Freelance Writers Club - FWC

Freelance Writers Club - FWC စာပေဝါသနာရှင်(စာရေးသူ-ဖတ်သူ)များ အစုအဖွဲ့

၃၁.၃.၂၀၂၆ဒီနေ့မှာတော့ လှည်းကူးက  နေ နှစ်မိုင်လောက် ဖောင်ကြီးလမ်းအတိုင်းသွားရသော လှည်းကူးစခန်းကြီးပန်းခြံ Christian churc...
31/03/2026

၃၁.၃.၂၀၂၆
ဒီနေ့မှာတော့ လှည်းကူးက နေ နှစ်မိုင်လောက် ဖောင်ကြီးလမ်းအတိုင်းသွားရသော လှည်းကူးစခန်းကြီးပန်းခြံ Christian church အသင်းတော်မှာ ကျင်းပနေတဲ့ နွေရာသီကျမ်းစာသင်တန်းတခုမှာ စာပေနှင့်ပါတ်သက်လို့ ဟောဖို့ပြောဖို့ ကျနော်တို့ FWC မှ စာရေးသူများ သွားရောက်ခဲ့ကြပါတယ်။
ဖိတ်ကြားပေးသူကတော့ FWC ရဲ့ အဖွဲ့ဝင်လဲဖြစ် … သင်တန်းရဲ့ တာဝန်ခံလဲဖြစ်သူ ဆရာ John D Mar/ ဆရာ Samuel Zero ပဲဖြစ်ပါတယ်။ ဆရာကတော့ ပန်းချီကာတွန်းလိုင်းဖြစ်သော်လဲ ကျနော်တို့ စာပေသမားတွေနဲ့ နှလုံးသားချင်းနီးစပ်သူလို့ ပြောရင်လဲရပါတယ်။ အထူးသဖြင့် သင်တန်းတက်ရောက်နေတဲ့ လူငယ်လူရွယ်တွေကို စာပေအကြောင်းသိဖို့၊ စာဖတ်ချင်လာဖို့ တိုက်တွန်းအားပေးလိုစိတ် ပြင်းထန်တဲ့ဆရာလဲဖြစ်ပါတယ်။
အသင်းတော်ရဲ့ သင်းအုပ်ဆရာဖြစ်တဲ့ ဆရာကျော်ကျော်ထွန်းကိုယ်တိုင် စာပေမြတ်နိုးသူဖြစ်ပြီး ကျနော်တို့တွေ ခုလိုဟောပြောမှာကိုလှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါတယ်။ ဆရာကိုယ်တိုင်တချိန်က စာကြည့်တိုက်ဖွင့်ပေးခဲ့ပေမယ့် စာဖတ်သူမရှိလို့ ဆာလာအိတ် ၈ အိတ်စာခန့်ရှိတဲ့စာအုပ်တွေကို သိမ်းထားခဲ့ရကြောင်း ကျနော်တို့ဟောလို့ပြောလို့ပြီးချိန်မှာ ပြောပြခဲ့ပါတယ်။ ဝမ်းသာစရာတခုကတော့ မကြာခင်အဲဒီစာအုပ်တွေကိုပြန်ထုတ်ပေးပြီး စာကြည့်တိုက်လေး ပြန်ဖွင့်ပေးမယ်ဆိုတဲ့အကြောင်း ဆရာက ကတိပြုပြီး ကလေးတွေက ဖတ်ပါ့မယ်လို့ အပြန်အလှန် ကတိပြုတာကို ကျနော်တို့ကိုယ်တိုင်တွေ့ခွင့်ရခဲ့တာပါပဲ။
