Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer

  • Home
  • Myanmar
  • Yangon
  • Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer

Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer Awareness Knowledge and Power to Fight Breast Cancer

🎀 Empowering women through awareness, education, and early detection.

💗 Knowledge is power.

Early detection saves lives.

📍Breast Cancer Awareness | Screening Education | Support

07/10/2026

😁🎀

ကိတ်ချင်ပေမဲ့ ကိတ်နည်း မမှန်တော့ ကိစ္စတွေများကုန်တော့တာပေါ့။ ယောင်မယ်၊ နာမယ်၊ အကြောင်းမသင့် ပြည်တည်နာဖြစ်မယ်၊ ကံဆိုးရင် ...
07/09/2026

ကိတ်ချင်ပေမဲ့ ကိတ်နည်း မမှန်တော့ ကိစ္စတွေများကုန်တော့တာပေါ့။ ယောင်မယ်၊ နာမယ်၊ အကြောင်းမသင့် ပြည်တည်နာဖြစ်မယ်၊ ကံဆိုးရင် ဓါတ်မတည့်လို့ အမြဲလိုလိုနာနေမယ်၊ ကြာလာရင် granuloma လို့ခေါ်တဲ့အလုံးတွေဖြစ်လာမယ်။ ကင်ဆာဖြစ်ရင်တောင်မှ ရင်သားဓါတ်မှန်မှာ ရှာတွေ့ဖို့တော်တော်ခဲယဥ်းသား၊ အောက်က ပုံတွေသာကြည့်ပါတော့။ ဘယ်လို ကိတ်သွားသလဲဆိုတာ။ ကိတ်ချင်ရင် မတားပါဘူး, ကိတ်ဆရာဝန်နဲ့ သေသေချာချာ ကောင်းကောင်းပြင်ပါ။ ဆံပင်ဆေးဆိုးသလို မကြိုက်လို့ ပြန်ပြင်လို့ရတဲ့ကိစ္စမဟုတ်။
ကိတ်ချင်သူတွေ အမှန်ကိတ်နိုင်ကြပါစေ။
သူငယ်ချင်း ကဗျာဆရာ ခွဲစိတ်အထူးကု ဆရာ Aung Moe Tun ရဲ့ကဗျာလေး ဝေမျှလိုက်ပါတယ်။

ဆေးရုံ ( ၄၄ )
------------
ကိတ်လာမယ်လို့ မျှော်လင့်ပြီး
ရင်သား နှစ်ဖက်ကို filler တွေ ထိုးခဲ့တယ်။

တဖက်ကို ငါးရာစီစီ ပရိုမိုးရှင်း လျော့ဈေးတဲ့
ဆယ့်ရှစ်သိန်း ကုန်ခဲ့တယ်။

ထိုးပြီး သကာလ
ရင်သားတွေဟာ ဖောင်းကား ယောင်တင်း နီရဲလို့
ပိုးဝင် ပြည်တည်သွားပါသတဲ့။

ခွဲစိတ်ဆရာဝန်ရဲ့ ဓားချက်အောက်မှာ
ခွဲတယ် ပြန်ချုပ်တယ်
ထပ်ခွဲတယ် ထပ်ပြန်ချုပ်တယ်
ရင်သားတဖက်ကို သုံးခါလောက်
ခွဲစိတ်ကုသခံပြီးနောက်မှာ
ငါးကို ဓားနဲ့မွန်းထားသလို
ရင်သားနှစ်ဖက်ဟာ အမာရွတ်​တွေ။

သူငယ်ချင်းက ပြောတယ်
ချစ်ရတဲ့ သူနဲ့ အချိန်ကောင်းလေးတွေ
ဖန်တီးနေချိန်မှာ သတိထားပါတဲ့
ဘရာစီယာကို ချွတ်လို့
ရင်သားကို မြင်မသွားစေနဲ့
ချစ်ရသူဟာ တစ္စေသရဲလား အထင်မှား
ထွက်ပြေးသွားနိုင်ပါတယ်တဲ့။

ကျွန်မမှာတော့ မျက်ရည်နဲ့ မျက်ခွက်
ဆေးရုံမှာ ဆေးကုခံနေပါတယ်။ ။
ကမ်လူဝေး
၁၈.၇.၂၀၂၆

Credit

🌸 လတစ်လရဲ့ ကုန်ခါနီး နောက်ဆုံးရက်ကို ရောက်လာပြီနော်…ကိုယ့်ရဲ့ ရင်သားကျန်းမာရေးအတွက် ဒီလအတွင်း ကိုယ်တိုင်စစ်ဆေးဖြစ်ခဲ့ကြလ...
31/08/2026

