Sanitation Support

Sanitation Support Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sanitation Support, Nonprofit Organization, N°56 ground floor, 11th Street middle block, Lann Ma Daw, Yangon.

Restoring health and dignity through clean toilets, safe water, and essential hygiene support in disaster-hit communities.


💚 World Mental Health Day အတွက် ဂျာမဏီအခြေစိုက် Goethe-Institut Myanmar ရဲ့ The Academy of Care (AoC) က စီစဉ်ပေးတဲ့ Pane...
10/10/2025

💚 World Mental Health Day အတွက် ဂျာမဏီအခြေစိုက် Goethe-Institut Myanmar ရဲ့ The Academy of Care (AoC) က စီစဉ်ပေးတဲ့ Panel Discussion လေးမှာ Panelist တစ်ဦးအဖြစ်ပါဝင်
ဆွေးနွေးမှာဖြစ်ပြီး " Mental Health/ Mental Resilience" နဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူများရှိရင် ဒီညနေ လာခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော် 💚

🍀 ဒီ Panel Discussion လေးရဲ့ ခေါင်းစဉ်ကတော့ ...

" Stronger Together - Voices For Mental Health Access During Crisis" ဖြစ်ပြီး

ဆွေးနွေးသွားမယ့် theme ကတော့ သဘာဝဘေးအန္တရာယ်နဲ့ အခက်အခဲကာလတွေမှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အထောက်အပံ့တွေသာမက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေပါ တွင်တွင်ကျယ်ကျယ် ရရှိနိုင်ရေးအတွက် အဓိကရည်ရွယ်ပါတယ်။

ကိုယ်တိုင်က Mental Expert တစ်ယောက်မဟုတ်ပေမယ့် ဒီ Mental Wellness Support ရဲ့ အရေးပါလှပုံကို နားလည်ယုံကြည်သူဖြစ်ပြီး " ပြီးခဲ့တဲ့ 2024 ကလောရေဘေးမှာတုန်းကရော၊ အခု 2025 ငလျင်ဘေးမှာ " Sanitation Support Initiated by Jungle Detox " အနေနဲ့ 6 လတာ တတ်နိုင်သမျှ ဝင်ရုန်းကူညီပေးခဲ့တဲ့ ကာလတလျှောက်မှာပါ ရေဘေး/ငလျင်ဘေးသင့်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေရရှိအောင် အလျဉ်းသင့်သလို ကြိုးစားစီစဉ်ခဲ့ပါတယ်။

🌿 "Health is a state of complete harmony of the body, mind, and spirit. "
— B.K.S. Iyengar

ဒီ quote လေးဆိုသလိုပဲ ကျန်းမာခြင်းအစစ် ဆိုတာ
ကိုယ်ခန္ဓာရောဂါကင်းရုံသက်သက်မဟုတ်ဘဲ စိတ်အတွေးအကြံ မှန်ကန်ညီညွတ်မျှတနေမှသာ ရရှိနိုင်တာပါ။ Physical Wellness နဲ့ Mental Wellness ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် မှီခိုဆက်နွယ်နေတာ မဟုတ်လား ☺️❤️

ဒီနေ့ World Mental Health Day အထိမ်းအမှတ် Panel Discussion လေးမှာ အခုလို ပါဝင်ဆွေးနွေးခွင့်ရလို့လည်း အများကြီး ဂုဏ်ယူပါတယ်ရှင်✨

"အချို့ ဒဏ်ရာတွေဟာ မျက်စိနဲ့ မမြင်နိုင်ပါဘူး " ! အရှိန်ပြင်းပြင်း လဲကျအပြီး ကြံ့ကြံ့ခံ ပြန်လည်ရှင်သန်နိုင်ဖို့ရာ မြင်လွယ်တဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေအပြင် စိတ်အတွင်းနက်နက်ထဲက မမြင်ရတဲ့ စိတ်အနာတရတွေအတွက်ပါ အကူအညီလိုအပ်ပါတယ်"

I believe true recovery begins when we heal both the visible and invisible wounds 🌿

Let’s continue building spaces of care, inclusivity, and dignity — where everyone, including people with disabilities and the elderly, can heal and restore their lives.

