Let's Help Each Other -LHEO

Let's Help Each Other -LHEO LHEO သည် အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ပေးသည့် အဖွဲ့အစည်း ဖြစ်သည်✊ labour rights are human rights✊

7800 Kyat🥴
31/12/2025

7800 Kyat🥴

10/12/2025


📢 New Briefing Paper Out Now! Targeted, Abused, Exploited: The Erosion of Labor Rights in Myanmar, 2021-2025The Myanmar ...
09/12/2025

📢 New Briefing Paper Out Now!
Targeted, Abused, Exploited: The Erosion of Labor Rights in Myanmar, 2021-2025

The Myanmar military junta has created an unprecedented crisis for Myanmar’s nearly 1 million garment workers, 95% of them women, across Yangon, Bago & Ayeyarwaddy Regions. The junta & corporations with which it colludes force workers to endure unsafe conditions, sexual assault, and other abuses:

🚨 Workers forced to vote in sham election & forcibly conscripted by junta
🚨 Junta arresting, detaining & torturing labor activists
🚨 Stagnated wages while inflation skyrockets
🚨 Unlawful terminations, forced overtime & no paid leave
🚨 Employer-run "yellow unions" deny workers true representation

The international community must take immediate, coordinated action to protect Myanmar’s workers & end the junta’s terror campaign against the people. As long as the junta's terror continues, workers will continue to suffer economic exploitation & rights violations.

The Myanmar military junta has created an unprecedented crisis for Myanmar’s nearly 1 million garment workers—95 percent of them women—across Yangon, Bago, and Ayeyarwaddy Regions[…]

   #ထိုင်းနိုင်ငံ
15/10/2025

#ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံ၊ Home Richfull စက်ရုံတွင် မြန်မာလုပ်သားများ အတင်းအကျပ် ခိုင်းစေခံနေရ

အောက်တိုဘာ ၁၄၊ ၂၀၂၅

ထိုင်းနိုင်ငံ Home Richfull ပလတ်စတစ်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ၊ အလုပ်ရှင် ကိုယ်စားလှယ် The First အေဂျင်စီ ဝန်ထမ်းတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို ခြိမ်းခြောက်ပြီး အချိန်ပို ဆင်းဖို့နဲ့ လုပ်ခလစာ ဖြတ်တောက်မှုတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကိုပြောပါတယ်။

"နေမကောင်းလို့ ဆေးခန်းသွားဖို့ ကားစီစဉ်ပေးဖို့ တောင်းတာ၊ စက်ရုံကို အကြောင်းကြားပြီးတာတောင် ကားမလာခဲ့ဘူး။ မကျေနပ်လို့ ပြောရင် အဲ့ဒီဝန်ထမ်းက 'လာခဲ့၊ ဘာဖြစ်တယ် ညာဖြစ်တယ်' ဆိုပြီး စိန်ခေါ် ရန်ရှာနေတာ" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

The First အေဂျင်စီ ဝန်ထမ်းတွေက စက်ရုံဘက်က ရပ်တည်ပြီး အာဏာပိုင်စိတ်ဓာတ်နဲ့ ဆက်ဆံနေလို့ ကျန်းမာရေးကိစ္စ တွေမှာ ပိုမိုဆိုးရွားစွာ ဆက်ဆံခံနေရတယ်လို့ ပြောပါတယ်။

" ခေါ်ရင်လာရမယ်၊ ပြန်ခိုင်းရင်ပြန်ရမယ်၊ စောဒက မတက်နဲ့ ဆိုတဲ့ ပုံစံမျိုး အမိန့်ပေးနေတာတွေ ရှိပါတယ်" လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံက ပလပ်စတစ် ကုန်ပစ္စည်းတွေ ထုတ်လုပ်နေပြီး လုပ်ငန်းခွင်က အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

"စက်ရုံဂိုဒေါင်အတွင်းမှာ ကော်စေ့တွေကို အရည်ဖျော်ပြီး မို လောင်းတာမှာ ငြှော်လိုက်တဲ့အခါ ငွေ့မီးခိုးတွေက မြူတွေကျနေသလား အောက်မေ့ရတယ်။ အဲလိုဖြစ်လဲ ကျန်းမာရေးအတွက် ဘာမှ ပြန်လုပ်မပေးဘူး" လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

