Myanma Honor Rescue Team

Myanma Honor Rescue Team Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanma Honor Rescue Team, Non-Governmental Organization (NGO), Yangon.

🇲🇲Myanma Honor Rescue Team (YGN)🇲🇲29-1-2026 ( လူနာပို့ဆောင်ခြင်း)🧑🏻‍🚒မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်း ဆေးဖက်ဆ...
29/01/2026

🇲🇲Myanma Honor Rescue Team (YGN)🇲🇲

29-1-2026 ( လူနာပို့ဆောင်ခြင်း)

🧑🏻‍🚒မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဆေးရုံဆင်း
ဆေးဖက်ဆိုင်ရာ (ကျား-လူနာ)တစ်ဦးကို နေအိမ်ဖြစ်သော
ရွှေပြည်သာမြို့နယ်သို့ အသင်းဝင် (၂-ဦး)ဖြင့် (အခမဲ့) ပ်ို့ဆောင်
ကုသိုလ်ယူခဲ့ပါသည်ခင်ဗျာ။

🙏🏻ကျွန်တော်တို့ ပြုလုပ်သမျှ ကုသိုလ်များတို့သည်
အလှူရှင်များ၏ ကုသိုလ်များပင်ဖြစ်ပါသည်။

🧑🏻‍🚒မိမိရပ်ကွက်အတွက် မြန်မာ့ဂုဏ်အသင့်ရှိနေပါသည်။

🇲🇲Myanma Honor Rescue Team (YGN)🇲🇲29-1-2026 ( လူနာပို့ဆောင်ခြင်း)🏘️မိမိတို့ အသင်းရုံးအခြေစိုက်ရာ ရပ်ကွက်အတွင်းရှိဆေးဖက်ဆ...
29/01/2026

🇲🇲Myanma Honor Rescue Team (YGN)🇲🇲

29-1-2026 ( လူနာပို့ဆောင်ခြင်း)
🏘️မိမိတို့ အသင်းရုံးအခြေစိုက်ရာ ရပ်ကွက်အတွင်းရှိ
ဆေးဖက်ဆိုင်ရာ အရေးပေါ် ကျား-လူနာ တစ်ဦးကို
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ (အခမဲ့)
ပို့ဆောင်ပေးခြင်း (နှင့်)ဆေးဝါးစရိတ်အလှူငွေ -၁၅၀၀၀၀/ကျပ်တိတိ ထောက်ပံ့၍လှူဒါန်းပေးခဲ့ပါသည်။

🧑🏻‍🚒မိမိရပ်ကွက်(မြို့နယ်)အတွက် မြန်မာ့ဂုဏ်အသင့်ရှိနေပါသည်။

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲မြန်မာ့ဂုဏ်~လူမှုကူညီကယ်ဆယ်ရေးအသင်းအသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂-၂၆.၁.၂၀...
26/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
မြန်မာ့ဂုဏ်~လူမှုကူညီကယ်ဆယ်ရေးအသင်း
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

-၂၆.၁.၂၀၂၆(လူနာပို့ကုသိုလ်)
🧑🏻‍🚒ယနေ့ ကျွန်တော်တို့ မြန်မာ့ဂုဏ်~လူမှုကူညီကယ်ဆယ်
ရေးအသင်း ရုံးအခြေစိုက်ရာ ရပ်ကွက်မှ ဆေးဖက်ဆိုင်ရာ
(ကျား-လူနာ)တစ်ဦးအား စံပြဆေးရုံသို့ ပို့ဆောင်ပေးရန်
အကူအညီတောင်းခံမှုနဲ့အတူ ကျွန်တော်တို့ (Team)မှ
လူ-၃ဦးနှင့် ပို့ဆောင်ကူညီပေးခဲ့ပါသည်ခင်ဗျာ။

