Debate Club - LAP, MIT

Debate Club - LAP, MIT A student-led platform for debate, dialogue & expression, under the EKS Committee at the Liberal Arts Program, MIT.

The MIT Debate Club under the Liberal Arts Program is a community for students to explore structured argumentation, sharpen their communication skills, and engage in meaningful dialogue on social, current affairs, and theological issues. We host weekly sessions, webinars, tournaments, and guest speaker events — open to both beginners and experienced debaters.

လမ်းပြမြေပုံတစ်ခုလား? ဒါမှမဟုတ် အစဉ်အလာအရ ယုံကြည်မှုသက်သက်ပဲလား? 🔮🏛️ရှေးယခင်ကတည်းက လူသားတွေဟာ အနာဂတ်ရဲ့ မရေရာမှုတွေကို ဗ...
01/03/2026

လမ်းပြမြေပုံတစ်ခုလား? ဒါမှမဟုတ် အစဉ်အလာအရ ယုံကြည်မှုသက်သက်ပဲလား? 🔮🏛️

ရှေးယခင်ကတည်းက လူသားတွေဟာ အနာဂတ်ရဲ့ မရေရာမှုတွေကို ဗေဒင်၊ လက္ခဏာနဲ့ နက္ခတ်ဗေဒပညာရပ်တွေကတစ်ဆင့် အဖြေရှာဖို့ ကြိုးစားခဲ့ကြပါတယ်။ ယခုထိတိုင်လည်း ဒီအရာတွေဟာ ကမ္ဘာတစ်ဝှမ်းက ယဉ်ကျေးမှုနယ်ပယ်အသီးသီးမှာ အခိုင်အမာ နေရာယူထားဆဲပါ။

နာမည်ကြီး စိတ်ပညာရှင် “Carl Jung” ကတော့ ရှေးဟောင်းဗေဒင်ပညာရပ်တွေကို "Psychology in its ancient form" (ရှေးဦးစိတ်ပညာ) လို့ ဆိုခဲ့ပါတယ်။ လူသားတွေဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို ဒီလို သင်္ကေတတွေကတစ်ဆင့် အဖြေရှာတတ်ကြတဲ့အတွက် ဒါဟာ တန်ဖိုးရှိတဲ့ စုပေါင်းစိတ် (Collective Unconscious) ရဲ့ ပြယုဂ်တစ်ခုပါတဲ့ 🧠🌌

နောက်ထပ် “Cameron Diaz” အစရှိတဲ့ နာမည်ကြီး ပုဂ္ဂိုလ်တွေတောင် သူတို့ရဲ့ ဘဝဆုံးဖြတ်ချက်တွေမှာ ဒီလို ပညာရပ်တွေကို အသုံးပြုလေ့ရှိတယ်ဆိုတော့ ဗေဒင်ပညာဟာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာပါ Emotional Support System တစ်ခုအဖြစ် တည်ရှိနေတာကို ဖော်ပြနေတာလား? 🤔💭

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး စဉ်းစားစရာ Point လေးတွေကတော့ အများကြီးပါပဲ။

ဒါနဲ့ဆက်စပ်ပြီး ဒီတစ်ပတ် ဒီဘိတ်ကလပ်ရဲ့ Debate Session မှာလည်း
“This House believes that fortune telling is a valuable cultural tradition” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ် 📜✨

Debate Session လေးကို မတ်လ ၈ရက် (တနင်္ဂနွေနေ့) ၊ မြန်မာအချိန် ည၇နာရီမှာ ကျင်းပသွားမှာဖြစ်လို့ Lapersတို့ရဲ့ အတွေးအမြင်တွေကို လာရောက်ဝေမျှနိုင်ရန်အတွက် အောက်ပါလင့်ခ်ကနေတစ်ဆင့် အမြန်စာရင်းပေးသွင်းပြီး ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

🔗Registration link: https://forms.gle/digfkH4EGhm3i9RR8

Lapers တို့အနေနဲ့ကကော…
✅ အနာဂတ်ဟောကိန်းတွေဆိုတာဟာ လူသားတွေရဲ့ မျိုးရိုးစဉ်ဆက် ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပေးနိုင်တဲ့ အဖိုးတန်ယဉ်ကျေးမှုတစ်ခုလို့ ယူဆသလား?
✅ ဒါမှမဟုတ် သိပ္ပံနည်းကျ သက်သေမပြနိုင်ဘဲ အယူသီးမှုကို အားပေးနေတဲ့ ရှေးရိုးစွဲအစဉ်အလာတစ်ခုပဲလို့ မြင်ကြသလား?

ကိုယ်စီအဖြေတွေကို အချက်အလက်တွေကနေ တစ်ဆင့်ရှာဖွေနိုင်ဖို့အတွက် ဒီဘိတ်ကလပ်ကနေ Lapers တို့အားလုံးကို လာမဲ့ Debate sessionမှာ ဝင်ရောက်ဆွေးနွေးဖို့ ထပ်မံ ဖိတ်ခေါ်လိုက်ပါတယ် 🏛️🗣️

"ပန်းသီးတွေမှာ ရှုံ့တွပြီး တွန့်နေတဲ့အလုံးတွေဟာ ပိုချိုပြီးစားလို့ကောင်းတယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒါကြောင့်မို့လို့ လူ...
27/02/2026

"ပန်းသီးတွေမှာ ရှုံ့တွပြီး တွန့်နေတဲ့အလုံးတွေဟာ ပိုချိုပြီးစားလို့ကောင်းတယ်လို့ ဆိုစမှတ်ရှိကြပါတယ်။ ဒါကြောင့်မို့လို့ လူတွေဟာလည်း အိုမင်းရင့်ရော်လာရင် ပိုပြီး လူကောင်းဖြစ်လာတယ်လေ" 🍎👴

Hello hello ဒီဘိတ်တာလေးတို့ရေ.....
ဒီဘိတ်ကလပ်ရဲ့ "Friday for fallacy"လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်

✨ ဒီကနေ့မှာ ပြောပြပေးမဲ့ Fallacyလေးကို ဒီဘိတ်တာတို့ ခန့်မှန်းမိကြပြီလားနော်

ကဲ... ဒါဆို အပေါ်မှာ ဖော်ပြခဲ့တဲ့ ပန်းသီးဥပမာ နဲ့ လူသားတွေအပေါ်အမြင်ကို ယှဉ်တွဲပြီး ပြန်ပြောကြည့်ကြမယ်

