Salesian Sisters of Don Bosco - FMA, Myanmar

Salesian Sisters of Don Bosco - FMA,  Myanmar "Give me souls take away the rest." (St. Don Bosco)

ယနေ့ မေလ(၁၄)ရက် ၂၀၂၆ တွင် မိမိဘဝကို လူငယ်များနှင့်အများအတွက်ရက်ရောစွာဖြင့် ဘုရားရှင်အား ဆလေးရှင်းသီလရှင်ဘဝဖြင့်ရာသက်ပန်ဆ...
14/05/2026

ယနေ့ မေလ(၁၄)ရက် ၂၀၂၆ တွင် မိမိဘဝကို လူငယ်များနှင့်အများအတွက်ရက်ရောစွာဖြင့် ဘုရားရှင်အား ဆလေးရှင်းသီလရှင်ဘဝဖြင့်ရာသက်ပန်ဆက်ကပ်အပ်နှံလိုက်သော Sr. Teresa Ja Bawk အား ကျေးဇူးတင်ရင်းဂုဏ်ယူစွာကြိုဆိုလိုက်ပါသည်။
အမိမာဇရဲလို၏စံနမူနာက်ိုအတုယူကာ Sr. Teresa Ja Bawk သည် "ယခုအသက်ရှင်လျက်ရှိသည်မှာ ကျွန်ုပ်မဟုတ်၊ ကျွန်ုပ်၌ကိန်းဝပ်‌တော်မူသော ခရစ်တော်ဖြစ်၏" ဟူသော နှုတ်ကပါတ်တရားတော်ဆောင်ပုဒ်ကိုအစွဲပြုကာ မိမိဘဝအသက်တာကိုအသင်းတော်နှင့်အသင်းဂိုဏ်းအတွက် ရဲဝံ့စွာနဲ့ရက်ရောစွာ ရာသက်ပန်သစ္စာကို အဖဆရာတော်ကြီး မာကုတင်ဝင်းဦိးဆောင်ပူ‌ဇော်သော မစ္ဆားတရားတော်အတွင်း၌ နယ်စီးအကြီးအကဲဖြစ်သူ Sr. Gertrudes Ditching ၏ရှေ့မျက်မှောက်တွင် သစ္စာဆိုခဲ့ပါသည်။
လမင်းကဲ့သို့ မိမိမှာကိုယ်ပိုင်အလင်းရောင်မရှိသော်လည်း ခရစ်တော်သခင်၏ အလင်းရှိန်ဖြင့် အမှောင်ထု၌အလင်းပြန်လည်ပေးဆက်လိုကာ မျှော်လင့်ချက်ကင်းမဲ့နေသောလူငယ်များအတွက် အမိမယ်တော်၏လမ်းညွှန်မှုဖြင့်ထာဝရဘုရားရှင်အား ရာသက်ပန်ဆက်ကပ်လိုက်သော Sr. Teresa Ja Bawk ကိုကြိုဆိုဂုဏ်ပြုရင်းဆုတောင်းမေတ္တာဖြင့်ဆက်လက်ပံ့ပိုးပေးသွားကြပါစို့။
ယနေ့ရာသက်ပန်သစ္စာဆိုပွဲ၌ ရပ်နီးရပ်ဝေးမှ ပါဝင်ပေးကြသောဓမ္မမိတ်ဆွေများနှင့်ဆုတောင်းမေတ္တာဖြင့်ပါဝင်ပေးကြသောသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါကြောင်း

ဘုရားရှင်ရဲ့ဘုန်းဂုဏ်တော်ကိုချီးမွှမ်းခွင့်ရလို့ဘုရားရှင်အားကျေးဇူးတင်ရင်း ပထမသစ္စာဆိုခြင်းဖြင့်ဘုရားရှင်အားရက်ရောစွာပေး...
13/05/2026

