Shwe Yamin Foundation

Shwe Yamin Foundation ရွေယမင်းဖောင်ဒေးရှင်းသို့ဆက်သွယ်လိုပါက- 09-953357977, 09-775516995,
09-254606350, 09-450554141

The ShweYamin Foundation’s charitable purposes are to assist homeless, impoverished, abused and otherwise disadvantaged children and youth (“At-Risk Children”) by providing access to counseling, health care, education, life skills training and other programs pursuant to the guidelines established by the UN Convention on the Rights of a Child. The Charity will draw on its experiences from The Hub S

aidek, Bangkok and The HUB, Hong Kong. The ShweYamin Foundation believes that its name underpins the flow of compassion and support between donors and children in developing nations that live with little or no hope of escaping the cycle of poverty to find a brighter future for themselves. The Charity intends to initially focus its operations starting with programs and services located in Yangon.

22/05/2026

အပတ်စဥ် (၁၁) အတွက် သင်တန်းသူ အသစ် ခေါ်ယူခြင်း....📢 🔔

Shwe Yamin Foundation အခမဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းကျောင်းမှာ သင်ကြားပေးနေတဲ့ ပညာရပ်တွေကတော့...

၁။ စက်ချုပ်ပညာ (Sewing)
၂။ ဆံပင်ပညာ (Hair)
၃။ မိတ်ကပ်ပညာ (Make-Up)
၄။ အင်္ဂလိပ်စာ (English)
၅။ ကွန်ပျူတာ (Computer)
၆။ မုန့်ဖုတ်ပညာ (Baking)
၇။ အချက်အပြုတ် ပညာ (Cooking)
၈။ လက်မှုပညာ (ပန်းကြယ်သီး/ ချည်ပန်းထိုး)(Handicraft)
၉။ လူမှုပေါင်းသင်းဆက်ဆံရေး ပညာ (Communication)

စတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို

(၆) လတာ နေ/စား (ငြိမ်း) ပညာသင်စရိတ် / သင်ထောက်ကူ လုံးဝ (လုံးဝ) အခမဲ့ဖြင့်

အသက် (၁၄) နှစ်မှ (၂၅) နှစ်အတွင်းရှိ မြန်မာနိုင်ငံအရပ်ရပ်မှ လူမျိုး/ဘာသာ မရွေး အမျိုးသမီးငယ်လေးများ သင်ယူနိုင်ပြီ ဖြစ်ပါတယ်ရှင်...။

အစိုးရ၏ တရားဝင်ခွင့်ပြုလိုင်စင်ဖြင့် မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော ပရဟိတ သင်တန်းကျောင်းကို ဒဂုံဆိပ်ကမ်း မြို့နယ် ၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်ရှင်...။

အမျိုးသမီးငယ်လေးတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးနေတဲ့ အမှန်တကယ်တည်ရှိနေတဲ့ သင်တန်းကျောင်းတစ်ခုဖြစ်လို့....

တက်ရောက်လိုတဲ့ အမျိုးသမီးငယ်လေးများ အနေဖြင့်

Shwe Yamin Foundation Page Messenger ကဖြစ်စေ...

ရွေယမင်းဖောင်ဒေးရှင်းသို့ဆက်သွယ်လိုပါက-

☎ 09-953357977 Head Office
☎ 09-775516995 ဆရာမ သီရိ
☎ 09-254606350 ဆရာမ ကျော့
☎ 09-450554141 တီချယ် အောင်လေး

ဖော်ပြထားသော ဖုန်းနံပါတ်တွေက တစ်ဆင့်ဖြစ်စေ...

အမည်...........
အသက်..........
ပညာအရည်အချင်း...........
ဆက်သွယ်ရန် ဖုန်းနံပါတ်..........
နေရပ်လိပ်စာ...........