ဒီ‌ဥပမာမှာ ရှုံ့တွနေတာချင်းအတူတူမို့ ပန်းသီးနဲ့လူသားဟာ တူညီတဲ့ အနှစ်သာရကိုဖြတ်သန်းရမယ်လို့မဆိုလိုဘူး။ ဒါဆို ဘာကိုဆိုလိုချင်တာလဲ 🤔

ဒီအရာနှစ်ခုဟာ ပြင်ပပုံစံလေးတစ်ခု မဆိုသလောက်တူတယ်ဆိုပေမဲ့ သူတို့မှာ မတူညီတဲ့ သဘာဝ၊ ဖြစ်တည်မှုနဲ့ တန်ဖိုးတွေရှိကြလို့ပါပဲ။ လူသားတွေရဲ့ ဖြစ်တည်မှု၊ ရုန်းကန်လှုပ်ရှားမှု၊ သိရှိနားလည်မှုတွေဟာ ပန်းသီးနဲ့ ဆီနဲ့ရေလို့ကွာပါတယ်။ ဒါကြောင့်မလို့ အနည်းငယ်တူညီမှုလေးတစ်ခုရှိယုံနဲ့ အခြားအရာတွေကိုပါ တူညီတယ်ဆိုတဲ့ အဆိုကို ဖော်ပြလို့မရပါဘူး။ ဖော်ပြမိရင်တော့ False Analogy ဆိုတဲ့ logical fallacyတစ်ခု ဖြစ်သွားပါလိမ့်မယ်နော် ❌🧠

ဒီ False Analogy Fallacy ဟာ ကိုယ်တို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ မကင်းပါဘူး သာဓကအနေနဲ့ ပြောရရင်....
📌သော့တံနဲ့သော့‌ခလောက်ကို အကြောင်းပြုပြီး ယောင်္ကျားလေး၊ မိန်းကလေး ဖြစ်တည်မှုတန်ဖိုးမတူကြောင်းခွဲခြားပြတာ။
📌 ကလေးတွေကိုရိုက်နှက်ဆုံးမ တာကောင်းတယ်ဆိုတာကို မြေအိုးလုပ်တာနဲ့ ဥပမာပြတာ။
ဒါတွေဟာ တကယ်တော့ False Analogy Fallacy တွေပါပဲ။

💡 ဒါကြောင့် ဒီဘိတ်တာလေးတို့လည်း အကြောင်းအရာတစ်ခုတူရုံနဲ့ အရာနှစ်ခုဟာ အလုံးစုံတူညီတယ်ဆိုတဲ့ သတ်မှတ်ထားတဲ့ ဒီfallacy အလွဲလေးကို ရှောင်ရှားဖို့ လိုအပ်ပါတယ်‌နော်။

ဒီတစ်ပတ်ရဲ့ fallacy လေးကတော့ ဒီလောက်ပါပဲ။ အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ထပ်ပို့စ်တွေမှာ ပြန်တွေ့ကြရအောင် 👋

"နင်ကတော့ အမြဲတမ်း ဒီလိုပဲ!" ၊ "ငါ့ကိုဆို မင်း ဘယ်တော့မှ နားမလည်ပေးဘူး!" 🗣️ဒီဘိတ်တာတို့ရော ဒီလိုစကားလုံးမျိုးတွေ သုံးဖူး...
13/02/2026

"နင်ကတော့ အမြဲတမ်း ဒီလိုပဲ!" ၊ "ငါ့ကိုဆို မင်း ဘယ်တော့မှ နားမလည်ပေးဘူး!" 🗣️

ဒီဘိတ်တာတို့ရော ဒီလိုစကားလုံးမျိုးတွေ သုံးဖူးကြလား? ဒါမှမဟုတ် အပြောခံရဖူးလား?

အဖြစ်အပျက် တစ်ခု၊ နှစ်ခုလောက်ကို ကြည့်ပြီးတော့ တစ်ဖက်လူရဲ့ တစ်ဘဝလုံး ကို သိမ်းကြုံးသတ်မှတ်လိုက်တာမျိုးကို Logic ဘာသာစကားမှာ "Overgeneralization Fallacy" လို့ ခေါ်ပါတယ်။ လွယ်လွယ်ပြောရရင် ကိုယ်မြင်သလောက်လေးကိုပဲ ကြည့်ပြီး "အားလုံးက ဒီလိုပါပဲ" လို့ ကောက်ချက်ချလိုက်တာမျိုးပါ 🏷️🏃💨

🚩 ဒီ Fallacy က ဘယ်လိုမျိုးလဲ?
လူတစ်ယောက်က အမှားတစ်ခု လုပ်မိလိုက်တာနဲ့ "မင်းကတော့ အမြဲတမ်း မှားနေတော့တာပဲ" လို့ ပြောလိုက်တာမျိုးပါ။ တကယ်တော့ လူတစ်ယောက်ဟာ အကြိမ် ၁၀၀ မှာ ၁ ကြိမ်လောက် မှားနိုင်ပေမဲ့ အဲ့ဒီ ၁ ကြိမ်တည်းနဲ့တင် သူ့ကို "အမြဲတမ်းမှားနေတဲ့သူ" လို့ တံဆိပ်ကပ်လိုက်တာဟာ Logic မကျပါဘူး 🚫

ဒီ Fallacy မှာ အသုံးအများဆုံး စကားလုံးတွေကတော့...
➡️ "အမြဲတမ်း" (Always)
"နင်ကတော့ အမြဲတမ်း ဖုန်းပဲ ကြည့်နေတာပဲ!"
အမှန်တကယ်တော့ သူဖုန်းကြည့်နေတာက အခုမှ ဖြစ်နိုင်သလို၊ တခြားအချိန်တွေမှာ အလုပ်လုပ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ "အမြဲတမ်း" လို့ သုံးလိုက်တဲ့အခါ တစ်ဖက်လူမှာ Defensive ဖြစ်လာပြီးတော့ စကားများပြဿနာတွေ ဖြစ်ပွားတတ်ပါတယ်။