ထမင်း၊ဟင်း တွေ ကော်ဖီတွေနဲ့ တောက်လျှောက်ဧည့်ခံပေးတဲ့ ဆရာကတော်နဲ့အသင်းတော်ကိုလည်း ကျေးဇူးများစွာတင်ရပါတယ်။
ကျနော်တို့အဖွဲ့ကို ကားနဲ့ခေါ်သွားပေးတဲ့ ဆရာဂျုံးနဲ့ ဆရာမနီတာဂျုံးတို့ကိုကျေးဇူးတင်ပါတယ်။ လမ်းမှာကားပျက်တာကို အချိန်မီသိပြီး အဆင်ပြေမယ့်ဝပ်ရှော့အထိ မောင်းသွားခွင့်ပေးတဲ့ ဘုရားသခင်ရဲ့ပို့ဆောင်မှုကတော့ အမှတ်တရထဲက အမှတ်တရပေါ့ဗျာ။
ခန့်သစ်ရင်(ကဗျာ)၊ က ကဗျာတွေအကြောင်းနဲ့ ရသတွေအကြောင်းအရင်ဆုံးဟောပြောပါတယ်။
အောင်အောင်သုံးဆယ် (ဝတ္ထု)က သူရေးသားထားတဲ့ အမေ(The Mother) ဝတ္ထုက မာရိရဲ့ မိခင်ဘဝ သရုပ်ဖော်ပုံအကြောင်း ဝတ္ထုကို ဖတ်ပြလိုက် ရသကိုပုံဖော်လိုက်နဲ့ဟောပြောပေးသွားပါတယ်။
ဆရာမနီတာဂျုံး က စာရေးစာဖတ်ခြင်းရဲ့အကျိုးနဲ့ စာရေးသူဘဝ ဖြစ်ပေါ်လာပုံကိုဆောင်းပါးတပုဒ်နှင့်အတူ ဟောပြောပါတယ်။
ဆရာဂျုံး(သခင့်ကြယ်) ကလည်း စာဖတ်ခြင်းနဲ့ ဖတ်ဖို့စာပေရွေးချယ်ခြင်း၊ စာပေထဲမှ မှတ်သင့်ရာနှင့်မမှတ်သင့်ရာ၊ လိုက်လျှောက်သင့်ရာနှင့် ရှောင်သင့်ရာကို ခွဲခြားခြင်းတွေအကြောင်း ဟောပြောပါတယ်။
ဆရာကမ္ဘာ (ဟာသစာပေ) ကတော့ ဟာသစာပေအကြောင်းလေးကို အသက်ကလေး နှင့်အလွဲဟာသ များထဲမှ ဟာသလေးများကို ဖတ်ပြရင်း ရယ်ရယ်မောမောပျော်ပျော်ပါးပါး ဟောပြောပေးခဲ့ပါတယ်။
နောက်ထပ်မဖြစ်မနေ ကျေးဇူးတင်ရမှာကတော့ သုံးနာရီကျော် ပြောချင်တိုင်းပြော ဟောချင်တိုင်းဟောနေတဲ့ စာရေးသူတွေကို အားရပါးရ အပြန်အလှန်အမေးအဖြေလုပ်ရင်း နားထောင်ပေးသွားခဲ့တဲ့ သင်တန်းသား လူငယ်မောင်မယ်တွေပါပဲ။ သူတို့ရဲ့တုန့်ပြန်မှုတွေကြောင့် အဲဒီအသင်းတော်လေးမှာ စာကြည့်တိုက်လေး ပြန်တွေ့ရတော့မယ်။