⚪️ထို့ပြင် အသင်းမှလဲ လူနာအတွက် လိုအပ်သည့်နေရာများတွင်
အသုံးပြုရန် ဆေးဝါးစရိတ်=၁၀၀၀၀၀/တစ်သိန်းကျပ်တိတိ
ပြန်လည်လှူဒါန်းပေးခဲ့ပါသည်ခင်ဗျာ။

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂🧑🏻‍🚒၂၂-၁-၂၀၂၆(လူနာပို့ဆောင်ခြင်း)မြောက်ဥက္က...
22/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

🧑🏻‍🚒၂၂-၁-၂၀၂၆(လူနာပို့ဆောင်ခြင်း)

မြောက်ဥက္ကလာပမြို့နယ်၊သုနန္ဒာ(၇-လမ်း)မှ စိတ်ပေါ့ပါးသူ
ကျား-လူနာတစ်ဦးကို ရွှာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့
ပို့ဆောင်ပေးပါရန် မိသားစုဝင်ဖြစ်သော မိခင်မှ အကူအညီတောင်း
ခံသဖြင့် ကျွန်တော်တို့ (MH~Rescue Team YGN)မှ လူ-၅ဦးဖြင့်
(အခမဲ့)ပို့ဆောင်ကူညီပေးခဲ့ပါသည်ခင်ဗျာ။

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂၁၉-၁-၂၀၂၆ (အခမဲ့-သွေးလှူဒါန်းခြင်း)🧑🏻‍🚒ယနေ့...
19/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

၁၉-၁-၂၀၂၆ (အခမဲ့-သွေးလှူဒါန်းခြင်း)

🧑🏻‍🚒ယနေ့ နေ့လည်ပိုင်းတွင် Facebook account
ဆိုသော ဦးဇင်းတစ်ပါးမှ ဆက်သွယ်၍ အကူအညီတောင်းခံမှုနဲ့အတူ လူနာ~ဦးတင်မောင်ရွှေ (အသက်~၄၂နှစ်) အစာအိမ်ကင်ဆာ
ရောဂါဖြင့် မြောက်ဥက္ကာလာပမြို့နယ်၊ရွှေလမင်းအထူးကုဆေးရုံကြီးတွင် တတ်ရောက်၍ဆေးကုသမှုခံယူနေပါသဖြင့် ၄င်းလူနာ
တစ်ဦးအတွက် လိုအပ်နေသော (B+သွေး)၁-လုံးအား သွေးအလှူရှင်နဲ့အတူ (အခမဲ့)ကူညီလှူဒါန်းပေးခဲ့ပါသည်ခင်ဗျာ။

🧑🏻‍🚒ဆက်သွယ်၍အကူအညီတောင်းခံသော ဦးဇင်းမှ
အသင်းနဲ့သွေးအလှူရှင်အတွက် -၃၀၀၀၀/သုံးသောင်းကျပ်တိတိ
လှူဒါန်းပေးပါသည် ထို့နှောက် အသင်းအတွက် လှူဒါန်းပါသော
အလှူငွေအား လက်မခံဘဲ (အခမဲ့)သွေးလှူပေးပါသော ညီငယ်လေး
အတွက် မုန့်ဖိုးပြန်ပေးခဲ့ပါသည်ခင်ဗျာ။

#မြန်မာ့ဂုဏ်လူမှုကူညီကယ်ဆယ်ရေးအသင်း

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂၁၉-၁-၂၀၂၆ (ကလေးလူနာပို့ဆောင်ခြင်း)🧑🏻‍🚒ယနေ့ ...
19/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

၁၉-၁-၂၀၂၆ (ကလေးလူနာပို့ဆောင်ခြင်း)

🧑🏻‍🚒ယနေ့ ကျွန်တော်တို့ (MH~Rescue Team YGN) အသင်းရုံးကို
မင်္ဂလာဒုံမြို့နယ်၊(၁နံပါတ်စည်ပင်ဝန်ထမ်းအိမ်ယာ)မှ ဖျားနာသော
(ကလေးလူနာတစ်ဦး)အား လှိုင်သာယာမြို့နယ်၊သပြေအထူးကုဆေးခန်းသို့ ပို့ဆောင်ပေးပါရန် ဆက်သွယ်၍ အကူအညီတောင်းခံ
မှုနဲ့အတူ ကျွန်တော်တို့ (MH~Rescue Team YGN)မှ အသွား/အပြန် ကူညီပေးခဲ့ပါသည်ခင်ဗျာ။