➡️ "လူတွေအားလုံးက'' ဆိုတဲ့...(Stereotyping)
"ဒီမြို့က လူတွေကတော့ အကုန်လုံး ကပ်စေးနည်းတာပဲ"
ဒီမှာဆိုရင် ကိုယ်တွေ့ဖူးတဲ့ လူအနည်းစုရဲ့ စရိုက်ကို ကြည့်ပြီးတော့ လူတန်းစားတစ်ရပ်လုံးကို အပုပ်ချလိုက်တာမျိုးဖြစ်သွားပါတယ်။

⚠️ ဘာကြောင့် ဒါက အန္တရာယ်ရှိတာလဲ?
Overgeneralization ဟာ relationshipတွေကို အဆိပ်အတောက် ဖြစ်စေပါတယ်။ အကုန်လုံးကို ချုံငုံပြီးတော့ တံဆိပ်ကပ်လိုက်တာဟာ ပြဿနာကို ဖြေရှင်းဖို့ထပ် တစ်ဖက်လူကို စိတ်ဆိုး/စိတ်နာအောင် လုပ်ရာ ရောက်ပါတယ်။ နောက်ပြီး ဒါဟာ အစွန်းရောက်တဲ့ အတွေးအခေါ်တွေ ဖြစ်လာဖို့ကိုပါ အစပျိုးပေးနိုင်ပါတယ်။

ဒါကြောင့်မို့လို့ စကားလုံးတွေကို သိမ်းကြုံးမသုံးဘဲ အရှိကို အရှိအတိုင်း တိတိကျကျ ဖြစ်အောင် ပြောကြည့်ကြမယ်ဆိုရင် ကျွန်တော်တို့အတွက် healthy ဖြစ်တဲ့ environment တစ်ခုကိုဖန်တီးနိုင်မှာပဲဖြစ်ပါတယ် 🌱✨

ကဲ ဒါဆိုရင်... ဒီဘိတ်တာတို့လည်း "Always" တို့ "Never" တို့လိုမျိုးနဲ့ သိမ်းကြုံးပြီးပြောခံရလို့ စိတ်တိုခဲ့ရတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဘူးလား? Comment မှာ ပြောပြခဲ့ပါဦးနော်! 😊

အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောက်ထပ်ပို့စ်တွေမှာ ပြန်တွေ့ကြရအောင် 👋

📢 EDITED: Date Update  🗓Debate Session လေးကို မူလသတ်မှတ်ထားတဲ့ရက်အစား ဖေဖော်ဝါရီလ ၂၂ ရက်၊ မြန်မာအချိန် ည(၇)နာရီသို့ ပြော...
13/02/2026

📢 EDITED: Date Update 🗓
Debate Session လေးကို မူလသတ်မှတ်ထားတဲ့ရက်အစား ဖေဖော်ဝါရီလ ၂၂ ရက်၊ မြန်မာအချိန် ည(၇)နာရီသို့ ပြောင်းရွှေ့ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရက်ချိန်းပြောင်းသွားတဲ့အတွက် နားလည်ပေးကြဖို့ကို မေတ္တာရပ်ခံအပ်ပါတယ်။

မြင်မြင်ချင်း အချစ်ဆိုတာ ကိုယုံလား? 👁✨

လူတစ်ယောက်ကို စစချင်းမြင်လိုက်ရုံနဲ့ ကိုယ့်ရဲ့ ဖူးစာရှင် လို့ ချက်ချင်းခံစားလိုက်ရတာမျိုးဟာ တကယ်ရှိနိုင်လား? ဒါမှမဟုတ် ဦးနှောက်ကနေ ဖန်တီးလိုက်တဲ့ လှည့်စားမှုတစ်ခုပဲလား? 🧠🌀

ဒီတစ်ခေါက်မှာတော့ ကိုယ်တွေရဲ့ ဒီဘိတ်ကလပ်က နေပြီးတော့ “This house believes that love at first sight is real” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

အချစ်အကြောင်းတွေ ပြောကြတဲ့အခါမှာ ချန်ခဲ့ထားလို့ မရတာကတော့ ကမ္ဘာကျော် စာရေးဆရာကြီး William Shakespeare ရဲ့ အကျော်အမော် ဇာတ်ကောင်တွေဖြစ်တဲ့ Romeo နဲ့ Juliet တို့နှစ်ဦးရဲ့ မြင်မြင်ချင်းချစ်ခဲ့ကြတဲ့အကြောင်းပါ။ ဒါကကော စစ်မှန်တဲ့အချစ်လား? ဒါမှမဟုတ် သစ်ရွက်ကလေးတွေလှုပ်ရင်တောင် ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်သဘာဝ ရူးသွပ်စွဲလမ်းမှုတခုလားဆိုတာ စဉ်းစားစရာပါပဲ 📜🥀

ဒါ့အပြင် နာမည်ကြီး The Great Gatsby ဝတ္ထုထဲက Jay Gatsby ဟာ Daisy Buchanan ဆိုတဲ့ အမျိုးသမီးကို မြင်မြင်ချင်း ချစ်မိခဲ့တယ်လို့ ဆိုခဲ့တယ်။ တကယ်တမ်းမှာတော့ ဒီအရာဟာလည်း အချစ်ဆိုတဲ့အရာတစ်ခုလား? ဒီလိုမှမဟုတ် Jay ကိုယ်တိုင်ရယူလိုချင်တဲ့ အခြေအနေတခုကို စွဲလမ်းခဲ့တာလားဆိုတာကိုလည်း စာရေးဆရာကြီး F. Scott Fitzgerald က မေးခွန်းထုတ်ထားပါသေးတယ်🍸✨

မြင်မြင်ချင်း အချစ်ဆိုတာဟာ လူမှုပတ်ဝန်းကျင်နဲ့ ရသစာပေတွေ ရုပ်ရှင်တွေကနေ ပုံဖော်ဖန်တီးထားတဲ့ ယုံတမ်းတခုလား? ဒါမှမဟုတ် ပင်ကိုယ်ဗီဇစိတ်ကနေ အလိုလိုသိနိုင်တဲ့ အရာတခုလားဆိုတာကို ဒီ Debate session လေးမှာ ကိုယ်စီအဖြေရှာကြမှာပဲ ဖြစ်ပါတယ်။

ဒီဘိတ်တာတို့ကိုလည်း ဒီတစ်ခေါက် Debate session မှာ ကိုယ့်ရဲ့ အတွေးအမြင်တွေကို လာရောက်ဝေမျှနိုင်ရန်အတွက် စာရင်းပေးသွင်းပြီး ပါဝင်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒါဆို ဖေဖော်ဝါရီလ ၂၂ ရက် (တနင်္ဂနွေ)၊ မြန်မာအချိန် ည(၇)နာရီ ကျရင် Debate Session မှာ ဆုံကြမယ်နော် 🏛💬

