Myanmar Rice Federation - MRF

Website

Myanmar Rice Federation - MRF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Rice Federation - MRF, Nonprofit Organization, No. 29, UMFCCI Tower, Level 9, Minyekyawswar Road, Lan Ma Daw Township, Yangon.

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းမှ တောင်သူလယ်သမား ခေါင်းဆောင်များ (Key Farmers)...
14/09/2026

ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းမှ တောင်သူလယ်သမား ခေါင်းဆောင်များ (Key Farmers) နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အသင်းဝင် Exporter ကုမ္ပဏီများ ပူးပေါင်းလျက် တောင်သူလယ်သမားများ စပါးသီးနှံ အထွက်နှုန်း တိုးတက်ပြီး ဝင်ငွေတိုးတက်စေရေး၊ ပြည်ပပို့ကုန်ဆန်များ အရည်အသွေးကောင်းမွန်ရေး၊ နှစ်စဉ် ပို့ကုန် တိုးတက်တင်ပို့နိုင်မှုကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်းဖြင့် ပို့ကုန်လုပ်ငန်းမှ ဦးဆောင်သည့် ဆန်စပါးကဏ္ဍ တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စသည့် ဦးတည်ရည်ရွယ်ချက် များဖြင့် ပြည်ပပို့ကုန် ဆန်စပါး စိုက်ပျိုးရေးဇုန်များကို နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး တို့တွင် ဧက (၃) သိန်းကျော် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါ ဇုန်များမှ တောင်သူလယ်သမား ခေါင်းဆောင်များ၊ ကုမ္ပဏီများနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးပွဲအား (၁၂-၉-၂၀၂၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ကုမ္ပဏီများမှ တစ်ဧကလျှင် စိုက်စရိတ် ကျပ် (၂) သိန်း ထုတ်ပေးမှု အခြေအနေများ၊ တောင်သူလယ်သမားများမှ ပူးပေါင်း ဆောင်ရွက်ရမည့် အစီအမံများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်က ဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ တစ်ဧကလျှင် ကျပ် (၂.၅) သိန်း ထုတ်ပေးနိုင်ရန် ဆောင်ရွက်မှု၊ တောင်သူလယ်သမားများကို နည်းပညာများ ဖြန့်ဝေပေးမှုနှင့် စာချုပ်ချုပ်ဆိုရာတွင် လည်းကောင်း၊ ငွေထုတ်ယူ ရာတွင် လည်းကောင်း၊ ပိုမိုမြန်ဆန် လွယ်ကူစေရန် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးကြပါသည်။

အစီအစဉ်အရ စိုက်ပျိုးရေးတက္ကသိုလ်၊ စိုက်ပျိုးစီးပွားဌာန၊ ပါမောက္ခ ဒေါက်တာအေးမိုးစံက ဇုန်များ မဆောင်ရွက်မီနှင့် ဆောင်ရွက်ပြီးနောက် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်မှု ပြောင်းလဲခြင်းအပေါ် စစ်တမ်းကောက်ယူမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ ဒေါက်တာခင်ခင်မာလာမြင့် က စပါးသီးနှံတွင် ကျရောက်သည့် ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နှင်း နည်းများကို ရှင်းလင်းဆွေးနွေးခြင်း၊ မျိုးစေ့ဌာနခွဲမှ ပညာရှင် ဒေါ်ဝင့်ဝင့်စိုးနှင့် မြေအသုံးချရေးဌာနခွဲမှ ပညာရှင် ဒေါ်မေသက်လှိုင်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် တောင်သူလယ်သမားများ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကို ဆွေးနွေးခဲ့ပါသည်။