ပေါက်ပါးရွာ Progress 💧✨🌀 ရေတွေ တအားတက်နေလို့ Biotank set up လုပ်ဖို့ကိုတော့ ရေအကျ စောင့်ရဦးမယ်...ပုံရိုက်တုန်းက တံခါးရွက...
20/08/2025

ပေါက်ပါးရွာ Progress 💧✨🌀 ရေတွေ တအားတက်နေလို့ Biotank set up လုပ်ဖို့ကိုတော့ ရေအကျ စောင့်ရဦးမယ်...

ပုံရိုက်တုန်းက တံခါးရွက်နဲ့ ရှေ့မျက်နှာစာ အခြမ်းလေး မပြီးသေးလို့။ တကယ်ကတော့ တပ်ပြီးပြီ ပြောတယ်။ အင်းလေးက Toilets လေးတွေကို ခုလို သပ်သပ်ရပ်ရပ်လေး မြင်ရတာ ပီတိဖြစ်ရပါတယ်။

Sanitation Support အနေနဲ့ ခုလို Bioseptic Toilets တွေ တစ်လုံးပြီး တစ်လုံးဆောက်ပေးနိုင်အောင် ကူညီပေးကြတဲ့ အလှူရှင်တစ်ယောက်ချင်းကိုလည်း ကျေးဇူးအထူးတင်ရပါတယ်

---

Pauk Pa Village Update 💧

Water levels are still high, so we’ll wait before setting up the Biotank.

The toilet structure is now fully installed — it’s heartwarming to see such neat progress around Inle.

Deep thanks to every donor supporting one toilet at a time through our Sanitation Support project.

#ပေါက်ပါးရွာ

မနေ့က ကေလာရွာရဲ့ progress လေး မြင်ရဒီနေ့ကတော့ အင်းပေါခုံရွာရဲ့ progress လေးနဲ့ ပျော်...မိုးထဲ လေထဲ အခက်အခဲတွေကြားကနေ အတူ...
04/08/2025

မနေ့က ကေလာရွာရဲ့ progress လေး မြင်ရ
ဒီနေ့ကတော့ အင်းပေါခုံရွာရဲ့ progress လေးနဲ့ ပျော်...
မိုးထဲ လေထဲ အခက်အခဲတွေကြားကနေ အတူရုန်းကူပေးတဲ့သူတွေကြောင့် Blueprint ကနေ Reality တွေ တခုပြီး တခုဖြစ်လာပြီ



Sanitation Support အနေနဲ့ အင်းထဲမှာ အိမ်သာတွေဆောက်တာ ကလောက အဖွဲ့တွေလည်း မနေရဘူး။ ရေဘေးကတည်းက တခုခုဆို Ko Sai Thant Sin တ...
03/08/2025

Sanitation Support အနေနဲ့ အင်းထဲမှာ အိမ်သာတွေဆောက်တာ ကလောက အဖွဲ့တွေလည်း မနေရဘူး။ ရေဘေးကတည်းက တခုခုဆို Ko Sai Thant Sin တို့ Kalaw Net နဲ့ ကလောမြို့၊ ရပ်ကွက် ၃ လူငယ်၊ လူမှုကူညီရေးအသင်း အဖွဲ့တွေကို အပူကပ်တာ🤭

ဟဲယာရွာမ ရေကောင်းရေသန့်ရဖို့ ပိုက်တွေသွယ်ကြတုန်းကလည်း ဒီအဖွဲ့ပဲ။ ခုလည်း အင်းထဲမှာ ဝါးအိမ်သာက မြန်ပေမယ့် သစ်အိမ်သာအချို့ကကျ ကြာနေလို့ဆိုပြီး

ကလောမှာပဲ အပေါ်ဆောင်ကို Pre-production လုပ်၊ တစ်လုံးစာဆီ အဆင်သင့် ဖြတ်တောက်ပြင်ဆင်ပြီး Ready-to-setup လုပ်လာပေးကြတာ။ IKEA Furniture တွေလို တချောင်းချင်း ပြန်စီပြီး ဆင်ရုံပဲ 🤩 စုစုပေါင်း 6 လုံး။

အင်းထဲက အဖွဲ့တွေက မျောတိုင်တွေ ကြိုစိုက်ထားပေးတယ်။ ကလောအဖွဲ့က အပေါ်ဆောင်ကို setup ပြန်တွဲတယ်။ ဒီလောက် အဆင်သင့်မြန်ဆန်အောင် လုပ်လာတာတောင် မိုးက သဲကြီး မဲကြီးရွာနေတာနဲ့ အလုပ်သိပ်မတွင်လိုက်နိုင်ဘူး။

