Ingo PEACE.

Ingo PEACE. International Non-governmental Organization PEACE.

24/12/2025

မြန်မာနိုင်ငံမှဘာသာ‌ရေး ကိုယ်စားလှယ်အဖွဲ့အား ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ဆွေးနွေးခဲ့သော “လူ့ဂုဏ်သိက္ခာ” အခြေခံသည့်နှီးနှောဖလှယ်ပွဲ နောက်ပိုင်း၌ မြန်မာအစိုးရထံမှ လက်ခံတွေ့ဆုံခြင်းမှသည် “ဒီမိုကရေစီ လုပ်ငန်းစဉ် ကို ပြည်သူ့အသံဖြင့် စတင်ပြီး နိုင်ငံတကာနှင့် တစည်း တလုံးတည်း ချိတ်ဆက်မှု ပုံစံသစ် ဖော်ဆောင်ရေးဆီသို့”
********************

ဤဖြစ်စဥ်သည် ယခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံဘာသာရေးကိုယ်စားလှယ် အဖွဲ့အား ဖိတ်ခေါ်ကျင်းပခဲ့သော “လူ့ဂုဏ်သိက္ခာကို အခြေခံသည့် ဒီမိုကရေစီဖော်ဆောင်ရေးအကူအညီ” ဖိုရမ်မှ အစပြုခဲ့ခြင်းဖြစ်ပြီး ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဘာသာ‌ရေး အသိုင်းအဝိုင်းအကြား ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲမှတစ်ဆင့် အစိုးရနှင့် တရားဝင်ဆွေးနွေးပွဲဆီသို့ ချိတ်ဆက်ပေးသည့် ပထမဦးဆုံးဖြစ်စဉ် ဖြစ်ပါသည်။ မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (MIDO) ကိုယ်စားလှယ်များအား ကျွန်ုပ်တို့အဖွဲ့အစည်းမှ ဖိတ်ကြားခဲ့ပြီး ဂျပန်နိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ရွေးကောက်ပွဲကျင်းပရာ၌ စိန်ခေါ်မှုများ၊ ပြည်သူ့ဘဝလက်ရှိအခြေအနေများအပေါ် အခြေခံသည့် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းများစဉ်အခြေအနေများနှင့်စပ်လျဉ်း၍ အပြုသဘောဖြင့် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ရလဒ်အားဖြင့် “လက်နက်ကိုင်အင်အားနှင့် ပဋိပက္ခနည်းလမ်းဖြင့်မဟုတ်ဘဲ ပြည်သူများ၏ နားလည်မှုနှင့်အတူ လျှောက်လှမ်းသည့် ဒီမိုကရေစီလုပ်ငန်းစဉ်ကသာ ပြန်လည်ထူထောင်ရေးလမ်းကြောင်း”ဟူသည့် အယူအဆကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ပါသည်။ ကျွန်ုပ်တို့ ingo PEACE.သည် ယခုကဲ့သို့ တရားဝင် တုန့်ပြန်မှုများအပေါ် “ဒီမိုကရေစီနည်းလမ်းကျ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် အရေးပါသောခြေလှမ်းတစ်ရပ်”အဖြစ် သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး၏ နားလည်မှုနှင့် ပူးပေါင်းဆောာင်ရွက်မှုကိုရယူပြီး ဒီဇင်ဘာလတွင် ကျင်းပခဲ့သော CPAC Japan သို့ ဂျပန်နိုင်ငံရှိမြန်မာအစိုးရသံအမတ်ကြီးအား ဖိတ်ခေါ်ဆွေးနွေးခဲ့ပါသည်။ CPAC Japanတွင် ကျွန်ုပ်တို့ ingo PEACE. ဥက္ကဋ္ဌ Mr.Hiroyuki Nakazawa မှ အောက်ပါတို့ကို ပြောကြားခဲ့ပါသည် -
