Young City Shapers

Young City Shapers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Young City Shapers, Youth Organization, Yangon.

Young City Shapers, incubated by Doh Eain is an education and capacity building platform dedicated to helping young people navigate their 20s and create better urban futures.

Young City Shapers team invites you to World Mental Health Day 2026!We’re happy to be part of this year’s World Mental H...
08/10/2026

Young City Shapers team invites you to World Mental Health Day 2026!

We’re happy to be part of this year’s World Mental Health Day gathering, taking place on 10 October at Goethe-Institut Myanmar.

Come visit the Young City Shapers booth, connect with fellow young people, and take part in activities that create space for conversations around mental health and wellbeing.

The event is open to the public, with walk-ins welcome from 9:00 AM to 2:30 PM.

📅 10 October 2026
📍 Goethe-Institut Myanmar
⏰ 9:00 AM – 2:30 PM

Come join us and be part of the conversation. See you there!

မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ရဲ့ “Disaster Risk Preparedness and Management” အမည်ရ (၁၉) ကြိမ်မြောက် အ...
07/10/2026

မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ရဲ့ “Disaster Risk Preparedness and Management” အမည်ရ (၁၉) ကြိမ်မြောက် အစီအစဉ်ကို မန္တလေးမြို့မှာ ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၂၆ ခုနှစ် ဇွန်လမှာ စတင်ပြုလုပ်ခဲ့ပြီး လူငယ် (၃၀) ဦးတို့နဲ့ စတင်ခဲ့ပါတယ်။

ဒီလူငယ်တွေက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ကြိုတင်ပြင်ဆင်ခြင်း၊ ရပ်ရွာအတွင်း ဘေးအန္တရာယ် ဆန်းစစ်ခြင်းနဲ့ အသိပညာပေးခြင်း၊ ရပ်ရွာအခြေပြု ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေ ဖွဲ့စည်းခြင်း၊ ဒစ်ဂျစ်တယ် နည်းပညာသုံး အသိပညာပေးခြင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေ အစရှိတဲ့ အကြောင်းအရာတွေကို အဓိကထား လေ့လာခဲ့ကြပါတယ်။ ဒါ့ပြင် စာတွေ့သင်ခန်းစာတွေအပြီးမှာ လက်တွေ့စီမံကိန်းငယ် (၅) ခုကိုပါ အကောင်အထည်‌ဖော် ဆောင်ရွက်ခဲ့ကြပါတယ်။

Group 1 - Building Disaster Ready Communities: Current Shapers

Current Shapers ကတော့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်ရွာလေးကျေးရွာမှာ ရေကြီးရေလျှံမှုဆိုင်ရာ အသိပညာပေးခြင်းနဲ့ ကြိုတင်ပြင်ဆင်မှု ပို့ချချက်တွေကို အကောင်အထည်ဖော်ခဲ့တဲ့ စီမံကိန်းငယ်တစ်ခု ဖြစ်ပါတယ်။ စီမံကိန်းကာလအတွင်း ဒေသခံ (၅၀) အတွက် ရေဘေးအန္တရာယ် အသိပညာပေးတာတွေ၊ ရေဘေးကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး လက်တွေ့ကယ်ဆယ်ရေး သရုပ်ပြတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် အဖွဲ့ဝင် (၁၂) ဦး ပါဝင်တဲ့ ရပ်ရွာ ရေဘေးကြိုတင်ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့တဲ့အပြင် ရေစိုခံအိတ်တွေ၊ အသက်ကယ်အင်္ကျီတွေ၊ မီးအိမ်တွေ၊ လှေတွေနဲ့ လော်စပီကာစတဲ့ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း ပံ့ပိုးပေးခဲ့ပါတယ်။

Group 2 - Inclusive and Responsive Disaster Resilience for All

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်ရှိ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် ထိခိုက်လွယ်တဲ့ ရပ်ရွာနေလူတွေအတွက် ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးဖို့ ရည်ရွယ် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းငယ် ဖြစ်ပါတယ်။ အဖွဲ့သားတွေ ကိုယ်တိုင် ရေးဆွဲထားတဲ့ ရေကြီးဘေး အသိပညာပေး သင်ရိုးညွှန်းတမ်းနဲ့ လက်ကမ်းစာစောင်တွေကနေတစ်ဆင့် ဒေသခံ (၁၀၀) ကို ပို့ချပေးခဲ့ပါတယ်။ Key Informant Interview တွေကနေမှတဆင့် ကောက်ယူခဲ့တဲ့ ရပ်ရွာ လိုအပ်ချက် ဆန်းစစ်ချက်အရ ထိခိုက်လွယ် အိမ်ထောင်စု ၄၀ အတွက် အမိုးအကာနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ မိုးကာတာလပတ်များကိုလည်း တိုက်ရိုက် ဖြန့်ဝေပေးခဲ့ပါတယ်။

Group 3 - Community Risk Mapping & Learning from Lived Experiences: From Quake to Quality Safe