ဒီကြားထဲ ကေလာမှာက ရေကလည်း နက်တော့ 18 ပေ မျောတိုင်ဆိုတာ ဘာမှတောင် မြေထဲ နင်းမထည့်ရသေးဘူး။ ပလုံဆို မြှုပ်သွားလို့ ပိုရှည်အောင် နှစ်တိုင် ပြန်ဆက်ရသေးတယ်။ အဲ့ကျတော့လည်း နောက်အမှုက သုံးဆက်မ‌ဆက်ကောင်းဘူးဆိုတဲ့ အယူ ရှိသေးလို့ အဲ့ကိစ္စကို Fairyland Kalaw အဖွဲ့တွေကပါ အိမ်ရှင်ကို ဝင်ဖြောင်းဖျကူရသေးတယ်။ မိုးထဲ လေထဲ ဂယက်တွေကို ထလို့ 😅




🌊🌀💧⚡☁️မိုးကြီး လေကြီး ရေကြီးတဲ့ အချိန် အင်းလေးလိုနေရာမှာ ဆောက်ရ ပြုရ အလုပ်လုပ်ရတာလည်း တကယ်တော့ လွယ်မနေဘူးရယ်အခုက အင်းလယ်...
02/08/2025

🌊🌀💧⚡☁️မိုးကြီး လေကြီး ရေကြီးတဲ့ အချိန် အင်းလေးလိုနေရာမှာ ဆောက်ရ ပြုရ အလုပ်လုပ်ရတာလည်း တကယ်တော့ လွယ်မနေဘူးရယ်

အခုက အင်းလယ်ဖြစ်တဲ့ ကေလာမှာဆိုတော့ ရေနက်တာက ပိုသိသာတယ်။ ခါတိုင်း ရေထဲကို 18 ပေ မျောတိုင်လောက် စိုက်ရင် အတော်ပဲ။

မနေ့ညနေခင်းကဆို ကေလာ လက်သမားခေါင်းဆောင်က လှမ်းပြောတယ်။ 18 ပေ မျောတိုင်ကို တိုင်စိုက်မလို့ ရေထဲချလိုက်တာ ကန်အောက်ခြေထဲတောင် မစိုက်ရသေးဘူး။ မျောတိုင်က မြှုပ်သွားလို့တဲ့😬 ရေအတော်တက်နေတာလည်း ပါမှာပေါ့။

နောက်နေ့ ကလောကနေ Pre-Production လုပ်လာတဲ့ သစ်အိမ်သာ အပေါ်ပိုင်းတွေလာ set up လုပ်ဖို့ ချိန်းထားပြီးသားလည်း ဖြစ်နေတော့ နောက်တစ်ရက် တိုင်ဆက်နိုင်ဖို့ကို ညတွင်းချင်း အမြန်ထပ်လုပ်ရရော ....

💜 လောလောဆယ် ရွာ 6 ရွာဖြန့်ပြီး Individual Bioseptic Toilets 75 လုံးစာ ပြိုင်လုပ်နေလို့ အခုတော့ မောလည်းမော၊ အလုပ်လည်း အင်မတန်ရှုပ်ပေမယ့် တချိန်ကျရင်တော့.....

" ဪ ငလျင်ကြီးပြီးလို့ 3 / 4 လ လွန်တဲ့အထိကို အခြေခံလိုအပ်ချက်ဖြစ်တဲ့ အိမ်သာပြန်မဆောက်နိုင်သေးတဲ့ ငလျင်ဘေးသင့်မိသားစုတွေကို Sanitation Support လေး ငါတို့ပေးနိုင်ခဲ့တာပဲ...

အင်းလေးအတွက် ဆိုးကျိုးများလှတဲ့ ကန်ထဲ အညစ်အကြေးတိုက်ရိုက်စွန့်စနစ်နဲ့ မိရိုးဖလာအိမ်သာပုံစံဟောင်းတွေနေရာမှာ Bioseptic Toilets တွေ အစားထိုးသုံးတတ်ဖို့ ကောင်းကောင်းမျိုးစေ့ချပေးနိုင်ခဲ့တာပဲလို့....