ထို့အပြင် REZ ဇုန်များကို ကောင်းကင်ဂြိုလ်တု Satellite အသုံးပြု၍ စိုက်ပျိုးမှု အခြေအနေများကို စိစစ်ခြင်း၊ အပင်များ အခြေအနေ၊ ရိတ်သိမ်းမှု အခြေအနေများကို စိစစ်ခြင်းအတွက် ဂြိုလ်တုမှ ထောက်လှမ်း အသုံးပြုသည့် စနစ်ဖြင့် ဧက (၁) သိန်းကို စတင် ဆောင်ရွက်မည့် အစီအစဉ်အား Satellite-Based Monitoring Service for Rice Export Zone (Project Consortium) အဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် တောင်သူလယ်သမားများ၏ စားပွဲဝိုင်း (၃၀) မှ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအစဉ်များကို မေးခွန်းလွှာ (၁၀) ခုပါ အချက်အလက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြပြီး၊ ဆွေးနွေးမှုများကို တောင်သူလယ်သမား ကိုယ်စားလှယ်များက စားပွဲဝိုင်း ကိုယ်စား Panel Discussion ပုံစံ ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးခြင်းကို ဆောင်ရွက်ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် မှ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ REZ ဆောင်ရွက်သည့် ကုမ္ပဏီများနှင့် ဇုန်အဖွဲ့ခေါင်းဆောင် တောင်သူ လယ်သမားများ စုစုပေါင်း (၃၀၀) ဝန်းကျင် တက်ရောက်ခဲ့ကြပြီး ဇုန်အဖွဲ့ခေါင်းဆောင် တောင်သူလယ်သမားများအား ညပိုင်းတွင် မိတ်ဆုံညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း ဆောင်ရွက်ခဲ့ပါသည်။

ပိုလန်နိုင်ငံတွင် မြန်မာ့ဆန် တန် (၂၅၀) ၌ ပိုးမွှားအသေများ တွေ့ရှိခြင်းကိစ္စ သတင်းထွက်ပေါ်မှုနှင့် စပ်လျဉ်းပြီး ရှင်းလင်း...
11/09/2026

ပိုလန်နိုင်ငံတွင် မြန်မာ့ဆန် တန် (၂၅၀) ၌ ပိုးမွှားအသေများ တွေ့ရှိခြင်းကိစ္စ သတင်းထွက်ပေါ်မှုနှင့် စပ်လျဉ်းပြီး ရှင်းလင်းထုတ်ပြန်ချက်

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရန် GACCတွင် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆို...
10/09/2026

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရန် GACCတွင် မှတ်ပုံတင်ခွင့်ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဆိုင်ရာသင်တန်း (ပဉ္စမအကြိမ်) ကျင်းပပြုလုပ်


တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်/ ဆန်ကွဲများ တင်ပို့ရာတွင် GACC မှတ်ပုံတင်ခွင့်ရရှိရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး၊ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံချုပ်ဆိုထားသော Sanitary and Phyto-sanitary Protocol သဘောတူညီချက်နှင့် အညီ သိုလှောင်ရုံပိုးမွှားများ ထိန်းချုပ်ကာကွယ်ရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေး (food safety) နှင့် ကောင်းမွန်သော သိုလှောင်ကြိတ်ခွဲထုတ်လုပ်မှုစနစ်ဖြစ်ရေး စသော လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

အဆိုပါ လုပ်ငန်းစဉ်များအား ပို့ကုန်ကုမ္ပဏီများ၊ အထူးသဖြင့် ကုမ္ပဏီအသစ်များ အား သင်တန်းပုံစံဖြင့် သင်ကြားပို့ချပေးခြင်း နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက ရှင်းလင်းဆွေးနွေးပေးခြင်း အစီအစဉ်ကို (၉-၉-၂၀၂၆) ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် UMFCCI (မင်္ဂလာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်း နှင့် ပို့ကုန်မြှင့်တင်ရေး ၊ ပို့ကုန်များ အရည်အသွေး အဆင့်မီစေရန် ဆောင်ရွက်ရမည့် လိုအပ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့အပြင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS)မှ အုပ်ချုပ်မှု ဒါရိုက်တာတို့က GACC မှတ်ပုံတင်ရေး လုပ်ငန်းစဉ်များ၊ သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဆန်စက်များ နှင့် သိုလှောင်ရုံများတွင် အရည်အသွေး စီမံခန့်ခွဲမှုဆိုင်ရာကိစ္စများကို လမ်းညွှန်အကြံပြုဆွေးနွေးခဲ့ပါသည်။ စိုက်ပျိုးရေးဦးစီးဌာန၊ သီနှံကာကွယ်ရေးဌာနခွဲမှ ဘာသပ်ရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်(MITS) နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့မှ တာဝန်ရှိသူများ ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။