Home Richfull စက်ရုံ အလုပ်ချိန်က အလုပ်သမား ဥပဒေပါ သတ်မှတ်ချက်ထက် အဆမတန် ပိုနေပြီး၊ အချိန်ပို (OT) ကို အတင်းအကျပ် ခိုင်းစေနေတယ်လို့ ပြောပါတယ်။

အလုပ်ချိန် အိုတီ ၃ နာရီပါ မနက် ၈ နာရီမှ ည ၈ နာရီအထိ ဖြစ်လို့ အလုပ်ချိန် စုစုပေါင်း ၁၂ နာရီကြာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ ည ၈ နာရီ အထိ အလုပ်ဆင်းပြီးလို့ နောက်ထပ် ည ၁၀ နာရီအထိ ထပ်ဆင်းခိုင်းတယ်။ ဆင်းဖို့ ငြင်းတဲ့ အလုပ်သမားကို ဖယ်ရီပေါ်က အတင်းအကျပ် ဆွဲချတယ်။ အလုပ်ပြန်ဆင်းခိုင်းတယ်” လို့ ပြောပါတယ်။

ထိုင်း အစိုးရရုံးပိတ်ရက်အတွက် OT သုံးဆ ပေးရမည်ဟု သတ်မှတ်ထားသော်လည်း စက်ရုံဘက် ပုံသေ အချိန်လုပ်ခအတိုင်းသာ ပေးချေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

" သာမန် OT ၁ နာရီကို ၇၅ ရတယ်။ တနင်္ဂတွေ ပိတ်ရက်ဆို ၂ ဆ။ တစ်နေ့ကို ၃ နာရီဆင်းပေးရတယ် ။ ပုံမှန်နေ့ဆို ၂၂၅ ရတယ် ။ တနင်္ဂနွေဆို ၄၅၀ ရတယ် ။ အစိုးရပိတ်ရက်မှာ ၃ ဆ ဆိုပြီး တနင်္ဂနွေနေ့ ပေးသလိုဘဲ ၄၅၀ ဘဲရတယ် ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။

တိုင်ကြားမှုတွေကြောင့် စက်ရုံကို လာရောက်စစ်ဆေးခဲ့ပေမဲ့ အဲ့ဒီနေ့ကို စက်ရုံ ပိတ်ထားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Home Richfull စက်ရုံ က ထိုင်းနိုင်ငံ Moo 11 Nong Bua, Ban Khai, Rayong မှာရှိပြီး ပလပ်စတစ်ပစ္စည်း ထုတ်ကုန်တွေ ထုတ်လုပ်နေပါတယ်။

စက်ရုံရဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာလည်း မြန်မာရွှေ့ပြောင်း အလုပ်သမား အများအပြား လုပ်ကိုင်နေရပြီး ဘေးအန္တရာယ်အကာအကွယ်ပေးတာ အားနည်းနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း၊ ဒေသတွင်း သတင်း နဲ့ သတင်းဆောင်းပါး တွေကို

https://bit.ly/3oNDLga

https://www.myanmarlabournews.com

https://t.me/myanmarlabournews

https://www.tiktok.com/

https://www.instagram.com/myanmarlabournews/

https://www.youtube.com/

တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


အိုဘယ့် မြန်မာ့အလုပ်သမား.......😰
15/10/2025

အိုဘယ့် မြန်မာ့အလုပ်သမား.......😰

 #ထိုင်းနိုင်ငံ  #ဘတ်အသစ်
06/10/2025

#ထိုင်းနိုင်ငံ #ဘတ်အသစ်

06/10/2025

HERMITE အရုပ်စက်ရုံတွင် ဝန်ထမ်းများ လစာဖြတ်တောက်ခံရမှုနှင့် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရ

အောက်တိုဘာ ၅ ၊ ၂၀၂၅

ရန်ကုန်မြို့ HERMITE အမွှေးပွအရုပ်စက်ရုံ ဝန်ထမ်းတွေမှာ လစာ တရားမဝင် ဖြတ်တောက်ခံရမှုနဲ့ ရာထူးကြီး အလုပ်သမားတွေရဲ့ ခြိမ်းခြောက်မှုနဲ့ ဘက်လိုက် ဆက်ဆံမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ "တစ်ကဒ် (Ticket) စနစ်" နဲ့ လုပ်ကိုင်ရပေမဲ့ လုပ်ခ အပြည့်အဝ မရဘဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