ပြန်တွေးရင် ပီတိဖြစ်ချင်ပါတယ် ✨🌿🧬

Holding on this concept of ...

" If we have to START From ZERO, let's rise back STRONGER & WISER- Together! "




💙Certificates of Appreciation Part 8 :SANITATION SUPPORT FOR I Htaung Gyi & Shay Wa Gyi Thanks to your generous contribu...
26/06/2025

💙Certificates of Appreciation Part 8 :
SANITATION SUPPORT FOR I Htaung Gyi & Shay Wa Gyi

Thanks to your generous contributions, we’ve successfully raised the full funds to rebuild 9 toilets for the earthquake affected families in နန်းသဲကျေးရွာအုပ်စု 🔹

Implementation is now underway — and with your support, relief is turning into reality.

Thank you for being part of this ripple of impact!

Together for Health, Home & Help. 💙

With Love & Respect,
Ei Khine Soe Zin





အင်းလေးက ရေတက်လာလိုက်တာ ခါတိုင်း ရှားရှားပါးပါး မြေလေးတွေ ကုန်းလေးတွေလည်း အကုန်မြှုပ်...ခါတိုင်း ကလေးတွေ လမ်းလျှောက်သွား...
24/06/2025

အင်းလေးက ရေတက်လာလိုက်တာ ခါတိုင်း ရှားရှားပါးပါး မြေလေးတွေ ကုန်းလေးတွေလည်း အကုန်မြှုပ်...

ခါတိုင်း ကလေးတွေ လမ်းလျှောက်သွားနေကြ စာသင်ကျောင်းထိ ခု လှေနဲ့သွားရတယ်

6 လ ပိုင်းပဲရှိသေး ဒီလောက်တက်နေပြီ။ နောက်သုံးလ ဘယ်လိုနေမယ် မသိဘူး

လောဆယ်တော့ Bio tanks တွေ setup လုပ်တာတွေ ခဏရပ်ထားရ


ရေဘေးရော ငလျင်‌ဘေးရော အထိနာခဲ့တဲ့ အင်းလေးဒေသကို ပိုကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့ ပြန်ထလာနိုင်ဖို့ မအားတဲ့ကြားကပဲ တတ်နိုင်သမ...
22/06/2025

ရေဘေးရော ငလျင်‌ဘေးရော အထိနာခဲ့တဲ့ အင်းလေးဒေသကို ပိုကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့ ပြန်ထလာနိုင်ဖို့ မအားတဲ့ကြားကပဲ တတ်နိုင်သမျှ ရုန်းကူဖြစ်နေပါတယ်

E Guard Environmental Services က ဦးဆောင်စီစဉ်တဲ့ "အင်းလေးကန်ဒေသ သဘာဝဘေးအန္တရာယ်အလွန်ကာလ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ အစီရင်ခံစာ တင်ပြဆွေးနွေးပွဲ" ကို ဇွန်လ 13 ရက်နေ့ ညောင်ရွှေမြို့ ဖောင်တော်ဆိုက်လမ်း အင်းသားစာပေယဉ်ကျေးမှု့ နှင့် ဒေသဖွံ့ဖြိုးရေးအသင်း ရုံးခန်းမှာ ကျင်းပခဲ့ပြီး

Sustainable Sanitation Support အနေနဲ့လည်း အင်းလေးဒေသအတွက် ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်နေသလဲ မျှဝေဖြစ်ပါတယ်။

အဲ့ဒီနေ့က ရေတွေတက် လမ်းခရီးအခြေအနေ အမျိုးမျိုး ကြား လာခဲ့ရပေမယ့် အင်းလေးဒေသကို တကယ်ချစ်မြတ်နိုးပြီး ထိန်းသိမ်းချင်ကြတဲ့ ဒေသခံတွေရော၊ ကျွမ်းကျင်ပညာရှင်‌တွေရောနဲ့ တွေ့ဆုံဆွေးနွေးရလို့ တကယ်ကျေနပ်မိပြီး တန်ဖိုးရှိတဲ့ အသိတွေလည်း အများကြီး သိခဲ့ရတယ်။