ယခုသင်တန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ရေးအတွက်သာမက အခြားနိုင်ငံများသို့ တင်ပို့ရာတွင် အဆိုပါ လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်းဖြင့် အစားအသောက် ဘေးကင်းလုံခြုံရေး နှင့် အရည်အသွေးထိန်းသိမ်းရေးတို့ကို ထိရောက်စွာ အကျိုးရှိနိုင်မည် ဖြစ်ပါသည်။ အသင်းချုပ် အနေဖြင့် အဆိုပါ သင်တန်းများကို နှစ်စဉ် ဖွင့်လှစ်ပို့ချ ဆောင်ရွက်လျက်ရှိရာ ယခု အကြိမ်သည် (၅) ကြိမ်မြောက် ဖြစ်ပြီး၊ ကုမ္ပဏီ (၃၇) ခု မှ သင်တန်းသားသင်တန်းသူ (၈၀) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

သင်တန်းတွင် GACC မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ Online Registrationဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဆန်တင်ပို့ရာတွင်လည်း တရုတ်နိုင်ငံတစ်ခုတည်း သာမက ဥရောပ၊ အာဖရိက၊ အာရှ ဈေးကွက်များအထိ ချိတ်ဆက်ဆောင်ရွက်သင့်သည့် ကိစ္စများ၊ ကုမ္ပဏီများ အနေဖြင့် Purchasing Plan၊ Export Planများဖြင့် စနစ်တကျ ဝယ်ယူခြင်း၊ တင်ပို့ခြင်း ဆောင်ရွက်ရမည့် ကိစ္စများ၊ ဆန်တင်ပို့သည့် ကုမ္ပဏီများအတွက် ပို့ကုန်ဝင်ငွေ အချိန်မီ ပြန်လည်ဝင်ရောက်ရေး ကိစ္စများ၊ MyRO တွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်း ကိစ္စများ၊ ပို့ကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စသည်တို့ကို ထည့်သွင်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသော Myanmar-Vietnam Business Forum (2026) တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှု အခ...
08/09/2026

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသော Myanmar-Vietnam Business Forum (2026) တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့မှု အခြေအနေများ

၁။ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန် အတွက် ကုန်သည်စက်မှုလက်မှုအသင်းချုပ် (UMFCCI) က ဦးဆောင်စီစဉ်ကျင်းပသော Myanmar-Vietnam Business Forum 2026 (Hanoi, Melia Hotel) တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

၂။ (၆.၉.၂၀၂၆)ရက်နေ့တွင် ကျင်းပသော အဆိုပါ ဖိုရမ်ဆွေးနွေးပွဲတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်သည် လယ်ယာသားငါးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ဆောင်ရွက်လိုသည့် အဆိုပြု လုပ်ငန်းများဆိုင်ရာ စာတမ်းကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပါသည်။ ထိုအပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မြန်မာ့ပေါ်ဆန်းဆန်နှင့် တန်းမြင့်ဆန်များ၊ ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖွဲနုဆီထုတ်လုပ်မှုလုပ်ငန်း၊ ဆန်စက်ပစ္စည်းများ၊ Silo systemများ ထုတ်လုပ် တပ်ဆင်သုံးစွဲမှု လုပ်ငန်းနှင့် ဆန်စပါးမျိုးစေ့ ထုတ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ပြခန်းတွင် ခင်းကျင်းပြသခဲ့ပါသည်။

၃။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြခန်းသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကုန်သည်စက်မှုလက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် မြန်မာလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ လာရောက် ကြည့်ရှုခဲ့ကြပါသည်။ အသင်းချုပ်အနေဖြင့် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများ၏ လမ်းညွှန် အကြံပြုချက်များကို အခြေခံပြီး မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ B to B ဆန်စပါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို လုပ်ငန်းနယ်ပယ် (၉)ရပ် သတ်မှတ်ပြီး အရှိန်အဟုန်ဖြင့် အထူးဦးစားပေး မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၄။ ခရီးစဉ် အတွင်း အသင်းချုပ် ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များသည် အသင်းချုပ်နှင့် MOU ရေးထိုးထားသော ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းမျိုးစေ့ထုတ် ကုမ္ပဏီများ ဖြစ်သည့် Vina Seed နှင့် Loc Troi Group တို့နှင့်လည်းကောင်း၊ ဆန်စက်ပစ္စည်း နှင့် အခြောက်ခံစက်များထုတ်လုပ်သည့် Lamico Groupနှင့် လည်းကောင်း၊ အခြားသော ဆန်စပါးလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