တို့ကို ပေးပို့ စာရင်းပေးပြီး တက်ရောက်နိုင်ပါတယ်ရှင်....။

သင်တန်းလိပ်စာ ။ ။ အမှတ် (၆၄၆/၆၄၇) ၊ ရွှေလီလမ်းသွယ် (၄) လမ်း ၊ (၈၁) ရပ်ကွက် ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ရန်ကုန်

သင်တန်းစတင်မည့်လ ။ ။ 2026 July


#အခမဲ့
#သင်တန်း
#ဒဂုံဆိပ်ကမ်း
#ရန်ကုန်

22/05/2026

Shwe Yamin Foundation အခမဲ့ သင်တန်းကျောင်းမှာ ဝါရင့် ဆရာကြီး Cook ဆရာဦးဥာဏ်ဘိုမှ သင်တန်းသူလေးများကို Service Training ပေးနေတဲ့ ပုံရိပ်လေးများဖြစ်ပါတယ်ရှင်...။


#အခမဲ့
#သင်တန်း

"ဘဝရပ်တည်မှု ခိုင်မာဖို့ ရွှေယမင်းမှာ အခမဲ့ ပညာသင်ကြစို့....''အသက် (၁၄) နှစ်မှ (၂၅) နှစ်အတွင်း အမျိုးသမီးငယ်လေးတွေအတွက် ...
21/05/2026

"ဘဝရပ်တည်မှု ခိုင်မာဖို့ ရွှေယမင်းမှာ အခမဲ့ ပညာသင်ကြစို့....''

အသက် (၁၄) နှစ်မှ (၂၅) နှစ်အတွင်း အမျိုးသမီးငယ်လေးတွေအတွက် အခမဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းတစ်ခု....။

(၆) လအချိန်ပေးကြိုးစားရုံဖြင့် မိမိရည်မှန်းချက်ပန်းတိုင်ကို စတင်ခြေလှမ်းနိုင်မယ့် နေရာတစ်ခု....။

ကြိုးစားချင်စိတ် ရှိရုံနဲ့ ငွေကြေးလုံးဝ(လုံးဝ) ကုန်ကျစရာမလိုပဲ မိမိဘဝကို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ရန် မြေတောင်မြှောက်ပေးနေတဲ့

အမျိုးသမီးငယ်တိုင်းအတွက် အားထားရာ ရွှေယမင်း သင်တန်းကျောင်း ပဲ ဖြစ်ပါတယ် ရှင်...။

ကျွန်မတို့ ရွှေယမင်းဖောင်ဒေးရှင်း အခမဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းမှာ အနယ်နယ်အရပ်ရပ်မှ အမျိုးငယ်လေးများ လာရောက် ပညာသင်ကြားနေကြပါတယ်ရှင်...။

(၆) လ တစ်ကြိမ်သာ ရနိုင်မယ့် အခွင့်အရေးဖြစ်တဲ့အတွက် လာမယ့် 2026, July လမှာ 11th Batch အတန်းသစ် ဖွင့်လှစ်မှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ကြိုပါးထားပါရစေရှင်...။


#အခမဲ့
#သင်တန်း

လှပတဲ့အနာဂတ်တွေကို " Shwe Yamin Foundation "နဲ့အတူ ပုံဖော်ကြပါစို့"အနာဂတ်ဆိုတာ ထိုင်စောင့်နေရမယ့်အရာမဟုတ်ဘဲ ကိုယ်တိုင်ထု...
19/05/2026

လှပတဲ့အနာဂတ်တွေကို " Shwe Yamin Foundation "နဲ့အတူ ပုံဖော်ကြပါစို့

"အနာဂတ်ဆိုတာ ထိုင်စောင့်နေရမယ့်အရာမဟုတ်ဘဲ ကိုယ်တိုင်ထုဆစ်ယူရမယ့် အနုပညာတစ်ခုပါ"

မိန်းကလေးတစ်ယောက်ရဲ့ ဘဝလမ်းခရီး ပိုမိုတောက်ပလာဖို့ဆိုရင် ခိုင်မာတဲ့ အတတ်ပညာနဲ့ ယုံကြည်မှုရှိတဲ့ စိတ်ဓာတ်က အရေးကြီးဆုံးဖြစ်ပါတယ်…
အတတ်ပညာအပြင် စိတ်ဓာတ်ခွန်အားဖြည့်ပေးတဲ့ သင်ခန်းစာတွေကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်စေပါတယ်
အိပ်မက်တူညီတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာသင်ယူမှု ပတ်ဝန်းကျင်မှာ အနာဂတ်ကို အတူတူ ပုံဖော်ခွင့်ရရှိမှာပါ....