Sanitation Support အနေနဲ့ကတော့ အင်းလေးကန်ထဲ အညစ်အကြေးတိုက်ရိုက်စွန့်ချ စနစ်နဲ့ နောက်ဆက်တွဲဆိုးကျိုးများလွန်းတဲ့ မိရိုးဖလာ ရေပေါ်အိမ်သာတွေအစား သန့်စင်တဲ့ရေပြန်ထွက်လာမယ့် Bioseptic Toilets တွေ တတ်နိုင်သလောက် အစားထိုး ဆောက်ပေးဖို့ ကြိုးစားနေတဲ့အကြောင်း အသေးစိတ်ဆွေးနွေးဖြစ်ခဲ့ပါတယ်

12 နာရီပြီးရမယ့်ပွဲကို 1 နာရီကျော်တဲ့အထိ အင်းဒေသခံ လူငယ်တွေရော လူကြီးတွေရော စိတ်ဝင်တစား မေးခွန်းတွေမေးကြ၊ ဆွေးနွေးကြ၊ အကြုံပြုချက်တွေပေးကြနဲ့မို့ တကယ် အားရှိရပါတယ်။

ဒီဒေသက ဂေဟစနစ်တွေအကြောင်းနားလည်ပြီး အင်းလေးကန်ကို တကယ်ချစ်မြတ်နိုးတဲ့သူ‌အချို့ဆို ဟိုးအရင်ကတည်းက ဖြစ်စေချင်ခဲ့တဲ့ Bioseptic Toilets တွေ သိပ်မကြာခင် အရေအတွက်များများ အကောင်အထည်ပေါ်လာတော့မှာမို့ ဘယ်လိုဝမ်းသာကြောင်းတွေပါ ပြောကြတော့ ပင်ပန်းတာတွေတောင်ပျောက်ပြီး ပီတိတွေဖြစ်လို့ 😅

တကယ်တော့လည်း အိမ်သာတွေ အားလုံးနီးပါး ပြန်ဆောက်ရမယ့် အခုချိန်ဟာ ဒီအန္တရာယ်ရှိတဲ့ မိလ္လာစွန့် စနစ်ကို ပြင်နိုင်မယ့် ကြုံတောင့်ကြုံခဲ ရှားပါးအချိန်ပါ။ It's a rare chance to do things better.

If we must start from zero, let's rise back Stronger & Wiser.

Together for Health, Home & Hope!

Bioseptic Toilets 58 လုံး‌ဆောက်မယ့်အထဲအင်းပေါခုံ ဘုန်းကြီးကျောင်းက 6 လုံးတွဲ အိမ်သာ site ကို သွားကြည့်2000L Biotank ကြီး...
16/06/2025

Bioseptic Toilets 58 လုံး‌ဆောက်မယ့်အထဲ
အင်းပေါခုံ ဘုန်းကြီးကျောင်းက 6 လုံးတွဲ အိမ်သာ site ကို သွားကြည့်

2000L Biotank ကြီးက ကိုယ့်တရပ်လောက်ရှိ။ နဂို ရည်ရွယ်ထားတဲ့ 6 လုံးတွဲ အိမ်သာအပြင် ဘေးက နောက်ထပ် ‌6 လုံးတွဲ အိမ်သာအတွက်ပါ လုံလောက်တဲ့ septic system ဖြစ်သွားတယ်။

ဒီဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာအိမ်တွေက လာသုံးလို့ရသလို ဥပုဉ်နေ့တွေ ပွဲလမ်း အလှူတွေမှာဆို ဒီမှာ လူတွေ အများကြီး လာစုကြတာမို့ ဒီနေရာက Bioseptic System အကြောင်း အသိပညာပြန့်ပွားဖို့ Awareness လုပ်လို့ ကောင်းတဲ့နေရာတစ်ခုပါပဲ

ဒီနေ့တော့ ရောက်တုန်း ဒီအရပ်ရဲ့ ပရဟိတ ရပ်ရွာရေးရာကူညီတတ်သူတွေကို ခေါ်ပြီး

✅ ဒီ Bioseptic Toilets တွေကို ကြွေပြားဆေးရည် အက်စစ်အပြင်းစားတွေနဲ့ ဆေးလို့ မရကြောင်း