📩 Register here : https://forms.gle/RsqwpjyhLfkWJnYX6

ဒီဘိတ်တာတို့ အနေနဲ့ရော မြင်မြင်ချင်းချစ်မိတယ်ဆိုတာဟာ ခနတာ ဖြစ်ပေါ်တဲ့ စိတ်ခံစားချက်တစ်ခုလား ဒါမှမဟုတ် အချစ်ဆိုတာဟာ အချိန်ယူပြီး တည်ဆောက်ရတဲ့ အရာတစ်ခုလားဆိုတာကို ကောမန့်မှာ ဝင်ရောက်ပြီးဆွေးနွေးပေးခဲ့ကြပါဦး 👇💭

ပြီးခဲ့တဲ့ တနင်္ဂနွေညက ပြုလုပ်ခဲ့တဲ့ The Absurd Table မှာ အချစ်အကြောင်း စကားဝိုင်းလေးကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ပါဝင...
09/02/2026

ပြီးခဲ့တဲ့ တနင်္ဂနွေညက ပြုလုပ်ခဲ့တဲ့ The Absurd Table မှာ အချစ်အကြောင်း စကားဝိုင်းလေးကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်စီတိုင်းနဲ့ ဦးဆောင်ပေးခဲ့သော ဒီဘိတ်ကလပ် အဖွဲ့သားများကို ကျေးဇူးအထူးတင်ရှိပါတယ် 🥳

Short Film လေး စကြည့်တဲ့ အချိန်ကနေစ တက်တက်ကြွကြွနဲ့ စကားဝိုင်းလေး ဆုံးတဲ့ထိ ဝင်ရောက်ဆွေးနွေးခဲ့တာတွေ့ရလို့ အားလုံးလည်း အချစ်အပေါ် ထားရှိတဲ့ ကိုယ်ပိုင်အမြင်သစ်တွေ၊ အတွေးစတွေကို ကိုယ်စီအိတ်ကပ်ထဲ ထည့်သွားနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တစ်ခါတလေမှာ အဖြေရှာမရတာကပဲ အဖြေတစ်ခု ဖြစ်နေတတ်တာဟာ ကစဉ့်ကလျားစကားဝိုင်းတွေရဲ့ အနှစ်သာရပါပဲ။

နောက်အပတ်တွေမှာလည်း နောက်ထပ်စိတ်ဝင်စားစရာခေါင်းစဉ်တွေနဲ့ ပြန်ဆုံကြမှာမလို့ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ဖို့ စောင့်မျှော်ပေးကြပါဦးနော် ✨

"ဒီလူက အရင်တုန်းက မကောင်းတဲ့လူလေကွာ၊ အဲတာကြောင့် အခု သူပြောတာတွေကို လက်ခံစရာမလိုဘူး" ဒါတွေဟာ တကယ့်အမှန်တရားတွေလား မှားယွ...
06/02/2026

"ဒီလူက အရင်တုန်းက မကောင်းတဲ့လူလေကွာ၊ အဲတာကြောင့် အခု သူပြောတာတွေကို လက်ခံစရာမလိုဘူး"

ဒါတွေဟာ တကယ့်အမှန်တရားတွေလား မှားယွင်းနေတဲ့ ကျိုးကြောင်းဆက်စပ်မှုတွေလား? 🤔

ဟယ်လို ဒီဘိတ်တာလေးတို့ရေ......
စိတ်ဝင်စားစရာကောင်းတဲ့ Fallacy တွေအကြောင်း‌ မျှဝေနေတဲ့ သောကြာနေ့လေးတောင် ပြန်လည်ရောက်ရှိလို့လာပါပြီ ✨

ဒီကနေ့မှာ ဒီဘိတ်ကလပ်ကနေ ပြောပြပေးသွားမဲ့ Fallacy ကတော့ Genetic fallacy လေးပဲ ဖြစ်ပါတယ်။
ကိုယ်တို့ရဲ့ လူ့အဖွဲ့အစည်းကြီးမှာ အရာတစ်ခု သို့မဟုတ် အကြောင်းအရာတစ်ခုကို ဆွေးနွေးကြတဲ့အခါမှာ အဲ့ဒီအကြောင်းအရာတစ်ခုရဲ့ လက်ရှိတန်ဖိုး၊ ဖြစ်တည်မှုတွေကို မဖော်ပြဘဲ သူ့ရဲ့မြစ်ဖျားခံရာ ယခင်အဖြစ်အပျက်တွေကို ခုတုံးလုပ်ပြီးချေပတာကို Genetic fallacy လို့ ခေါ်ပါတယ်။

ဥပမာ ဂျာမနီနိုင်ငံကနေထုတ်လုပ်တဲ့ ကားတစ်စီးအကြောင်းကို ဆွေးနွေးကြတယ် ဆိုပါစို့....
ကိုယ်တို့အနေနဲ့ လက်ရှိမှာ သုံးသပ်လို့ရတဲ့ ကားရဲ့အရည်အသွေးကို မစဉ်းစားဘဲ "ဂျာမနီကထုတ်တာလေ... အတိတ်မှာ ဂျာမန်တွေက ဘယ်လိုလုပ်ခဲ့တာ‌လေ..." စတဲ့ အကြောင်းတရားတွေကိုသာ ရှေ့တန်းတင်ရင်း ငြင်းခုံနေရင် Genetic fallacy ကို အသုံးပြုမိနေပြီပဲ ဖြစ်ပါတယ်။

ဒီဘိတ်တာလေးတို့ရော ဒီလိုမျိုးအပြုအမူတွေ ပြုလုပ်နေမိပြီလား?? 🧐💭

ဒါကြောင့် ဒီဘိတ်တာလေးတို့အနေနဲ့ အကြောင်းအရာတစ်ခုခုကို ပြောဆိုဆွေးနွေး၊ ငြင်းခုံကြမယ်ဆိုရင် ချက်ချင်းလက်ငင်းဖြစ်ပေါ်လာတဲ့ တဟုန်တိုးအသိဉာဏ်တွေ၊ ကြားဖူးနားဝအကြောင်းအရာတွေနဲ့တင် ဆုံးဖြတ်မစောကြပါနဲ့နော်။ ဒီလိုကနေပြီး Fallacy အမှားအယွင်းတွေကို အသုံးပြုမိသွားနိုင်တာမလို့ပါ ⚠️

