Home Again Myanmar

Home Again Myanmar Rebuilding Lives and Restoring Hope in Myanmar
A humanitarian initiative by Arkar & Olivia

ဒီနေ့ Wyndham Grand Hotel မှာ ပြုလုပ်မယ့် ဒီပွဲလေးမှာ Home Again Myanmar ရဲ့ founder တစ်ယောက်ဖြစ်တဲ့ ကိုအာကာ က panelist ...
22/10/2025

ဒီနေ့ Wyndham Grand Hotel မှာ ပြုလုပ်မယ့် ဒီပွဲလေးမှာ Home Again Myanmar ရဲ့ founder တစ်ယောက်ဖြစ်တဲ့ ကိုအာကာ က panelist တစ်ယောက်အနေနဲ့ Home Again Myanmar ကို ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးပေးမှာဖြစ်ပါတယ်…

7.7 magnitude ငလျင်ကြီးအပြီး ၆ လကျော် ကာလအတွင်း အင်းလေးဒေသမှာ စဖြစ်ဖြစ် ချင်းတုန်းက immediate needs အတွက် food & supply တွေ ကူညီပေးခဲ့တာတွေ၊ နောက်ပိုင်း ဝါးအိမ်လေေးတွ အလုံး ၃၀၀ ကျော် ပြန်ဆောက်ပေးဖြစ်တဲ့ experience တွေကို sharing လုပ်ရင်း ရှေ့ဆက် disaster regions တွေက victims တွေကို ဘယ်လိုထပ်ပြီး ကူပေးနိုင်မလဲဆိုတဲ့ future plans တွေကိုပါ discuss လုပ်သွားမှာဖြစ်ပါတယ်…

ဒီနေ့လေး လမ်းကြုံရင် အားရင် မနက် ၈:၃၀ ကနေ ညနေ ၅:၀၀ ထိ Wyndham Grand Hotel ကို လာ join နိုင်ပါတယ်နော်…

Home Again Myanmar ရဲ့ founders တွေဖြစ်ကြတဲ့ မဝတ်ရည်ရော ကိုအာကာရော ရှိကြပါမယ်ရှင်…

🌾 Food Systems Forum 2025 တက်ရောက်နိုင်ရန် Registration အား စတင်ဖွင့်လှစ်လိုက်ပါပြီ။



ရက်စွဲ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် (မနက် ၈:၃၀ မှ ညနေ ၅:၀၀ နာရီအထိ)

နေရာ - Wyndham Grand ဟိုတယ်၊ ရန်ကုန်မြို့။

Food Systems Forum 2025 သို့တက်ရောက်နိုင်ရန် Registration အားစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်!

ဤ Forum တွင် အစားအစာဘေးကင်းရေး၊ အာဟာရပြည့်ဝရေးနှင့် ရာသီဥတုဒဏ်ကြံ့ကြံခံနိုင်သော စားနပ်ရိက္ခာစနစ်များအကြောင်း တစ်နေ့တာ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လေ့လာသင်ယူခြင်းများအတွက် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ အစားအစာ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ နှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ ယခုနှစ် Forum ၏ ဆောင်ပုဒ်ဖြစ်သော “Building Resilience for Uncertainties” အခင်းအကျင်းအောက်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မည်ဖြစ်ပါတယ်။

ပြည်တွင်း နှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူ ခေါင်းဆောင်များ၊ သုတေသန ပညာရှင်များ၊ တီထွင်ဖန်တီးသူများ အားလုံးပါဝင်ဆွေးနွေးကြမည့် ဤဆွေးနွေးပွဲတွင် နေရာအကန့်အသတ် ရှိပါသဖြင့် စောလျှင်စွာ စာရင်းပေးသွင်းကြပါရန် တိုက်တွန်းအပ်ပါတယ်။

👉 စာရင်းပေးသွင်းရန် https://www.foodsystemsforum.com/ သို့သွားရောက်၍ "Register" ခလုတ်ကို နှိပ်၍ စာရင်းသွင်းနိုင်ပါသည်။

စာရင်းသွင်းပြီးနောက် တစ်ပတ်အတွင်း အတည်ပြုအီးမေးလ် ပေးပို့ပါမည်။

ဆွေးနွေးပွဲ၏ အစီအစဉ်များ၊ ပြောကြားမည့်ပညာရှင်များ၊ ပြခန်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နောက်ဆုံးရသတင်းများကို လေ့လာရန် ဝက်ဘ်ဆိုက်ကို ပုံမှန် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

🌾 Food Systems Forum 2025 – Registration Now Open!