From Quake to Quality Safe အဖွဲ့ကတော့ မန္တလေးမြို့ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှာ ကျောင်းအခြေပြု ငလျင်ဘေးအန္တရာယ် ဆန်းစစ်မြေပုံဆွဲခြင်းနဲ့ ငလျင်ဘေး ကြုံတွေ့ခဲ့ရသူတွေရဲ့ အတွေ့အကြုံတွေကို မှတ်တမ်းတင်ခဲ့တဲ့ စီမံကိန်းငယ် ဖြစ်ပါတယ်။ ဖောင်တော်ဦး၊ ဇေယျာဝတီ၊ စလေ ၊ နေမင်း နဲ့ ကန်တက်ကုန်း စတဲ့ ဘုန်းတော်ကြီးသင်ကျောင်း (၅) ကျောင်းက ကျောင်းသား ၊ ကျောင်းသူ(၁၁၈) ဦးနဲ့အတူ အပြန်အလှန် အသိပညာပေး ပို့ချချက်တွေ၊ ဂိမ်းတွေ ဆောင်ရွက်ခဲ့ပြီး ကျောင်းအလိုက် ငလျင်ဘေးအန္တရာယ်နဲ့ ဘေးကင်းရာ ဧရိယာတွေကို ဖော်ပြထားတဲ့ ဘေးအန္တရာယ်ပြ မြေပုံ (၅) ခုကို အတူတကွ ဖန်တီး ရေးဆွဲခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်း ငလျင်ဖြစ်စဉ်မှာ ကိုယ်တိုင် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေ၊ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေမှာ ပါဝင်ခဲ့သူတွေနဲ့ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူဆရာတွေရဲ့ အတွေ့အကြုံ၊ အကြံပြုချက်တွေကို ရုပ်သံဗီဒီယို မှတ်တမ်း (၂) ခုအဖြစ် ရိုက်ကူး ထုတ်လုပ်ခဲ့ပါတယ်။

Group 4 - Digital Innovation for Disaster Resilience: Save Ourselves (S.O.S)

Save Ourselves (S.O.S) အဖွဲ့ကတော့ ရှုပ်ထွေးတဲ့ ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အချက်အလက်တွေကို လူငယ်တွေ လွယ်ကူရှင်းလင်းစွာ လေ့လာနိုင်စေဖို့ နည်းပညာအခြေခံပြီး ပလပ်ဖောင်းတွေ ဖန်တီးပေးခဲ့တဲ့ စီမံကိန်းငယ် ဖြစ်ပါတယ်။ projectso5.com ဝဘ်ဆိုက်၊ low-connectivity နဲ့ အသုံးပြုနိုင်တဲ့ Telegram Bot () တို့ကို ပြုလုပ်ခဲ့ပြီး အရေးပေါ် ပြင်ဆင်နိုင်ဖို့ သင်ခန်းစာတွေနဲ့ မိသားစုဝင် အချင်းချင်း အချိတ်အဆက်မိ ဆက်သွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ အသိပညာပေး ဗီဒီယိုတွေ ထုတ်လွှင့်ခဲ့တဲ့အပြင် မန္တလေးမြို့အတွင်း နေရာအနှံ့အပြားမှာ Social Media Campaign၊ Platform Launch နဲ့ သဘာဝဘေးအန္တာရယ်ဆိုင်ရာ အသိပေးဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး လူငယ် (၁၀၃) ဦးထံ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများကို လက်တွေ့မျှဝေပေးနိုင်ခဲ့ပါတယ်။

Group 5 - Understanding Disaster Impacts on Communities and Livelihood: Weaver - စာဘူးတောင်း

Weaver - စာဘူးတောင်း အဖွဲ့ကတော့ မန္တလေးမြို့က ရေဘေးသင့် ရပ်ရွာတွေမှာ ကျေးရွာအဆင့် ဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းတာ၊ ဘေးကင်းရာ ရွှေ့ပြောင်းရေး မြေပုံဆွဲတာနဲ့ ဘဏ္ဍာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုတွေကို ပေါင်းစပ် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းငယ် ဖြစ်ပါတယ်။ မဟာဂန္ဓာရုံကျောင်းနဲ့ The Way Station တို့မှာ ရပ်ရွာခေါင်းဆောင်တွေနဲ့ ဒေသခံတွေအတွက် ရေကြီးဘေး လွတ်မြောက်ရေးနဲ့ အရေးပေါ် ရန်ပုံငွေ ဘတ်ဂျက် ရေးဆွဲခြင်းဆိုင်ရာ အစီအစဉ်တွေကို ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် အုတ်ချစ်ကုန်း ဘုန်းတော်ကြီးသင်ကျောင်းက ရေဘေးအန္တာရယ်ကို နှစ်တိုင်းကြုံတွေ့ရတတ်တဲ့ ကလေးသူငယ် (၈၀) အတွက် Waldorf အနုပညာအစီအစဉ်တွေ၊ သီချင်းတွေ၊ ဂိမ်းတွေနဲ့ကို သဘာဝဘေးအန္တရာယ်အကြောင်းတွေ တွဲဖက်မျှဝေပြီး ပံ့ပိုးပေးခဲ့ပါတယ်။

ဒီ လက်တွေ့စီမံကိန်းငယ် (၅) ခုကနေတစ်ဆင့် မြို့ပြပုံဖော်သူ လူငယ်တွေက သင်ယူမှုတွေနဲ့ သူတို့ရဲ့ စိတ်ကူးအတွေးတွေကို လက်တွေ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းလဲပြီး မတူညီတဲ့ ရပ်ရွာ လိုအပ်ချက်တွေကို တုံ့ပြန်ဖို့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မြို့ပြပုံဖော်သူလူငယ်တွေက သူတို့ စီမံကိန်းခရီးစဉ်ရဲ့ အောင်မြင်မှု အတွေ့အကြုံတွေကို သြဂုတ်လ မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ Capstone Debrief Session မှာ ဝေမျှပေးခဲ့ကြပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေက လူမှုအသိုင်းအဝိုင်းအတွက် ဘယ်လိုအကျိုးသက်ရောက်စေခဲ့သလဲ မျှဝေပေးခဲ့ကြပါတယ်။ ဒီစီမံကိန်းတွေဟာ လူငယ်တွေရဲ့ ဖန်တီးနိုင်စွမ်း၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ သူတို့ရဲ့ ရပ်ရွာ ပတ်ဝန်းကျင်အတွက်အပြောင်းအလဲ ဖန်တီးချင်တဲ့ စိတ်အားထက်သန်မှုတွေ မြင်တွေ့ခဲ့ရပါတယ်။
___________________________________

Launched as the first-ever Young City Shapers (YCS) cohort in Mandalay, Cohort 19 focused on "Disaster Risk Preparedness and Management” in July 2026, bringing together youth from diverse local backgrounds.