တကယ့် အကြောင်းအရာတွေကို လက်တွေ့ကျကျ တွေးတောနိုင်အောင် ဒီဘိတ်တာတို့ကိုလည်း Fallacy တွေနဲ့ပတ်သက်တဲ့ စာပေလေးတွေကို များများဖတ်ဖို့ တိုက်တွန်းချင်ပါတယ် 📚💡

ကဲ.... ဒီနေ့ကတော့ ဒီလောက်ပါပဲနော် ဒီဘိတ်တာလေးတို့ရေ
နောက်ထပ် Fallacy တွေမှာ ပြန်ဆုံတွေ့ကြရအောင် 👋

အချစ်အကြောင်း ပြောကြပြီဆိုရင်.....📖ကိုယ့်အနေနဲ့ကတော့ ကဗျာဆရာ ဘွိုင်ရွန်ရဲ့ Don Juan ထဲ Such love is innocent ဆိုတာက‌ နေရ...
03/02/2026

အချစ်အကြောင်း ပြောကြပြီဆိုရင်.....📖

ကိုယ့်အနေနဲ့ကတော့ ကဗျာဆရာ ဘွိုင်ရွန်ရဲ့ Don Juan ထဲ Such love is innocent ဆိုတာက‌ နေရတဲ့ အန်ကယ်မြင့်သန်းရဲ့ “ချစ်ခြင်းသည် အပြစ်ကင်း၏” ဆိုတဲ့ စာသားလေးကို သွားသတိရမိတယ် ☁️

ဒီလိုပါပဲ၊ ကိုယ်တို့ရဲ့ ဘဝတွေမှာ အချစ်ကို အမျိုးမျိုးသော တတိယ အတွေ့ကြုံအနေနဲ့ ကြုံခဲ့၊ဖတ်ခဲ့၊မြင်ခဲ့ရမှာ အသေချာပါပဲ။ ဒါပေမဲ့ ကိုယ်တိုင်ကြုံတွေ့ရလာရရင်တော့ မြင်းဖြူစီးပြီး ရောက်လာမဲ့ မင်းသားလေးအစား အချစ်ဟာ တစ်ယောက်ယောက်ကို ခပ်ကြာကြာငေးကြည့်တာ၊ ကိုယ်သဘောကျရတဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေ အကြောင်း ပြောပြချင်တာ ဒီလိုမျိုးလဲ ရိုးရှင်းနိုင်ပါတယ် ✨

တစ်ခါတရံမှာ အချစ်ဟာ လူနှစ်ဦး Romantic ခံစားချက်အရမဟုတ်ဘဲ ကိုယ်ချစ်ရသူ‌တွေ ကျန်းကျန်းမာမာနဲ့ နေ့ရက်တိုင်း ဖြတ်သန်းပုံတွေကို တွေ့ကြုံခွင့်ရတာ၊ ကိုယ့်ပေါင်ပေါ် ကြောင်လေးတစ်ကောင် လာအိပ်တာ၊ ကိုယ်အသည်းကွဲတိုင်း ဖုန်းကိုင်ပေးမဲ့ သူငယ်ချင်းရှိတာ၊ ကိုယ်သဘောကျတဲ့ သက်မဲ့အရာဝတ္ထုတစ်ခုခုက မပျက်မစီးဘဲ ကိုယ်နဲ့အကြာကြီးရှိနေနိုင်တာ ဒါမျိုးတွေလဲ ဖြစ်နိုင်ပါရဲ့... 🕊

လာမဲ့ Sunday (February 8 ) မှာ ပြုလုပ်သွားမဲ့ ဒီအပတ် The Absurd Table မှာတော့ February လအစရဲ့ စကားဝိုင်းလေးလဲ ဖြစ်တာကြောင့် အချစ်အကြောင်း ပြောကြရင်းနဲ့ စတင်လိုက်ရအောင် ☕️

ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကစလို့ ဘယ် ဖီလော်ဆော်ဖာက အချစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်တာ၊ ဘယ်ကဗျာဆရာက အချစ်ကို ဘယ်လို metaphor တွေနဲ့ နှိုင်းယှဉ်တာတွေအထိ ယူဆောင်လာလို့ရမဲ့ ဒိဘိတ်ကလပ်ရဲ့ ကစဉ့်ကလျားစားပွဲမှာ လာရောက် ဝိုင်းဖွဲ့ စကားပြောနိုင်ဖို့ အခုပဲ စာရင်းသွင်းဖို့ တိုက်တွန်းလိုက်ရပါတယ်။

🔗 Registration form link: https://forms.gle/1MFMioCGs32CtAyv8

စကားမစပ် Debate Club ရဲ့ Telegram Channel လေးမှာလဲ ဒီခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ resource လေးတွေ မျှဝေပေးထားတာ ဖြစ်တဲ့အတွက် Telegram Channel လေးကိုလဲ Join ဖို့ရာ ထပ်မံတိုက်တွန်းလိုက်ရပါတယ် 📢

"New Year, New Me" ဆိုတဲ့အတိုင်း စိတ်သစ်လူသစ်နဲ့ အားတက်သရော ပါဝင်ဆွေးနွေးခဲ့ကြတဲ့ စကားဝိုင်းလေး အောင်မြင်စွာ ပြီးဆုံးသွာ...
28/01/2026

"New Year, New Me" ဆိုတဲ့အတိုင်း စိတ်သစ်လူသစ်နဲ့ အားတက်သရော ပါဝင်ဆွေးနွေးခဲ့ကြတဲ့ စကားဝိုင်းလေး အောင်မြင်စွာ ပြီးဆုံးသွားပါပြီ! ✨

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကိုယ်တွေရဲ့ စကားဝိုင်းလေးမှာ အတွေးအမြင်သစ်တွေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။ အထူးသဖြင့် စိတ်ဝင်စားစရာကောင်းတဲ့ Discussion ဖြစ်အောင် ဦးဆောင်ပေးခဲ့ကြတဲ့ ကလပ်အဖွဲ့သားတွေ အားလုံးကိုလည်း Appreciation ပေးချင်ပါတယ်! 🙌
ဒီလို ပေါ့ပေါ့ပါးပါးနဲ့ ဗဟုသုတဖြစ်စေမယ့် စကားဝိုင်းလေးကနေ အားလုံးပဲ တစ်ခုခု ရရှိသွားကြမယ်လို့ မျှော်လင့်ပါတယ်။

