Social Vision Services - SVS

Social Vision Services - SVS Development of Ideal is the development of state and citizens ! Chairman

Social Vision Services

SVS has been established in 2008 just after Cyclone Nargis, with the initial purpose of Emergency Humanitarian response towards the cyclone victims in Delta. We have made these responses in terms of emergency water and sanitation and hygiene, emergency livelihoods supports, as well as psycho-social supports to the affected community in the aftermath of the disasters. During recovery period after t

he emergency responses, we have aimed our goal to ensure community development providing supports and knowledge relating in the sectors that we have explored as in need and also according the resource we could have mobilized. The sectors we have been working are water and sanitation and hygiene, public health promotion, agriculture and livelihoods development, environment and disaster risk reduction, education, and child protection. Now, having reflected our works and achievements we have made in past 6 years, we are aware of that this is the time to realize how SVS would be able to maximize our capacity to serve our Myanmar society the best based on the strengths, skills and learning we have accumulated through our experiences. Thus, we have developed this strategy through an envisioning of our future based on the values we shared among others, reflection and learning on our past works and experiences, and a thorough analysis of both internal and external situations of SVS. We aim to bring about the development of our Myanmar society by applying the best of our skill and experiences as well as with the potential capacity and performance we would continue to create. Therefore, we believe that this strategic plan would convene SVS an opportunity to enhance its momentum of services with potential quality and productivity towards the development of Myanmar society.

နှစ်သစ်ဆုတောင်းမြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယမှာမင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီးကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစ...
12/04/2026

နှစ်သစ်ဆုတောင်း

မြန်မာ့နှစ်သစ်ကူး
သင်္ကြန်အခါသမယမှာ
မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး
ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေ

လေထုညစ်ညမ်းခြင်း နှင့် ကလေးငယ်များ
24/02/2026

လေထုညစ်ညမ်းခြင်း နှင့် ကလေးငယ်များ

📌လေထုညစ်ညမ်းခြင်းနှင့်ကလေးငယ်များ (Air Pollution)

ဒီနေ့ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်မှာ မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေပါတယ်။ IQAir က real-time လေထုအရည်အသွေးကို ကြည့်မယ်ဆိုရင် Yangon ရဲ့ AQI က 171 လို့ ဖော်ပြထားပါတယ်။

💠AQI 171 ဆိုတာဘာလဲ?

US AQI စံနှုန်းအရ 151–200 အတွင်းဟာ ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ လေထုထဲမှာ ဖုန်မှုန့်သေးသေးလေးတွေ များလာတဲ့အဆင့်ပါ။ ဒီအနေအထားမှာ လူတိုင်းအတွက် အနည်းငယ် ကျန်းမာရေးသက်ရောက်မှု ဖြစ်နိုင်ပါတယ်။အထူးသဖြင့် High Risk Person(နာတာရှည်ရောဂါရှိသူ)တွေမှာ ပိုအန္တရာယ်ရှိပါတယ်။

💠ဖြစ်နိုင်တဲ့ လက္ခဏာများကတော့

▪️မျက်လုံး၊ လည်ချောင်း ယားယံခြင်း
▪️ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း
▪️အဆုတ်ရောဂါ နဲ့ Asthma (ပန်းနာရင်ကြပ်) ပိုမိုဆိုးရွားနိုင်ခြင်း
▪️ရောဂါအခံရှိသူများမှာ နှလုံးနဲ့ သွေးကြောဖိအားတိုးနိုင်ခြင်းတို့ဖြစ်ပါတယ်။

💠လေထုညစ်ညမ်းချိန်မှာ သတိထားသင့်သူများကတော့

▪️ကိုယ်ဝန်ဆောင်များ
▪️ကလေးငယ်များ
▪️အသက်အရွယ်ကြီးရင့်သူများ
▪️ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ နှလုံးရောဂါရှိသူများဖြစ်ပါတယ်။

ဒီလိုနေ့တွေမှာ အားလုံးက

▪️အပြင်လေထုနဲ့ထိတွေ့တာလျှော့သင့်ပါတယ်။ ပြင်ပမှာ အားကစား / လေ့ကျင့်ခန်း မလုပ်တာကောင်းပါတယ်။ အိမ်ပြတင်းပေါက် ပိတ်ထားပြီး အိမ်ထဲမှာ HEPA Air Purifier သုံးသင့်ပါတယ်။