Throughout the programme, participants strengthened their knowledge in disaster risk reduction, community vulnerability assessments, youth-led emergency response setups, and digital advocacy. Putting theory into action, the cohort successfully executed 5 impactful capstone projects across Mandalay neighbourhoods.

Group 1 - Building Disaster Ready Communities: Current Shapers

The Current Shapers executed a flood preparedness and awareness initiative in Taung Ywar Lay Village, Amarapura Township, Mandalay. During the project, the team delivered flood safety awareness to 50 local residents and conducted practical rescue demonstrations in collaboration with local flood rescue teams. To ensure long-term resilience, they established a 12-member community flood preparedness committee and provided essential emergency relief supplies, including waterproof bags, life jackets, lifebuoys, and speakers.

Group 2 - Inclusive and Responsive Disaster Resilience for All

This project aimed to strengthen the disaster resilience of vulnerable groups including women-led households, elderly residents, children, and persons with disabilities in Htein Kone Village, Pyigyitagon Township, Mandalay. Using the curriculum and educational pamphlets developed by the the project team, the team conducted flood awareness training sessions for 100 local residents, conducted key informant interviews. Based on community needs assessment, they also directly distributed protective tarpaulins to 40 vulnerable households to enhance shelter safety.

Group 3 - Community Risk Mapping & Learning from Lived Experiences: From Quake to Quality Safe

From Quake to Quality Safe project focused on school-based earthquake risk mapping and documenting lived experiences of earthquake survivors across monastic education schools in Mandalay. Working alongside 118 students across 5 monastic schools in Mandalay, Phaung Daw Oo, Zayya Waddi, Salay, Nay Min, and Kan Tat Kone, the team conducted interactive awareness sessions and games, co-creating 5 school disaster risk and evacuation maps. Additionally, they produced 2 video documentaries capturing personal stories, expert advice, and community reflections from the 2025 Sagaing earthquake.

Group 4 - Digital Innovation for Disaster Resilience: Save Ourselves (S.O.S)

The Save Ourselves (S.O.S) project created tech-driven platforms to help young people in Myanmar easily access complex disaster preparedness information. They launched the projectso5.com website and a low-connectivity Telegram bot () to share emergency preparation lessons and household communication plans. To drive engagement, they produced educational social media videos and hosted launch events providing 103 youth with practical emergency preparedness tools.

Group 5 - Understanding Disaster Impacts on Communities and Livelihood: Weaver

The Weaver Project integrated community-level Disaster Response Team (DRT) formation, evacuation mapping, and financial preparedness in flood-affected neighbourhoods across Mandalay. They hosted workshops on flood evacuation and emergency budget planning for local leaders and residents at Maha Gandha Yone Monastery and The Way Station Community Hub. Additionally, they delivered Waldorf art-based wellbeing support sessions, songs, and games for 80 disaster-affected children at Oat Chit Kone Monastic School, alongside distributing emergency whistles.

These 5 capstone projects showcase how our Young City Shapers translated their learnings and creative ideas into tangible community action to respond to real local needs.

During the Capstone Debrief Session held in Mandalay in August, young city shapers shared their project journeys, key achievements, and the impact their work had on their communities.

They highlight the creativity, team collaboration, and deep passion of young people dedicated to driving positive social change within their communities.

မြို့ပြပုံဖော်သူလူငယ်များ အစီအစဉ်ရဲ့ (၂၁) ကြိမ်မြောက် ပရိုဂရမ်မှာတော့ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့လူငယ်တွေကို  သင်...
05/10/2026

မြို့ပြပုံဖော်သူလူငယ်များ အစီအစဉ်ရဲ့ (၂၁) ကြိမ်မြောက် ပရိုဂရမ်မှာတော့ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့လူငယ်တွေကို သင်တန်းသူ/သားများအဖြစ် ခေါ်ယူနေတာပဲ ဖြစ်ပါတယ်။

“Beyond Barriers: Shaping Wellbeing and Inclusion” အမည်ရ ခေါင်းစဉ်အောက်မှာ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့လူငယ်တွေကို ရပ်ရွာအတွင်းမှာရှိတဲ့ လူမှုအခြေအနေများကို နားလည်သဘောပေါက်စေပြီး အားလုံးပါဝင်နိုင်တဲ့ အသိုင်းအဝိုင်းများ တည်ဆောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားပါတယ်။

ဒီပရိုဂရမ်မှာ ဂျန်ဒါတန်းတူညီမျှရေးနဲ့ အားလုံးပါဝင်နိုင်ရေး၊ လူမှုရေးရာမညီမျှမှုများကို နားလည်သဘောပေါက်ခြင်းနဲ့ ကောင်းမွန်သောဘဝအတွက်နည်းလမ်းများ၊ လူတိုင်းအတွက် စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပညာဆိုင်ရာ ပံ့ပိုးကူညီမှု၊ အားလုံးပါဝင်နိုင်သော လူမှူ၀န်းကျင်အတွက် အပြုသဘောဆောင်သောအမျိုးသားထုစံတန်ဖိုးများ၊ စီမံကိန်း စီမံခန့်ခွဲမှုအပြင် လူငယ်များ ရပ်ရွာ၀န်းကျင်နဲ့ ထိတွေ့ဆောင်ရွက်ခြင်း အစရှိတဲ့ အကြောင်းအရာများကို အဓိကလေ့လာရမှာဖြစ်ပါတယ်။ ပါဝင်သူလူငယ်များအနေနဲ့ မိမိတို့ရပ်ရွာအတွက် အကျိုးရှိတဲ့ လုပ်ငန်းအစီအစဉ်များကို ဖန်တီးနိုင်စေဖို့နဲ့ ထိုသို့ဖန်တီးရာမှာ အားလုံးအကျုံးဝင်ပါဝင်နိုင်စေဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုများကို ရှိလာစေဖို့ ရည်ရွယ်ပါတယ်။