🌸 လတစ်လရဲ့ ကုန်ခါနီး နောက်ဆုံးရက်ကို ရောက်လာပြီနော်…

ကိုယ့်ရဲ့ ရင်သားကျန်းမာရေးအတွက် ဒီလအတွင်း ကိုယ်တိုင်စစ်ဆေးဖြစ်ခဲ့ကြလား? 🤍

🔎 Self Breast Examination (SBE) လေး လုပ်ဖြစ်ရဲ့လား?

📅 Annual Breast Screening လုပ်ရမယ့်အချိန် ရောက်နေပြီလားဆိုတာလည်း ပြန်စစ်ကြည့်ရအောင်နော်။

မလုပ်ရသေးရင်—
✨ ကိုယ့်အတွက် အချိန်နည်းနည်းပေးပြီး Self Breast Examination လေး လုပ်ကြည့်ပါ။
✨ ကိုယ့်အသက်အရွယ်၊ risk factors နဲ့ ဆရာဝန်ရဲ့အကြံပြုချက်အရ Mammogram / Breast Ultrasound စစ်ဆေးဖို့ လိုအပ်နေပြီလား ပြန်စစ်ကြည့်ပါ။

ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်တာက
ကိုယ့်ကိုယ်ကို ချစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ 🌷

🎀 Early Detection Can Save Lives.

Breast screening recommendations can vary depending on age and individual risk. If you notice a new lump or other unusual breast changes, please consult a healthcare professional.







🎀 Mammogram (ရင်သားဓာတ်မှန်) ရိုက်ကူးတဲ့အခါ Mammogram Technologist က လူနာရဲ့ ရင်သားကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ Check ...
13/08/2026

🎀 Mammogram (ရင်သားဓာတ်မှန်) ရိုက်ကူးတဲ့အခါ Mammogram Technologist က လူနာရဲ့ ရင်သားကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ Check List မေးခွန်းများ မေးမြန်းခြင်း — အပိုင်း (၃) ✨

Mammogram မရိုက်ကူးမီ မေးမြန်းတဲ့ Check List မေးခွန်းများဟာ ရိုးရိုးအချက်အလက် စုဆောင်းခြင်းသာမကဘဲ Radiologist (ဓာတ်မှန်ဆရာဝန်) မှ Mammogram ပုံရိပ်များကို Interpretation ပြုလုပ်ရာတွင် ပိုမိုတိကျစေရန်နှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ (Breast Cancer Risk Factors) ကို ထည့်သွင်းစဉ်းစားနိုင်ရန်အတွက် အရေးကြီးတဲ့ Clinical Information များ ဖြစ်ပါတယ်။

🎀 ရောဂါရာဇဝင်နှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေများ (Risk Factors & Family History)

🔹 Have you had any kind of cancer?
(ယခင်က ကင်ဆာရောဂါ ခံစားဖူးပါသလား?)

ယခင်က ကင်ဆာရောဂါ ရှိခဲ့ဖူးပါက မည်သည့်ကင်ဆာအမျိုးအစား ဖြစ်ခဲ့သည်၊ ဓာတ်ရောင်ခြည်ကုသမှု (Radiotherapy) ခံယူခဲ့ခြင်း ရှိ/မရှိနှင့် လက်ရှိ ရင်သားကျန်းမာရေးအပေါ် သက်ရောက်မှု ရှိနိုင်ခြေများကို ဆန်းစစ်ရန်အတွက် မေးမြန်းခြင်း ဖြစ်ပါတယ်။

🔹 Family history of breast/ovarian cancer
(မိသားစုတွင် ရင်သားကင်ဆာ သို့မဟုတ် မျိုးဥအိမ်ကင်ဆာ ရာဇဝင် ရှိပါသလား?)