▪️အပြင်ထွက်ရင် N95 / KN95 Mask တပ်ပါ။

▪️ရေများများ သောက်ပါ။

ရန်ကုန်မှာ လေထုညစ်ညမ်းမှုများရတဲ့ အကြောင်းရင်းကတော့ ယာဉ်အသွားအလာများခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကနေ ဖုန်များထွက်ခြင်း၊အမှိုက်များမီးရှို့ခြင်းတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လေထုညစ်ညမ်းတဲ့အချိန် ကလေးတွေကိုပိုဂရုစိုက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက လူကြီးတွေထက် အသက်ရှူနှုန်းပိုမြန်တာကြောင့် ဖုန်မှုန့်တွေပိုဝင်နိုင်လို့ပါ။ ဒါ့အပြင် အဆုတ်ကဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် နုနယ်နေပြီး ခံနိုင်ရည်ရော ကိုယ်ခံအားရောနည်းနေပါတယ်။

ကလေးတွေမှာ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေဖြစ်တတ်ပါတယ်။ အသက်ရှူမြန်ခြင်း၊ မောခြင်း၊ မျက်လုံး၊နှာခေါင်းယားယံခြင်း၊ ပန်းနာရင်ကြပ်ပြန်ကြွခြင်းတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် ကလေးတွေနဲ့ Outdoor Play အပြင်ထွက်မှု လျှော့ပါ။ မဖြစ်မနေ အပြင်ထွက်ဖြစ်ရင် အသက် ၂နှစ်အထက်ဆိုရင် Mask အသုံးပြုလို့ရပါတယ်။(Child-size KN95 / N95)။ 2 နှစ်အောက်ကတော့ Mask မတပ်ရပါဘူး။ တတ်နိုင်သမျှ အပြင်မထွက်တာကောင်းပါတယ်။

ကလေးများအနေနဲ့ လေထုညစ်ညမ်းမှုကြောင့် ဆက်တိုက်ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်း၊ မောခြင်း၊ ပြာနှမ်းခြင်းများရှိလာရင်တော့ ချက်ချင်းဆေးရုံသွားရမှာဖြစ်ပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်။

📍စာဖတ်သူများသို့မေတ္တာရပ်ခံချက်💕

ကျွန်မရေးသားသောဆောင်းပါးများနဲ့ ထုတ်လွှင့်သော ဗီဒီယိုများဟာ အယူအဆမှားတွေများတတ်တဲ့ လူမှုကွန်ယက်မှာ မှန်ကန်တဲ့ကျန်းမာရေးဗဟုသုတရရှိစေဖို့သာ ရည်ရွယ်ပါတယ်။ တစ်ဦးချင်းစီရဲ့ ကျန်းမာရေးပြဿနာများအတွက် အဖြေရှာရန်မဟုတ်ပါဘူး။
ဒါ့အပြင် ပြင်ပမှာပြသနေတဲ့ ဆရာဝန်များရဲ့ ကုသချက်၊ ဆေးပညာအကြံပြုချက်များနေရာမှာ အစားထိုးလို့မရပါ။ မိမိကိုယ်တိုင် သို့မဟုတ် မိမိကလေးငယ်ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှု၊ သီးသန့် ဆွေးနွေးလိုသော အခြေအနေများရှိပါက ကိုယ်တိုင်ပြသနေသောဆရာဝန်များနှင့်သာ တိုင်ပင်ရမှာဖြစ်ပါတယ်။ အရေးကြီးလက္ခဏာများရှိပါကလည်း နီးစပ်ရာ ဆေးခန်း/ဆေးရုံမှာ သွားရောက်ပြသရမှာဖြစ်ပါတယ်ရှင်။

Happy New Year 🎊 I want to wish you a very Happy New Year.May you get a lot of happiness this year!
31/12/2025

Happy New Year 🎊
I want to wish you a very Happy New Year.
May you get a lot of happiness this year!

Merry Christmas to you all 🎄 ⛄
25/12/2025

Merry Christmas to you all 🎄 ⛄

သီတင်းကျွတ် အခါသမယမှာ ရောဂါဘယများ ကင်းဝေးပြီးသက်ရှည်ကျမ္မာကြပါစေကြောင်းလူမှုအသိပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမိသားစုမှဆုမွန...
04/10/2025

သီတင်းကျွတ် အခါသမယမှာ ရောဂါဘယများ ကင်းဝေးပြီး
သက်ရှည်ကျမ္မာကြပါစေကြောင်း
လူမှုအသိပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမိသားစုမှ
ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ(12.8.2025) ဗဟ...
12/08/2025

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး ဆွေးနွေးပွဲ

(12.8.2025) ဗဟိုဘဏ်

17/07/2025
🚨တန်ဖိုးကြီးတဲ့အသက်တွေ... ကာကွယ်ကြ/     စောင့်ရှောက်ကြပါ။   ■■■■■■■■■■■■■■■■■■           💟Dr.Lamp-Lady📣  ဒီလို အချိန် ရေ...
26/04/2025