အခုဆိုရင် အပတ်စဉ် (၁၁)အတွက် သင်တန်းသူ အသစ်လေးတွေ စတင်လက်ခံနေပြီဖြစ်လို့ စိတ်ဝင်စားပါက Facebook Messenger ကနေ လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ...

"လက်ဖျားက အတတ်ပညာဖြင့် ဘဝကို ပုံဖော်စို့" စက်ချုပ်ပညာဆိုတာ အထည်ထက် စိတ်ဓာတ်ကိုပါ ထုဆစ်ရတဲ့ အနုပညာပါ...ချုပ်ရိုးမညီတာကို ...
18/05/2026

"လက်ဖျားက အတတ်ပညာဖြင့် ဘဝကို ပုံဖော်စို့"

စက်ချုပ်ပညာဆိုတာ အထည်ထက် စိတ်ဓာတ်ကိုပါ ထုဆစ်ရတဲ့ အနုပညာပါ...
ချုပ်ရိုးမညီတာကို စိတ်မပျက်ဘဲ စိတ်ရှည်တိကျစွာ သင်ယူပါ၊ ကိုယ်ပိုင်ဖန်တီးမှုကို ယုံကြည်ပါ..
အမှားတွေကို သင်ခန်းစာယူပြီး တစ်ထည်ထက်တစ်ထည် ပိုကောင်းအောင် ကြိုးစားမယ်ဆိုရင် သင့်လက်ရာက လူတွေကြားမှာ တောက်ပလာမှာ အသေအချာပါပဲ .....
အမှားကို ဆရာတင်ပြီး စိတ်ရှည်စွာ သင်ယူမယ်ဆိုရင် သင့်လက်ဖျားက အတတ်ပညာဟာ ဘယ်သူမှ လုယူလို့မရတဲ့ အလှပဆုံး အနာဂတ်တစ်ခု ဖြစ်လာမှာပါ...🔆🍀

အခုဆိုရင် သင်တန်းသူလေးတွေ သူတို့ ကိုယ်တိုင်ချုပ်ထားတဲ့ လက်ရာလေးတွေနဲ့ ပျော်ရွှင်နေကျတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့် .....

“လက်ဖျားက အတတ်ပညာ၊ ဘဝအတွက် ခိုင်မာတဲ့ အားကိုးရာ”အချက်အပြုတ်ပညာဆိုတာ အိမ်တွင်းမှုကိစ္စသက်သက်မဟုတ်ဘဲ အမျိုးသမီးများအတွက် အ...
15/05/2026

“လက်ဖျားက အတတ်ပညာ၊ ဘဝအတွက် ခိုင်မာတဲ့ အားကိုးရာ”

အချက်အပြုတ်ပညာဆိုတာ အိမ်တွင်းမှုကိစ္စသက်သက်မဟုတ်ဘဲ အမျိုးသမီးများအတွက် အရေးပါတဲ့ Professional Skill တစ်ခုဖြစ်ပါတယ်…..
ဝင်ငွေလမ်းစအနေနဲ့ ကိုယ်ပိုင်လုပ်ငန်းမှသည် ပရော်ဖက်ရှင်နယ် Chef အထိ ယုံကြည်မှုရှိရှိ စီးပွားရှာနိုင်ခြင်း….
စီမံခန့်ခွဲမှုစွမ်းရည်အနေနဲ့ အချိန်ကို စနစ်တကျ အသုံးချတတ်ပြီး စုဖွဲ့လုပ်ကိုင်နိုင်တဲ့ အရည်အချင်းကို ပျိုးထောင်ပေးခြင်း….
ကျန်းမာရေးနှင့် နွေးထွေးမှုအတွက်ကလဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရကို ကိုယ်တိုင်ဖန်တီးပေးခြင်းဖြင့် မိသားစုနှင့် ပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်ခြင်းတို့ဟာ