✅ အိမ်သာအိုးထဲ တုတ်/ စက္ကူ / အမျိုးသမီးသုံးပစ္စည်းတွေ ထည့်လို့ မရကြောင်း

✅ ရေများများ လောင်းပေးရန် လိုအပ်ကြောင်း

✅ အညစ်အကြေးတွေကို ဒီ Biotank အတွင်းမှာ ရှိနေမယ့် ပိုးကောင်‌လေးတွေက စားသွားပြီး သန့်စင်တဲ့ရေကြည်ပြန်ထွက်လာမယ့်အကြောင်း

စသဖြင့် လိုအပ်တဲ့ အချက်လေးတွေ ဆွေးနွေးရှင်းပြ၊ သူတို့ သိချင်တာလေးတွေ ဖြေပေး

Bioseptic Toilets တွေ ပြောင်းသုံးရမယ့်ကိစ္စဟာ ဒေသခံတွေအတွက်တော့ "အရွေ့" တစ်ခု၊ "နေထိုင်မှုပုံစံ အပြောင်းအလဲတစ်ခု" ဖြစ်တဲ့အတွက် Infra တွေ ဆောက်လှူခဲ့ရုံနဲ့ မပြီးပါဘူး။ သူတို့တွေပါ ဒီ concept ကို နားလည်အောင် သဘောပေါက်အောင် အားထုတ်ရပါတယ်။ ဒါဟာ Journey တစ်ခုရဲ့ အစသာ ရှိပါသေးတယ်။

Together for Health, Home & Hope !


#ပြန်လည်ထူထောင်ရေး

တကယ်ဆို အိမ်သာလှူချင်တဲ့သူက ရှားပါတယ်။ ဒါကြောင့်လည်း ခုလိုတွေ လုပ်ပေးနိုင်အောင် ကိုယ့်ကို ဝန်းရံပေးကြတဲ့သူတွေ တစ်ယောက်ချ...
09/06/2025

တကယ်ဆို အိမ်သာလှူချင်တဲ့သူက ရှားပါတယ်။ ဒါကြောင့်လည်း ခုလိုတွေ လုပ်ပေးနိုင်အောင် ကိုယ့်ကို ဝန်းရံပေးကြတဲ့သူတွေ တစ်ယောက်ချင်းစီကို အရမ်းကျေးဇူးတင်မိပါတယ်။

အခု Site က အိမ်ရှင်ဆိုလည်း အိမ်သာဆောက်ပေးလို့ အများကြီး ကျေးဇူးတင်ပါတယ်တဲ့။ မဟုတ်ရင် တရွာလုံးလည်း အိမ်သာ ဘယ်လောက်မှ မကျန်လို့ ဒုက္ခရောက်ရတယ်။ ဧည့်သည်တွေ အလှူရှင်တွေကိုလည်း အားနာရတယ်တဲ့

ခုချိန်မှာ ပျက်စီးဆုံးရှုံးမှုက ကြီးလွန်းတော့ အလှူရှင်တွေရော အိမ်ရှင်တွေရော အိမ်ပြန်ဆောက်ဖို့ကို အနိုင်နိုင်ရုန်းနေရတဲ့အတွက် Sanitation Facilities တွေဖက် မလှည့်နိုင်တာမို့ ကိုယ်‌တွေကတော့ ဒီအပိုင်းလေးကို အားစိုက်ပြီးကွက်လပ်ဖြည့်ကူတာ ဖြစ်ပါတယ်။ Updates တွေ တောက်လျှောက် မတင်ဖြစ်ပေမယ့် နေ့တိုင်း ဒီကိစ္စအတွက် ရုန်းကူနေပါတယ်

Sanitation Support အတွက် လှူလို့ရသေးလား မေးလာကြလို့ ရပါသေးတယ်နော်။ အင်းလေးမှာက ဒီကိစ္စလုပ်ပေးတဲ့သူ သိပ်မရှိတော့ အတော်ကြီးကို လိုနေကြသေးတာပါ။ ဒီမှာ လုပ်ပေးလက်စ အချိတ်အဆက်တွေလည်း ရှိနေတုန်း တတွဲတည်း အကုန်စီစဉ်ပေးသွားလို့ရပါတယ်

Together for Health, Home & Hope !

With Love & Respect,
Ei Khine Soe Zin

Address

N°56 Ground Floor, 11th Street Middle Block, Lann Ma Daw
Yangon
11131

Website

Alerts

Be the first to know and let us send you an email when Sanitation Support posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share