#မြန်မာ့ဂုဏ်လူမှုကူညီကယ်ဆယ်ရေးအသင်း

17/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

🧑🏻‍🚒လူပျှောက်အမျိုးသမီးတစ်ဦးကို ကူညီခြင်း။

🧑🏻‍🚒ယနေ့ ကျွန်တော်တို့ အသင်းရုံအခြေစိုက်ရာ မြို့နယ်မှ
ဥက္ကာ(၈-လမ်း)နေ ဒေါ်ချိုချိုခိုင် (အသက်-၆၀နှစ်)သည်
နေအိမ်မှ ပျှောက်ဆုံးသွားပါသဖြင့် မိသားစုဝင်များမှလဲ
နီးစပ်ရာ ကူညီရေးအသင်းအဖွဲ့များသို့ ဆက်သွယ်အကူအညီတောင်းခံမှုနဲ့အတူ ၄င်းစိတ်ကျန်းမာရေးမကောင်းသော အမျိုးသမီးသည် မြောက်ဥက္ကလာပမြို့နယ်စက်မှုဇုန်နားရှိ
တာဝန်သိ ပြည်သူများမှ စောင့်ရှောက်ထားပြီး ၄င်းတို့မှာလဲ
နီးစပ်ရာ ရပ်ကျေးများနှင့် ပရဟိတအသင်းအဖွဲ့များထံ ဆက်သွယ်
အကူအညီတောင်းခံပေးမှုနဲ့အတူ ကျွန်တော်တို့ မြန်မာ့ဂုဏ်မှ သွားရောက်၍ ကူညီရာ ပျှောက်ဆုံသော အမျိုးသမီး ဒေါ်ချိချိုခိုင်
၏ ဓာတ်ပုံကို ကျွန်တော်တို့ (Myanma Volunteer Group)တွင်
ဖော်ပြပေးပြီး ပျှောက်ဆုံးနေသော အမျိုးသမီး၏ မိသားစုဝင်များမှ ဓာတ်ပုံနဲ့တကွ အကူအညီတောင်းခံထားသောကြောင့်
ပုံထဲပါ မျက်နှာနဲ့ အပြင်မျက်နှာ တိုက်ကြည့်ရာ တူနေသောကြောင့်
မိသားစုဝင်များကို ဆက်သွယ်၍ ပျှောက်နေတဲ့ အမျိုးသမီးကို
ပြန်လည်အပ်နှံပေးခဲ့ပါသည်ခင်ဗျာ။

🙏🏻မိသားစုဝင်များမှလဲ ကျွန်တော်တို့ အသင်းကို အလှူငွေ-
၁၀၀၀၀၀/တစ်သိန်း ကျပ်တိတိနှင့် မုန့်၊သစ်သီးများ ပြန်လည်လှူဒါန်းပေးပါသည်ခင်ဗျာ။

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂🧑🏻‍🚒လူပျှောက်အမျိုးသမီးတစ်ဦးကို ကူညီခြင်း။🧑...
17/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