“မြန်မာနိုင်ငံဟာ အာရှမှာ မတရားသဖြင့် ဂုဏ်သိက္ခာချခြင်းအခံရဆုံးနိုင်ငံဖြစ်ပါတယ်”
ထို့အပြင်“မြန်မာပြည်အတွင်းရှိအချို့နေရာများသည် အွန်လိုင်းလိမ်လည်လောင်းကစားအဖွဲ့အစည်းများ အခြေစိုက်ရာနေရာအဖြစ် ဖော်ပြခံရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လုံခြုံမှုမရှိသည့်အကြောင်း များသာ အလေးပေးဖော်ပြခံနေရပြီး အခြားတစ်ဖက်တွင် “များစွာသောပြည်သူတို့မှာ ပြည်တွင်းစစ်၊ စီးပွားရေးပိတ်ဆို့ထားမှု၊ ဆင်းရဲမွဲတေမှုတို့၏ ဒဏ်ခံစားနေကြရသည်” ဟူသော အချက်ကိုမူ ပြည့်ပြည့်စုံစုံဖော်ပြထားခြင်းမရှိပါ။ တဖန်အစွန်းရောက်သမားတချို့၏ ရွေးကောက်ပွဲအပေါ်ဆန့်ကျင်မှု ကလည်း ဒီမိုကရေစီတောင်းဆိုလျက်ရှိသူများကိုပင် နှိပ်ကွပ်လိုက်သကဲ့သို့ ရှေ့နောက်မညီညွတ်မှုကို ဖြစ်ပေါ်စေပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ တည်ငြိမ်မှုမရှိသည့် အခြေအနေပုံရိပ်တစ်ခု သာကျန်ရှိသကဲ့သို့ ဖြစ်နေပါသည်။ အဆိုပါဘက်လိုက်မှုရှိနေသောသတင်းအချက်အလက်ကို ရယူသုံးစွဲလျက်ရှိသည့် အခြေအနေကို တုန့်ပြန်သောအားဖြင့် ဤဖိုရမ်တွင်အောက်ပါအတိုင်း “ဘုံနားလည်မှု” ကို ရရှိခဲ့ကြပါသည်။
၁။ စိတ်ခံစားမှုနှင့် နိုင်ငံရေးအရအဆင်ပြေလက်တွေ့ကျမှုအပေါ်မူတည်၍ သတင်းအချက် အလက်များကို လွယ်လွယ်ကူကူရယူသုံးစွဲနေသည့် ယနေ့ခေတ်တွင် ကျွန်ပ်တို့နိုင်ငံအတွင်း နေထိုင်နေကြသည့် ပြည်သူတစ်ဦးတစ်ယောက်စီ၏အသံကို နားထောင်ရန်မှာ မရှိမဖြစ်လိုအပ်သောအချက်ဖြစ်ပါသည်။ သတင်းထုတ်ပြန်မှုများတွင်မပါရှိသည့် “ပြည်သူတို့၏နေ့စဥ်ဘဝအသံများ” ကသာလျှင် နိုင်ငံ၏ပုံရိပ်စစ် ဖြစ်ပါသည်။
၂။ အတိတ်အာဃာတများ၊ ရပ်တည်ချက်ကွဲပြားမှုများ၊ ရပ်တည်ချက်ကွဲပြားမှုများမှ ရုန်းမထွက်နိုင်ဘဲ အပြန်အလှန်အင်အားသုံးတိုက်ခိုက်ခြင်းနှင့် အမုန်းတရားများအပေါ်၌သာ အာရုံစိုက်နေပါက မြန်မာနိုင်ငံ၏ အနာဂတ်သည်ပွင့်လန်းရှိလာမည် မဟုတ်ပါ။ ယင်းကိုကျော်လွှားနိုင်ခြင်းကသာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု၏ လမ်းစ ဖြစ်ပါသည်။
