Hobbyists Refuge

Hobbyists Refuge A hobby space situated in a good location with a unique vibe.

We promote pursuing any healthy hobbies whether they are board games, card games, tabletop games, digital games or even arts and crafts related ones.

24/11/2025

🟡အခု ကျွန်တော်တို့ရဲ့ Hobbyists Caravan (HC) ဆိုင်လေးက ဖွင့်တော့မှာဆိုတော့ သူနဲ့ ဆက်စပ်နေတဲ့ တခြား page ၂ ခုကို မိတ်ဆက်ပေးချင်ပါတယ်။

🟠အဲဒါတွေကတော့ Hobbyists for Resilience and Change (HRC) နဲ့ Hobbyists Refuge (HR) တို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အတွက် အဲဒီ page ၃ ခုက သီးခြားစီ ဖြစ်သလို အပြန်အလှန် ချိတ်ဆက်နေတာမျိုးလဲ ရှိပါတယ်။

🟦Hobbyists Caravan (HC) က Hobby နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်းတဲ့ဆိုင်ပါ။ Board games, Card Games, Tabletop Games နဲ့ Retro video games တွေ ရောင်းပါတယ်။ ပိုက်ဆံရှာတဲ့ စီးပွား‌ရေးလုပ်ငန်းပါ။

🟧Hobbyists for Resilience and Change (HRC) က Hobby ကို အခြေခံထားတဲ့ Non-profit Local CSO ပါ။ အကျိုးအမြတ်အတွက် မဟုတ်ဘဲ ကောင်းမွန်တဲ့ ဝါသနာတွေကတဆင့် လူတွေအကျိုးရှိမယ့် အရာတွေကို လုပ်ဖို့ ရည်ရွယ်ပါတယ်။ လောလောဆယ် ဝါသနာနဲ့ပတ်သက်တဲ့ စစ်တမ်းတွေ ကောက်နေသလို၊ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်တဲ့ သင်တန်းတွေ လုပ်နေပါတယ်။ ပြီးတော့ ဝါသနာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲလေးတွေလည်း လုပ်ခဲ့ပါတယ်။ လူတွေကြားမှာ ကောင်းမွန်တဲ့ ဝါသနာတွေ ထွန်းကားလာဖို့၊ ဝါသနာကို အကျိုးရှိတဲ့ နေရာတွေမှာ သုံးနိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။

🟩Hobbyists Refuge (HR) က Hobby Space ပါ။ လူတွေလာပြီး ကိုယ့် Hobby ကို လုပ်လို့ရအောင် ထားပေးထားတဲ့ နေရာလေးတစ်ခုပါပဲ။ သူက အပေါ် ၂ ခုလို မဟုတ်ဘဲ အခြေအနေပေါ် မူတည်ပြီး ရည်ရွယ်ချက်က ပြောင်းလဲနိုင်ပါတယ်။ ပုံမှန်မှာ HC နဲ့ တွဲထားပြီး Board games, Card Games, Tabletop Games စိတ်ဝင်စားတဲ့သူတွေ သင့်တင့်တဲ့ အခကြေးငွေနဲ့ လာကစားလို့ရအောင်၊ ဒါမှမဟုတ် ကလေးတွေ၊ လူငယ်တွေ မွေးနေ့ပွဲလို၊ တွေ့ဆုံပွဲလို၊ ဝါသနာတွေ စုပြီးလုပ်နိုင်တဲ့ နေရာလိုမျိုး လူ ၂၀ အထိပဲ ရှိတဲ့ ပွဲအသေးလေးတွေကို လုပ်လို့ရအောင် ရှိမယ့်နေရာမျိုး ဖြစ်မှာပါ။ တခါတရံ HRC နဲ့တွဲပြီး ဝါသနာနဲ့ ပတ်သက်တဲ့ တွေ့ဆုံပွဲလေးတွေ၊ ဆွေးနွေးပွဲလေးတွေ၊ သင်တန်းလေးတွေ လုပ်နိုင်မယ့် နေရာလေးလည်း ဖြစ်နိုင်ပါတယ်။ သူက ချိတ်ဆက်နေတဲ့ HC နဲ့ HRC အတွက် အထောက်အကူပေးမယ့် နေရာဖြစ်လာမှာပါ။

🔵အခုလက်ရှိမှာ အဲဒီ ၃ ခုလုံးက တနေရာထဲမှာ စုနေမှာ ဖြစ်တဲ့အတွက် သူတို့အားလုံးကို ပေါင်းပြီး House of Hobbyists (HH) လို့ သတ်မှတ်ထားပါတယ်။ ပညာရပ်စကားနဲ့ ပြောရင်တော့ HH ဟာ စီးပွားလည်းလုပ်ရင်း တဖက်မှာလည်း လူတွေရဲ့ အကျိုးကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ရည်ရွယ်တဲ့ Social Enterprise တခု ဖြစ်ပါတယ်။

❤️ဆိုင်မှာ Hobby ပစ္စည်းတွေလာဝယ်ရင်း Space မှာ ကစားလို့ရသလို ဝါသနာတွေအကြောင်း စိတ်ဝင်စားရင် မေးမြန်းဆွေးနွေးလို့လည်း ရတယ်၊ ဝါသနာနဲ့ ပတ်သက်တဲ့ တွေ့ဆုံပွဲလေးတွေလာရင်း စိတ်ဝင်စားတဲ့ ဂိမ်းလေးတွေ ဆော့လို့လည်း ရတယ်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းအတူတူ ချိန်းဆော့ကြရင်း ကိုယ်ကြိုက်တဲ့ Hobby ပစ္စည်းလေးတွေ ဝယ်သွားလို့လည်း ရတယ်။ HH က Hobby နဲ့ပတ်သက်ရင် All-in-one အဆင်ပြေနိုင်မယ့် နေရာလေး တစ်ခုပေါ့😊😊

▶️တခုချင်းစီအကြောင်း ပိုသိချင်တယ်ဆိုရင်တော့ အောက်က လင့်တွေကတဆင့် သူတို့ရဲ့ သက်ဆိုင်ရာ page တွေမှာ ဝင်ကြည့်လို့ရပါတယ်။

Hobbyists for Resilience and Change (HRC)
https://www.facebook.com/hrcmyanmar/
Hobbyists Caravan (HC)
https://www.facebook.com/hobbyistscaravan/
Hobbyists Refuge (HR)
https://www.facebook.com/hobbyistsrefuge/

Our Space...😊😊☺️
24/11/2025

Our Space...😊😊☺️

Address

No. 123, First Floor, Latha Street, Latha Township
Yangon
11181

Opening Hours

Monday 12:00 - 21:30
Tuesday 12:00 - 21:30
Wednesday 18:00 - 21:30
Thursday 12:00 - 21:30
Friday 12:00 - 21:30
Saturday 12:00 - 21:30
Sunday 12:00 - 21:30

Website

Alerts

Be the first to know and let us send you an email when Hobbyists Refuge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share