ကျေးဇူးများစွာဖြင့်

27.3.2026 ဆိုတဲ့ဒီနေ့မှာ ကျနော်တို့ FWC တွေ ချိန်းဆိုထားတဲ့အတိုင်း ဆုံကြပါတယ်။သုတ၊ ရသ စာရေးသူတွေနဲ့အတူ ကာတွန်း၊ သီချင်းရ...
27/03/2026

27.3.2026 ဆိုတဲ့ဒီနေ့မှာ ကျနော်တို့ FWC တွေ ချိန်းဆိုထားတဲ့အတိုင်း ဆုံကြပါတယ်။
သုတ၊ ရသ စာရေးသူတွေနဲ့အတူ ကာတွန်း၊ သီချင်းရေးသူများအပြင် Rapper လေးတဦးပါ ပါဝင်ခဲ့ပါတယ်။

ဝေပေးတဲ့မှတ်စုစာအုပ်နောက်မှာ ဖော်ပြထားတဲ့
ရည်ရွယ်ချက်တွေကို အဓိကထားပြီးဆွေးနွေးကြတယ်။

စကားဝိုင်းဆိုတဲ့အတိုင်း စကားတွေအလှည့်ကျ ပြောတယ် … သုတ ရသ တွေဖလှယ်တယ် … စကြနောက်ကြနဲ့ ရယ်မောပျော်ရွှင်ကြတယ်။ စာရေးသူဘဝ အတွေ့အကြုံ၊ ထုတ်ဝေဖြန့်ချီရေး အတွေ့အကြုံတွေ အပြန်အလှန်ဝေမျှကြတယ်။
ရယ်စရာကောင်းတဲ့ တူညီသောအတွေ့အကြုံကတော့ အရင်းပြန်မရတာပါပဲ။ တချို့က လက်ဆောင်ပေးရင်း ကုန်တယ်။ တချို့က အိမ်မှာခုထိ အပုံလိုက်😂😂

ဖြန့်ချီရေးအတွက် စကားပြောကြတဲ့အခါ နယ်မှ စာအုပ်ရောင်းပေးနေတဲ့ စာရေးသူအသီးသီးရဲ့ မိတ်ဆွေတွေကို စာရင်းပြုစုပြီး အဖွဲ့ဝင်တွေရဲ့စာအုပ်တွေကိုပါ ရောင်းပေးဖို့အကူအညီတောင်း
မယ်ဆိုတဲ့ အကြံပြုချက်မျိုး ပြောဖြစ်ကြပါတယ်။ စာအုပ်တွေရောင်းရခက်တဲ့ ပြဿနာကိုဖြေရှင်းကြဖို့ပါ။

နယ်အသင်းတော်တွေမှာ စာရေး-စာဖတ်အားကောင်းလာဖို့ စာပေဟောပြောပွဲတွေ ဆက်လုပ်ကြမယ်။ စာဖတ်သင့်ကြောင်းပြောတဲ့ဟောပြောခြင်းတွေအပြင် စာဖတ်ချင်စိတ်ဖြစ်အောင် စာအုပ်ထဲကအကြောင်းတွေ ကိုလည်း ဟောပြောသင့်တယ် ဆိုတာမျိုးလေးတွေ ပြောဖြစ်ကြတယ်။ ဟုတ်တော့ဟုတ်တယ်။ စာဖတ်သင့်ကြောင်းပြောလို့ စာဖတ်ချင်စိတ်ပေါ်မှာမဟုတ်ဘူးလေ … စာအုပ်ကိုအမြည်းကျွေးမှ စာဖတ်ချင်မှာလေ။ Good Idea 👍👍

နယ်အသင်းတော်တွေမှာ စာကြည့်တိုက်၊ စာအုပ်အရောင်းဆိုင်တွေပေါ်လာဖို့က နည်းလမ်းတွေရှာဖွေရပါဦးမယ်။ ပထမအဆင့်အနေနဲ့ စာဖတ်အားတိုးလာဖို့ စာပေဟောပြောပွဲတွေ အရင်လုပ်ရပါဦးမယ်။ စာကြည့်တိုက်လုပ်ချင်တဲ့အသင်းတော်အတွက် စာအုပ်တွေ ဝိုင်းအလှူခံပေးတာမျိုးတော့ လုပ်ပေးကြရမှာပါ။ နောက်ပိုင်းမှာ စာကြည့်တိုက်တွေကနေ စာအုပ်ရောင်းပေးနိုင်တဲ့ ကိုယ်စားလှယ်တွေ … စာအုပ်ဆိုင်တွေ ဖြစ်လာနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဒီနေ့ပွဲအတွက်အမှတ်တရ စာအုပ်တအုပ်ထုတ်ပြီး ကလောင်သစ်တွေကိုလည်း ဖိတ်ခေါ်နေရာပေးဖော်ပြဖို့ ကြော်ငြာခဲ့ပါတယ်။ စကားဝိုင်းထဲမှာပဲ စာအုပ်အကြောင်းဆွေးနွေးဖို့ တွေးထားကြပေမယ့် ကျနော်တို့ နည်းနည်း လေရှည်ခဲ့ကြတယ် 🤣🤣

အချုပ်အားဖြင့် သုံးသပ်မယ်ဆိုရင် ဒီနေ့မှာ ကျနော်တို့စာရေးသူများအပါအဝင် အနုပညာဝါသနာရှင်ပညာရှင်တစ်စု စာပေအတွက် ငါဘာလုပ်ပေးလို့ရသလဲ ဆိုတဲ့အတွေးလေးတွေတွေးရင်း ပြောချင်ရာ တွေ လွတ်လွတ်လပ်လပ်ပြော ပြီး ပျော်ခဲ့ရပါကြောင်း….