မိခင်၊ ညီအစ်မ၊ သမီး စသည့် တိုက်ရိုက်ဆွေမျိုးများတွင် ရင်သားကင်ဆာ သို့မဟုတ် မျိုးဥအိမ်ကင်ဆာ ဖြစ်ဖူးပါက BRCA1/BRCA2 ကဲ့သို့သော မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲမှု (Genetic Mutation) များနှင့် ဆက်စပ်နိုင်ခြေရှိသောကြောင့် Radiologist မှ Risk Assessment ပြုလုပ်ရာတွင် အရေးကြီးသော အချက်အလက်တစ်ခု ဖြစ်ပါတယ်။

ဆက်ရန်…

✨ Early Detection Can Save Lives ✨

Breast Imaging Centre
• Mammogram
• Breast Ultrasound






စိတ်ပူနေမယ့်အစား စစ်ဆေးလိုက်ပါနော်💗စစ်ဆေးခြင်းက ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါပဲ။🎀Breast Screening ကို...
10/08/2026

စိတ်ပူနေမယ့်အစား စစ်ဆေးလိုက်ပါနော်💗

စစ်ဆေးခြင်းက ကိုယ့်ကျန်းမာရေးအတွက် အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါပဲ။🎀

Breast Screening ကို ပုံမှန်ပြုလုပ်ပြီး
စောစောသိ၊ စောစောဂရုစိုက်ပါ။ 💗

✨ Early detection can save lives.

Screening options may include:
• Clinical Breast Exam
• Breast Ultrasound
• Mammogram







🎀 Mammogram (ရင်သားဓာတ်မှန်) ရိုက်ကူးတဲ့အခါ Mammogram Technologist က လူနာရဲ့ ရင်သားကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ Check ...
03/08/2026

🎀 Mammogram (ရင်သားဓာတ်မှန်) ရိုက်ကူးတဲ့အခါ Mammogram Technologist က လူနာရဲ့ ရင်သားကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ Check List မေးခွန်းလေးတွေကို မေးမြန်းခြင်း - အပိုင်း(၂) ✨

ဒီမေးခွန်းတွေဟာ ရိုးရိုးအချက်အလက် စုဆောင်းခြင်းသာမက Radiologist (ဓာတ်မှန်ဆရာဝန်) က Mammogram ပုံရိပ်ကို အဖြေဖတ်ရာတွင် (Interpretation) ပိုမိုတိကျစေရန်နှင့် ရင်သားကင်ဆာ ဖြစ်နိုင်ခြေရှိတဲ့ အချက်များ (Breast Cancer Risk Factors) ကို ထည့်သွင်းစဉ်းစားနိုင်ရန် အရေးကြီးတဲ့ Clinical Information များ ဖြစ်ပါတယ်။

---

လက်ရှိ ရင်သားတွင် ကြုံတွေ့နေရသော ပြဿနာများ (Current Breast Problems) ⚡

Radiologist က Mammogram ပုံရိပ်ကို အကဲဖြတ်ရာမှာ လူနာပြောပြတဲ့ လက္ခဏာတွေဟာ အလွန်အရေးကြီးတဲ့ Clinical Information ဖြစ်ပါတယ်။ အဖု သို့မဟုတ် နာကျင်တဲ့နေရာကို ပိုမိုတိကျစွာ အာရုံစိုက် စစ်ဆေးနိုင်သလို၊ လိုအပ်ပါက Skin Marker တပ်၍ ရိုက်ကူးနိုင်ဖို့လည်းဖြစ်ပါတယ်

• Lump (အဖု/အကျိတ်)

ရင်သားတွင် စမ်းမိသော အဖုရှိပါက ဘယ်ဘက် (Right/Left) နှင့် တည်နေရာကို တိတိကျကျ သိရှိထားခြင်းဖြင့် Mammogram ပေါ်တွင် တွေ့ရသော အဆီကျိတ် (Lipoma)၊ အရည်အိတ် (Cyst) သို့မဟုတ် အကျိတ် (Tumor) တို့ကို ပိုမိုတိကျစွာ ခွဲခြားအကဲဖြတ်နိုင်ပါတယ်။

• Tenderness / Pain / Burning (နာကျင်ခြင်း၊ ထိမိနာခြင်း သို့မဟုတ် ပူစပ်ပူလောင်ခြင်း)

အစောပိုင်း ရင်သားကင်ဆာအများစုမှာ နာကျင်မှု မရှိတတ်ပါ။ သို့သော် နာကျင်မှု သို့မဟုတ် ပူစပ်ပူလောင်မှု ရှိပါက ရောင်ရမ်းခြင်း၊ Infection သို့မဟုတ် အခြား ပုံမှန်မဟုတ်သော ပြောင်းလဲမှုများနှင့် ဆက်စပ်မှုရှိမရှိ Mammogram ပုံရိပ်နှင့် တိုက်ဆိုင်အကဲဖြတ်နိုင်ရန် မေးမြန်းခြင်းဖြစ်ပါတယ်။