📌 နောက်အပတ်တွေမှာလည်း ဒီထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ခေါင်းစဉ်တွေ၊ Debate Sessions တွေနဲ့ တခြား Program တွေ အများကြီး လာဖို့ရှိတာမို့ Page ကို မျက်ခြေမပြတ် စောင့်ကြည့်ထားပေးဦးနော်။ 😉

နောက်အစီအစဉ်တွေမှာ ပြန်ဆုံကြမယ်! 💨

New year, New Meနှစ်သစ်ရောက်လာပြီဆိုတော့ ကျောင်းစာတွေ၊ assignment တွေ၊ အလုပ်တွေကြောင့် စိတ်ဖိစီးမှုတွေ များလာနေပြီလား? စ...
24/01/2026

New year, New Me

နှစ်သစ်ရောက်လာပြီဆိုတော့ ကျောင်းစာတွေ၊ assignment တွေ၊ အလုပ်တွေကြောင့် စိတ်ဖိစီးမှုတွေ များလာနေပြီလား? စိတ်ပူပင်သောကတွေ၊ စိတ်ရှုပ်ထွေးမှုတွေကို ကိုယ့်တစ်ယောက်တည်းပဲ ခံစားနေရတယ်လို့ ထင်နေပါသလား?

ကိုယ့်ရဲ့ New Year Resolution တွေက ဘာတွေလဲ ✨
စတင်လုပ်နိုင်ခဲ့ပြီလား၊ ဒါမှမဟုတ် လမ်းပျောက်နေပြီလား?

ဒီလိုအချိန်တွေမှာ စိတ်ကူးတွေကို မျှဝေလို့ရတဲ့နေရာ၊ အမြင်မတူတာတွေကို လေးစားမှုနဲ့ ဆွေးနွေးလို့ရတဲ့နေရာတစ်ခုလိုအပ်ပါတယ်။

Debate Club ကို လာရောက်ပြီးစကားပြောပါ၊ အတွေးအခေါ်တွေကို ဖလှယ်ပါ၊ အမြင်အသစ်တွေကို ရှာဖွေလိုက်ပါ။ စကားပြောခြင်းကလည်း စိတ်သောကတွေကို လျော့ပါးစေတယ်ဆိုတာမမေ့လိုက်ပါနဲ့။

ဒီ အစီအစဉ်လေးကိုတော့ မနက်ဖြန်၂၅ ရက်နေ့ (တနင်္ဂနွေ) မြန်မာအချိန် ည ၇နာရီမှာ ပြုလုပ်သွားမှာဖြစ်လို့ အောက်ပါ လင့်ခ်ကနေ တစ်ဆင့် စာရင်းသွင်းပြီး ပါဝင်နိုင်ပါတယ်နော်။

🔗 Registration link : https://forms.gle/Gcs3dd1uneVJe3SJA

"မင်းအရင်လို သူများပစ္စည်းတွေ ခိုးနေတာ ရပ်လိုက်ပြီလား?" 🫵ကိုယ်တွေ တော်တော်များများ ဒီလိုမေးခွန်းကို ရုတ်တရက် အမေးခံရရင် ...
23/01/2026

"မင်းအရင်လို သူများပစ္စည်းတွေ ခိုးနေတာ ရပ်လိုက်ပြီလား?" 🫵

ကိုယ်တွေ တော်တော်များများ ဒီလိုမေးခွန်းကို ရုတ်တရက် အမေးခံရရင် "ရပ်လိုက်ပြီ" ဒါမှမဟုတ် "မရပ်သေးဘူး" လို့ပဲ ခေါင်းထဲပေါ်လာကြမှာပါ။

ဒါပေမဲ့ ဒီနေရာမှာ ဘယ်လိုပဲဖြေဖြေ ကိုယ်က ပစ္စည်းခိုးခဲ့ဖူးတယ် ဆိုတဲ့ မသိမသာ ဝန်ခံချက်ကြီးကို တွေ့နေရဦးမှာပါပဲ။

ဒါကို Logic အနေနဲ့ "Loaded Question Fallacy" လို့ ခေါ်ပါတယ်။

အလွယ်ဆုံးပြောရရင် မေးခွန်းတစ်ခုမေးတဲ့အခါ မတရားတဲ့ (သို့) တစ်ဖက်ကို အသားပေးထားတဲ့ အယူအဆကို ကြိုတင်ထည့်သွင်းပြီးမေးထားတာ ဖြစ်ပါတယ်။
ဆိုတော့ ဖြေတဲ့သူဘက်က ''ဟုတ်တယ်'' ဖြေဖြေ ''မဟုတ်ဘူး" ဖြေဖြေ အဲ့မေးခွန်းကို သွယ်ဝိုက်ပြီး ဝန်ခံလိုက်သလိုဖြစ်နေအောင် ထောင်ချောက်ဆင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

တနည်းအားဖြင့် တစ်ဖက်လူဆီက လိုချင်တဲ့ အချက်အလက်ကို မရရအောင် ဝန်ခံခိုင်းတဲ့ ပါးနပ်တဲ့ လှည့်ကွက်တစ်မျိုးပါပဲ။

ယခု Fallacy ကို ဘယ်လိုနေရာတွေမှာ တွေ့ရတတ်လဲ?

- The Guilty Trap

"မင်းအခုလို အတ္တကြီးနေတာကို သူငယ်ချင်းတွေက ဘယ်လောက်တောင် စိတ်ပျက်နေလဲသိလား?"