ဘုရားရှင်ရဲ့ဘုန်းဂုဏ်တော်ကိုချီးမွှမ်းခွင့်ရလို့ဘုရားရှင်အားကျေးဇူးတင်ရင်း ပထမသစ္စာဆိုခြင်းဖြင့်ဘုရားရှင်အားရက်ရောစွာပေးဆပ်ခဲ့သော Sr. Bawi Rem Khim Maria အား ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
"ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာငြိမ်းချမ်းမှုကိုခံစားရ၏။ ငါ၏ကယ်တင်ခြင်းသည်လည်း ဘုရားသခင်ထံမှလာသည်" (ဆာလံ ၆၂:၁)ဟူသော ကျမ်းပိုဒ်ဖြင့် သူမ၏ခေါ်တော်မူခြင်းလမ်းစဉ်တလျှောက်လုံးကို လမ်းပြဦး‌ေဆာင်ပေးခဲ့သော ထာဝရဘုရားသခင်အား မီးပြတိုက်သဖွယ် ဦးတည်ချက်ထားကာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာအလင်းကို မိမိဘဝ၌ထွန်းလင်းစေကာ တစ်ပါးသူများအထူးသဖြင့် လူငယ်လေးများအတွက် ဘုရားရှင်၏အလင်းတော်ကို မိမိဘဝမှတဆင့်ပြန်လည်းပေးစွမ်းထွန်းလင်းနိုင်စေရန်အတွက် ဆလေးရှင်းသီလရှင်အဖြစ် ယနေ့ (၁၃) ရက် မေလ၂၀၂၆ ခုနှစ်တွင် အနီးစခန်း မော်နေးဆေးဘုရားကျောင်းငယ်လေးတွင် မိမိ၏မိသားစုဝင်များနှင့်ဆလေးရှင်းမိသားစုဝင်ရှေ့မျက်မှောက်တွင် ဘုရားရှင်ထံ ပထမယာယီသစ္စာဆိုခြင်းဖြင့် မိမိကိုယ်ကိုအသင်း‌ေတာ်နှင့်အသင်းဂိုဏ်းအတွက်အစေခံရန် ဆက်ကပ်အပ်နှံပူဇော်ခဲ့ပါသည်။

ယနေ့ဟာ ကျမတို့ရဲ့အသင်းဂိုဏ်းကို စိန့်ဂျွန်ဘောစကိုနှင့်အတူပူးပေါင်းတည်ထောင်ခဲ့သူ ရဟန္တာမ စိန့်မေရီဒိုမေးနီကာမာဇရဲလို၏ပွဲနေ့ကိုအထူးအောက်မေ့သတိရကျင်းပသောနေ့လည်းဖြစ်သည့်အလျောက် ကျမတို့ရဲ့ မိခင်မာသာရ်အား အကောင်းဆုံးသောလက်ဆောင်မွန်အဖြစ် Sr. Bawi Rem Khim Maria (ခ) Sr. Maria Rem ကို မြန်မာပြည်မှအလှပဆုံးသောပန်းလေးတစ်ပွင့်အဖြစ် သူမမှတဆင့်ဘုရားရှင်အားဆက်ကပ်အပ်နှံလိုက်ပါသည်။ Congratulations dear Sr. Maria Rem!

မေလ (၄ - ၁၁) ရက်နေ့ထိပြုလုပ်ခဲ့သော ဥပုသ်ရက်များအတွင်း ဆုတောင်းမေတ္တာအားဖြင့်သော်လည်းကောင်း၊ အလှူငွေများအားဖြင့်သော်လည်းက...
13/05/2026

မေလ (၄ - ၁၁) ရက်နေ့ထိပြုလုပ်ခဲ့သော ဥပုသ်ရက်များအတွင်း ဆုတောင်းမေတ္တာအားဖြင့်သော်လည်းကောင်း၊ အလှူငွေများအားဖြင့်သော်လည်းကောင်း ကူညီပံ့ပိုးပေးခဲ့ကြသော မိဘဆွေမျိုးညီအစ်ကိုမောင်နှမများ၊ သူငယ်ချင်းမိတ်ဆွေများ အထူးသဖြင့်ဆလေးရှင်းစစ္စတာရ်များ၏ကျောင်းသူဟောင်းများကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
ကူညီပံ့ပိုးမှုအစုစုအတွက်ဘုရားရှင်၏ကြွယ်ဝသောကောင်းချီးများခံစားရပြီး ပိုမိုရက်ရောသောဘဝအသက်တာကို ဆက်လက်ပိုင်ဆိုင်အသက်ရှင်သွားနိုင်ကြပါစေကြောင်း ဆလေးရှင်းစစ္စတာရ်များအားလုံးမှကျေးဇူးတင်ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