"လက်ဖျားမှာ အတတ်ပညာရှိခြင်းက သင့်ကို ဘယ်နေရာရောက်ရောက် ရဲရဲဝံ့ဝံ့ ရှင်သန်နိုင်စေမှာပါ"


ကောင်းသော အတွေးတွေ ဖြစ်ဖို့ ဆိုရင် စာများများဖတ်ရမယ်...။ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ဖန်တီးနိုင်ရမယ်...။ မိမိ တတ်မြောက်ထာ...
13/05/2026

ကောင်းသော အတွေးတွေ ဖြစ်ဖို့ ဆိုရင် စာများများဖတ်ရမယ်...။
ပတ်ဝန်းကျင်ကောင်း တစ်ခုကို ဖန်တီးနိုင်ရမယ်...။
မိမိ တတ်မြောက်ထားပြီးသား ပညာရပ်တွေကို အဆက်မပြတ် လေ့လာဆည်းပူးနေရမယ်....။

ပျင်းရင် ဖျင်းတယ် ဆိုတဲ့ စကားလေး ကြားဖူးကြတယ် မဟုတ်လား....။

နောင်တစ်ချိန်မှာ လိုတိုင်းရတဲ့ ဘဝမျိုး ​ဖြစ်ဖို့ဆို အခုချိန် ကြိုးစားနေမှ ရမယ်နော်....။💪

မိမိဘဝရဲ့ အရည်အချင်းတွေကို (၆) လထဲနဲ့ ပြည့်ဝချင်တယ်ဆိုရင်တော့

Shwe Yamin Foundation အခမဲ့ သင်တန်းကျောင်းမှာ အသက်မွေးဝမ်းကြောင်း ဘာသာရပ် (၁၀) မျိုးကို ငွေကြေးကုန်ကျစရာမလိုပဲ အခမဲ့ တက်ရောက်လို့ရပါပြီရှင်....။


#အခမဲ့
#သင်တန်း

အေးမြတဲ့ မိုးစက်လေးတွေနဲ့အတူ စိတ်ကြည်နူးစရာကောင်းတဲ့ နေ့တစ်နေ့... 🌧မိုးဖွဲဖွဲလေးနဲ့ အေးမြနေတဲ့ ဒီနေ့လို ရာသီဥတုလေးမှာ Sh...
12/05/2026

အေးမြတဲ့ မိုးစက်လေးတွေနဲ့အတူ စိတ်ကြည်နူးစရာကောင်းတဲ့ နေ့တစ်နေ့... 🌧

မိုးဖွဲဖွဲလေးနဲ့ အေးမြနေတဲ့ ဒီနေ့လို ရာသီဥတုလေးမှာ Shwe Yamin Foundation ရဲ့ မိသားစုဝင်လေးတွေအတွက် ပိုမိုထူးခြားတဲ့ နေ့ရက်လေးတစ်နေ့ ဖြစ်ခဲ့ပါတယ် 🌧✨

လူသားတွေအပေါ်မှာရော တိလေးတွေအပေါ်မှာပါ နွေးထွေးတဲ့ တွဲလက်တွေ အမြဲရှိနေတတ်တဲ့ ကျွန်မတို့ရဲ့ Shwe Yamin Foundation ရဲ့ Founder မှ ကျောင်းကို အရောက်လာပြီး သင်တန်းသူတွေကို ရင်းရင်းနှီးနှီးတွေ့ဆုံ အချိန်ပေးခဲ့ပါတယ်….