ဒီဆိုင်နော် …. ၂၇.၃.၂၀၂၆၉ နာရီ ခွဲ ……ဆုံမယ်။
23/03/2026

ဒီဆိုင်နော် ….
၂၇.၃.၂၀၂၆
၉ နာရီ ခွဲ ……
ဆုံမယ်။

Find local businesses, view maps and get driving directions in Google Maps.

မတ်လ ၂၇ ရက်နေ့အတွက် ဖိတ်တယ်နော်။ နေရာလဲ သိပြီဆိုတော့ လာဖို့ပြင်ထားကြတော့ စာရေးသူတို့ရေ။စကားတွေများများပြောဖို့ စကားဝိုင်...
23/03/2026

မတ်လ ၂၇ ရက်နေ့အတွက် ဖိတ်တယ်နော်။ နေရာလဲ သိပြီဆိုတော့ လာဖို့ပြင်ထားကြတော့ စာရေးသူတို့ရေ။
စကားတွေများများပြောဖို့ စကားဝိုင်းပုံစံလေး လုပ်ကြမယ်ဗျာ။

Mar 22, 2026 နေ့ရက်တွင် ဆရာမန်ပီး(ဖောက်ထွက်ခြင်း)၏  #စိတ်ဒဏ်ရာကုစားခြင်း စာအုပ်မိတ်ဆက်ပွဲတွင် FWC အဖွဲ့သားများအချို့ ပါဝ...
23/03/2026

Mar 22, 2026 နေ့ရက်တွင် ဆရာမန်ပီး(ဖောက်ထွက်ခြင်း)၏ #စိတ်ဒဏ်ရာကုစားခြင်း စာအုပ်မိတ်ဆက်ပွဲတွင် FWC အဖွဲ့သားများအချို့ ပါဝင်ခဲ့ခြင်း ပုံရိပ်တချို့ ...

#ဆရာမန်ပီး

#စိတ်ဒဏ်ရာကုစားခြင်း

ဒုန်း ဒုန်း  ... တတိယအကြိမ်မြောက် တွေ့ဆုံပွဲ လေးလာပါပြီ။ဒီအကြိမ်မှာတော့ စာရေးသူတွေနဲ့စာအုပ်ထုတ်လိုသူတွေ အတွက်အကျိုးရှိစေ...
08/03/2026

ဒုန်း ဒုန်း ... တတိယအကြိမ်မြောက် တွေ့ဆုံပွဲ လေးလာပါပြီ။

ဒီအကြိမ်မှာတော့ စာရေးသူတွေနဲ့စာအုပ်ထုတ်လိုသူတွေ အတွက်အကျိုးရှိစေမယ့် စကားဝိုင်းလေးတခု ဖြစ်စေဖို့ရည်ရွယ်ပါတယ်။

စာရေးသူအချို့ရယ်...စာရေးသားခြင်းကိုဝါသနာပါတဲ့ ကလောင်သစ်တွေရယ်မှာ ကိုယ့်ရဲ့စာမူလေးတွေကို စာအုပ်အဖြစ်မြင်ချင်တဲ့ ဆန္ဒလေးတွေရှိကြပါတယ်။
အချို့ကလဲ ငွေရင်းရှိလို့ပဲဖြစ်ဖြစ် အဖွဲ့အစည်းတခုခုအတွက်မဂ္ဂဇင်းထုတ်ဖို့အတွက်တာဝန်ယူထားရလို့ပဲဖြစ်ဖြစ် စာရေးသူတွေဆီက စာမူကိုကြိုက်လို့စီးပွားဖြစ်အနေနဲ့ စာအုပ်ထုတ်ပေးချင်တာမျိုးပဲဖြစ်ဖြစ်.... ရှိမယ်ထင်ပါတယ်။
ဒါပေမယ့် တအုပ်စာစုစည်းပြီးသားမရှိလို့ရယ်... ထုတ်ဝေရေးလမ်းကြောင်းကြီးကိုမသိလို့ရယ်...ကုန်ကျစားရိတ် မခန့်မှန်းတတ်လို့ရယ်...ဖြန့်ချီရေး မလုပ်တတ်လို့ရယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိသေးတာတွေရယ် စတာတွေကြောင့် စာအုပ်ထုတ်ဖို့ ခက်ခဲနေကြပါတယ်။