• Ni**le Discharge / Color (နို့သီးခေါင်းမှ အရည်ထွက်ခြင်း)

နို့သီးခေါင်းမှ သွေးရောသော အရည်၊ အကြည်ရောင် သို့မဟုတ် ပုံမှန်မဟုတ်သော အရည်များ ထွက်လာပါက ရင်သားပြွန် (Milk Duct) အတွင်း ဖြစ်ပေါ်နိုင်သော ပြောင်းလဲမှုများကို စစ်ဆေးရန် အရေးကြီးသော Clinical Information ဖြစ်ပါတယ်။

---

ယခင် Mammogram ရိုက်ကူးထားသော မှတ်တမ်းများ (Previous Mammograms)⚡

• Date of Last Mammogram / Where Was It Done

ယခင် Mammogram ပုံရိပ်များ (Prior Images) ကို ယခုရိုက်ကူးထားသော ပုံရိပ်အသစ်များနှင့် နှိုင်းယှဉ်စစ်ဆေးခြင်း (Comparison) ဟာ ရင်သားကင်ဆာကို စောစီးစွာ ရှာဖွေဖော်ထုတ်ရာတွင် အရေးကြီးဆုံး အဆင့်များထဲမှ တစ်ခုဖြစ်ပါတယ်။

ဒီလို နှိုင်းယှဉ်ခြင်းအားဖြင့် တွေ့ရှိရသော အပြောင်းအလဲတစ်ခုဟာ ယခင်ကတည်းက ရှိနေပြီး တည်ငြိမ်နေခြင်းလား၊ အသစ်ဖြစ်ပေါ်လာခြင်းလား၊ သို့မဟုတ် အရွယ်အစား ပြောင်းလဲလာခြင်းရှိမရှိကို ပိုမိုတိကျစွာ အကဲဖြတ်နိုင်ပါတယ်။

ဆက်ရန်

Early Detection Can Save Lives ✨

Breast Imaging Centre
Mammogram
Ultrasound Breast

🎀 Mammogram ရိုက်တဲ့အခါ Breast Implant ထည့်ထားရင် ရိုက်လို့ရလား?အဖြေကတော့ ရိုက်လို့ရပါတယ်၊ ရိုက်ဖို့လည်း လိုအပ်ပါတယ် ရှင...
27/07/2026

🎀 Mammogram ရိုက်တဲ့အခါ Breast Implant ထည့်ထားရင် ရိုက်လို့ရလား?

အဖြေကတော့ ရိုက်လို့ရပါတယ်၊ ရိုက်ဖို့လည်း လိုအပ်ပါတယ် ရှင်။

Breast Implant ထည့်ထားသူများအနေဖြင့် Mammogram မရိုက်ရဘူးလို့ ထင်တတ်ကြပေမယ့် Implant ရှိနေသော်လည်း ပုံမှန် Breast Cancer Screening ကို ဆက်လက်ပြုလုပ်နိုင်ပြီး နှစ်စဉ် Screening လုပ်ဖို့လည်း အရေးကြီးပါတယ်။

📌 Mammogram မရိုက်ခင် ဘာတွေပြင်ဆင်ရမလဲ?

Mammogram မရိုက်မီ Imaging Center သို့မဟုတ် Mammography Technologist ကို Breast Implant ထည့်ထားကြောင်း ကြိုတင်အသိပေးထားရန် လိုအပ်ပါသည်။

📌 Implant Patient တွေက ပုံမှန် Mammogram နဲ့ ဘာကွာလဲ?

ပုံမှန် Screening Mammogram တွင် View (၄) ပုံ ရိုက်လေ့ရှိသော်လည်း Breast Implant ထည့်ထားသူများတွင် ပိုမိုကောင်းမွန်သော Breast Tissue Visualization ရရှိစေရန် View (၈) ပုံ ရိုက်လေ့ရှိပါသည်။

▫️ Implant ပါဝင်သော Standard Views – ၄ ပုံ
▫️ Implant Displacement (ID) Views – ၄ ပုံ
▫️ စုစုပေါင်း – ၈ ပုံ

📌 Compression နဲ့ Exposure ကရော?