ပရိုဂရမ်က အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လကြာမြင့်မှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် စီမံကိန်းငယ်များလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ စာတွေ့အစီအစဉ်များကို မြန်မာဘာသာနဲ့ သင်ကြားပို့ချသွားမှာဖြစ်ပြီး အပတ်စဉ် အင်္ဂါ နှင့်ကြာသာပတေးနေ့တွေမှာ (၄) ပတ်ကြာ လူတွေ့တက်ရောက်ရမှာဖြစ်ပါတယ်။ စာတွေ့အစီအစဉ်များအပြီးမှာ စီမံကိန်းငယ်များအား အဖွဲ့လိုက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး ပါဝင်မယ့်မော်ဂျူးများနဲ့ အသေးစိတ် အချက်အလက်များကို လျှောက်လွှာဖောင်မှာ ဖော်ပြထားပါတယ်။

အခု ပရိုဂရမ်အတွက် လူငယ် (၂၀) ဦးသာ ခေါ်ယူမှာဖြစ်ပြီး ပါဝင်ခွင့်ရသူအားလုံးအတွက် သွားလာရေးစရိတ် အထောက်အပံ့များကို စီစဥ်ပေးသွားမှာဖြစ်ပါတယ်။

ပရိုဂရမ်မှာပါဝင်ဖို့ စိတ်ပါဝင်စားသူ အသက် (၃၅) နှစ်အောက် လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့ လူငယ်များအနေနဲ့ လျှောက်လွှာဖောင်ကို အောက်ပါလင့်ခ်မှတစ်ဆင့် အောက်တိုဘာလ (၈) ရက်နေ့ ည (၁၀) နာရီအထိ နောက်ဆုံးထား ဖြည့်စွက်ကာ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားသူများကို အွန်လိုင်းမှတစ်ဆင့် လူတွေ့စစ်ဆေးပြီး တက်ရောက်ခွင့်ရသူများကိုသာ အီးမေးလ်ဖြင့် ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ ပရိုဂရမ်အပြီးမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူငယ်များကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်။

ပရိုဂရမ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက youngcityshapers.com မှာ သွားရောက်လေ့လာနိုင်သလို [email protected] ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

လျှောက်လွှာဖောင် -
https://docs.google.com/forms/d/e/1FAIpQLSeQtWgsuGL7NZ8vtOclBVbffv0bLbr8lROH29oCTYinD-4E6A/viewform?usp=header
_______________

We are pleased to announce the upcoming Young City Shapers Programme Cohort 21, launching this October!

This cohort, titled “Beyond Barriers: Shaping Wellbeing and Inclusion”, aims to empower young people with mobility disabilities to better understand the social realities shaping urban communities and to actively contribute to building more inclusive, supportive, and people-centered environments. The programme will explore key areas such as Gender Equality and Social Inclusion (GESI), Understanding Inequalities and Tools for Wellbeing, Mental Health and Psychosocial Support for All (MHPSS), Healthy Masculinities for Inclusive Communities, Project Life Cycle Management and Youth and Community Engagement. Participants will also strengthen their ability to advocate for inclusivity and develop practical skills to design initiatives that promote wellbeing within their communities.

The programme will run from October to December 2026, spanning three months and including hands-on project work. The 4-week coursework will be delivered in Myanmar language every Tuesday and Thursday from 9:30 AM to 12:30 PM in person. In addition to classroom sessions, participants will collaborate in teams on projects, allowing them to explore the challenges, aspirations, and lived experiences of youth in underprivileged communities.

Detailed information and course modules are provided in the application form.

This cohort will accept only 20 participants. Travel allowances will be supported for all participants for in-person sessions. Young people aged under 35 with mobility limitations who are interested in participating can apply by completing the application form via the link below by 8 October 2026 at 10:00 PM. Shortlisted applicants will be interviewed online, and only selected candidates will be notified via email. Certificates of recognition will be awarded upon successful completion of the programme.

The Young City Shapers programme by Doh Eain equips young individuals interested in urban development with the knowledge and skills to enhance their capabilities while fostering more inclusive and resilient communities.

For more details, reach out to us at [email protected] or visit youngcityshapers.com.