ခက်ခဲနေတဲ့ အချိန်မှာ လက်တစ်ကမ်း အကူအညီက ဘဝတစ်ခုလုံးအတွက် မျှော်လင့်ချက် အလင်းရောင် ဖြစ်စေနိုင်ပါတယ် 🌟🤝
"အခြေအနေတွေက ဘယ်လောက်ပဲ ခက်ခဲပါစေ... ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ကြိုးစားရင် တစ်နေ့မှာ အောင်မြင်မှုက လက်တကမ်းမှာ ရှိနေမှာပါ" ဆိုတဲ့ ခွန်အားဖြစ်စေမယ့် စကားတွေနဲ့..... ဘဝကို စိတ်အားထက်သန်အောင် လမ်းပြပေးခဲ့သလို ကလေးတွေရဲ့ အရည်အချင်းတွေကို ဘယ်လိုအသုံးချရမလဲဆိုတဲ့ လမ်းပြစကားတွေကို လေးလေးနက်နက် ပြောကြားပေးခဲ့ပါတယ် 🎓🌟

Founder ရဲ့ စကားတွေက ကလေးတွေအတွက် ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေမှာ အသေအချာပါပဲ ❤️

သင်ယူမှုတွေအပြင် ဘဝအတွက် တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်တွေပါ ရရှိခဲ့တဲ့အတွက် ဒီနေ့ဟာ ကျောင်းသူတွေအတွက် အကျိုးရှိပြီး ပျော်ရွှင်စရာနေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်...

မြန်မာနိုင်ငံ ရဲ့ တစ်ခုတည်းသော ပရဟိတ ကျောင်းဖြစ်တဲ့ '' ရွှေယမင်း ဖောင်ဒေးရှင်း '' အမျိုးသမီးများ အခမဲ့ အသက်မွေးဝမ်းကြောင...
11/05/2026

မြန်မာနိုင်ငံ ရဲ့ တစ်ခုတည်းသော ပရဟိတ ကျောင်းဖြစ်တဲ့ '' ရွှေယမင်း ဖောင်ဒေးရှင်း '' အမျိုးသမီးများ အခမဲ့ အသက်မွေးဝမ်းကြောင်း သင်တန်းမှာ

၁။ စက်ချုပ်ပညာ (Sewing)
၂။ ဆံပင်ပညာ (Hair)
၃။ မိတ်ကပ်ပညာ (Make-Up)
၄။ အင်္ဂလိပ်စာ (English)
၅။ ကွန်ပျူတာ (Computer)
၆။ မုန့်ဖုတ်ပညာ (Baking)
၇။ အချက်အပြုတ် ပညာ (Cooking)
၈။ လက်မှုပညာ (ပန်းကြယ်သီး/ ချည်ပန်းထိုး)(Handicraft)
၉။ လူမှုပေါင်းသင်းဆက်ဆံရေး ပညာ (Communication)
၁၀။ မျိုးဆက်ပွား ကျန်းမာရေး အသိပညာ (Reproductive Health)

စတဲ့ ပညာရပ်တွေကို (၆) လတာ နေ/စား (ငြိမ်း) ပညာသင်စရိတ် / သင်ထောက်ကူ လုံးဝ (လုံးဝ) အခမဲ့ဖြင့် သင်ကြားပေးနေပါတယ်ရှင်..။

တက်ရောက်လိုတဲ့ အမျိုးသမီးငယ်လေးများ အနေဖြင့် Shwe Yamin Foundation Page Messenger ကဖြစ်စေ...Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်တွေက တစ်ဆင့်ဖြစ်စေ...

အမည်...........
အသက်..........
ပညာအရည်အချင်း...........
ဆက်သွယ်ရန် ဖုန်းနံပါတ်..........
နေရပ်လိပ်စာ...........