ဖော်ပြပါ ဥပမာမှာဆိုရင် "ကိုယ်ဟာ အတ္တဆန်သူပါ" ဆိုတဲ့ အချက်ကို အမှန်တရားလိုမျိုး ကြိုတင်သတ်မှတ်ထားပါတယ်။ အဲ့မှာ ကိုယ်က "မဟုတ်ဘူး" လို့ ဖြေလိုက်ရင်တောင် အဲ့အဖြေကိုက အတ္တဆန်တယ် ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်စေပါတယ်။

- The Policy Trap

ယခု Fallacy ကိုလည်း နိုင်ငံအရေးတွေ ဆွေးနွေးဝိုင်းတွေ စကားပြောရာတွေမှာလည်း ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။

Loaded Question တွေဟာ အမေးခံရသူကို အကြောင်းအရာတစ်ခုစီ အတင်းတွန်းပို့တဲ့အခါ၊ အမှန်တရား (သို့) သက်သေပြချင်လိုတာနဲ့ မေးခွန်းကို Fact အနေနဲ့သုံးပြီး ချည်ပြီးတုတ်ပြီး မေးတဲ့အခါမှာ အသုံးများကြပါတယ်။ ရိုးစင်းတဲ့ မေးခွန်းထုတ်မှုမျိုး မဟုတ်ပဲ စိတ်ပညာအရ အနိုင်ယူတာဖြစ်လို့ Debate တွေရဲ့ POI အပါအဝင် အခြားသော Discussion, Forum တွေမှာ သုံးနိုင်ပါတယ်။

အနှစ်ချုပ်ရရင် မေးခွန်းတိုင်းမှာ အဖြေရှိတယ် ဆိုပေမယ့် မေးခွန်းတိုင်းဟာ "ရိုးသားမှု" ဆိုတာ မရှိနိုင်ပါဘူး။

ဒါကြောင့် တစ်ဖက်လူရဲ့ မေးခွန်းကို မဖြေခင် မေးခွန်းထဲမှာ ထောင်ချောက်သဖွယ် ဖြစ်နိုင်တဲ့ Strategy တွေပါမပါ သတိချပ်ကြဖို့ကိုလည်း Debators တို့ကို အသိပေးလိုက်ရပါတယ်။

ကဲ ဒါဆို Debate Club က LAPer တွေရော "ဘယ်ကဖြေဖြေ အမှား" ဆိုတဲ့ ချောက်ကျမယ့် မမဆောင်း Loaded Question မျိုးတွေ အမေးခံရဖူးလား?

ဒီလိုဆို ဘယ်လို အခက်တွေ့ခဲ့ရလဲဆိုတာ Comment မှာ မျှဝေပေးကြဖို့ တောင်းဆိုပါရစေ၊
နောက်ထပ် Fallacy တွေမှာ ပြန်ဆုံတွေ့ကြရအောင် 👋

Are Self-help books philosophy?ကိုယ့်ရဲ့အကြိုက်ဆုံး self-help စာအုပ်တွေက တကယ်တမ်းမှာကျ philosophy လို့ ခေါ်တဲ့ ဒဿနိကဆိုင...
08/01/2026

Are Self-help books philosophy?

ကိုယ့်ရဲ့အကြိုက်ဆုံး self-help စာအုပ်တွေက တကယ်တမ်းမှာကျ philosophy လို့ ခေါ်တဲ့ ဒဿနိကဆိုင်ရာအကြောင်းအရာတွေပဲလား? 🏛️

ကဲ.....ဒီဘိတ်တာတို့ရေ ဖီလော်ဆော်ဖီ (philosophy) လို့ပြောလိုက်တာနဲ့ တစ်ပြိုင်တည်း ပလေတို (Plato) ဆိုကရေးတီး (Socrates) တို့လို ဂရိအတွေးအခေါ်ပညာရှင်ကြီးတွေကို ပြေးမြင်မိမှာ မလွဲဧကန်ပါပဲ။

ဆိုတော့... ဖီလော်ဆော်ဖီ (philosophy) ဆိုတာ ဘာလဲ?

Philosophy ဆိုတာကတော့ ဂရိဘာသာစကားက ဆင်းသက်လာတာဖြစ်ပြီး ဂရိစကားလုံးတွေဖြစ်တဲ့ philein နှင့် sophia ကိုပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။ Philein မှာ နှစ်သက်မြတ်နိုးခြင်း (to love)ဖြစ်ပြီး Sophia မှာ ဉာဏ်ပညာ (wisdom) ပါ။ ဒါကြောင့် အဓိပ္ပါယ်ကို အသိဉာဏ်ပညာကိုမြတ်နိုးခြင်း (love of wisdom) လို့လည်း ဆိုနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ လူတော်တော်များများဟာ ကိုယ့်ရဲ့ဘဝကို self-help စာအုပ်တွေထဲက အယူအဆတွေ၊ မူတွေအတိုင်း ကျင့်ကြံ ကြိုးစားနေထိုင်လာတာကို တွေ့မြင်လာရတယ်။ ဒါဆိုရင် ဒီလိုအပြုအမူတွေက ဒဿနိကဗေဒ (philosophy) ကို လက်တွေ့ကျင့်သုံးတယ်လို့ ဆိုနိုင်အုံးမလား ❓📕

“The Subtle Art of Not Giving a F*ck” တို့လို စာအုပ်တွေကနေစလို့ “Atomic Habits” ထိ နာမည်ကောင်းနဲ့ကျော်ကြားနေတဲ့ self-help စာအုပ်တွေ အများကြီး ကိုယ်တွေရဲ့ ပတ်ဝန်းကျင်မှာ ရှိကြတယ်။ ဒီစာအုပ်တွေက ပလေတို (Plato) နှင့် နစ်ရှေး (Nietzsche ) တို့လို အတွေးအခေါ်ပညာရှင်ကြီးတွေရဲ့ စာအုပ်တွေနဲ့ တန်းတူ အမျိုးအစားထဲ ထည့်လိုရနိုင်မလား? 🤔

ဒီလောက်ဆိုရင်တော့ ဒီဘိတ်တာတို့ ဒီတစ်ခေါက် အလှည့်ကျတဲ့ ဒီဘိတ်ခေါင်းစဉ်လေးကို ခန့်မှန်းလို့ရနိုင်ပြီ ထင်ပါတယ်။ ဒီတစ်ပတ် Debate Session လေးမှာတော့ “Are self-help books philosophy?” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ self-help စာအုပ်တွေက ဖီလော်ဆော်ဖီရဲ့ ပုံစံတစ်ခုအဖြစ် သတ်မှတ်နိုင်လား ဒါမှမဟုတ် နေ့စဉ်ဘဝအတွက် လက်တွေ့ကျတဲ့ အကြံပြုချက်တွေပဲလား ဆိုတာကို ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ် ⚖️