Application Form:
https://docs.google.com/forms/d/e/1FAIpQLSeQtWgsuGL7NZ8vtOclBVbffv0bLbr8lROH29oCTYinD-4E6A/viewform?usp=header

မြို့ပြပုံဖော်သူလူငယ်များ အစီအစဉ်ရဲ့ ပထမဦးဆုံးသောအကြိမ်အနေနဲ့ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့လူငယ်တွေကို  သင်တန်းသူ/သ...
01/10/2026

မြို့ပြပုံဖော်သူလူငယ်များ အစီအစဉ်ရဲ့ ပထမဦးဆုံးသောအကြိမ်အနေနဲ့ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့လူငယ်တွေကို သင်တန်းသူ/သားများအဖြစ် ခေါ်ယူနေပါပြီ။

မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) အစီအစဥ်ကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ စိတ်ပါဝင်စားသူ လူငယ်များအတွက် အသိပညာ၊ ဗဟုသုတနဲ့ စွမ်းရည်များ တိုးတက်မြင့်မားလာစေဖို့ ရည်ရွယ်ချက်ဖြင့် စီစဉ်ပေးလျက်ရှိရာ အခုအခါ (၂၁) ကြိမ်မြောက် ပရိုဂရမ်ကို တက်ရောက်ဖို့ စာရင်းပေးသွင်းနိုင်ပါပြီ။

ဒီတစ်ခေါက် မြို့ပြပုံဖော်သူလူငယ်များ အစီအစဥ်ရဲ့ (၂၁) ကြိမ်မြောက် ပရိုဂရမ်ကိုတော့ “Beyond Barriers: Shaping Wellbeing and Inclusion” အမည်ရ ခေါင်းစဉ်အောက်မှာ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့လူငယ်များအား ရပ်ရွာရှိ လူမှုအခြေအနေများကို နားလည်သဘောပေါက်စေပြီး အားလုံးပါဝင်နိုင်တဲ့ အသိုင်းအဝိုင်းများ တည်ဆောက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားပါတယ်။ ဒီပရိုဂရမ်မှာ ဂျန်ဒါတန်းတူညီမျှရေးနဲ့ အားလုံးပါဝင်နိုင်ရေး၊ လူမှုရေးရာမညီမျှမှုများကို နားလည်သဘောပေါက်ခြင်းနဲ့ ကောင်းမွန်သောဘဝအတွက်နည်းလမ်းများ၊ လူတိုင်းအတွက် စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပညာဆိုင်ရာ ပံ့ပိုးကူညီမှု၊ အားလုံးပါဝင်နိုင်သော လူမှူ၀န်းကျင်အတွက် အပြုသဘောဆောင်သောအမျိုးသားထုစံတန်ဖိုးများ၊ စီမံကိန်း စီမံခန့်ခွဲမှုအပြင် လူငယ်များ ရပ်ရွာ၀န်းကျင်နဲ့ ထိတွေ့ဆောင်ရွက်ခြင်း အစရှိတဲ့ အကြောင်းအရာများကို အဓိကလေ့လာရမှာဖြစ်ပါတယ်။ ပါဝင်သူလူငယ်များအနေနဲ့ မိမိတို့ရပ်ရွာအတွက် အကျိုးရှိတဲ့ လုပ်ငန်းအစီအစဉ်များကို ဖန်တီးနိုင်စေဖို့နဲ့ ထိုသို့ဖန်တီးရာမှာ အားလုံးအကျုံးဝင်ပါဝင်နိုင်စေဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုများကို ရှိလာစေဖို့ ရည်ရွယ်ပါတယ်။

ပရိုဂရမ်က အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လကြာမြင့်မှာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် စီမံကိန်းငယ်များလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ စာတွေ့အစီအစဉ်များကို မြန်မာဘာသာနဲ့ သင်ကြားပို့ချသွားမှာဖြစ်ပြီး အပတ်စဉ် အင်္ဂါ နှင့်ကြာသာပတေးနေ့တွေမှာ (၄) ပတ်ကြာ လူတွေ့တက်ရောက်ရမှာဖြစ်ပါတယ်။ စာတွေ့အစီအစဉ်များအပြီးမှာ စီမံကိန်းငယ်များအား အဖွဲ့လိုက် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပြီး ပါဝင်မယ့်မော်ဂျူးများနဲ့ အသေးစိတ် အချက်အလက်များကို လျှောက်လွှာဖောင်မှာ ဖော်ပြထားပါတယ်။

အခု ပရိုဂရမ်အတွက် လူငယ် (၂၀) ဦးသာ ခေါ်ယူမှာဖြစ်ပြီး ပါဝင်ခွင့်ရသူအားလုံးအတွက် သွားလာရေးစရိတ် အထောက်အပံ့များကို စီစဥ်ပေးသွားမှာဖြစ်ပါတယ်။

ပရိုဂရမ်မှာပါဝင်ဖို့ စိတ်ပါဝင်စားသူ အသက် (၃၅) နှစ်အောက် လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိတဲ့ လူငယ်များအနေနဲ့ လျှောက်လွှာဖောင်ကို အောက်ပါလင့်ခ်မှတစ်ဆင့် အောက်တိုဘာလ (၆) ရက်နေ့ ည (၁၀) နာရီအထိ နောက်ဆုံးထား ဖြည့်စွက်ကာ လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားသူများကို အွန်လိုင်းမှတစ်ဆင့် လူတွေ့စစ်ဆေးပြီး တက်ရောက်ခွင့်ရသူများကိုသာ အီးမေးလ်ဖြင့် ပြန်လည်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ ပရိုဂရမ်အပြီးမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူငယ်များကို အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်။

ပရိုဂရမ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက youngcityshapers.com မှာ သွားရောက်လေ့လာနိုင်သလို [email protected] ကိုလည်း ဆက်သွယ်နိုင်ပါတယ်။

လျှောက်လွှာဖောင် -
https://docs.google.com/forms/d/e/1FAIpQLSeQtWgsuGL7NZ8vtOclBVbffv0bLbr8lROH29oCTYinD-4E6A/viewform?usp=header
_______________

We are pleased to announce the upcoming Young City Shapers Programme Cohort 21, launching this October!