မေလ (၁၄)ရက်နေ့တွင် အနီးစခန်း၊ ပြင်ဦးလွင်၌ ရာသက်ပန်သစ္စာဆိုမည့် ဆလေးရှင်းသီလရှင် Sr. Teresa U Ra Ja Bawk အတွက်ဆုတောင်းပေ...
04/05/2026

မေလ (၁၄)ရက်နေ့တွင် အနီးစခန်း၊ ပြင်ဦးလွင်၌ ရာသက်ပန်သစ္စာဆိုမည့် ဆလေးရှင်းသီလရှင်
Sr. Teresa U Ra Ja Bawk အတွက်ဆုတောင်း
ပေးကြပါရန် ရပ်နီးရပ်ဝေးမှ သူငယ်ချင်းမိတ်ဆွေ၊ ဆွေမျိုးသားချင်းများနှင့် ကျောင်းသူဟောင်းများအား မေတ္တာရပ်ခံအပ်ပါသည်။
ဆလေးရှင်းသီလရှင်များ

Celebration of Province Feast of Gratitude Dayက‌မ္ဘောဒီးယား၊ မြန်မာနယ်စီးအကြီး Sr. Gertrudes Ditching အားကျေးဇူးတင်ခြင်း...
03/05/2026

Celebration of Province Feast of Gratitude Day

က‌မ္ဘောဒီးယား၊ မြန်မာနယ်စီးအကြီး Sr. Gertrudes Ditching အားကျေးဇူးတင်ခြင်း အခမ်းအနားကျင်းပခြင်း
‐------‐------‐------‐-----------------------
၃.၅.၂၀၂၆ (တနင်္ဂနွေနေ့)
အနီးစခန်း၊ ပြင်ဦးလွင်
-------------------‐-------------------------
ကမ္ဘောဒီးယား၊ မြန်မာနယ်စီးအကြီးအကဲ Sr. Gertrudes Ditching အားကျေးဇူးတင်ခြင်း အခမ်းအနားကို “ A heart rekindled by the fire of love and service” ဆိုသည့် ဆောင်ပုဒ်ဖြင့် မြန်မာစံတော်ချိန်နံနက် (၇:၃၀) တွင်ကျေးဇူးတင်ခြင်း မစ္ဆားတရားတော်မြတ်နှင့်စတင်ကျင်းပခဲ့ပါသည်။ မစ္ဆားတရားတော်မြတ်ကို Fr. Donnie Duchin Duya, SDB မှကျင်းပပေးခဲ့ပါသည်။ ထို့နောက် ကျေးဇူးတင်ခြင်းအခမ်းအနားကို နယ်စီးအကြီးအကဲလက်ထောက် Sr. Juliet Kwye Kwye မှကျေးဇူးတင်သဝဏ်လွှာဖြင့်. အဖွင့်အမှာစကားပြောကြားကာအခမ်းအနားကိုစတင်ခဲ့ပါသည်။ Community တိုင်းရှိ စစ္စတာရ်များနှင့်ကျောင်းသူများမှလည်းမိမိတို့ပြင်ဆင်ထားသော အဆို၊အက၊ တေးသရုပ်ဖော် အစရှိသောအစီအစဉ်များဖြင့်. Sr. Gertrudes Ditching အားကျေးဇူးတရားကိုဖော်ပြသည့်အထိမ်းအမှတ်အဖြစ်ပျော်ရွှင်စွာဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
Sr. Gertrudes Ditching ၏ province အပေါ်ပေးဆပ်အနစ်နာခံမှုများ၊ ချစ်ခြင်းမေတ္တာဖြင့် မိခင်သဖွယ် ဉီးဆောင်လမ်းညွှန် ပေးမှုများအတွက် ကျေးဇူးတင်ရင်း ဆက်လက်ပြီးသူမလုပ်ဆောင်ရမည့်တမန်တော်လုပ်ငန်းများ၌ ဘုရားရှင်ကောင်းချီးများ ဝေဆာစွာ ခံစားရပါစေကြောင်း ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

30/04/2026

လူငယ်များ၏တစ်ရက်တာလူငယ်သင်တန်းဖိတ်ကြားခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာအတွင်းရှိလူငယ်များ၏ တစ်ရက်တာလူငယ်သင်တန်းကို ပြင်ဦးလွင်မြို့၊ အနီးစခန်း ဒွန်ဘော့စ်ကို ဓမ္မရိပ်သာ၌ ကျင်းပသွားမည်ဖြစ်၍ လူငယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ လူငယ်တာဝန်ခံထံစာရင်းပေးသွင်းပြီး လာရောက်ပါဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