Date: October 22, 2025 | Venue: Wyndham Grand Hotel, Yangon

The Food Systems Forum 2025 is now open for registration!

Join Myanmar’s leading voices from business, development, and civil society for a full day of dialogue, collaboration, and learning on food safety, nutrition, and climate resilience.

This year’s theme, “Building Resilience for Uncertainties,” calls on all stakeholders to come together and co-create solutions for safer, inclusive and more resilient food systems.

Spaces are limited — secure your seat today and be part of this year’s most important conversation on Myanmar’s food future.

👉 Register now via the “Register” button on https://www.foodsystemsforum.com/

A confirmation email will be sent within one week after registration.

Visit the website to explore the forum tracks, agenda, pavilions, partners, and updates.

အင်းလေးထဲမှာ Home Again Myanmar ကပြန်လည်ဆောက်လုပ်လှူဒါန်းပေးတဲ့အိမ်တွေက ရွာအလိုက် အမိုးအရောင်တွေနဲ့ခွဲထားတာပါ…ကြာတော - အ...
01/10/2025

အင်းလေးထဲမှာ Home Again Myanmar ကပြန်လည်ဆောက်လုပ်လှူဒါန်းပေးတဲ့အိမ်တွေက ရွာအလိုက် အမိုးအရောင်တွေနဲ့ခွဲထားတာပါ…

ကြာတော - အစိမ်း.. (၁၅၀ အိမ်)
ကေလာ - အနီ + အစိမ်း.. (၁၀၁ အိမ်)
မန်ကျည်းဆိပ် - အစိမ်း.. (၃၀ အိမ်)
ရွားကြီးမြောက် - အစိမ်း… (၅ အိမ်)

အခုလယ်သစ်ဆိုတဲ့ရွာအတွက်တော့ အမိုးအပြာလေးကိုရွေးချယ်ထားပါတယ်..

လက်ရှိ အိမ်ပေါင်း (၃၄) အိမ် ပြန်လည်ဆောက်လုပ်ပြီးပြီဖြစ်လို့ လယ်သစ်ရွာထဲရောက်ရင် အမိုးပြာနဲ့အိမ်လေးတွေတော်တော်များများကို တွေ့ရမှာပါ…
လွန်ခဲ့တဲ့ ၆လက အပျက်အစီးတွေကနေ အခုတော့ လှပတဲ့ရွာလေးပြန်ဖြစ်နေပါပြီ..

နောက်ထပ် အသစ်ထပ်ဆောက်လှူပေးမယ့် အိမ်အလုံး (၅၀) ကျော်အတွက် ရွာကြီး(မြောက်)ရွာ၊ လယ်သစ် (အထက်)ရွာ၊ ကြာတောရွာ၊ ကေလာရွာတွေက အ...
11/09/2025

နောက်ထပ် အသစ်ထပ်ဆောက်လှူပေးမယ့် အိမ်အလုံး (၅၀) ကျော်အတွက် ရွာကြီး(မြောက်)ရွာ၊ လယ်သစ် (အထက်)ရွာ၊ ကြာတောရွာ၊ ကေလာရွာတွေက အိမ်ရှင်တွေနဲ့တွေ့ပြီး လိုအပ်တဲ့အိမ်ဆောက်ပစ္စည်းတွေ ဝယ်ပေးဖြစ်ပါတယ်…
ရေလည်းတက်စပြုနေပြီမို့ အိမ်ကို ရေဒဏ်၊ လေဒဏ်၊ ငလျင်ဒဏ်စတာတွေကို တတ်နိုင်သလောက် ကြံ့ခိုင်မှုရှိအောင်ဆောက်ဖို့ လက်သမားတွေကိုလည်း မှာစရာရှိတာတွေမှာရင်း ရွာသူ၊ ရွာသားတွေကိုလည်း အားပေးစကားတွေလည်း ပြောဖြစ်ခဲ့ပါတယ်…