This cohort, titled “Beyond Barriers: Shaping Wellbeing and Inclusion”, aims to empower young people with mobility disabilities to better understand the social realities shaping urban communities and to actively contribute to building more inclusive, supportive, and people-centered environments. The programme will explore key areas such as Gender Equality and Social Inclusion (GESI), Understanding Inequalities and Tools for Wellbeing, Mental Health and Psychosocial Support for All (MHPSS), Healthy Masculinities for Inclusive Communities, Project Life Cycle Management and Youth and Community Engagement. Participants will also strengthen their ability to advocate for inclusivity and develop practical skills to design initiatives that promote wellbeing within their communities.

The programme will run from October to December 2026, spanning three months and including hands-on project work. The 4-week coursework will be delivered in Myanmar language every Tuesday and Thursday from 9:30 AM to 12:30 PM in person. In addition to classroom sessions, participants will collaborate in teams on projects, allowing them to explore the challenges, aspirations, and lived experiences of youth in underprivileged communities.

Detailed information and course modules are provided in the application form.

This cohort will accept only 20 participants. Travel allowances will be supported for all participants for in-person sessions. Young people aged under 35 with mobility limitations who are interested in participating can apply by completing the application form via the link below by 6 October 2026 at 10:00 PM. Shortlisted applicants will be interviewed online, and only selected candidates will be notified via email. Certificates of recognition will be awarded upon successful completion of the programme.

The Young City Shapers programme by Doh Eain equips young individuals interested in urban development with the knowledge and skills to enhance their capabilities while fostering more inclusive and resilient communities.

For more details, reach out to us at [email protected] or visit youngcityshapers.com.

Application Form:
https://docs.google.com/forms/d/e/1FAIpQLSeQtWgsuGL7NZ8vtOclBVbffv0bLbr8lROH29oCTYinD-4E6A/viewform?usp=header

မြို့ပြပုံဖော်သူလူငယ်များ (Young City Shapers) အစီအစဥ်ကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ စိတ်ပါဝင်စားသူ လူငယ်များ.....

မြို့ပြကို အတူတကွ ပုံဖော်နေကြတဲ့ YCS Alumni တွေရဲ့ အသံများ ဒို့အိမ်ရဲ့ မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ပ...
30/09/2026

မြို့ပြကို အတူတကွ ပုံဖော်နေကြတဲ့ YCS Alumni တွေရဲ့ အသံများ

ဒို့အိမ်ရဲ့ မြို့ပြပုံဖော်သူ လူငယ်များ (Young City Shapers) ပရိုဂရမ်ဟာ ၂၀၁၉ ခုနှစ်က စတင်ခဲ့ရာကနေ အခုဆိုရင် Cohort (၂၂) ခုအထိ အောင်မြင်စွာ စီစဉ်ကျင်းပလျက် ရှိနေပါတယ်။ လက်ရှိအချိန်အထိ လူငယ် (၆၂၆) ကျော် တက်ရောက်ခဲ့ပြီး အသိုက်အဝန်းအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ လူငယ်ဦးဆောင် လက်တွေ့စီမံကိန်းငယ် (၉၂) ကျော်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒီနေ့မှာတော့ YCS Alumni တွေရဲ့ လက်တွေ့ စီမံကိန်းငယ်များနဲ့ သူတို့ရဲ့ စကားသံများကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

Kyawt Hmue San — Cohort 17: Vocational Skills for Resilient Livelihoods

Seed Sakku: Green Micro Business in Action

ရုံးတွေ၊ ကျောင်းတွေနဲ့ ဘုရားပုထိုးတွေက စွန့်ပစ်စက္ကူတွေနဲ့ ပန်းတွေကို ပြန်လည်အသုံးပြုပြီး မျိုးစေ့ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စက္ကူထုတ်ကုန်တွေအဖြစ် ဖန်တီးခဲ့တဲ့အပြင်၊ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်တွေအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွေကိုပါ ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

စကားသံ -

“တခြား ပရိုဂရမ်တွေနဲ့ ယှဉ်ရင် YCS က ကိုယ့်ရဲ့ ဘဝအပေါ် သက်ရောက်မှု အကြီးဆုံး ဖြစ်ခဲ့တဲ့ 'Once in a lifetime opportunity' ပါပဲ။ YCS မဝင်ခင်က အရာရာ ကြောက်ဖို့ကောင်းတယ်လို့ ထင်ခဲ့ဖူးပြီး ပွဲတွေမှာ English လို မေးရင် အရမ်း စိတ်လှုပ်ရှားပြီး လက်တွေတုန်ခဲ့ရပေမဲ့ YCS ပြီးတဲ့နောက် ဆက်လုပ်ဖြစ်ခဲ့တဲ့ Activities တွေနဲ့ အစီအစဉ်တွေမှာ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်တဲ့ ယုံကြည်မှု ပိုရှိလာခဲ့ပါတယ်။

'Cities for People' မော်ဂျူးကနေ 'မြို့ဆိုတာ ရှိနေလို့ လူတွေ ရှိလာတာ မဟုတ်ဘဲ လူတွေ ရှိနေလို့ မြို့ရှိလာတာ' ဆိုတဲ့ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်ခဲ့ရပါတယ်။ သင်ယူခဲ့ရတဲ့ Human-Centered Design ကို အသုံးချရင်း Differently Abled Persons တွေရဲ့ နေ့စဉ်ဘဝမှာ တကယ် ပြောင်းလဲသွားအောင် ဆောင်ရွက်ပေးနိုင်တဲ့အထိ လက်တွေ့ အသုံးချနိုင်ခဲ့ပါတယ်။ စနစ်တကျ Step-by-step သင်ယူခွင့်၊ လက်တွေ့ စီမံကိန်း လုပ်ခွင့်နဲ့ အသုံးဝင်တဲ့ အရည်အချင်းတွေ ရမှာဖြစ်လို့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အကျိုးရှိတာတွေ လုပ်ချင်တဲ့ လူငယ်တိုင်း မဖြစ်မနေ လျှောက်သင့်တဲ့ ပရိုဂရမ်ပါ။”