ကျနော်တို့ကိုယ်တိုင်လည်း ဒီအခက်အခဲကိုဖြတ်သန်းခဲ့ရတာမို့ စာပေစကားဝိုင်းလေး ပြုလုပ်ဖို့ဝိုင်းပြီးစဉ်းစားချိန်မှာ ဒီအကြောင်းအရာလေးကို ပြောကြဆိုကြဖို့ တွေးမိခဲ့​ကြ ပါတယ်။

လတ်တလော စာအုပ်ထုတ်ထားတဲ့စာရေးသူများ ... စာပေတိုက်ပိုင်ရှင်များနှင့်စာအုပ်ဆိုင်ရှင်များကဲ့သို့ ထုတ်ဝေရေးလုပ်ငန်းစဉ်မှ ပုဂ္ဂိုလ်များကအသီးသီးအတွေ့အကြုံများကို တင်ပြပြီး စာပေထုတ်ဝေရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကိုတိတိကျကျ ဖော်ထုတ်ပါမယ်။

အဲဒီလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဘယ်လိုလုပ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး အကောင်းဆုံးနည်းလမ်းတွေကိုဝိုင်းပြီးဆွေးနွေးကြပါမယ်။

လက်တွေ့လေ့ကျင့်မှုအနေနဲ့ စကားဝိုင်းတက်ရောက်သူတွေကိုယ်တိုင် ဦးဆောင်ပြီး ကလောင်စုံရသစုံ စာအုပ်တအုပ် ထုတ်ဝေရေးအတွက် အစီအစဉ်ရေးဆွဲကြပါမယ်။
အဲဒီမှာ အထက်က ဆွေးနွေးခဲ့တဲ့အရာတွေကို အသုံးချပြီး ထုတ်ဝေမှုအဆင့်ဆင့်ကို စာတွေ့ အားဖြင့် ပြုလုပ်ဖို့စဉ်းစားထားပါတယ်။ ခေါင်းစဉ်သတ်မှတ်ခြင်း၊ အယ်ဒီတာအဖွဲ့ရွေးချယ်ခြင်း၊ ကလောင်ရှင်ဖိတ်ခေါ်ခြင်း၊ စာမျက်နှာသတ်မှတ်ခြင်း.....စတဲ့ အရာတွေကို ပျော်ပျော်ပါးပါး လက်တွေ့စီစဉ်ကြည့်ရအောင်ပါ။

အဆင်ပြေခဲ့ရင်တော့ အဲဒီလေ့ကျင့်မှုအစီအစဉ်ကနေထွက်ပေါ်လာမယ့် စာအုပ်ကို အမှတ်တရအဖြစ် လက်တွေ့ထုတ်ဝေကြမှာဖြစ်ပါတယ်။

နေရာကတော့ ရှာဖွေဆဲပါ။ အချိန်ကိုတော့ ရုံးပိတ်ရက်ဖြစ်တဲ့ ၂၇.၃.၂၀၂၆ နေ့ လို့လျာထားပါတယ်။

အားလုံးသိဖို့ Share ပေးစေချင်ပါတယ်။ စိတ်ဝင်စားမှုရှိမရှိဆိုတာလဲ Comment မှာ ရေးပေးစေချင်ပါတယ်။ အကြံပြုစရာရှိရင်လည်းရေးသွားစေချင်ပါတယ်။

စာရေးသူ-စာဖတ်သူတို့ရေ...ဖုန်းတွေရဲ့ IMEI တွေ register လုပ်ထားပါဗျ။လကုန်ပြီးရင် အခွန်ဆောင်ရမယ်ဆိုတာ သိပြီးပြီမဟုတ်လား။ ဒါ...
05/03/2026