အိမ်အလှူရှင်ဖြစ်လိုသူများ လှူလို့ရပါသေးတယ်ရှင်…
အိမ်တစ်လုံးစာမဟုတ်လည်း ကြိုက်နှစ်သက်ရာ ပမာဏလှူလို့ရပါတယ်…
တစ်လုံးစာပြည့်တိုင်း (၇) ရက်သား၊ သမီးများအလှူဆိုပြီး အိမ်တွေဆောက်ပေးပါတယ်ရှင်…

Site Check Days….ဆောက်လှူပြီးတဲ့ အိမ်တွေအားလုံးကို တစ်အိမ်တက်ဆင်း သေချာ ကြံ့ခိုင်မှုကို စစ်ဆေးပေးပါတယ်….ကလောမှာ အလုပ်ရှိ...
01/09/2025

Site Check Days….

ဆောက်လှူပြီးတဲ့ အိမ်တွေအားလုံးကို တစ်အိမ်တက်ဆင်း သေချာ ကြံ့ခိုင်မှုကို စစ်ဆေးပေးပါတယ်….
ကလောမှာ အလုပ်ရှိတော့ အင်းထဲကို ကျွန်မတို့ရဲ့ ဝန်ထမ်းတွေ အမြဲသွားပြီး ကြည့်ပေး စီစဉ်ပေးနိုင်တာကြောင့် အားကိုးရတဲ့ staff တွေကိုလည်း တကယ်ကိုကျေးဇူးတင်ရပါတယ်…
ငလျင်အပြီး စစချင်းတုန်းကတော့ ကျွန်မတို့ကပဲ နိုင်သလောက် (၂၀) အိမ်လောက်ပဲ လှူမယ်လို့ စလိုက်ရင်းက မိတ်ဆွေတွေရဲ့ ပူးပေါင်းအလှူတွေကြောင့် ခုဆိုရင် အိမ်ပေါင်း (၃၂၅) အိမ်ဖြစ်သွားပါပြီ….
အိမ်အလှူရှင်ဖြစ်လိုသူများ လှူလို့ရပါသေးတယ်ရှင်…
အိမ်တစ်လုံးစာမဟုတ်လည်း ကြိုက်နှစ်သက်ရာ ပမာဏလှူလို့ရပါတယ်…
တစ်လုံးစာပြည့်တိုင်း (၇) ရက်သား၊ သမီးများအလှူဆိုပြီး အိမ်တွေဆောက်ပေးပါတယ်ရှင်…

ငလျင်စဖြစ်ထဲက အင်းထဲမှာ အိမ်တွေဆောက်ပြီး လှူပေးနေတာ အခုဆိုရင် အိမ်အလုံး (၃၀၀) ကျော်သွားပါပြီ…ဒီအိမ်လေးက House No (325) ပ...
28/08/2025

ငလျင်စဖြစ်ထဲက အင်းထဲမှာ အိမ်တွေဆောက်ပြီး လှူပေးနေတာ အခုဆိုရင် အိမ်အလုံး (၃၀၀) ကျော်သွားပါပြီ…
ဒီအိမ်လေးက House No (325) ပေါ့….
7.7 magnitude ငလျင်ကြောင့် အင်းထဲမှာ အိမ်ပေါင်း (၂၀၀၀) ကျော်ပြိုကျပျက်စီးခဲ့ရပါတယ်…
အိမ်အလှူရှင်ဖြစ်လိုသူများ Page Messenger မှာ လှူလို့ရပါသေးတယ်ရှင်…
အိမ်တစ်လုံးစာမဟုတ်လည်း ကြိုက်နှစ်သက်ရာ ပမာဏလှူလို့ရပါတယ်…
တစ်လုံးစာပြည့်တိုင်း (၇) ရက်သား၊ သမီးများအလှူဆိုပြီး အိမ်တွေဆောက်ပေးပါတယ်ရှင်…

Home Again Myanmar ကိုလှူထားကြတဲ့ အလှူရှင်များရဲ့ အကူအညီနဲ့ တည်ဆောက်ထားတဲ့ အင်းလေး၊ ကြာတောရွာ စာသင်ကျောင်းရဲ့ ပြီးစီးမှု...
19/08/2025

Home Again Myanmar ကိုလှူထားကြတဲ့ အလှူရှင်များရဲ့ အကူအညီနဲ့ တည်ဆောက်ထားတဲ့ အင်းလေး၊ ကြာတောရွာ စာသင်ကျောင်းရဲ့ ပြီးစီးမှု အခြေအနေတွေပါ….