၅။ ထို့အပြင် ဖိုရမ်၏ MOU ရေးထိုးခြင်းအစီအစဉ်တွင် Vietnam Rural Agricultural Development Science Instituteနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့အကြား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမြေဆီလွှာများ၊ ဂေဟစနစ်များ ထိန်းသိမ်းရေး၊ ဇီဝနှင့် သဘာဝ မြေဩဇာများ ထုတ်လုပ်သုံးစွဲမှု မြှင့်တင်ရေးဆိုင်ရာ MOUကို အသင်းချုပ်ကိုယ်စား တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က တက်ရောက်လက်မှတ်ရေးထိုးခဲ့ပြီး၊ အသင်းချုပ်၏ ညီနောင်အသင်းဖြစ်သော မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်း (MPPA) အနေဖြင့်လည်း ဗီယက်နမ်နိုင်ငံမှ Phong VU Trading Services Import Export Co.,Ltdနှင့် ဓါတ်မြေဩဇာ လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကို (MPPA)ဥက္ကဋ္ဌ ဦးခင်မြင့်မှ တက်ရောက်၍ လက်မှတ်ရေးထိုးခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ​ဩဂုတ်လအတွင်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ထားမှ...
07/09/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ​ဩဂုတ်လအတွင်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ထားမှု အခြေအနေ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီ လိုအပ်ချ...
03/09/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီ လိုအပ်ချက်အပေါ် ပူးပေါင်းညှိနှိုင်း ဖြည့်တင်းနိုင်ရေးအတွက် MoA လက်မှတ်ရေးထိုးခြင်း အစီအစဉ် ကျင်းပပြုလုပ်

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လယ်ယာကဏ္ဍ စက်သုံးဆီ လိုအပ်ချက်အပေါ် ပူးပေါင်း ညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် MoA လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို (၁.၉.၂၀၂၆) ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဆန်ပြည်ပတင်ပို့မှု မြှင့်တင်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ အသင်းချုပ်၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စရပ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အပေါ်ညှိနှိုင်းဆွေးနွေးခြင်းနှင့် ဆန်စပါး စိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်သုံးဆီ လိုအပ်ချက်အပေါ် ပူးပေါင်းညှိနှိုင်း ဖြည့်တင်းပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အသင်းဝင် ကုမ္ပဏီ (၄၁) ခု နှင့် DENKO Trading Co., Ltd တို့အကြား (Memorandum of Agreement- MoA) လက်မှတ်​ရေးထိုးခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

MoAလက်မှတ်ရေးထိုးခြင်း အစီအစဉ်တွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် DENKO Trading Co., Ltd ၏ Managing Director ဦးဝဏ္ဏခိုင်က MoA လက်မှတ်ရေးထိုးခြင်း ရည်ရွယ်ချက်များအပေါ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုနောက် အသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၏ ရှေ့မှောက်တွင် DENKO Trading Co., Ltd ၏ Director ဦးတင်ဝင်းနှင့် အသင်းချုပ် အသင်းဝင် ကုမ္ပဏီ (၄၁) ခုမှ တာဝန်ရှိသူများက MoA အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းတွင် ကောက်စိုက်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ရေတင်ရန် ရေစုပ်စက် စသော စက်မှုလယ်ယာသုံးစက်ကိရိယာများ၊ လယ်ယာလုပ်ငန်းသုံး ယာဉ်များအတွက် စက်သုံးဆီ လိုအပ်ချက် ဖြစ်ပေါ်ပါက DENKO Trading Co., Ltd မှ လွယ်ကူလျင်မြန်စွာ ဖြည့်တင်း ဆောင်ရွက်ပေးရန်၊ ကြိတ်ခွဲထုတ်လုပ်သည့် ဆန်စက်များ၊ အခြောက်ခံစက်များနှင့် စပါး/ ဆန် အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် မီးစက်များအတွက် စက်သုံးဆီ လိုအပ်ချက်ကို စီစစ်၍ သင့်တင့်မျှတသော ပမာဏအား အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရန်၊ ဆန်စပါး ပြည်ပတင်ပို့သည့် ကုမ္ပဏီများ၊ သိုလှောင်ရုံများနှင့် ဆန်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများအတွက် စက်သုံးဆီ(ဒီဇယ်) လိုအပ်ချက်များကို စိစစ်၍ သင့်တင့်မျှတသော ပမာဏအား ဖြည့်တင်းပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်ဖက်သဘောတူ MoA လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