Breast Implant ထည့်ထားသူများတွင် Implant ကို မထိခိုက်စေရန် Compression ကို ပိုမိုဂရုစိုက်၍ ညင်သာစွာ ပေးရပါသည်။

ထို့အပြင် Exposure Setting များလည်း ပုံမှန် Mammogram နှင့် မတူနိုင်ဘဲ Implant Patient များအတွက် သင့်လျော်သော Technique များကို အသုံးပြု၍ စစ်ဆေးပေးရပါသည်။

💖 အရေးကြီးတာကတော့ Implant ထည့်ထားခြင်းကြောင့် Breast Cancer Screening ကို မကျော်သွားသင့်ပါဘူး။

Breast Implant ထည့်ထားသူများလည်း ပုံမှန် Annual Screening Mammogram ကို ဆက်လက်ပြုလုပ်နိုင်ပြီး အချိန်မီ စစ်ဆေးခြင်းက ရင်သားကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

✨ နောက် Post တွေမှာတော့ Implant Views (Implant Displacement Views) အကြောင်းကို အသေးစိတ် ဆက်လက်မျှဝေပေးသွားပါမယ်နော်။

🎀 Mammogram (ရင်သားဓာတ်မှန်) ရိုက်ကူးတဲ့အခါ Mammogram Technologist က လူနာရဲ့ ရင်သားကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ Check ...
24/07/2026

🎀 Mammogram (ရင်သားဓာတ်မှန်) ရိုက်ကူးတဲ့အခါ Mammogram Technologist က လူနာရဲ့ ရင်သားကျန်းမာရေးအခြေအနေနဲ့ ပတ်သက်တဲ့ Check List မေးခွန်းများ မေးမြန်းခြင်း — အပိုင်း (၁) ✨

Mammogram (ရင်သားဓာတ်မှန်) ရိုက်ခါနီးမှာ Mammography Technologist က မေးခွန်းအချို့ မေးလေ့ရှိပါတယ်။

ဒီမေးခွန်းတွေဟာ ပုံမှန်မေးမြန်းတာမျိုး မဟုတ်ဘဲ Radiologist (ဓာတ်မှန်ဆရာဝန်) က Mammogram ပုံရိပ်တွေကို အဓိပ္ပာယ်ဖော် (Interpretation) ရာမှာ ပိုမိုတိကျစေဖို့နဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (Breast Cancer Risk Factors) ကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့အတွက် အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

ဒီဆောင်းပါးမှာတော့ Mammogram မရိုက်ခင် မေးလေ့ရှိတဲ့ မေးခွန်းတွေကို အပိုင်းလိုက် ရှင်းပြပြီး၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဘယ်လိုဆက်စပ်နေတယ်ဆိုတာကိုလည်း လေ့လာကြည့်ရအောင်။

🌸 ဟော်မုန်းနှင့် မျိုးဆက်ပွားဆိုင်ရာ ရာဇဝင် (Hormonal & Reproductive History)

အမျိုးသမီးတွေမှာ Estrogen (အီစထရိုဂျင်) ဟော်မုန်းနဲ့ ထိတွေ့နေတဲ့ကာလ ကြာမြင့်လေလေ၊ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက်လာနိုင်တာကြောင့် ဒီအချက်အလက်တွေကို မေးမြန်းလေ့ရှိပါတယ်။

• Age at first period / Age of menopause

ရာသီစပေါ်တဲ့ အသက် နဲ့ သွေးဆုံးတဲ့ အသက် ကို မေးတာပါ။

ရာသီ အသက် ၁၂ နှစ်မတိုင်မီ စပေါ်ခြင်း

သွေးဆုံးမှု အသက် ၅၅ နှစ်နောက်ပိုင်း ဖြစ်ခြင်း

စတဲ့ အခြေအနေတွေမှာ Estrogen ဟော်မုန်းနဲ့ ထိတွေ့ခဲ့တဲ့ အချိန်ပိုရှည်နိုင်တာကြောင့် Breast Cancer Risk ကို ထည့်သွင်းစဉ်းစားပါတယ်။

• Do you take hormones? (Hormone Replacement Therapy - HRT)

သွေးဆုံးပြီးနောက် Hormone Replacement Therapy (HRT) ခံယူနေခြင်း ရှိ/မရှိကို မေးတာပါ။