စာရေးသူ-စာဖတ်သူတို့ရေ...
ဖုန်းတွေရဲ့ IMEI တွေ register လုပ်ထားပါဗျ။
လကုန်ပြီးရင် အခွန်ဆောင်ရမယ်ဆိုတာ သိပြီးပြီမဟုတ်လား။ ဒါလေးလုပ်ထားရုံပါနော်။
ခုလုပ်...ခုလုပ်....😄😄

၂၀၂၆ ခုနှစ်၊ မတ်-ဧပြီ မေတ္တာတမန် မဂ္ဂဇင်း ထွက်နေပါပြီ။ စာဖတ်သူတို့နဲ့ ဆုံဖူးတဲ့ ဘယ်စာရေးသူတွေရဲ့စာမူတွေ ပါလဲဆိုတာ ဖြေပေး...
02/03/2026

၂၀၂၆ ခုနှစ်၊ မတ်-ဧပြီ မေတ္တာတမန် မဂ္ဂဇင်း ထွက်နေပါပြီ။ စာဖတ်သူတို့နဲ့ ဆုံဖူးတဲ့ ဘယ်စာရေးသူတွေရဲ့စာမူတွေ ပါလဲဆိုတာ ဖြေပေးကြပါလား။ ကျနော်တို့ FWC ရဲ့ပွဲတွေမှာ ပါဝင်ခဲ့တဲ့ စာရေးသူတွေတော့ အများကြီးပါဝင်နေပါတယ်။
မဂ္ဂဇင်း ထဲက သူတို့ရဲ့ စာလေးတွေကို ဖတ်ပြီး ဒီနေရာမှာ ဆွေးနွေးချင်ရင်လဲရပါတယ်နော်။ အရင်ဖတ်ကြည့်ဖို့ နီးစပ်ရာစာအုပ်ဆိုင်တွေနဲ့ဖြန့်ချီသူတွေဆီမှာ ရှာဝယ်လိုက်ကြပါနော်...

ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စကားဝိုင်းတို့အကြောင်းခေါင်းထဲရောက်သမျှ ဟိုတစဒီတစ။****************************************MICT ...
01/03/2026

ဟောပြောပွဲ၊ ဆွေးနွေးပွဲ၊ စကားဝိုင်းတို့အကြောင်း
ခေါင်းထဲရောက်သမျှ ဟိုတစဒီတစ။
****************************************
MICT မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနှင့် စာပေစကားဝိုင်းတုန်းက Survey လေးတခုလုပ်ခဲ့ပါတယ်။

အဲဒီတုန်းက တစုံတယောက်ရဲ့မှတ်ချက်လေးကို သတိထားမိခဲ့ပါတယ်။
"စာပေစကားဝိုင်းထင်၍ လာခဲ့ပါသော်လဲ"......တဲ့။

ဟုတ်ပါတယ်... ကျနော်တို့လဲ စာပေစကားဝိုင်းအထိဆက်သွားချင်ပါတယ်။ ဖိတ်ကတည်းက စကားဝိုင်းဆိုတဲ့ အကြောင်းအရာထည့်သွင်းထားခဲ့တာကိုး။ ဒါပေမယ့် ဟောပြောခြင်း ၂ခုနဲ့ အခြားအစီအစဉ်လေးတွေကို ပရိသတ်အတွက် ရည်ရွယ်ပေးအပ်လိုက်တဲ့အခါ စကားဝိုင်းအတွက် အချိန်မပေးနိုင်တော့ဘူးဆိုတာမျိုးဖြစ်သွားပါတယ်။ ပရိသတ်လဲ ပင်ပန်းနေပြီလေ။

ဒါပေမယ့် အချိန်နဲ့ပရိသတ်အခြေအနေ ကြောင့် MICT မှာ စကားဝိုင်းမဖြစ်မြောက်ခဲ့သော်လည်း Ever Green (ခဝဲခြံ) မှာ ရနိုင်သရွေ့လူပြန်စုပြီး စကားဝိုင်းဖွဲ့ဖို့ ကြိုးစားခဲ့ကြပါတယ်။ ပီပြင်သင့်သလောက်ပီပြင်ခဲ့ပါတယ်။ ဟိုတပေါက်ဒီတပေါက်ပေါ့။ (နောက်ဆုံးပုံ)

