Yangon Earthquake Clinic

Yangon Earthquake Clinic To Help Myanmar People affected by Mandalay Earthquake

အပတ်စဉ်ဗုဒ္ဓဟူးနေ့မွန်းလွဲအချိန်တိုင်း အခမဲ့မျှဝေသင်ကြားပေးလျက်ရှိ‌သော Retrofit application Training ကို (9-7-2025) ရက်န...
10/07/2025

အပတ်စဉ်ဗုဒ္ဓဟူးနေ့မွန်းလွဲအချိန်တိုင်း အခမဲ့မျှဝေသင်ကြားပေးလျက်ရှိ‌သော Retrofit application Training ကို (9-7-2025) ရက်နေ့တွင် Yangon Earthquake Clinic ၌ စိတ်ပါဝင်စားကြသူအင်ဂျင်နီယာများ၊ စေတနာ့ဝန်ထမ်းအင်ဂျင်နီယာများ၊ မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပြီး အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်စွမ်းအခြေခံသုံးသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းဆိုင်ရာအသိပညာဗဟုသုတများကို မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများက တက်ရောက်လာကြသူများကို မျှဝေခဲ့ကြပါသည်။

[ English Below ]📢 ငလျင်နှင့်စပ်လျဉ်း၍ အပတ်စဉ် အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မွမ်းမံသင်တန်း သို့ ဖိတ်ကြားခြင်း 🏗️🌍ယခုလာမည...
05/07/2025

[ English Below ]

📢 ငလျင်နှင့်စပ်လျဉ်း၍ အပတ်စဉ် အင်ဂျင်နီယာဆိုင်ရာ ကျွမ်းကျင်မွမ်းမံသင်တန်း သို့ ဖိတ်ကြားခြင်း 🏗️🌍

ယခုလာမည့် ရက်သတ္တပတ်အတွက်
မြန်မာနိုင်ငံငလျင်ကော်မတီဥက္ကဋ္ဌ ဒုတိယဥက္ကဋ္ဌ ဆရာဦး‌စောထွေးဇော်မှ ဦးဆောင်မျှဝေ အခမဲ့ သင်ကြားပေးမည့်
"အဆောက်အအုံများကို ငလျင်ဒဏ်ခံနိုင်စွမ်းအခြေခံသုံးသပ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းဆိုင်ရာ သင်တန်း" သို့
တက်ရောက်နိုင်ပါရန် အားလုံးကို နွေးထွေးစွာ ဖိတ်ကြားအပ်ပါသည်။

🗓️ ရက်စွဲ - ၀၉၊ ဇူလိုင်လ ၂၀၂၅ (ဗုဒ္ဓဟူးနေ့)
⏰ အချိန် - မနက် ၁၀:၃၀ မှ ၁၁:၃၀ နာရီအထိ
📍 နေရာ - Yangon Earthquake Clinic, Earthquake Operation Room, 2nd Floor, Fed.MES Main Building

အကယ်၍ အွန်လိုင်းရုပ်သံမှတဆင့် တက်ရောက်လိုသူများအတွက်လည်း Zoom မှတဆင့် တက်ရောက်နိုင်ရန် လင့်ခ်နှင့် အသေးစိတ်ကို အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
🔗 Zoom တက်ရောက်ရန်
https://zoom.us/j/9943066055?pwd=hHrIaQtx0GcDQNLJ7JawIwqBBbDDrz.1
🆔 Meeting ID - 994 306 6055
🔑 Passcode - mec2025

ငလျင်ဒါဏ်လုံခြုံရေးနှင့် တည်ဆောက်မှုဆိုင်ရာ ကြံ့ကြံ့ခိုင်နိုင်ရေးအခန်းကဏ္ဍများတွင် ကျနော်တို့ရဲ့ အသိပညာဗဟုသုတများနှင့် သဘာဝဘေးများအတွက် အသင့်ပြင်ဆင်ထားနိုင်မှုများကို ပိုမိုအားကောင်းစေနိုင်ရန် ယခုသင်တန်းတွင် အတူဆုံဆည်းကြပါမည်ခင်ဗျာ။ လူကြီးမင်းရဲ့ပါဝင်တက်ရောက်မှုက ကျနော်တို့ Earthquake Clinic အတွက်လည်း တန်ဖိုးရှိသော အားဖြည့်မှုတစ်ခုဖြစ်ပါသည်ခင်ဗျာ။

----------

📢 Invitation to Weekly Seismic Training 🏗️🌍

We are pleased to cordially invite you to this week’s Seismic Evaluation and Retrofitting Training, led by Sayar U Saw Htwe Zaw, Vice President of the Myanmar Earthquake Committee.

🗓️ Date: Wednesday, 09 July 2025
⏰ Time: 10:30 AM – 11:30 AM
📍 Venue: Yangon Earthquake Clinic, Earthquake Operation Room, 2nd Floor, Fed.MES Main Building

For those who wish to join virtually, please find the Zoom link below:

🔗 Join Zoom Meeting
https://zoom.us/j/9943066055?pwd=hHrIaQtx0GcDQNLJ7JawIwqBBbDDrz.1
🆔 Meeting ID: 994 306 6055
🔑 Passcode: mec2025

Let’s come together to strengthen our knowledge and readiness in earthquake safety and structural resilience. Your presence is highly valued.