HRT အသုံးပြုခြင်းဟာ အချို့အမျိုးသမီးတွေမှာ ရင်သားတစ်ရှူးကို ပိုသိပ်သည်းစေ (Dense Breast Tissue) နိုင်ပြီး Mammogram မှာ ပုံရိပ်ဖတ်ရတာ ပိုခက်စေနိုင်သလို၊ Breast Cancer Risk ကိုလည်း အနည်းငယ် မြင့်တက်စေနိုင်ပါတယ်။

• Age at first delivery / Breastfeeding

ပထမဆုံး ကလေးမွေးဖွားတဲ့ အသက် နဲ့ မိခင်နို့တိုက်ကျွေးခဲ့ခြင်း ရှိ/မရှိ ကို မေးမြန်းပါတယ်။

အသက် ၃၀ နောက်ပိုင်းမှ ပထမဆုံး ကလေးမွေးခြင်း

ကလေး မမွေးဖူးခြင်း

စတဲ့ အခြေအနေတွေဟာ Breast Cancer Risk ပိုမြင့်နိုင်ပါတယ်။

အခြားတစ်ဖက်မှာတော့ အသက်ငယ်စဉ် ကလေးမွေးဖွားခြင်း နဲ့ မိခင်နို့တိုက်ကျွေးခြင်း တို့က Breast Cancer ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုများအရ သိရပါတယ်။

• Are you pregnant?

ကိုယ်ဝန်ရှိနိုင်ခြေ ရှိ/မရှိကို မေးမြန်းတာပါ။

ကိုယ်ဝန်ရှိနေပါက Mammogram မရိုက်မီ သင့်လျော်တဲ့ အကာအကွယ်များ လိုအပ်/မလိုအပ်ကို ဆုံးဖြတ်နိုင်ဖို့၊ သို့မဟုတ် အခြေအနေပေါ်မူတည်ပြီး Breast Ultrasound ကဲ့သို့သော အခြားစစ်ဆေးနည်းကို အသုံးပြုသင့်၊ မသင့်ကို ဆုံးဖြတ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။

(ဆက်ရန်...)

✨ Early Detection Can Save Lives ✨

Breast Imaging Centre
🎀 Mammogram
🎀 Breast Ultrasound

ပထမဆုံး Mammogram ရိုက်မယ်ဆိုရင် စိုးရိမ်ပူပန်မှု (Anxiety) ဖြစ်တတ်ပါတယ်။ 💗ရင်သားစစ်ဆေးမှု (Breast Screening) ကို ပထမဆုံ...
16/07/2026

ပထမဆုံး Mammogram ရိုက်မယ်ဆိုရင် စိုးရိမ်ပူပန်မှု (Anxiety) ဖြစ်တတ်ပါတယ်။ 💗

ရင်သားစစ်ဆေးမှု (Breast Screening) ကို ပထမဆုံးအကြိမ် ပြုလုပ်ရမယ်ဆိုတဲ့အခါ စစ်ဆေးရမှာကို ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတွေ ဖြစ်တာက လူအများစု ကြုံတွေ့ရတဲ့ ပုံမှန်ခံစားချက်တစ်ခုပါ။

ဒါပေမဲ့ စိုးရိမ်မှုကြောင့် စစ်ဆေးမှုကို ရက်ရွှေ့ဆိုင်းနေမယ်ဆိုရင် ရောဂါရှိ/မရှိ သိရှိပြီး ရရှိနိုင်မယ့် “စိတ်အေးချမ်းမှု” ကို ဆုံးရှုံးရနိုင်ပါတယ်။

စောစောသိရှိခြင်းက စောစောကုသနိုင်ဖို့ အခွင့်အရေးပိုရစေပြီး၊ ကိုယ့်ကျန်းမာရေးအတွက် ပိုမိုယုံကြည်စိတ်ချနိုင်စေပါတယ်။ 💕

Our team is here to walk you through every step. 💜

Book your first mammogram today.

ပထမဆုံးအကြိမ် Breast Screening ပြုလုပ်မယ့်သူများအနေဖြင့် ယခုပဲ Appointment ယူပြီး ကိုယ့်ကျန်းမာရေးအတွက် ပထမဆုံးခြေလှမ်းကို စတင်လိုက်ပါနော်။ 🎀



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pink Ribbon- Awareness Knowledge and Power to Fight Breast Cancer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share