🚨တန်ဖိုးကြီးတဲ့အသက်တွေ... ကာကွယ်ကြ/
စောင့်ရှောက်ကြပါ။
■■■■■■■■■■■■■■■■■■
💟Dr.Lamp-Lady

📣 ဒီလို အချိန် ရောက်လာပြီဆိုရင်ဖြင့် ->
ဒီလို စိုးရိမ်ပူပန် သတိပေးစကားတွေ ...
ရေးသားရတာ..အစဥ်အလာလို ဖြစ်နေငြား-
--------------------------------------
👉- အထူးအားဖြင့်- ယခုနှစ်မှာ- ယခုရက်သတ္တ
တပတ်အတွင်း ... ->

■💥"နေ" မှ -> ပြင်းထန်တဲ့ဆိုလာမီးတောက်များ
ကမ္ဘာမြေသို့- ထုတ်လွှတ်နိုင်ကြောင်း
နာဆာက ထုတ်ပြန်ထားပါတယ် - *

■"နေ့အပူချိန်များမှာ မနှစ်ကဧပြီလကုန်ပိုင်းထက်
ပိုမိုမြင့်ကာ တရိပ်ရိပ်မြင့်တက်နေရာ ...
အခုဧပြီလ(၂၆)ရက်နေ့မှ စတင်ပြီး..
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၊ ချင်းတွင်း
မြစ်ဝှမ်းဒေသများမှာ အပူချိန် ၄၂ ဒီဂရီအထိ
မြင့်တက်ဖွယ်ရှိနေတယ်လို့ သိရပါတယ် -။

💢အခုဧပြီ(၂၇)ရက်မှ- (၃၀)ရက်အတွင်း...
လက်ရှိအပူချိန်ထက်- (2-3)°C ပိုပူလာနိုင်
ကြောင်းနဲ့ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း
လည်း ကြောက်ခမန်းလိလိ,မြင့်တက်နေ
ကြောင်း သိရှိရပါတယ်-။

📣 အသက်-ဥာဏ်စောင့်တာမို့ -
ဒါလေးများ... သတိထားပေးကြပါလို့ ->

● မွန်းတည့်(၁၂)နာရီမှ ညနေ(၄)နာရီအတွင်း..
အတတ်နိုင်ဆုံး- အပြင်မထွက်ပါနဲ့-။
လိုအပ်လို့-အပြင်ထွက်ရရင်လည်း...
အလွန်အေးတဲ့- Air con:ဖွင့်ထားတဲ့နေရာမှ-
ပူတဲ့နေရာကို ရုတ်တရက်,ထွက်ခြင်း ရှောင်ပါ-။

● မဖြစ်မနေ- အပြင်ထွက်ရတဲ့အခါတိုင်း..

☆ ရေ ဝဝ,သောက်ပြီး ထွက်ပါ-

☆ ထီး၊ဦးထုပ်ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ-

☆ တတ်နိုင်သမျှ- အရိပ်ရတဲ့နေရာမှ သွားပါ-

☆ အပူကိုအလွန်စုပ်ယူနိုင်တဲ့- အနက်/အနီရောင်
အဝတ်များနဲ့ တင်းကျပ်သော၊ပူသောအဝတ်များ
ဝတ်ခြင်းရှောင်ကြဥ်ပါ-

☆ အရောင်နုဖျော့သော- ချည်ထည်အဝတ်
ပွပွချောင်ချောင်သာ- ဝတ်ဆင်ပါ-

☆ ရေသောက်ဖို့ မမေ့ပါစေနဲ့နော်-

*[ရေသောက်ဖို့မေ့နေတတ်တာမို့- သတိထားပြီး၊
ရေ ခဏခဏ,သောက်ပါနော့်- ]*
ရေခဲရည်/အချိုရည်သောက်မယ့်အစား..
ပုံမှန်ရေသန့်သာ- သောက်ပါ-

☆ (အေးလွန်းခြင်း/ပူလွန်းခြင်းမဟုတ်သော-)
ပုံမှန်ရေသန့်- များများ,သောက်ပေးခြင်းဖြင့်-

* ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးရာမှာ-
အထောက်အကူဖြစ်စေတာကြောင့်-
ရေသောက်ဖို့မမေ့ကြပါနဲ့လို့.. ထပ်ခါထပ်ခါ,
အထူး,သတိပေးပါရစေ🥰