၃။ ပြည်ပမှပြောဆိုယူဆချက်များအပေါ်၌ အခြေခံခြင်းမပြုဘဲ “ယခုလက်ရှိ ပြည်တွင်း၌ အသက်ရှိင်နေထိုင်လျက်ရှိသည့် “ပြည်သူများ၏ဆုတောင်းနှင့်အသံ” ကို အခြေခံခြင်းကသာလျှင် ဒီမိုကရေစီပုံသဏ္ဌာန်အစစ်အမှန် ဖြစ်ပါသည်။
၄။ လက်ရှိတွင်မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖော်ဆောင်ရန် တရားဝင်ရွေးကောက်ပွဲလုပ်ငန်းစဥ်ကို အကောင်အထည်ဖော်ရန်လိုအပ်နေသည့်အတွက် ယင်းလုပ်ငန်းစဥ်၏ တရားဝင်ဖြစ်မှုမှာ အရေးကြီးဆုံး ဖြစ်ပါသည်။
အာရှစည်းလုံးမှုကို ပိုမိုအလေးပေးထားသည့် နိုင်ငံတကာအသိုက်အဝန်းတွင် ဆန့်ကျင်ဘက် သတင်းပေးပို့ချက်များကို ကျော်လွန်ပြီး မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးလျှောက်လှမ်းမှုကို အလေးထားစောင့်ကြည့်ခြင်းက ဂျပန်နှင့်အာရှအနာဂတ်ကို ကောင်းမွန်စွာချိတ်ဆက်ပေးသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း တဖန်နားလည်သဘောပေါက်ရပါသည်။
နိဂုံးချုပ်အားဖြင့်ဥက္ကဋ္ဌ Mr.Hiroyuki Nakazawa က အောက်ပါအခြေခံမူများဖြစ်သော “ပြည်သူများ၏အသံကို အခြေခံခြင်းမရှိပါက ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို မည်သည့်အခါမျှရရှိမည်မဟုတ်ကြောင်း။ နိုင်ငံတကာအသိုင်းအဝိုင်းအဖွဲ့ဝင်များအနေဖြင့် ကျွန်ပ်တို့သည် ဤလုပ်ငန်းစဥ်ကို ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ပါကြောင်း “ တို့ကို အလေးပေးပြောကြားခဲ့ပါသည်။
● အနာဂတ်အစီအစဥ်အနေဖြင့်
ယခုနှစ်ဒီဇင်ဘာတွင် ingo PEACE. သည် မြန်မာအစိုးရနှင့် တရားဝင်ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်သွားမည်ဖြစ်ပြီး ဒီမိုကရေစီစနစ်ဖော်ဆောင်မှုအကူအညီပေးရေးဆိုင်ရာ တောင်းဆိုလွှာကို တရားဝင်တင်ပြသွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့အဖွဲ့အစည်းသည် ပြည်သူများ၏ဂုဏ်သိက္ခာကိုဗဟိုပြုသည့် တွေ့ဆုံဆွေးနွေးမှုကို အခြေခံ၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဥ်ကို ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ပါသည်။
“ယခုအချိန်မှ စ၍ ကမ္ဘာကြီးသည် ပြောင်းလဲတော့မည်ဖြစ်ပါသည်။”