နောက်ထပ်စီစဉ်မယ့်ပွဲတွေမှာတော့ ဟောပြောပွဲလား၊ စကားဝိုင်းလား၊ ဆွေးနွေးပွဲလား ဆိုတာ အရင်ဆုံး ပြတ်သားဖို့ ကျနော်တို့လုပ်ရမှာပါလားဆိုတာ အဲဒီ Commentလေး ကနေ ကျနော်တို့သိလိုက်ရပါတယ်။
နည်းနည်းလေး ကျနော်နဲ့အတူ ဝိုင်းစဉ်းစားကြတာပေါ့။ မတူတဲ့အမြင်ရှိရင် comment ပေးသွားနိုင်ပါတယ်။

Ok...စပြောမယ်နော်။

ဟောပြောပွဲဆိုတာက ပြောသူမှ နားထောင်သူတိုက်ရိုက်။
ပြောသူ နှစ်ယောက်၊ သုံးယောက် လောက်နဲ့ ပရိသတ်ကို ပေးချင်တဲ့မက်ဆေ့ ရိုက်ထည့်ပေးတာ။ ကျနော်တို့ မခမမနဲ့ MICT မှာလုပ်ခဲ့သလိုပေါ့။ ဟောပြောသူကလွဲလို့ ကျန်လူတွေ ပြောခွင့်သိပ်မရဘူး။ မှတ်သားစရာတွေကိုတော့ တိတိကျကျနဲ့ ထိထိမိမိရတယ်။
အထူးသဖြင့် စာရေးသူအနည်းငယ်နဲ့ စာဖတ်ပရိသတ်အများစုနဲ့လုပ်တဲ့ပွဲမျိုးကို ဟောပြောပွဲပုံစံနဲ့လုပ်တာ ပိုထိမိမယ်။ စာဖတ်သူဘက်မှာ ပြောစရာနည်းတယ်လေ။ မေးခွန်းတော့မေးလို့ရပါတယ်။

ဆွေးနွေးပွဲက ပြောသူ၊ နားထောင်သူအပြန်အလှန်။
သို့သော် ပြောသူသီးသန့်ရှိတယ်။ အဖြေတော်တော်များများ သူ့ဆီကလာတယ်။ လိုအပ်ရင်သူက အများဆွေးနွေးမှုကနေ အဖြေ ထုတ်ပေးတယ်။ အသိပညာရှင်အတတ်ပညာရှင်တဦးက ဦးဆောင်ပြီး ခေါင်းစဉ်တခုပေးမယ်။ ဆွေးနွေးမယ်။ ပရိသတ်ကလည်းကိုယ့်အမြင်ကို ဆွေးနွေးမယ်။
နောက်ဆုံးကျ ဦးဆောင်သူက ဆွေးနွေးချက်တွေအရဖြစ်စေ...သူ့အသိပညာအရဖြစ်စေ အကောင်းဆုံး အဖြေတခု သို့မဟုတ် အနည်းငယ် ထုတ်ပေးမယ်။ ဒါလည်းမှတ်သားစရာ မက်ဆေ့ကောင်းကောင်း ရတယ်။ ထိမိတယ်။ ကိုယ်တိုင်ဒီဆွေးနွေးပွဲအုပ်စုမှာ ဆွေးနွေးအဖြေရှာထားတဲ့အရာမို့ တန်ဖိုးရှိမယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့အဖြေ ဟုတ်ချင်မှဟုတ်မယ်။
ဆရာကြီးတွေနဲ့ စာရေးသူတွေအများစု ပါဝင်တဲ့အခါ စာပေ ဆွေးနွေးပွဲ ဆိုတဲ့ခေါင်းစဉ်နဲ့ လုပ်ရင်ပိုကောင်းတယ်။