(12-6-2025) ရက်နေ့တွင် Yangon Earthquake Clinic ၌ PDRA လုပ်ငန်းစဉ်အရဖြည့်သွင်းခဲ့ပြီးသော အချက်အလက်များကို ပြန်လည်စစ်‌ဆေး...
12/06/2025

(12-6-2025) ရက်နေ့တွင် Yangon Earthquake Clinic ၌ PDRA လုပ်ငန်းစဉ်အရဖြည့်သွင်းခဲ့ပြီးသော အချက်အလက်များကို ပြန်လည်စစ်‌ဆေးဆန်းစစ်ခြင်း၊ PDSR လုပ်ငန်းစဉ်များဆက်လက်လုပ်‌ဆောင်နိုင်ရန် ပြင်ဆင်ခြင်း၊ ငလျင်ဇုန်ပြမြေပုံများ၊ အစီရင်ခံစာများကို တည်းဖြတ်ပြင်ဆင်ခြင်း၊ အများပြည်သူနှင့်ဆိုင်ရာ ငလျင်ဒါဏ်သင့် အဆောက်အအုံများကို ဒီဇိုင်းတွက်ချက်ခြင်း စသည့်လုပ်ငန်းစဉ်များကို လုပ်အားပေးအင်ဂျင်နီယာများက မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

အပတ်စဉ်ဗုဒ္ဓဟူးနေ့မွန်းလွဲအချိန်တိုင်း အခမဲ့မျှဝေသင်ကြားပေးလျက်ရှိ‌သော Retrofit application Training ကို (11-6-2025) ရက်...
12/06/2025

အပတ်စဉ်ဗုဒ္ဓဟူးနေ့မွန်းလွဲအချိန်တိုင်း အခမဲ့မျှဝေသင်ကြားပေးလျက်ရှိ‌သော Retrofit application Training ကို (11-6-2025) ရက်နေ့တွင် Yangon Earthquake Clinic ၌ စိတ်ပါဝင်စားကြသူအင်ဂျင်နီယာများ၊ စေတနာ့ဝန်ထမ်းအင်ဂျင်နီယာများ၊ မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကိုင်းနှင့်မန္တလေးသို့ ငလျင်ဒါဏ်ခံအဆောက်အအုံများ သွားရောက်စစ်ဆေးခဲ့စဉ်က တွေ့ရှိချက်များကိုလည်း မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများက တက်ရောက်လာကြသူများကို မျှဝေခဲ့ကြပါသည်။

(5-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူမျာ...
09/06/2025

(5-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မန္တလေး စိတ်ကျန်းမာရေး ဆေးရုံကြီးရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများ၏ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်အသုံးပြုနိုင်မှုအခြေအနေ (Building Usability Assessment) ကို သွားရောက်‌စစ်ဆေးခဲ့ကြပြီး စစ်ဆေးခဲ့သောအဆောက်အအုံများ၏ အခြေအနေကိုလည်း Data အချက်အလက် ကောက်ယူခဲ့ကြပါသည်။

(4-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူမျာ...
09/06/2025

(4-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ စစ်ကိုင်း အထွေထွေရောဂါကု ဆေးရုံကြီး၊ ဇော်ဆေးခန်း၊ သီတဂူ သံဃဆေးရုံကြီး၊ ဟံသာဂီရိ ချောင်၊ မြစ်ငယ် မြို့နယ်ဆေးရုံ၊ ပုလိပ် မြို့နယ်ဆေးရုံတို့ရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများ၏ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်အသုံးပြုနိုင်မှုအခြေအနေ (Building Usability Assessment) ကို သွားရောက်‌စစ်ဆေးခဲ့ကြပြီး စစ်ဆေးခဲ့သောအဆောက်အအုံများ၏ အခြေအနေကိုလည်း Data အချက်အလက် ကောက်ယူခဲ့ကြပါသည်။

(3-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူမျာ...
09/06/2025

(3-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မန္တလေး ကုတင်၃၀၀ သင်ကြားရေး ဆေးရုံ၊မန္တလေး ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ မန္တလေး အ‌ရိုးအကြော ဆေးရုံကြီး၊ မင်္ဂလာ ဆေးရုံ၊ မန္တလာဆေးရုံနှင့် မြို့တော်ဆေးရုံတို့ရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများ၏ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်အသုံးပြုနိုင်မှုအခြေအနေ (Building Usability Assessment) ကို သွားရောက်‌စစ်ဆေးခဲ့ကြပြီး စစ်ဆေးခဲ့သောအဆောက်အအုံများ၏ အခြေအနေကိုလည်း Data အချက်အလက် ကောက်ယူခဲ့ကြပါသည်။

