ရတာလေးတွေကို ကျွန်တော်တို့လည်း သိချင်ပါတယ်
📍 Feedback Form မှာ ဝင်ပြီး ကိုယ့်ရဲ့အတွေ့အကြုံလေးတွေ၊ သဘောကျခဲ့တာလေးတွေ၊ ပြင်ဆင်သင့်တာလေးတွေကို အားမနာဘဲ ပြောပေးခဲ့ကြပါဦးနော်
📌 Feedback Form: https://forms.gle/b982wjhejLqtMppA8
Rotaract Club of Dagon Myanmar ရဲ့ နောက်ထပ်အစီအစဉ်တွေ မလွတ်ချင်ရင်တော့
💙 Facebook & TikTok Page ကို Follow လုပ်ထားဖို့
💙 Telegram Channel ကို Join ထားဖို့လည်း မမေ့နဲ့နော်
📲 Telegram: https://t.me/racdm25725
#လူငယ်ကွန်ယက်2026