☆ ချွေးထွက်များရင် -> အုန်းစိမ်းရည်၊
ဓါတ်ဆားရည် သောက်ပေးသင့်ပါတယ် -

☆ အရက်သေစာသောက်စားခြင်းရှောင်ကြဥ်ပါ-

☆ မိမိနေထိုင်ရာနေရာမှာ -> အတတ်နိုင်ဆုံး,
အေးမြနေအောင်.. စီစဥ်ပြင်ဆင်ပါ-
ဥပမာ- (မိမိတို့အဆင်ပြေသလို..)
Air con: ,ပန်ကာ၊မီးပျက်တဲ့အခါ-ဆိုလာစံနစ်၊
ဘက်ထရီပန်ကာများ..စသဖြင့်စီစဥ်ထားရှိခြင်း၊
လေဝင်လေထွက်ကောင်းအောင်-
ပြတင်းပေါက်များ..ဖွင့်ထားခြင်း၊
ပတ်ဝန်းကျင်တခွင်တပြင်-ရေဖြန်းထားခြင်း၊
စိမ်းလန်းတဲ့-သစ်ပင်ပန်းပင်၊ပန်းအိုးများ
စိုက်ပျိုးထားရှိခြင်း...

● ဆီးချို၊သွေးတိုး၊နှလုံး၊ကျောက်ကပ်..စတဲ့
ရောဂါအခံရှိသူများ၊ အဝလွန်သူများ..နဲ့
သက်ကြီးရွယ်အိုများ၊ ကလေးငယ်များမှာ -
အပူဒဏ်ကြောင့် ပိုပြီးထိခိုက်နိုင်တာမို့-
အထူးဂရုစိုက်စေချင်ပါတယ် -။

● ကိုယ်ခန္ဓာအပူချိန်- အလွန်မြင့်တက်လာပြီး..
ခေါင်းမူးခေါင်းကိုက်၊ ပျို့ချင်အန်ချင်၊
အကြောတက်၊ မူးမေ့သတိလစ်..ဖြစ်လာတာနဲ့-
အပူရှပ်ခြင်း(Heat Stroke)အန္တရာယ်
အချက်ပေးသံမြည်လာတာမို့...အနီးဆုံးဆေးရုံ/
ဆေးခန်း၊ တတ်ကျွမ်းနားလည်တဲ့-ဆရာဝန်/
ဆရာမများထံ အမြန်ဆုံးပြသပြီး၊
စောင့်ရှောက်ကုသမှုခံယူသင့်ပါတယ်-။
အဲ့လိုလူနာများ...တွေ့ ခဲ့ပါကလည်း ->

*( တန်ဖိုးမဖြတ်နိုင်တဲ့-လူ့အသက်များ...
အလဟဿ,မဆုံးရှူံးရလေအောင်.. )
ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပါလို့-
မေတ္တာရပ်ခံ တိုက်တွန်းပါရစေ-။

💖ချစ်ခြင်းမေတ္တာဖြင့်

Attending  Mangrove Workshop," Enhance Blue Ocean and Coastal Ecosystems through Sustainable Mangrove Conservation,," Wi...
25/04/2025

Attending Mangrove Workshop," Enhance Blue Ocean and Coastal Ecosystems through Sustainable Mangrove Conservation,,"
With ZHI GEN. China, CITIC Myanmar and MERN .

အကုန်လုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ🙏🏻မြင်ရတွေ့ရကြားရတာတွေ ရင်ထဲစို့တက် စိတ်မကောင်းဖြစ်ရတယ်🥺 သတိဝီရိယနဲ့ဘဲ သတိရှိရှိနေက...
29/03/2025

အကုန်လုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ🙏🏻

မြင်ရတွေ့ရကြားရတာတွေ ရင်ထဲစို့တက် စိတ်မကောင်းဖြစ်ရတယ်🥺 သတိဝီရိယနဲ့ဘဲ သတိရှိရှိနေကြပါ🙏🏻 နောက်ထပ်ငလျင်ထပ်လှုပ်ဖို့ရှိသေးတယ်ကြားရပါတယ် ၊ အကုန်လုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ 🙏🏻🙏🏻🙏🏻

ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် သတိပြုလိုက်နာဆောင်ရွက်သင့်သည်များ

ငလျင်လှုပ်ရှားနိုင်သည့်ဒေသ (သို့မဟုတ်) ငလျင်ပြတ်ရွေ့ တည်ရှိရာဒေသများတွင် နေထိုင်ကြသူများအဖို့ ငလျင်သတိ အမြဲရှိနေကြရန်နှင့် ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထားကြရမည်ဖြစ်ပါ၍ ငလျင်မလှုပ်မီ၊ ငလျင်လှုပ်စဉ်နှင့် ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည်များကို သိရှိထားရန် လိုအပ်ပါသည်။