🧑🏻‍🚒လူပျှောက်အမျိုးသမီးတစ်ဦးကို ကူညီခြင်း။

🧑🏻‍🚒ယနေ့ ကျွန်တော်တို့ အသင်းရုံအခြေစိုက်ရာ မြို့နယ်မှ
ဥက္ကာ(၈-လမ်း)နေ ဒေါ်ချိုချိုခိုင် (အသက်-၆၀နှစ်)သည်
နေအိမ်မှ ပျှောက်ဆုံးသွားပါသဖြင့် မိသားစုဝင်များမှလဲ
နီးစပ်ရာ ကူညီရေးအသင်းအဖွဲ့များသို့ ဆက်သွယ်အကူအညီတောင်းခံမှုနဲ့အတူ ၄င်းစိတ်ကျန်းမာရေးမကောင်းသော အမျိုးသမီးသည် မြောက်ဥက္ကလာပမြို့နယ်စက်မှုဇုန်နားရှိ
တာဝန်သိ ပြည်သူများမှ စောင့်ရှောက်ထားပြီး ၄င်းတို့မှာလဲ
နီးစပ်ရာ ရပ်ကျေးများနှင့် ပရဟိတအသင်းအဖွဲ့များထံ ဆက်သွယ်
အကူအညီတောင်းခံပေးမှုနဲ့အတူ ကျွန်တော်တို့ မြန်မာ့ဂုဏ်မှ သွားရောက်၍ ကူညီရာ ပျှောက်ဆုံသော အမျိုးသမီး ဒေါ်ချိချိုခိုင်
၏ ဓာတ်ပုံကို ကျွန်တော်တို့ (Myanma Volunteer Group)တွင်
ဖော်ပြပေးပြီး ပျှောက်ဆုံးနေသော အမျိုးသမီး၏ မိသားစုဝင်များမှ ဓာတ်ပုံနဲ့တကွ အကူအညီတောင်းခံထားသောကြောင့်
ပုံထဲပါ မျက်နှာနဲ့ အပြင်မျက်နှာ တိုက်ကြည့်ရာ တူနေသောကြောင့်
မိသားစုဝင်များကို ဆက်သွယ်၍ ပျှောက်နေတဲ့ အမျိုးသမီးကို
ပြန်လည်အပ်နှံပေးခဲ့ပါသည်ခင်ဗျာ။

🙏🏻မိသားစုဝင်များမှလဲ ကျွန်တော်တို့ အသင်းကို အလှူငွေ-
၁၀၀၀၀၀/တစ်သိန်း ကျပ်တိတိနှင့် မုန့်၊သစ်သီးများ ပြန်လည်လှူဒါန်းပေးပါသည်ခင်ဗျာ။

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂🧑🏻‍🚒သွေးကူညီခြင်းမှတ်တမ်း (၁၆/၁/၂၀၂၆)ရန်ကုန...
17/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

🧑🏻‍🚒သွေးကူညီခြင်းမှတ်တမ်း (၁၆/၁/၂၀၂၆)

ရန်ကုန်တိုင်းဒေသကြီး၊စံပြဆေးရုံကြီးတွင် အူကျရောဂါဖြင့်တတ်ရောက်၍ဆေးကုသမှုခံယူနေသော (ဦးဖေတင်-၆၈နှစ်)
အတွက် လိုအပ်နေသော (B+သွေး)၁လုံးအား ကျွန်တော်တို့
(MH~Rescue Team)မှ သွေးအလှူရှင်နဲ့အတူ ကူညီလှူဒါန်းပေးခဲ့ပါသည်ခင်ဗျာ။

Myanma Honor Rescue Team

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂၁၂-၁-၂၀၂၆ (ဆေးရုံပြောင်းလူနာ)🧑🏻‍🚒ရန်ကုန်တို...
12/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

၁၂-၁-၂၀၂၆ (ဆေးရုံပြောင်းလူနာ)
🧑🏻‍🚒ရန်ကုန်တိုင်းဒေသကြီး၊မြောက်ဒဂုံမြို့နယ်ရှိ၊ရှေ့နောက်
ပါရမီဆေးရုံမှ ဆေးရုံပြောင်း အမောစို့ (ကျား-လူနာ)ကို
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးကို (အခမဲ့) ကူညီပို့ဆောင်ပေးခဲ့ပါသည်ခင်ဗျာ။

🧑🏻‍🚒အကူအညီများလိုအပ်ပါက-
၀၉ ၇၆၆ ၃၀၇ ၃၂၅/၀၉ ၇၈၈ ၅၄၃ ၆၅၁

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂🧑🏻‍🚒အလှူငွေလက်ခံရရှိခြင်း။  -ကျွန်တော်တို့ ...
11/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်~၆/ပြည်တွင်း/၀၅၂