ပေ ၉၀x၃၀ စာသင်ဆောင်အတွက် မတည် အလှူငွေ - ၁၅၀ သိန်း
ဆရာ၊ ဆရာမများ နေအိမ်အဆောင် ၃ ဆောင် (အပြီးအစီးဆောက်လုပ်ပေးခြင်း) - ၂၁၀ သိန်း
ရေသန့်စက်+ဆိုလာ 6K - ၂၅၀ သိန်း

စုစုပေါင်း ငွေကျပ် ၆၁၀ သိန်း နှင့် ဆိုလာမီးသီးများ၊ ဆိုလာပန်ကာများ၊ စာရေးကရိယာ၊ အသုံးအဆောင်၊ မိုးကာ၊ အဝတ်အစား၊ အဟာရမုန့်စတဲ့ ပစ္စည်းများကို လှူဒါန်းထားပြီးဖြစ်ပါတယ်…

Home Again Myanmar ကိုလှူထားကြတဲ့ အလှူရှင်များရဲ့ စုပေါင်းအလှူဖြစ်ပါတယ်ရှင်…

Four months ago, this school was flattened to rubble by the earthquake. Today, thanks to the work of Home Again Myanmar team and Donors around the world, it is alive again with rebuilt classrooms, safe homes for teachers, solar lights, 130 new houses and clean water for the whole village.
Our organization was born with the mission of rebuilding houses across Myanmar, but today we are reminded that it’s more than just houses. Rebuilding this school has been a passion project for us as founders, Arkar and Olivia, it is a joy to see children smiling, dancing, and learning once more.

This is only the beginning.

One year after the earthquake, this is what we dream of.Four months after the earthquake, this is what we’ve achieved to...
11/08/2025

One year after the earthquake, this is what we dream of.
Four months after the earthquake, this is what we’ve achieved together.
From vision to reality, every yellow bamboo wall and every green roof stands as proof of what compassion can build.
We are not done yet but step by step, home by home, we are getting closer to the dream. Thank you for walking with us.

28/07/2025

မနှစ်က အတွေ့အကြုံတွေနဲ့ ကြိုတင်ပြင်ဆင်ထားကြလို့ အသက်ဆုံးရှုံးတဲ့အထိ မဖြစ်ဖို့ မျှော်လင့်ရပါတယ်..

ကလောမြို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ချောင်းရေမြှင့်တက် ကယ်ဆယ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားမှရမယ်
28/07/2025

ကလောမြို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ချောင်းရေမြှင့်တက်
ကယ်ဆယ်ရေးအတွက်ကြိုတင်ပြင်ဆင်ထားမှရမယ်

အိမ်ပေါင်း၃၀၀ ဆီသို့….ဒီနေ့ 26.7.2025 အင်းလေး၊ ကေလာရွာ အခြေအနေပါ….ကျွန်တော်တို့ home again team ကနေပြန်ဆောက်ပေးနေတာ ကေလာ...
26/07/2025

အိမ်ပေါင်း၃၀၀ ဆီသို့….