(2-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူမျာ...
09/06/2025

(2-6-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ မန္တလေး ကုတင်၁၅၀၀ အထွေထွေရောဂါကု ဆေးရုံကြီး၊ မန္တလေး ကုတင်၃၀၀ ကလေး ဆေးရုံကြီး၊ မန္တလေး ကလေးဆေးရုံသစ်ကြီး၊မန္တလေး အလုပ်သမားဆေးရုံ၊ မန္တလေး မျက်စိ၊နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီး၊ ပုသိမ်ကြီး တီဘီရောဂါကု ဆေးရုံကြီး၊ ကုတင်၂၀၀ တီဘီ‌ရောဂါအထူးကုဆေးရုံကြီးနှင့် မန္တလေး ကန်တော်နဒီ ဆေးရုံတို့ရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများ၏ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်အသုံးပြုနိုင်မှုအခြေအနေ (Building Usability Assessment) ကို သွားရောက်‌စစ်ဆေးခဲ့ကြပြီး စစ်ဆေးခဲ့သောအဆောက်အအုံများ၏ အခြေအနေကိုလည်း Data အချက်အလက် ကောက်ယူခဲ့ကြပါသည်။

(30-4-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် Sagaing Earthquake Clinic နှင့် ပူးပေါင်...
04/06/2025

(30-4-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် Sagaing Earthquake Clinic နှင့် ပူးပေါင်း၍ စစ်ကိုင်းဒေသရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများ၏ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်အသုံးပြုနိုင်မှုအခြေအနေ (Building Usability Assessment) ကို သွားရောက်‌စစ်ဆေးခဲ့ကြပါသည်။ ခရီးစဉ်တလျှောက် စစ်ကိုင်း‌ဒေသရှိ
အဆောက်အအုံအလုံးပေါင်း (၇၄၇၂)လုံး စစ်ဆေးနိုင်ခဲ့ကြပြီး စစ်ဆေးခဲ့ကြသောအဆောက်အအုံများတွင် လူနေအိမ်များ၊ ရုံး၊‌ဆေးရုံ၊ စာသင်ကျောင်းများကဲ့သို့ အများနှင့်သက်ဆိုင်သောအဆောက်အအုံများနှင့် သာသနိက‌အ‌ဆောက်အအုံများလည်းပါဝင်ခဲ့ပါသည်။ စစ်ဆေးခဲ့သောအဆောက်အအုံများ၏ အခြေအနေကိုလည်း အဖွဲ့သားများမှ Data အချက်အလက် ကောက်ယူခဲ့ကြပါသည်။
(စာကြွင်း - Yangon Earthquake Clinic ၏ (24-4-2025)ရက်နေ့တွင်စတင်ခဲ့သော စစ်ကိုင်းခရီးစဉ်သည် (30-4-2025)ရက်နေ့‌တွင် အောင်မြင်စွာ ပြီးစီးအဆုံးသတ်ခဲ့ပြီဖြစ်ပါသည်။)

(29-4-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် Sagaing Earthquake Clinic နှင့် ပူးပေါင်...
03/06/2025

(29-4-2025) ရက်နေ့တွင် Yangon Earthquake Clinic မှ လုပ်အားပေးအင်ဂျင်နီယာများသည် Sagaing Earthquake Clinic နှင့် ပူးပေါင်း၍ စစ်ကိုင်းဒေသရှိ ငလျင်ဘေးဒဏ်သင့် အဆောက်အအုံများ၏ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်အသုံးပြုနိုင်မှုအခြေအနေ (Building Usability Assessment) ကို သွားရောက်‌စစ်ဆေးခဲ့ကြပြီး စစ်ဆေးခဲ့သောအဆောက်အအုံများ၏ အခြေအနေကိုလည်း Data အချက်အလက် ကောက်ယူခဲ့ကြပါသည်။

(2-6-2025) ရက်နေ့တွင် Yangon Earthquake Clinic ၌ PDRA လုပ်ငန်းစဉ်အရဖြည့်သွင်းခဲ့ပြီးသော အချက်အလက်များကို ပြန်လည်စစ်‌ဆေးဆ...
03/06/2025

(2-6-2025) ရက်နေ့တွင် Yangon Earthquake Clinic ၌ PDRA လုပ်ငန်းစဉ်အရဖြည့်သွင်းခဲ့ပြီးသော အချက်အလက်များကို ပြန်လည်စစ်‌ဆေးဆန်းစစ်ခြင်း၊ PDSR လုပ်ငန်းစဉ်များဆက်လက်လုပ်‌ဆောင်နိုင်ရန် ပြင်ဆင်ခြင်း၊ ငလျင်ဇုန်ပြမြေပုံများ တည်းဖြတ်ပြင်ဆင်ခြင်း၊ အများပြည်သူနှင့်ဆိုင်ရာ ငလျင်ဒါဏ်သင့် အဆောက်အအုံများကို ဒီဇိုင်းတွက်ချက်ခြင်း စသည့်လုပ်ငန်းစဉ်များကို စေတနာ့ဝန်ထမ်းအင်ဂျင်နီယာများက မြန်မာနိုင်ငံငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

Address

Shwe Pyi Thar
Yangon

Website

Alerts

Be the first to know and let us send you an email when Yangon Earthquake Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share