ယခု ဒီဘိတ်ပွဲကို MIT ကျောင်းတော်ကြီးမှာ တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသားတိုင်း မည်သူမဆို ဆွေးနွေးငြင်းခုံနိုင်မှာဖြစ်ပြီး ဒီဘိတ်ပွဲ ကျင်းပသွားမဲ့ရက်အနေနဲ့ ဇန်နဝါရီလ ၁၁ ရက် (တနင်္ဂနွေနေ့) ၊ မြန်မာအချိန် ည ၇နာရီတိတိမှာ ပြုလုပ်သွားမှာဖြစ်လို့ အောက်ပါလင့်ခ်ကနေတဆင့် မြန်မြန်လေး စာရင်းသွင်းကြဖို့ မမေ့နဲ့နော်။

🔗 Registration Link : https://forms.gle/QJHKKLak2T2Lq4XL7

အခြားသိလိုရာ၊ မေးမြန်းစရာများရှိပါက Debate Club - LAP, MIT ရဲ့ page messenger ကနေတဆင့် လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အခုလိုစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေနဲ့အတူ မိမိရဲ့အမြင်တွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရနိုင်မယ့် ကိုယ်တွေရဲ့ ဒီဘိတ်အစီအစဉ်လေးကို လက်လွှတ်မခံပဲ ဝင်ရောက်ဆွေးနွေးကြဖို့ အားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါရစေ။

ဒါဆိုရင် လာမယ့် ဒီဘိတ်အစီအစဥ်လေးမှာ ပြန်လည်ဆုံတွေ့ကြရအောင် 👋

Königsberg မြို့ထဲက မြို့သူမြို့သားတွေအတွက် နာရီဖမ်းတိုက်ရလေအောင် အချိန်တိကျလွန်းတဲ့ ဒဿနဆရာရှိခဲ့ဖူးသလို၊ အပေါင်းအသင်းတပ...
07/01/2026

Königsberg မြို့ထဲက မြို့သူမြို့သားတွေအတွက် နာရီဖမ်းတိုက်ရလေအောင် အချိန်တိကျလွန်းတဲ့ ဒဿနဆရာရှိခဲ့ဖူးသလို၊ အပေါင်းအသင်းတပည့်တပန်းတွေ ဝိုင်းတားတဲ့ကြားက အဆိပ်ရည်မျိုခဲ့တဲ့ ဒဿနဆရာလည်း ရှိခဲ့ဖူးပါတယ်။ ဧကရာဇ်မင်းကြီးရဲ့ အရှိန်အဝါကိုတောင် ခွန်းတုံ့ပြန်ဖို့ ဝန်မလေးသလို ရဲဘော်ရဲဖက်တွေ ရသလိုရတဲ့ ဝေစုပဲယူဖို့ဆုံးဖြတ်ပြီး အငတ်ခံရင်း လောကကို ဆွေးဆွေးကြီးထားခဲ့သူလည်းရှိပါ့။
လောကအမြင်ဟာ လူတွေရဲ့ အမူအကျင့်တွေနဲ့ တသားထဲဖြစ်နေတတ်တယ်။
(မဖြစ်ဘူးလို့လည်းထောက်ပြစရာရှိပါတယ်) 💭

ဒဿနိကဗေဒ (Philosophy) ဆိုတာဘာလဲ? 📖

ဉာဏ်ပညာကိုချစ်မြတ်နိုးခြင်း (Philosophia) လို Pythagoras က ကြွေးကြော်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဘုံအဓိပ္ပါယ်တစ်ခုဖွင့်ဖို့က ခက်လာကြတယ်လို့ ပြောလို့ရပါတယ်။

ဒါဇင်နဲ့ချီတဲ့ ဒဿနဆရာတွေကတောင် ဒီမေးခွန်းကိုဖြေဖို့ What is Philosophy? ဆိုတဲ့နာမည်နဲ့ စာအုပ်တွေရေးခဲ့တာမနည်းမနောပါ။ ဒါပေမဲ့ ဒဿနကို မိတ်ဆက်မပေးတဲ့အပြင် ကျမ်းကြီးတွေကိုဖြစ်လို့။ ဒါ့ကြောင့်မလို့ ဒဿနိကဗေဒရဲ့ နက်နဲနူးညံ့လှတဲ့ အပိုင်းကို ခဏလောက်ထားခဲ့ကြည့်ရအောင်။ ♾️

ဒီအစား ကိုယ်တို့တွေ ကိုယ်ပိုင်အမြင် (လောကအမြင်ပဲဆိုပါတော့) (ဝါ) ကိုယ်ပိုင်တစ်ကိုယ်ရည် ဒဿနတွေကို အချင်းချင်းဖလှယ်ကြဖို့ ကြိုးစားကြည့်ကြတာပေါ့။ ကိုယ်ပိုင်တန်ဖိုးတွေ၊ စံနှုန်းတွေ၊ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေ၊ ပြဿနာကိုဖြေရှင်းချဉ်းကပ် အဖြေရှာပုံတွေကို ကြီးကျယ်ခမ်းနားလှတဲ့ ဘာ -ism ညာ -ism ထိမပြောကြပဲ (ပြောချင်သပဆိုလည်း (လုံးဝ) ရပါတယ်) ထွေရာလေးပါး ကစဉ့်ကလျားစားပွဲဆီ သယ်လာကြရအောင်။ ☕🗣️

ဒီစကားဝိုင်းဟာ Debate Club - LAP, MIT ကနေ ဦးစီးပြုလုပ်ထားတာဖြစ်လို့ MIT-LAP ကျောင်းသူကျောင်းသားများကို လာမဲ့ ဇန်နဝါရီလ ၁၀ ရက် (စနေနေ့) မှာ အောက်ပါလင့်ခ်ကနေ တစ်ဆင့် စာရင်းသွင်းပြီး လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

🔗 Registration link: https://forms.gle/cp4jtdkzkG1bKULHA

သင်တို့ရဲ့ ကိုယ်ပိုင် ဖီလော်ဆော်ဖီနဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ၊ ဒွိဟတွေနဲ့ မေးခွန်းပေါင်းများစွာကို Absurd Table ပေါ် သယ်လာခဲ့ဖို့ကိုလဲ ထပ်ဆောင်း သတိပေးလိုက်ပါရတယ်။

Address

Myanmar Institute Of Theology
Yangon

Website

Alerts

Be the first to know and let us send you an email when Debate Club - LAP, MIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share