World Day of Prayer for Vocations"ခေါ်တော်မူခြင်းအတွက် အထူးဆုတောင်းပေးရသည့်နေ့မှာလှိုင်သာယာရှိ ဆလေးရှင်းသီလရှင်ကျောင်းတွ...
26/04/2026

World Day of Prayer for Vocations
"ခေါ်တော်မူခြင်းအတွက် အထူးဆုတောင်းပေးရသည့်နေ့မှာ
လှိုင်သာယာရှိ ဆလေးရှင်းသီလရှင်ကျောင်းတွင် မိမိ၏ခေါ်တော်မူခြင်းကို ဆန်းစစ်နေကြသော လူငယ်
မိန်းကလေးများတချို့နှင့် တစ်နေ့တာအစီစဥ်များပြုလုပ်ခဲ့ပါသည်။ ပုဒ်ရဟန်းမင်းကြီး၏ တသင်းစကားနှင့်အညီ
ပို့ချချက်များ၊ ထောက်ရှုချက်များ၊ အချင်းချင်းဝေမျှခြင်းနှင့်
ဆုတောင်းခြင်းအစီစဥ်များပြုလုပ်ခဲ့ပါသည်။ ဘုရှင်၏
ဖိတ်ခေါ်သံကို နားထောင်ပြီ ပျော်ရွင်စွာနှင့်ရဲဝံ့စွာတုံ့ပြန်နိုင်သော သူများဖြစ်နိုင်ကြပါစေ။

"ဘားအံမြို့မှ သာသနာပြုကလေးသူငယ်များအတွက် နွေရာသီသင်တန်း"ဘားအံ၊ မြန်မာနိုင်ငံ — ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အ...
19/04/2026

"ဘားအံမြို့မှ သာသနာပြုကလေးသူငယ်များအတွက် နွေရာသီသင်တန်း"
ဘားအံ၊ မြန်မာနိုင်ငံ — ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဘားအံမြို့တွင် ပုပ်ရဟန်းမင်းကြီး၏ သာသနာပြုကလေးများအဖွဲ့ (Missionary Holy Childhood) အတွက် လေးရက်တာ နွေရာသီသင်တန်းတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဖာသာရ် ရေမွန်သန်း (SDB)၊ စစ္စတာရ် စင်သီမာဆေးလ်ဗီး (FMA)၊ စစ္စတာရ် အဲလိဇဘက် ဆာစေးဝါး (FMA) နှင့် ကိုရင် မာသိုင်းရပ်စ်ဘိုဘို (SFX) တို့က ဦးဆောင်ပို့ချပေးခဲ့ပြီး၊ ဘားအံသာသနာအတွင်းရှိ နယ်အသီးသီးမှ ကလေးသူငယ်ပေါင်း ၁၆၀ ကျော် တက်ရောက်ခဲ့ကြသည်။

သင်တန်း၏ အဓိကအချက်များ
အဓိကဆောင်ပုဒ်: “ငြိမ်းချမ်းခြင်းသယ်ဆောင်သူများ” (မာတေဦး ၅:၉)။

သင်ကြားရေးကဏ္ဍများ: ဝိညာဉ်ရေးရာအပြင် အောက်ပါခေါင်းစဉ်များကိုလည်း ထည့်သွင်းပို့ချဆွေးနွေးခဲ့ကြသည် ။
- ဆိုရှယ်မီဒီယာ အသိပညာပေးခြင်း
- ဆက်ကပ်အစေခံခြင်း။
- ဧဝံဂေလိတရားတော်၏ တန်ဖိုးများ။
- ကျမ်းစာပုံပြင်များ။
- ခေါ်တော်မူခြင်းမြှင့်တင်‌ရေး (Vocation)။

တက်ကြွစွာပါပေးကြသော ကလေးများအားလုံးကို
အထူးကျေးဇူတင်ပါသည်။
အားလုံးအပေါ်ဘုရားရှင်ကောင်ကြီးပေးပါစေ။

01/04/2026

Address

Yangon

Alerts

Be the first to know and let us send you an email when Salesian Sisters of Don Bosco - FMA, Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Salesian Sisters of Don Bosco - FMA, Myanmar:

Share