"ဘာလို့ဖြတ်တာလဲမေးရင် စက်ရုံမှူးက ဖြတ်တာ လို့ပဲပြောတယ်။ ကျွန်မတို့ လုပ်ထားတဲ့ နာရီနဲ့ လစာကို မရဘဲ အဖြတ်ခံရတာ ခဏခဏပါပဲ။ လုပ်သလောက် မရကြဘူး။ နင့် ဘာအလုပ်မှ မလုပ်ဘူးလို့လည်း ပြောတယ်" လို့ပြောပါတယ်။

အထူးသဖြင့် စူပါဗိုက်ဆာနှင့် လီဒါအဆင့် ဝန်ထမ်းများပါ လစာဖြတ်တောက်ခံနေရပြီး အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးအများအပြား ဖြတ်တောက်လေ့တယ်လို့ ရှိကြောင်း သိရသည်။ ဒါ့အပြင် လီတာတွေမှာ တခြား အလုပ်တွေ လုပ်ကိုင်ရပြီး လစာနစ်နာမှုတွေပါကြုံတွေ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“လိုင်းသားက ရက်ပျက်ပါက စူပါဗိုက်ဆာတွေ ၃ သောင်း အဖြတ်ခံရတယ်။ စာရေးမများ အရုပ် ရေတွက်တာ မှားတော့ စူပါဗိုက်ဆာတွေ ၁ သိန်း အထိ အဖြတ်ခံရတယ်။ လီဒါတွေဆို အလုပ်နဲ့ မသက်ဆိုင်တဲ့ QC (အရည်အသွေးစစ်ဆေးခြင်း) အလုပ်တွေကို လုပ်ပေးရတယ်။ လစာထုတ်တော့ QC အလုပ်သမားတွေ လောက်တောင်မရဘူး။” လို့ ပြောပါတယ်။

အော်စူပါ (Area Supervisor) တင်တင်ထွေး ကလည်း ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြုပြီး အလုပ်သမားတွေကို ခြိမ်းခြောက်မှုတွေကို မကြာခဏ ပြုလုပ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။

"သူက 'ငါမကြိုက်ရင် နင်တို့ကို အလုပ်ထုတ်ပစ်လို့ရတယ်။ ဖြုတ်ပစ်လို့ရတယ်။ လှဲပစ်လို့ ရတယ်' လို့ ပြောပြီး ခြိမ်းခြောက်တယ်။ သူ့လုပ်တာ အဆင်မပြေလို့ တခြားအကြီးအကဲတွေက ဆူတဲ့အခါကျရင်တောင်မှ 'နင်တို့ကြောင့် ငါ့ရာထူးကျရင် နင်တို့ပါ စွဲခေါ်မယ်' လို့ ပြောပါတယ်" ဟု ဝန်ထမ်းတစ်ဦးက ဖွင့်ဟခဲ့သည်။

ထို့အပြင်၊ အရုပ်ချုပ်လုပ်ရေး တာဝန်ခွဲဝေရာတွင်လည်း ၎င်းအော်စူပါသည် ပါးစပ်ဖြင့် ဘက်မလိုက်ပါဟု အမြဲပြောဆိုသော်လည်း လက်တွေ့တွင် အလွန်အမင်း ဘက်လိုက်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။

သီတင်းကျွတ်ကာလကဲ့သို့ အခါကြီးရက်ကြီးတွေမှာ လည်း ဝန်ထမ်းများထံမှ ငွေကောက်ခံမှုတွေကို အောစူပါက ဦးဆောင်ပြုလုပ်ပြီး မန်နေဂျာနှင့် အကြီးအကဲတွေကို ကန်တော့ဖို့အတွက် ငွေကောက်ခံပြီးနောက် ဂျာကြီးနှင့် နိုင်ငံခြားသား ကြီးကြပ်ရေးမှူးများကို ကန်တော့ဖို့ ဆိုပြီး ထပ်မံ ကောက်ခံခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

HERMITE အရုပ်စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမှာ လုပ်သားအင်အား ၁၀၀၀ ဝန်းကျင် ရှိပါတယ်။ ကိုရီးယားနိုင်ငံသားပိုင်စက်ရုံကို တရုတ်နိုင်ငံသားတဦး အုပ်ချုပ်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။

Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း နဲ့ ဒေသတွင်း သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


06/10/2025

 #ထိုင်း  #ရွှေ့ပြောင်းအလုပ်သမား
06/10/2025

#ထိုင်း #ရွှေ့ပြောင်းအလုပ်သမား

 #အမျိုးသမီးအလုပ်သမားများ
06/10/2025

#အမျိုးသမီးအလုပ်သမားများ

မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို့ အတားဆီးများစွာ ရင်ဆိုင်နေရဟုဆို

အောက်တိုဘာ ၄၊ ၂၀၂၅

မြန်မာနိုင်ငံရှိ လူငယ်အမျိုးသမီးတွေဟာ အလုပ်လုပ်ကိုင်ဖို့အတွက် အတားဆီးများစွာနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP Manmar )ကအောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်တွင်းက အမျိုးသမီးငယ်တွေဟာ လူငယ်အမျိုးသားတွေထက် ဝင်ငွေလစာနည်းပါးခြင်း၊အလုပ်အကိုင်အခွင့်လမ်းနည်းပါးခြင်းနဲ့ အိမ်တွင်းကန့်သက်ချက်စတဲ့ သုံးထပ်ကွမ်းခွဲခြားဆက်ဆံမှု နဲ့ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

လူငယ်အမျိုးသားတွေရဲ့ ဝင်ငွေလစာ ရရှိမှုနဲ့နှိုင်းယှဉ်ပါက လူငယ်အမျိုးသမီးတွေဟာ ၂၂ရာခိုင်နှုန်းလျော့နည်းသလို အလုပ်အကိုင်အခွင့်လမ်းမှာလည်း အမျိုးသားတွေထက် နည်းပါးတဲ့ အတွက် အမျိုးသမီးဦးရေ သုံးပုံ လျှင် တစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင်အမျိုးသမီးလေးပုံ တစ်ပုံ နီးပါးဟာ အိမ်မှုကိစ္စစောင့်ရှောက်ရဖို့ အတွက် ပညာရေးမှ နှုတ်ထွက်ရသလို ၎င်းတို့ရဲ့အိမ်ထောင်ဖက် တွေ က အလုပ်လုပ်ခြင်း ကိုတားမြစ်ထားကြတာလည်းရှိတယ်လို့ အစီရင်ခံစာအရသိရပါတယ်။

အခုလို အတားအဆီးတွေဟာ အမျိုးသမီးတွေကို စီးပွားရေးနယ်ပယ်မှ ဖယ်ကျဉ်ထားသလို ဖြစ်လာ​စေပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို ကန့်သတ်ကာ မညီမျှမှုကိုပိုမိုနက်ရှိုင်းစေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ယခုအစီရင်ခံစာကို “လမ်းပျောက်နေသော မျိုးဆက်- မြန်မာလူငယ် အလုပ်အကိုင်နှင့် ပညာရေး” ဟု အမည်ပေးထားပြီး Myanmar Youth Series ရဲ့ ဒုတိယ အစီရင်ခံစာဖြစ် ကာ တနိုင်ငံလုံးရှိ လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို စုစည်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ လူငယ်၅ဦး တွင် တစ်ဦးနီးပါးနဲ့(ခန့်မှန်းခြေ လူငယ်၃သန်းခန့်)ဟာ အလုပ်အကိုင်မရှိ၊ပညာသင်ကြားခြင်းမရှိ၊လေ့ကျင့်ရေးတွင်လည်း မပါဝင်ဘဲ NEET(Not in Education ,Employment,or training)ဖြစ်နေကာ ၎င်းနူန်းထားထဲမှ အမျိုးသမီးပါဝင်မှု အမြင့်ဆုံး ဖြစ်ပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေဖြစ်တဲ့ကယားပြည်နယ်မှာ ၄၂ရာခိုင်နှုန်းနဲ့ရခိုင်ပြည်နယ်မှာ ၃၂ရာခိုင်နှုန်းရှိတယ်လို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

Myanmar Labour News ရဲ့ အလုပ်သမားရေးရာ ၊ ရွှေ့ပြောင်းအလုပ်သမားအရေး သတင်း နဲ့ ဒေသတွင်း သတင်းတွေကို
အပလီကေးရှင်း - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


06/10/2025

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Let's Help Each Other -LHEO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share