Happy Karen New Year ယနေ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် တိုင်းရင်းသား ညီအစ်ကိုမော...
19/12/2025

Happy Karen New Year
ယနေ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့်အတူ ingo PEACE. မှ ပျော်ရွှင်စရာနှစ်သစ်ကူးနေ့ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

“လူ့ဂုဏ်သိက္ခာ”ကို အခြေခံပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ပံ့ပိုးကူညီမှု ဆွေးနွေးပွဲနှင့် လူထုစည်းလုံးညီညွတ်မှုဖ...
14/12/2025

“လူ့ဂုဏ်သိက္ခာ”ကို အခြေခံပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ပံ့ပိုးကူညီမှု ဆွေးနွေးပွဲနှင့် လူထုစည်းလုံးညီညွတ်မှုဖြင့် နိုင်ငံပြန်လည်ထူထောင်ရေးသို့ ခြေလှမ်းသစ်တစ်ခု စတင်ခြင်း
ငြိမ်းချမ်းသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (MIDO) ဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် နေပြည်တော် ကောင်စီနယ်မြေ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးအောင်တို့အား သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ နားလည်မှုကိုရယူပြီး ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၁၇ရက်မှ ၂၁ရက်အထိ ဂျပန်နိုင်ငံတွင်ကျင်းပမည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုင်ရာ ပံ့ပိုးကူညီမှုဖိုရမ်သို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသည်။ ယင်းဖိုရမ်၏ အဓိကအကြောင်းအရာမှာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးမြှင့်တင်ခြင်း၊ ယဉ်ကျေးမှုနှင့်စီးပွားရေး ပြန်လည်ဦးမော့လာရန်ဖြစ်ပြီး ဘာသာရေးခေါင်းဆောင်များနှင့် ဂျပန်နိုင်ငံမှ ပုဂ္ဂလိကကုမ္ပဏီအချို့၏ ကိုယ်စားလှယ်များပါဝင်ကြပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်နေသည့် လာမည့်ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ကွဲပြားသောအမြင်များကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရန် စီမံကိန်းများ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်၊ ဒီမိုကရေစီရွေးကောက်ပွဲ များ အကောင်ထည်ဖော်ရေး စိန်ခေါ်မှုများပါဝင်ပြီး မဟာဗျူဟာများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဘာသာရေးအသိုင်းအဝိုင်းများ၏ အခန်းကဏ္ဍစသည့် ကဏ္ဍပေါင်းစုံဖြင့် ဆွေးနွေးခဲ့ကြသည်။
လက်နက်ကိုင်ပဋိပက္ခဖြင့် နိုင်ငံပြန်လည်ထူထောင်ခြင်းထက် ပြည်သူတို့၏ နားလည်မှုဖြင့်
ဆောင်ရွက်သည့် ဒီမိုကရေစီလုပ်ငန်းစဉ်ကသာ ပိုမိုထိရောက်သည်ဟူ‌သော ဘုံနားလည်မှုကို အတည်ပြုသဘောပေါက်နားလည်လက်ခံခဲ့ကြပါသည်။ ထို့အပြင် “မည်သူမှန်သည် မှားသည်” ဆိုသည့်ကို ကွဲလွဲနေသည်ထက် နိုင်ငံသားတိုင်း၏ စိတ်အားထက်သန်းမှုအသံကို နားထောင်ပြီး မျှော်မှန်းချက်နှင့်အညီ အကောင်အထည်ဖော်ရန် အရေးကြီးပါသည်။ ထိုတွေ့ဆုံဆွေးနွေးမှုများ နှင့်ဝေမျှနားလည်မှုများသည် ငြိမ်းချမ်းမှုကို ဖော်ဆောင်သည့် လူသားချင်းစာနာမှုအကူအညီ နှင့် ဆွေးနွေးမှုအလေ့အကျင့်များအပေါ်တွင် အခြေခံထားသည်။ “လူ့ဂုဏ်သိက္ခာ”၏တန်ဖိုးကို လက်ကိုင်ထားကာ ကျွန်ုပ်တို့၏အဖွဲ့အစည်းသည် မြန်မာနိုင်ငံတစ်ဝှမ်း တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ဘာသာရေးနှင့်လူမျိုးရေး နယ်နမိတ်များကို ကျော်လွန်ကာ ပုဂ္ဂလိကအဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုတည်ဆောက်ခြင်းဖြင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အမြဲတစေမြှင့်တင်ပံပိုးလာခဲ့ပါသည်။ “သက်ရှိအားလုံး ငြိမ်းချမ်း စွာနေထိုင်နိုင်သောလူ့အဖွဲ့အစည်း”ကို သိရှိနားလည်ပြီး ထိုအစီအစဉ်တွင် “လူ့ဂုဏ်သိက္ခာကို အခြေခံသော ဒီမိုကရေစီလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး”ကို ပံ့ပိုးပေးသည့် အခြေခံအုတ်မြစ်ကို မျှဝေခဲ့ကြသည်။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသည် ပြင်ပ အကဲဖြတ်မှုများနှင့် နိုင်ငံရေးပဋိပဏ္ခများ၏ လွှမ်းမိုးမှုကိုမခံဘဲ နိုင်ငံအတွင်း နေထိုင်ကြသော ပြည်သူများ၏အသံများကို စိတ်ရင်းမှန်ဖြင့် နားထောင်နေသူများ၏ အဖြစ်မှန်များကို ကြည့်ရှုခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း မိမိတို့အမြင်ကို ဆွေးနွေးပွဲတွင် သဘောတူ လက်ခံခဲ့ကြသည်။ ဒီမိုကရေစီအတွက် အရေးကြီးဆုံးအချက်မှာ “ဘယ်သူတွေ အတွက်လဲ၊ ဘယ်သူတွေကို ဦးတည်ပြီးလုပ်ဆောင်နေကြတာလဲ”ကို ဆုံးဖြတ်ရန်ဖြစ်ပြီး တိုင်းပြည်တွင် နေထိုင်ကြသော နိုင်ငံသားများ၏အသံမှစတင်ကာ လက်ရှိအချိန်တွင် အမှန်တကယ် ဒုက္ခ ရောက်နေသူများကို အာရုံစိုက်ပြီး တက်နိုင်သလောက်ကူညီခြင်းအားဖြင့် လမ်းခင်းရမည်ကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံပွဲအပြီးတွင် မြန်မာဘာသာရေး ကိုယ်စားလှယ်အဖွဲ့ နှင့်ကျွန်ုပ်တို့၏အဖွဲ့အစည်းနှစ်ရပ်စလုံးမှ ဘာသာရေးပူးပေါင်းဆောင်ရွက်မှုများနှင့် ပြန်လည်ထူထောင်ရေးတို့ကို ရည်ရွယ်၍ အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှုများ အကောင် အထည်ဖော်နိုင်မှုအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ ဘာသာရေးနှင့် ဘာသာရေးမဟုတ်သော အဖွဲ့အစည်းများအကြား စည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပံ့ပိုးကူညီရန် ၎င်းတို့၏သန္နိဌာန်ကို မျှဝေခဲ့ကြသည်။ “လူ့ဂုဏ်သိက္ခာ”ကို အခြေခံသည့် ဒီမိုကရေစီလုပ်ငန်းစဉ်၏အရေးပါမှုကို နားလည်ထောက်ခံ ကြကြောင်းကို ထပ်မံအတည်ပြုပြီး ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက်လုပ်ဆောင်သွား ရန် ကတိပြုခဲ့ကြပါသည်။
ဆက်လက်၍ ကိုယ်စားလှယ်အဖွဲ့သည် ဤအစည်းအဝေးတွင် ဖော်ပြထားသော မတူကွဲပြားသော အမြင်များကိုစုစည်းပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနှင့် ပတ်သက်၍ အစိုးရထံ တရားဝင် အသနားခံစာ တင်သွင်းမည်ဖြစ်ကြောငင်းကို သဘောတူလက်ခံခဲ့ကြ ပါသည်။
“ယခု ကမ္ဘာကြီးကို ပြောင်းလဲအောင် ကြိုးစားနေပါသည်”
အပြည့်အစုံဖတ်ရန် https://prtimes.jp/main/html/rd/p/000000016.000159124.html

