MCEA - Yangon Region

MCEA - Yangon Region Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MCEA - Yangon Region, Community Center, Yangon.

ဆက်သွယ်ရန်လိပ်စာ
(၄)လွှာ၊ အဆောင် (၁၄)၊ MICT Park ၊ လှိုင်မြို့နယ်၊
ရန်ကုန်တိုင်းဒေသကြီး။
ရုံးဖုန်းနံပါတ် - 09886335500 (Viber , Telegram)
Email - [email protected], [email protected]

11/08/2026

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို
အ.ထ.က(၃) ဗဟန်းကျောင်းတွင် ကျင်းပ

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ အင်္ဂါနေ့တွင်ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းအနေဖြင့် ကမာရွတ်ခရိုင်၊ ဗဟန်းမြို့...
11/08/2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်၊ အင်္ဂါနေ့တွင်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းအနေဖြင့်
ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌
‎ရန်ကုန်တိုင်းဒေသကြီးကျောင်းစာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်
AI & Cyber Security နှင့်ပတ်သတ်သော
Energiser Quiz ပြိုင်ပွဲကို
ပြခန်းတစ်ခုအနေဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်
တာဝန်ရှိသူများက Quiz ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံကြည့်ရှုရာ
အသင်းမှ တာဝန်ရှိသူများက ပြိုင်ပွဲနှင့်ပတ်သတ်၍
ရှင်းလင်းတင်ပြကြပြီး
ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ‎တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

09/08/2026

သင်္ဃန်းကျွန်းဒီဂရီကောလိပ်၌ “AI, Cyber Security and Digital Literacy for Teachers” ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲကျင်းပသည်။ ရန်ကုန်၊ ဩဂုတ်လ- ၈ ရက်။

09/08/2026

"AI , Cyber Security and Digital Literacy For Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲအား ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင် ကျင်းပ

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ "Al, Cyber Security and Digital Literacy for Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွ...
07/08/2026

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ "Al, Cyber Security and Digital Literacy for Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲကျင်းပ

ရန်ကုန် ဩဂုတ် လ ၆ရက်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်းနှင့် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တို့ ပူးပေါင်း ၍ ယနေ့ မွန်းလွဲပိုင်းတွင် သင်္ကန်းကျွန်း ပညာရေးဒီဂရီကောလိပ်ရှိ ပညာနေခြည်ခန်းမ၌ "Al, Cyber Security and Digital Literacy for Teachers" ခေါင်းစဉ်ဖြင့် နည်းပညာဟောပြောပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။


အခမ်းအနားသို့ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးဒေါ်နှင်းကြူဦး၊ မြန်မာနိင်ငံကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဌ ဦးအောင်ကျော်မိုး၊ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါဒနာရှင်များအသင်းဥက္ကဌဦးဌေးလင်းနှင့် အမှုဆောင်များ၊ သင်္ကန်းကျွန်းခရိုင်ကွန်ပျူတာဝါသနာရှင်အသင်းဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အမှုဆောင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား /ကျောင်းသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဌ ဦးအောင်ကျော်မိုးက နှုတ်ဆက်စကား ပြော ကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်များအသင်း ဥက္ကဌ ဦးဌေးလင်းက "Al, Cyber Security and Digital Literacy for Teachers" နှင့် ပတ်သက်၍ ဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဌ ဦးဌေးလင်းက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။

ထို့နောက် ကျောင်းသား/သူများက နည်းပညာနှင့် ပတ်သက်သည့် ဥာဏ်စမ်းပဟေဠိများကို ဖြေဆိုခဲ့ကြပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်နှင်းကြူဦးက မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်းမှ တာဝန်ရှိသူများအား ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်သည်။

ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နည်းပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ စနစ်ကျနစွာ အသုံးချနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဟောပြောပွဲကျင်းပခြင်းဖြစ်ပြီး အဆိုပါဟောပြောပွဲသို့ကျောင်းသား ကျောင်းသူအင်အား ၄၉၇ ဦးတက်ရောက်ပါသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်မိသားစုများ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ရာတွင်ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာ...
27/07/2026

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်မိသားစုများ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ရာတွင်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းက
ပါဝင်လှူဒါန်းသည်

မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း ဥက္ကဌ ဦးအောင်ကျော်မိုးမှရန်ကုန်တိုင်းဒေသကြီးနှင့် ခရိုင်ကွန်ပျူတာဝါသနာရှင်အသင်းများ...
25/07/2026

မြန်မာနိုင်ငံကွန်ပျူတာဝါသနာရှင်အသင်း
ဥက္ကဌ ဦးအောင်ကျော်မိုးမှ
ရန်ကုန်တိုင်းဒေသကြီးနှင့် ခရိုင်ကွန်ပျူတာဝါသနာရှင်
အသင်းများမှ အမှုဆောင်များနှင့်တွေ့ဆုံမိတ်ဆက်ပြီး
လိုအပ်သည်များမှာကြားလမ်းညွှန်သည်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ ကြာသပတေးနေ့တွင်ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းအနေဖြင့် သင်္ဃန်းကျွန်းခရိုင်၊...
23/07/2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်၊ ကြာသပတေးနေ့တွင်
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာဝါသနာရှင်အသင်းအနေဖြင့်
သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်း(လေ့ကျင့်ရေး)၌
‎ရန်ကုန်တိုင်းဒေသကြီးကျောင်းစာကြည့်တိုက်များ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်
AI & Cyber Security နှင့်ပတ်သတ်သော
Energiser Quiz ပြိုင်ပွဲကို
ပြခန်းတစ်ခုအနေဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊
အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်
တာဝန်ရှိသူများက Quiz ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံကြည့်ရှုရာ
ခရိုင်ကွန်ပျူတာဝါသနာရှင်အသင်းမှ
တာဝန်ရှိသူများက ပြိုင်ပွဲ နှင့်ပတ်သတ်၍
ရှင်းလင်းတင်ပြကြပြီး
ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ‎တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်စေရန်နှင့်ခရိုင်အဆင့် လှုပ်ရှားမှုများ ...
23/07/2026

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာဝါသနာရှင်အသင်း၏
လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်စေရန်နှင့်
ခရိုင်အဆင့် လှုပ်ရှားမှုများ ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ၂၂-၇-၂၀၂၆ ရက်နေ့တွင်
သင်္ဃန်းကျွန်းခရိုင် ကွန်ပျူတာဝါသနာရှင်အသင်းကို
စတင်ဖွဲ့စည်းခဲ့ပါသည်။

11/07/2026

လှည်းကူးပညာရေးဒီဂရီကောလိပ်၌ Al Cyber Security and Digital Literacy for Teachers နည်းပညာဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

Address

Yangon
V42H+JM3

Alerts

Be the first to know and let us send you an email when MCEA - Yangon Region posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share