DENKO Trading Co., Ltd မှ အသင်းချုပ်၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ငွေကျပ်သိန်း (၅၀၀) အား ထည့်ဝင်လှူဒါန်းခဲ့ရာ အဆိုပါ ငွေကျပ်သိန်း (၅၀၀) အား ရေကြီး/ ရေလွှမ်း ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အသင်းချုပ် အနေဖြင့် နိုင်ငံတော်အစိုးရထံသို့ ငွေကျပ် သိန်း (၂၅၀၀) အား လှူဒါန်းထားခြင်းအပေါ် ဖြည့်စွက်၍ မျိုးစေ့နှင့် အခြားပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

28/08/2026
ဆန်စျေးနှုန်းတည်ငြိမ်မှန်ကန်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခြင်းနှင့် သက်သာသော ဈေးများဖြင့် ရောင်းချပေးမ...
18/08/2026

ဆန်စျေးနှုန်းတည်ငြိမ်မှန်ကန်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် မေတ္တာရပ်ခံခြင်းနှင့် သက်သာသော ဈေးများဖြင့် ရောင်းချပေးမည့် အစီအစဉ် ထုတ်ပြန်ကြေညာခြင်း

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ​ဇူလိုင်လအတွင်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ထား...
14/08/2026

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းမှတ်တမ်းများအရ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ​ဇူလိုင်လအတွင်း ဆန်/ ဆန်ကွဲ ပြည်ပတင်ပို့ထားမှု အခြေအနေ

မျိုးစေ့ထုတ် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဗီယက်နမ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခြင်း၁။ မြန်မာနိုင်ငံဆန်စပါးအသ...
04/08/2026

မျိုးစေ့ထုတ် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန်အတွက် ဗီယက်နမ်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခြင်း

၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ Senior Project Consultant ဦးသက်ဇင်မောင်နှင့် Senior Advisor ဦးလွင်ဦးတို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင် (၂၀) ဦးတို့သည် ဗီယက်နမ်နိုင်ငံသို့ ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းများအား လေ့လာရန်နှင့် နှစ်ဖက် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မျိုးစေ့ထုတ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရေး အတွက် (၂၅-၇-၂ဝ၂၆)ရက်နေ့မှ (၃၁-၇-၂၀၂၆)ရက်နေ့ အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ကြပါသည်။

၂။ ကိုယ်စားလှယ်အဖွဲ့သည် Loc Troi Seeds Joint Stock Company နှင့် Vietnam National Seed Group JSC (VINASEED) ကုမ္ပဏီတို့နှင့် သီးခြားစီသွားရောက် တွေ့ဆုံခြင်း၊ မျိုးစေ့သန့်စင်စက်ရုံများ၊ စိုက်ခင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို သွားရောက်လေ့လာခဲ့ကြပြီး နားလည်မှုစာချွန်လွှာ (MoU) များ ရေးထိုးခဲ့ကြပါသည်။

၃။ ခရီးစဉ်အတွင်း ဆန်စပါး မျိုးစေ့ထုတ်လုပ်ငန်းကို မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ မျိုးစေ့နည်းပညာနှင့် မျိုးစပ်နည်းပညာများ ဖလှယ်ရေး၊ လေ့ကျင့်ပညာပေးရေးနှင့် စိုက်ပျိုးရေးနှင့် မျိုးစေ့ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်ဖြစ်သည့် တန်းမြင့်ဆန်များ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံတကာစျေးကွက်တွင် စျေးကောင်းရသော အရည်အသွေး အနံ့အရသာ ကောင်းပြီး ရှည်သွယ်သော Aromatic, Long and Slender Grain မျိုးများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ နိုင်ငံအတွင်း မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးကို ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်မှုပြု၍ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Address

No. 29, UMFCCI Tower, Level 9, Minyekyawswar Road, Lan Ma Daw Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Myanmar Rice Federation - MRF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share