Aye Myint Myat — Cohort 18: Community Wellbeing and Inclusion

Caesar (ဆည်းဆာ): Learning Without Barriers

သင်္ဃန်းကျွန်းနဲ့ ရွှေပြည်သာမြို့နယ်တွေမှာရှိတဲ့ မတူကွဲပြားတဲ့ နောက်ခံအခြေအနေများမှ လူငယ်တွေအပြင်၊ ကျောင်းသားတွေနဲ့ ကိုရင်ငယ်တွေ အပါအဝင် စုပေါင်း လူငယ် ၁၂၇ ဦး အတွက် ကွန်ပျူတာ၊ အင်္ဂလိပ်စာနဲ့ ဘဝတွက်တာ ကျွမ်းကျင်မှု (Life Skills) ပို့ချချက်တွေကို အသက်အရွယ်အလိုက် အဆင့်ခွဲပြီး အားလုံးပါဝင်နိုင်တဲ့ အပြန်အလှန် သင်ယူမှု ပတ်ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

စကားသံ -

“ပထမဆုံးနေ့မှာ ‘Cities for People’ သင်ခန်းစာကို လေ့လာခွင့်ရကတည်းက ဒီပရိုဂရမ်ကို ရွေးချယ်ခဲ့တာ အတော်လေး ကံကောင်းတယ်လို့ တွေးမိခဲ့ပါတယ်။ ဒီပရိုဂရမ်ကနေတစ်ဆင့် Community ထဲက လူတွေနဲ့ ထိတွေ့ခွင့်ရပြီး သူတို့နဲ့ ယုံကြည်မှုတည်ဆောက်ရတဲ့ အတွေ့အကြုံတွေက မမေ့နိုင်တဲ့ အမှတ်တရကောင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီပရိုဂရမ်က ကိုယ်အရင်က သတိမထားမိခဲ့တဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ နေထိုင်မှုဘဝတွေကို ပိုပြီး သတိထားကြည့်တတ်လာစေခဲ့ပါတယ်။ ပုံမှန်ဆိုရင် လမ်းသွားတဲ့အခါ ကိုယ်သွားမယ့်လမ်းကိုပဲ ကြည့်တတ်တဲ့သူတစ်ယောက်အနေနဲ့ အခုဆိုရင် လမ်းဘေးက အိမ်လေးတွေ၊ ဈေးဆိုင်လေးတွေ၊ ကလေးငယ်တွေနဲ့ ခွေးလေးတွေကအစ ကိုယ့်ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းကို ပိုပြီး သတိထားမိလာပါတယ်။ ဒါ့အပြင် Community ရဲ့ အသံတွေကို အရင်က သိပ်အာရုံမစိုက်မိတဲ့ လူငယ်တစ်ယောက်အနေနဲ့ အခုဆိုရင် ပတ်ဝန်းကျင်က လူကြီးမိဘတွေ၊ ကလေးငယ်တွေနဲ့ လူငယ်တွေရဲ့ အတွေးအမြင်နဲ့ ရင်ထဲက စကားသံတွေကို ပိုပြီး အာရုံစိုက်နားထောင်ဖြစ်လာပါတယ်။

ပရိုဂရမ် ပြီးတဲ့နောက်မှာတော့ ‘လူငယ်တွေ စုပြီးတော့ ဒီလိုမျိုး ပတ်ဝန်းကျင်အတွက် အထောက်အကူပြုနိုင်ပါလား’ ဆိုတာကို ကိုယ်တိုင်လက်တွေ့ သိလာခဲ့ရပါတယ်။ အရင်ကထက် လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ပိုပြီး ယုံကြည်မှုရှိလာသလို Public Speaking ပိုကောင်းလာပြီး အတွေးအခေါ်တွေလည်း ပိုကျယ်ပြန့်လာပါတယ်။ ဒါကြောင့် Community နဲ့ ပိုပြီးထိတွေ့ချင်တယ်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့မျက်နှာမှာ အပြုံးလေးတွေ ပေါ်လာအောင် ကိုယ်တိုင်ပါဝင်ပံ့ပိုးချင်တယ်၊ လူငယ်တွေနဲ့အတူ အဖွဲ့လိုက် လုပ်ကြည့်ချင်တယ်ဆိုရင် ဒီပရိုဂရမ်ကို မဖြစ်မနေလျှောက်ထားကြဖို့ တိုက်တွန်းချင်ပါတယ်။”

Thandar Hlaing — Cohort 19: Disaster Risk Preparedness and Management

From Quake to Quality Safe: Community Risk Mapping & Learning from Lived Experiences

မန္တလေးမြို့မှာ ပထမဆုံး ပြုလုပ်ခဲ့တဲ့ YCS Cohort ဖြစ်ပြီး GIS နည်းပညာနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အသိပညာတွေကို အသုံးပြုကာ မန္တလေးမြို့ရှိ ရပ်ရွာအသိုက်အဝန်းတွေအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး စိစစ်မြေပုံညွှန်းခြင်းနဲ့ ခံနိုင်ရည်ရှိတဲ့ လူမှုစီးပွားဘဝတွေ ဖြစ်ထွန်းလာစေဖို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စကားသံ -