ငလျင်မလှုပ်မီ ဆောင်ရွက်ရန် အချက်များ
(၁) အခန်းတိုင်းတွင် လုံခြုံသောနေရာကိုသိထားရမည်၊
(၂) လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာအကွယ်ယူရန်၊ ဆွဲကိုင်ထားရန်တို့အား လေ့ကျင့်ထားရမည်၊
(၃) အန္တရာယ်ရှိသော နေရာများကို သိထားရမည်၊
(၄) အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရသောနေရာများကို သိထားရမည်၊
(၅) ထွက်ပြေးရန် လမ်းကြောင်းများ၊ အရံထွက်လမ်းများကို လေ့လာမှတ်ထားရမည်၊
(၆) ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့်နေရာများကို သိထားရမည်။

ငလျင်လှုပ်ရှားစဉ် လုပ်ဆောင်ရန်အချက်များ
(၁) မြေကြီး(သို့မဟုတ်) အဆောက်အဦတုန်ခါခြင်းကြောင့် ပြိုကျလာသည့် အကျိုးအပဲ့များ ထိခိုက်မည့်အန္တရာယ်မှ လွတ်ကင်းအောင် စာရေးခုံ၊ စားပွဲအောက်တွင် ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုးနေလိုက်ပါ၊
(၂) ပြိုကျနေသည့်အကျိုးအပဲ့များ၊ မြင့်မားသည့်ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင် လျောကျနိုင်သော (သို့မဟုတ်) မှောက်လဲနိုင်သော လေးလံသည့် အရာဝတ္တုများကို သတိထားပါ၊
(၃) အပြင်ထွက်သော တံခါးပေါက်၊ ပြူတင်းပေါက်များမှ ဝေးဝေးနေပါ၊
(၄) ငလျင်လှုပ်စဉ် အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅) မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင်ပါက လှေကားများ(သို့မဟုတ်) ဓာတ်လှေကားများတွင် တိုးဝှေ့ခြင်း မပြုပါနှင့်၊
(၆) မိမိသည် လမ်းပေါ်သို့ရောက်နေပါက အဆောက်အဦများ၊ လျှပ်စစ်ကြိုးများနှင့် ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်းရမည်၊
(၇) မိမိသည် ကားအတွင်းတွင်ရှိနေလျှင် ကားကို စက်သတ်ရပ်ထား၍ ကားအတွင်း၌ပင် ဆက်နေပြီး တံတားများ၊ အဆောက်အဦးများနှင့် ဝေးဝေးနေရမည်၊
(၈) ပင်လယ်ကမ်းခြေ၊ နိမ့်သော မြစ်ကမ်းပါးတို့မှ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီးများ ဝင်ရောက်လာနိုင်ပါသည်။

ငလျင်လှုပ်ပြီးလျှင် လုပ်ဆောင်ရန်အချက်များ
(၁) မိမိကိုယ်ကို အနာတရ ဖြစ် မဖြစ် စစ်ဆေးပါ၊
(၂) နောက်ဆက်တွဲဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃) ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစုပါ၊
(၄) အဆောက်အဦတွင် ထိခိုက်မှု မမာဏကို စစ်ဆေးပါ၊
(၅) မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆) မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘတ္ထရီမီးတို့ကို သုံးပါ၊
(၇) ဓာတ်ငွေ့နံ့၊ ဓာတ်ဆီနံ့စသည့် လောင်စာနံ့ရပါက အမြန်ဆုံး ထွက်ခွာပါ၊
(၈) နောက်ဆက်တွဲငလျင်များ လှုပ်နိုင်သည်ကို သတိပြု ပြင်ဆင်ပါ။

ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ ဘေးအန္တရာယ်များ
(၁) နောက်ဆက်တွဲငလျင်များ၊
(၂) မြို့ပြမီးဘေးအန္တရာယ်၊
(၃) ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄) တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅) ရွံ့မီးတောင်များ ပေါက်ကွဲပန်းထွက်ခြင်း၊
(၆) ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ်ခြင်း၊
(၇) ကောလဟာလ သတင်းလွှင့်ခြင်း။

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန

#ငလျင်

Address

Bldg(8/10), Room (C2, D2). South Horse Race Course Road, Tarmmweownc Gyi( B) Ward, Tarmmwe Township
Yangon
11431

Alerts

Be the first to know and let us send you an email when Social Vision Services - SVS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Social Vision Services - SVS:

Share