စကားဝိုင်း ကျတော့တမျိုးပေါ့။ အားလုံးပြော။ ဆိုတော့ ရောက်တတ်ရာရာဖြစ်သွားနိုင်တယ်။ ယူတတ်တဲ့သူတော့ရမယ်။ စာရေးသူတွေချည့် စုမယ်ဆိုရင်တော့ စကားဝိုင်းကအကောင်းဆုံးပါ။ ဘယ်သူအမှန်ဆိုတာမျိုး ဆုံးဖြတ်ဖို့ မလွယ်တော့ဘူး။ ကိုယ်ကြိုက်တဲ့ အဖြေဆိုရင် တိတ်တိတ်လေး မှတ်ထားလိုက်လို့ပဲရမယ်။ အချင်းချင်းဆိုတော့ မှတ်ကြပါ့မလားတော့မသိဘူး။
သေချာတာကတော့ အားလုံးကိုယ်ထင်ကာကိုယ်ပြော...ပျော်ပျော်ပါးပါးပေါ့။ ပြန်ကာမှ တယောက်အတင်းတယောက် တူရာစုပြောကြပေါ့....ရန်မဖြစ်ကြေးလေ...နော့။
စတာပါ။ တခါတလေကျတော့ စာရေးဆရာဆိုတာမျိုးက ကိုယ်ထင်တာကိုယ်ပြောဖို့တောင် နေရာမရှိဘူး။ ကိုယ်ထင်တာကို လူတကာလျှောက်ပြောရမှာလဲ မကြိုက်ဘူး။ ငြင်းကာမှငြင်းရော စာရေး သူချင်းကိုပဲ ပြောချင်တဲ့ စကားတွေအကြောင်းအရာတွေ ရှိနေတယ်လေ။
ဆိုတော့ကာ စကားဝိုင်းကိုတော့ စာရေးသူချည်းသီးသန့် လုပ်တာပိုကောင်းလိမ့်မယ်။ စာဖတ်သူထဲက လာ နားထောင်မယ်ဆိုလဲ အနည်းအကျဉ်းဖိတ်ပေါ့။ ယူတတ်သူမှရမယ်။ စာရေးသူတွေတောင် သူတို့ချင်းပြောတာကို အဖြေ/မှတ်သားစရာ မက်ဆေ့ အဖြစ် ယူချင်မှယူမှာလေ🤣🤣

စာပေအားဖြင့် ကျနော်တို့ဟာ ညီအစ်ကို မောင်နှမတွေပါ။ ကျနော်တို့ကတော့ စာရေးခြင်းနဲ့ စာဖတ်ခြင်း၊ ဟောပြောပွဲနဲ့စကားဝိုင်းတွေပြ...
28/02/2026

စာပေအားဖြင့် ကျနော်တို့ဟာ ညီအစ်ကို မောင်နှမတွေပါ။ ကျနော်တို့ကတော့ စာရေးခြင်းနဲ့ စာဖတ်ခြင်း၊ ဟောပြောပွဲနဲ့စကားဝိုင်းတွေပြုလုပ်ခြင်း ဆိုတာတွေကိုသာ စာပေလှုပ်ရှားမှု လို့မသတ်မှတ်ချင်ပါဘူး။
ကျနော်တို့ ကြားက ထိတွေ့မှု ...တွေ့ဆုံမှု တိုင်းဟာ စာပေလှုပ်ရှားမှုကို ဖြစ်ပေါ်စေမယ့်အရာတွေလို့ ယုံကြည်ပါတယ်။
FWC ရဲ့ ရည်ရွယ်ချက်နောက်တခုကတော့ စာရေးသူ - စာဖတ်သူကြား အချင်းချင်း ရင်းနှီးချစ်ခင်လျက် ပျော်ရွှင်ဖွယ်အသိုက်အဝန်းတခုကို တည်ဆောက်နိုင်ကြဖို့ပဲဖြစ်ပါတယ်။
ညီငယ် ကဗျာဆရာ ခန့်သစ်ရင် ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျနော်တို့ FWC မှ သွားရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ မကြာမီ ပြုလုပ်ဖို့ရှိတဲ့ ကျောင်းဆင်းပွဲတွေမှာ စာပေမောင်နှမများနဲ့ ဆုံချင်ပါတယ်။

12/02/2026

FWC ရဲ့ ပထမ နှင့် ဒုတိယမြောက် စာရေးသူ - စာဖတ်သူ တွေ့ဆုံပွဲ မှတ်တမ်းပုံရိပ်လေးများကို တင်ဆက်ပေးလိုက်ပါတယ် ...

- နောက်ထပ် အစီအစဉ်တွေအတွက် Like & Following လေးလုပ်ထားနော်






Address

Yangon

Website

Alerts

Be the first to know and let us send you an email when Freelance Writers Club - FWC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share