“YCS ဆိုတာ လူငယ်တစ်ယောက်အနေနဲ့ 'မဖြစ်မနေ တက်သင့်တဲ့ ပရိုဂရမ်' တစ်ခုပါပဲ။ ရန်ကုန်မှာတုန်းက တက်ချင်ခဲ့တာ ၃ နှစ်လောက် ရှိခဲ့ပြီး မန္တလေးမှာ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်တဲ့ Disaster Risk Preparedness and Management Cohort ခေါ်တယ်ဆိုတာနဲ့ အရမ်းပျော်ပြီး ချက်ချင်း လျှောက်ဖြစ်ခဲ့တာပါ။

အရင်တုန်းက အသက်ကြီးသူတွေ၊ တာဝန်ရှိသူတွေနဲ့ စကားပြောဖို့ စိုးရိမ်စိတ် ရှိခဲ့ပေမဲ့ ကိုယ်လုပ်ချင်တာကို သေသေချာချာ ရှင်းပြရင် လူကြီးတွေကလည်း သေချာ နားထောင်ပြီး ပူးပေါင်းပေးတာကို YCS မှာ နားလည်သွားခဲ့ပါတယ်။ အတန်းထဲမှာ သင်ခဲ့ရတဲ့ Disaster Risk Preparedness and Management သင်ခန်းစာတွေကို အခု လက်ရှိ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး လုပ်နေရတဲ့ Project Assistant အလုပ်မှာ တိုက်ရိုက် ပြန်အသုံးချနေပါတယ်။ ဝါသနာတူ သူငယ်ချင်းတွေ၊ Connections တွေနဲ့ ခေတ်နဲ့အညီ လိုအပ်တဲ့ Critical thinking နဲ့ Problem solving skills တွေ ရမှာဖြစ်လို့ အခွင့်အရေး ရရင် လက်မလွတ်ဘဲ အရယူကြဖို့ ပြောချင်ပါတယ်။”
_________________

Voices of Young City Shapers: Alumni Impact & Real Stories

Since launching in 2019, Doh Eain’s Young City Shapers (YCS) programme has successfully delivered 22 cohorts! To date, over 626 young changemakers have participated, executing more than 92 impactful youth-led capstone projects across local communitie.

Today, we are excited to share the capstone initiatives and personal reflection stories from our YCS alumni:

Kyawt Hmue San — Cohort 17: Vocational Skills for Resilient Livelihoods

Capstone Project: Seed Sakku: Green Micro Business in Action

Recycled paper waste from offices and schools alongside discarded pagoda flowers into eco-friendly seed paper products, while conducting practical workshops and micro-business fundamentals for youth with limited employment opportunities..

Kyawt:

“Compared to other programmes, YCS was truly a 'once in a lifetime opportunity' that had the greatest impact on my life. Before YCS, I thought everything was scary and my hands would tremble from nervousness when asked questions in English, but after YCS, I gained the confidence to speak fearlessly even with embassies and authorities.

Through the 'Cities for People' module, I deeply realised that 'cities don't exist for people; people exist to make cities.' Applying Human-Centred Design daily, our team was able to create real impact, such as following up to ensure tangible livelihood accessibility for persons with disabilities. With step-by-step structured learning, hands-on project implementation, and practical skill building, this is a must-join programme for any youth who wants to create meaningful impact in their community."

Aye Myint Myat — Cohort 18: Community Wellbeing and Inclusion

Capstone Project: Caesar (ဆည်းဆာ): Learning Without Barriers

Caesar created learning opportunities for 127 young people, including youth from diverse backgrounds, young students, and novice monks from Thingangyun and Shwe Pyi Thar Townships. The project provided age-appropriate learning in computer skills, English, and life skills, while creating an inclusive and interactive learning environment for everyone.

Aye:

“From the very first day, when I had the opportunity to learn about ‘Cities for People’, I felt that I was really lucky to have chosen this programme. Through the programme, I had the chance to connect with people in the community and build trust with them, and these experiences became some of the most memorable moments for me. The programme also taught me to pay more attention to the lives of people and the surroundings that I had previously overlooked. Normally, when I walk somewhere, I tend to focus only on where I am going. But now, I notice the small houses, shops, children, dogs, and the people and communities around me. I also used to be someone who did not pay much attention to the voices of the community. Now, I find myself listening more closely to the thoughts, perspectives, and voices of older people, children, and young people around me.

After completing the programme, I came to realise through my own experience that young people can come together and contribute to their communities in meaningful ways. I have become more confident when communicating with others, improved my public speaking skills, and developed a broader perspective. So, if you want to connect more with your community, contribute to bringing more smiles to the people around you, and experience working as a team with other young people, I would definitely encourage you to apply for the programme.”

Thandar Hlaing — Cohort 19: Disaster Risk Preparedness and Management

Capstone Project: From Quake to Quality Safe: Community Risk Mapping & Learning from Lived Experiences

Leveraged GIS technology, disaster risk reduction tools, and budget management to lead community risk mapping and strengthen disaster preparedness across local neighbourhoods in Mandalay.

Thandar:

“YCS is simply a 'must-join programme' for every young person. Having wanted to participate for three years while in Yangon, I applied immediately the moment Disaster Risk Preparedness and Management Cohort launched as the first-ever cohort held in Mandalay.

I used to hesitate speaking with senior authority figures, but YCS taught me that when you articulate your vision clearly, stakeholders listen attentively and collaborate. I directly apply the Disaster Risk and Budget Management lessons from YCS in my current role as a Disaster Project Assistant. You will build connections with like-minded peers and gain modern critical thinking and problem-solving skills, so grab the in-person opportunity without missing it!"

Ready to turn your ideas into action and shape the future of your city? Stay tuned for upcoming YCS initiatives!

Address

Yangon

Alerts

Be the first to know and let us send you an email when Young City Shapers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share