ဒီနေ့ 26.7.2025 အင်းလေး၊ ကေလာရွာ အခြေအနေပါ….
ကျွန်တော်တို့ home again team ကနေပြန်ဆောက်ပေးနေတာ ကေလာ တစ်ရွာထဲတင် အိမ် ၁၀၀ ပြည့်ပါတော့မယ်..
အင်းတစ်ခုလုံးဆိုရင်တော့ ၂၅၀ ကျော်ပါပြီ…
နောက်လထဲမှာ ၃၀၀ ပြည့်ပါမယ်..
ငလျင်ကြီးအပြီး ၄ လနီးပါးအကြာမှာ အစိတ်စိတ်အမွှာမွှာပျက်စီးသွားတဲ့ အိမ်တွေ.. ကျိုးကြေသွားတဲ့ စိတ်ဓါတ်တွေဟာ တစတစနဲ့တော့ ဖြည်းဖြည်းချင်း အသစ်တစ်ဖန်ပြန်လည် အသက်ဝင်လာနေပါပြီ….
အိမ် ၃၀၀ တောင် ပြန်ဆောက်ပေးပြီးပြီဆိုတော့ လုံလောက်သွားပြီလား... အကူညီတွေမလိုတော့ဘူးလား… ဆိုရင်တော့ အရာရာအစကနေပြန်စရတဲ့သူတွေအဖို့ သိပ်ခက်ခဲပါတယ်…. အိမ်တွေလည်း လိုအပ်နေဆဲပါ…
အင်းလေးမှာ ငလျင်ကြောင့်စုစုပေါင်း အိမ်အရေအတွက် ၂၂၀၀ ကျော် ပြိုကျပျက်စီးခဲ့ရပါတယ်…..

Home Again Myanmar က ဆောက်လုပ်ပြီးစီးခဲ့တဲ့ အိမ်ပေါင်း ၂၀၀ ကျော်ရဲ့ အလှူရှင်အမည် vinyl တွေ ဒီရက်ပိုင်းမှာ အင်းထဲရွာစုံ တ...
18/07/2025

Home Again Myanmar က ဆောက်လုပ်ပြီးစီးခဲ့တဲ့ အိမ်ပေါင်း ၂၀၀ ကျော်ရဲ့ အလှူရှင်အမည် vinyl တွေ ဒီရက်ပိုင်းမှာ အင်းထဲရွာစုံ တောက်လျှောက်လိုက်ကပ်ပြီး မှတ်တမ်းဓါတ်ပုံတွေယူနေကြပါတယ်…
အားလုံးကပ်ပြီးရင် တစ်အိမ်ချင်းဆီရဲ့ အလှူရှင်အမည်၊ အိမ်ရှင်အမည်နဲ့ ပုံတွေကို ဖြည်းဖြည်းချင်းဆီ တင်ပေးပါမယ်..

7.7 magnitude ငလျင်လှုပ်ခဲ့တဲ့ 28.3.2025 ထဲက ဒီနေ့ထိ team ကတစ်ရက်မှ မနားဘဲ အင်းထဲမှာ ကူပေးနေဆဲပါ…
အိမ်သစ်တွေလည်း အလှူရှင်ရှိရင်ရှိသလို ဆက်လက်ဆောက်ပေးနေဆဲပါ…
အိမ်လှူဒါန်းချင်သူများလည်း လှူလို့ရပါသေးတယ်..
ငလျင်ကြောင့် အင်းထဲမှာအိမ်ပေါင်း ၂၀၀၀ ကျော်ပြိုပျက်ခဲ့တာမို့ အလှူရှင်များလိုအပ်နေဆဲ ဖြစ်ပါတယ်…

အားလုံးကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာ လိုရာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ…

“Let’s bring back our INLE together”

ငလျင်ဒဏ်ကြောင့်ပြိုပျက်သွားတဲ့ အင်းလေး ကြာတောရွာက စာသင်ကျောင်းလေးကို အနယ်နယ်အရပ်ရပ်က အလှူရှင်များအကူအညီနဲ့ ပြန်လည်တည်ဆော...
12/07/2025

ငလျင်ဒဏ်ကြောင့်ပြိုပျက်သွားတဲ့ အင်းလေး ကြာတောရွာက စာသင်ကျောင်းလေးကို အနယ်နယ်အရပ်ရပ်က အလှူရှင်များအကူအညီနဲ့ ပြန်လည်တည်ဆောက်နေတာ အခုဆိုတော်တော်လေးရုပ်လုံးပေါ်လာပါပြီ.. 🙏

Address

No68 Pite Lone Street
Yangon
11201

Alerts

Be the first to know and let us send you an email when Home Again Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share