🧑🏻‍🚒အလှူငွေလက်ခံရရှိခြင်း။

-ကျွန်တော်တို့ (MH~Rescue Team)၏ ပရဟိတလုပ်ငန်းများ
လုပ်ကိုင်ရာတွင် ပိုမိုအဆင်ပြေစေရန်အလို့ဌာ အောက်ဖော်ပြပါ အလှူရှင်မိသားစုများမှ ဆက်သွယ်၍လှူဒါန်းထားပါသည်ခင်ဗျာ။

🙏🏻 Ma Sun Phyo Mon(မိသားစု)မှ နှစ်သစ်ကူးအလှူတော်အနေနဲ့
အသင်း၏ ပရဟိတလူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုမြန်ဆန်တိကျစေရန်အလ်ို့ဌာ အလှူတော်ငွေ=
၁၀၀၀၀၀/တစ်သိန်းကျပ်တိတိ။

🙏🏻 Ma Khaing Thazin Tun(မိသားစု)မှ မွေးနေ့အလှူတော်အနေနဲ့ အသင်း၏ ပရဟိတလူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုမြန်ဆန်တိကျစေရန်အလ်ို့ဌာ အလှူတော်ငွေ=
၁၅၀၀၀၀/တစ်သိန်းငါးသောင်းကျပ်တိတိ။

-စသည်တို့ဖြင့် အသင်းရုံကို ဆက်သွယ်၍ လှူဒါန်းထားပါသည်။
🙏🏻အလှူရှင်မိသားစုများတို့သည် စိတ်၏ချမ်းသာခြင်း၊ကိုယ်၏
ကျန်းမာခြင်းများနှင့်ပြည့်စုံ၍ လိုတိုင်းတ၊တတိုင်းရကြပါစေလ်ို့
ကျွန်တော်တို့ (MH~Rescue Team)မှ ဆုတောင်းမေတ္တာပ်ို့အပ်ပါသည်ခင်ဗျာ။

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲            မြန်မာ့ဂုဏ်~လူမှုကူညီကယ်ဆယ်ရေးအသင်း         အသင်းအဖွဲ့မှတ်ပုံတင်အမှတ်=၆/...
11/01/2026

🇲🇲 Myanma Honor Rescue Team (YGN) 🇲🇲
မြန်မာ့ဂုဏ်~လူမှုကူညီကယ်ဆယ်ရေးအသင်း
အသင်းအဖွဲ့မှတ်ပုံတင်အမှတ်=၆/ပြည်တွင်း/၀၅၂

၁၁-၁-၂၀၂၆ (မွေးနေ့အလှူ)
🙏🏻ယနေ့ ကျွန်တော်တို့ (MH~Rescue Team)၏ Founder
တည်ထောင်သူ-ဦးဖြိုးနေလင်း+ဒေါ်ရှင်းသန့်အိန္ဒြေအောင် တို့၏
သမီးရတနာ မမေအမရာစံဖြိုး(ခ)မကူးကူး (၂-နှစ်ပြည့်)မွေးနေ့လေးမှာ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ
ဖွင့်လှစ်ထားသော ရွှေဂုံတိုင်ကလေးပြုစုရေးဌာနရှိ ကလေး-၇၅
ယောက်အတွက် နို့မှူန့်ဖိုး၊ပညာရေး၊ဆေးဝါးအတွက် အလှူငွေ
၆၅၀၀၀၀/ခြောက်သိန်းငါးသောင်းကျပ်တိတိ လှူဒါန်းပေးခဲ့ရာ

🧑🏻‍🚒ကျွန်တော်တို့ (အသင်းသူ/သား)များမှလဲ လိုက်လံကူညီပို့ဆောင်၍ကူညီပေးခဲ့ပါသည်ခင်ဗျာ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanma Honor Rescue Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share