တို့ကို ပေးပို့ စာရင်းပေးပြီး တက်ရောက်နိုင်ပါတယ်ရှင်....။

"ယနေ့ ရွေးချယ်မှုသည် မနက်ဖြန် ဘဝအရည်အသွေးကို အဆုံးအဖြတ်ပေးမည်"

ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး
မိမိဘဝကိုမိမိ ကိုယ်တိုင်ပုံဖော်ပါ။

ကိုယ်တိုင် ထူးချွန်ထက်မြက်သော အမျိုးသမီးတစ်ဦး ဖြစ်နိုင်စွမ်းရှိပါတယ်...။📣


#အခမဲ့
#သင်တန်း
#ဒဂုံဆိပ်ကမ်း
#ရန်ကုန်

🍀ပိုမိုလှပသော အနာဂတ်အတွက်... အတတ်ပညာဖြင့် ဘဝကို အလှဆင်စို့🍀အမျိုးသမီးတစ်ယောက်ရဲ့ အစစ်မှန်ဆုံး အလှတရားဟာ ဝတ်စားဆင်ယင်မှုထ...
08/05/2026

🍀ပိုမိုလှပသော အနာဂတ်အတွက်... အတတ်ပညာဖြင့် ဘဝကို အလှဆင်စို့🍀

အမျိုးသမီးတစ်ယောက်ရဲ့ အစစ်မှန်ဆုံး အလှတရားဟာ ဝတ်စားဆင်ယင်မှုထက် သူမရဲ့ လက်ဖျားမှာရှိတဲ့ အတတ်ပညာနဲ့ စိတ်ဓာတ်ခိုင်မာမှုမှာ ပိုပြီး ပေါ်လွင်ပါတယ်
အတတ်ပညာရှိထားခြင်းက သင့်ကို ဘယ်သူ့အပေါ်မှာမှ မှီခိုစရာမလိုဘဲ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင် အကောင်အထည်ဖော်ခွင့် ပေးပါတယ်
ဘဝမှာ ဘယ်လိုအခက်အခဲတွေပဲ ကြုံလာပါစေ၊ လက်ဖျားက အတတ်ပညာက သင့်အတွက် အမြဲတမ်း အားကိုးရမယ့် "ပညာရွှေအိုး" ဖြစ်နေမှာပါ…..
မနက်ဖြန်တွေ ပိုမိုလှပဖို့အတွက် ဒီနေ့မှာ အတတ်ပညာတစ်ခုခုကို စတင်သင်ယူလိုက်ကြရအောင် …..🍀🍀🍀

#ဒဂုံဆိပ်ကမ်း #အခမဲ့

Happy Birthday Make Up Aung Lay ... 🎉🎂🎈ဒီနေ့လေးကတော့ ရွှေယမင်းဖောင်ဒေးရှင်းမှာ (၂၀၁၉) မှစတင်ပြီး ယနေ့ထိ သင်တန်းသူလေးများ...
06/05/2026

Happy Birthday Make Up Aung Lay ... 🎉🎂🎈
ဒီနေ့လေးကတော့ ရွှေယမင်းဖောင်ဒေးရှင်းမှာ (၂၀၁၉) မှစတင်ပြီး ယနေ့ထိ သင်တန်းသူလေးများကို Make Up ပညာရပ်တွေကို မျှဝေ သင်ကြားပေးနေတဲ့ ဆရာအောင်လေး ရဲ့ မွေးနေ့လေး ဖြစ်ပါတယ်ရှင်...။

မွေးနေ့မှစ၍ ကျန်းမာပျော်ရွှင်ပါစေ... အစစအရာရာ အလုပ်အကိုင်တွေ အဆင်ပြေပါစေ.... အများအကျိုးကို အခုထက်ပိုပြီး ဆောင်ရွက်နိုင်ပါစေ... လို့ Shwe Yamin Foundation မိသားစုမှ မွေးနေ့ဆုမွန်ကောင်း တောင်းပါတယ်ရှင်...။

Happy birthay to you...🎉
Wish you all the best.. .. .. 🥰


Address

အမှတ် (၆၄၆) (၆၄၇)၈၁ ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေသံလွင်ဘိုးဘွား ရိပ်သာအနီး
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959953357977

Website

http://www.thebubhk.org/

Alerts

Be the first to know and let us send you an email when Shwe Yamin Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shwe Yamin Foundation:

Share