“လူ့အသက်များကို ဆက်လက်ရှင်သန်စေမည့် အကူအညီ” –မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာဒေသများတွင် ဒေသ...
13/12/2025

“လူ့အသက်များကို ဆက်လက်ရှင်သန်စေမည့် အကူအညီ” –မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာဒေသများတွင် ဒေသဆိုင်ရာပြဿနာများ ဖြေရှင်းရန်အတွက် ပြင်းထန်သောအခြေအနေများကြားတွင် ပိတ်ဆို့ခံထားရသည့်ဒေသများသို့ ပထမဆုံး အကြိမ်အဖြစ် စားနပ်ရိက္ခာ ဆန် ၄၀,၀၀၀ ပို့ဆောင်ခြင်း
ဤအကူအညီသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်အသိုင်းအဝိုင်း၏ ဒေသဆိုင်ရာပြဿနာများ ဖြေရှင်းရန်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီကို အဓိကထားသည့် "Humanitarian Support Project for Muslim Community in Rakhine State, Myanmar 2025" ဟူသော နိုင်ငံတကာစည်းလုံးညီညွတ်မှုစီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ထိုစီမံကိန်းသည် ပြင်းထန်သော အခြေအနေများအောက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အစ္စလာမ်ဘာသာဝင်များအား ထောက်ပံ့ကူညီရန်အတွက် အကောင်အထည်ဖော်ခဲ့သည့် ပထမဆုံးသော စီမံကိန်းဖြစ်ပါသည်။
ဤစီမံကိန်းကို မြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (MIDO) နှင့် ingo PEACE.တို့က ဦးဆောင်ပြီး နိုင်ငံတကာပြဿနာများအပေါ် သိမြင်နားလည်မှုမှတစ်ဆင့် တည်ဆောက်ခဲ့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာစည်းလုံးညီညွတ်ရေး ဆောင်ရွက်ချက်အသစ်တစ်ခုအဖြစ် စတင်ခဲ့ခြင်းဖြစ်ပါသည်။ ထို့အပြင် အမေရိကန် အခြေစိုက် လူသားချင်းစာနာထောက်ထားမှုအဖွဲ့အစည်းဖြစ်သော Global Sync Foundation သည်လည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အသစ်အဖြစ် ပါဝင်လာခဲ့ပါသည်။
“ဘာသာရေး၊ ယဉ်ကျေးမှုနှင့် နယ်နမိတ်များကို ကျော်လွန်၍ လူသားအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ရည်ရွယ်ချက်ဖြင့် နိုင်ငံတကာ စည်းလုံးညီညွတ်မှုစီမံကိန်း ကို စတင်လိုက်ပါသည်။”
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် — ဤစီမံကိန်းသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တွင် နှစ်ပေါင်းများစွာပိတ်ဆို့ခံထားရပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်ဒေသများသို့ ပထမဆုံးအကြိမ် အစားအသောက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး အဓိကစားသောက်ကုန်ဖြစ်သည့်ဆန် လူဦးရေ၄၀,၀၀၀ ထမင်းတနပ်စာ (ခန့်မှန်းခြေ ၃ တန်) ကို အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အစ္စလာမ်ဘာသာဝင်ဒေသများတွင်၊ အထူးသဖြင့် အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံအများအပြားသည် ကာလကြာရှည်စွာ အစားအစာနှင့်အာဟာရချို့တဲ့မှုကို ရင်ဆိုင်နေရပါသည်။ ရခိုင်ပြည်နယ်ရှိ အားနည်းသူများသည် "တစ်နေ့တစ်ကြိမ် အစားအစာပင် သေချာမရရှိနိုင်သော" အခြေအနေကို ဆက်လက်ခံစားကြနေရပြီး၊ ဒေသခံများထံမှ "ထမင်းကို ပြန်လည်စားသုံးနိုင်မည့်နေ့ကို စောင့်မျှော် နေခဲ့ကြရသည်" ဟူသော ကြီးလေးသည့် တောင်းဆိုသံများ ကြားနေရပါသည်။

အပြည့်အစုံဖတ်ရန် - https://prtimes.jp/main/html/rd/p/000000015.000159124.html



# globalsyncfoundation

Address

VIP Room 2, 2nd Floor, Lotte Hotel
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Ingo PEACE. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share