Prevent HIV

Prevent HIV HIV, ART, PEP, PrEP, Counselling...
(1)

PEP ဆေးနှင့် အိပ်ချ်အိုင်ဗွီပိုး၊အိပ်ချ်အိုင်ဗွီပိုး အရေးပေါ်ကာကွယ်ဆေးဖြစ်ပြီးအကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးပေပစ္စည်းမ...
26/08/2026

PEP ဆေးနှင့် အိပ်ချ်အိုင်ဗွီပိုး၊

အိပ်ချ်အိုင်ဗွီပိုး အရေးပေါ်ကာကွယ်ဆေးဖြစ်ပြီး
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးပေပစ္စည်း
များမျှဝေသုံးစွဲရာမှ ထိရှမိခြင်း၊ စသောအခြေအနေ
များတွင် တဖက်လူထံမှ အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုကို
အရေးပေါ်ကာကွယ်ရန်အတွက် အသုံးပြုပါတယ်၊

မတူတဲ့ဆေး အနည်းဆုံး (၃) မျိုးပေါင်းစပ်ပါဝင်ပြီး
ထိရောက်မှုအာနိသင်ကောင်းတဲ့ အေအာတီဆေးဝါး
အမျိုးအစားတွေကို အဓိကထား ရွေးချယ်ပါတယ်၊

အိပ်ချ်အိုင်ဗွီပိုးရဲ့ မျိုးပွားမှုကို တားဆီးတဲ့နေရာမှာ
ဆေးဝါး (၃) မျိုးပေါင်းစပ်ထားခြင်းကြောင့် စိတ်ချ
ရတဲ့အထိ ကာကွယ်မှုရနိုင်ပါတယ်၊

အရေးအကြီးဆုံးအနေနဲ့ ထိတွေ့မှုဖြစ်ပြီး (၇၂)နာရီ
အတွင်း စတင် သောက်ရမှာဖြစ်ပြီး (၂၈) ရက်ကြာ
နေ့စဥ်အချိန်မှန်မှန် မပျက်မကွက် သောက်ရပါတယ်၊

ဆေးသောက်နေစဥ်အချိန်မှာ ထူးခြားမှုတွေဖြစ်လာ
ရင် ဆေးရယူရာနေရာမှာ ပြန်လည်ပြောပြပြီး လိုအပ်
တဲ့ လမ်းညွှန်မှုတွေ ရယူရပါမယ်၊

အစိုးရဆေးရုံ၊ NGO ဆေးခန်းတွေမှာ ဆွေးနွေးလို့ရ
ပေမယ့် ဆေးဝါးအခမဲ့ ပေးတာမျိုးမရှိတာကြောင့်
လိုအပ်ရင် ဝယ်ယူသောက်သုံးရပါတယ်၊

(၂၈) ရက်ကြာ အချိန်မှန်မှန်သောက်ရတဲ့ဆေးဖြစ်လို့
ကိုယ်တိုင် သတိထားပြီး ဆေးမပျက်အောင်သောက်
မှသာ ဆေးရဲ့အာနိသင်အပြည့်အဝ ရနိုင်ပါတယ်၊

ဆေးသောက်နေစဥ်ကာလမှာ ထပ်မံအကာအကွယ်မဲ့
လိင်ဆက်ဆံတာမျိုး မပြုလုပ်သင့်ပါ၊ အကာအကွယ်
စနစ်တကျသုံးပြီး ဆက်ဆံလို့ရပါတယ်၊

ထိတွေ့မှုဖြစ်ပြီး ဆေးသောက်နေစဥ်ကာလမှာ မိမိရဲ့
ဇနီး၊ ခင်ပွန်းစတဲ့ ပုံမှန်လိင်ဆက်ဆံဖော်တွေထံ ထပ်မံ
ကူးစက် သွားတာမျိုးမရှိအောင် ကာကွယ်ရပါမယ်၊
(သတိမထားမိလိုက်ပဲ ဖြစ်သွားခဲ့ရင် သူတို့ကိုလည်း
PEP ဆေးတိုက်ပြီး ကာကွယ်သင့်ပါတယ်၊)

Prevent HIV မှာမေးမြန်းဆွေးနွေးလို့ရပါတယ်၊
လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ယူလို့ရပါတယ်၊

Hotline ☎ 09775292602



PEP (Post Exposure Prophylaxis) ဆေးဘာကြောင့် (၂၈)ရက်သောက်ရတာလဲ?အိပ်ချ်အိုင်ဗွီပိုးရှိနိုင်တယ်လို့ သံသယရှိသူ၊အကြောင်းမသိတ...
25/08/2026

PEP (Post Exposure Prophylaxis) ဆေး
ဘာကြောင့် (၂၈)ရက်သောက်ရတာလဲ?

အိပ်ချ်အိုင်ဗွီပိုးရှိနိုင်တယ်လို့ သံသယရှိသူ၊
အကြောင်းမသိတဲ့သူတွေနဲ့ အကာအကွယ်မဲ့
လိင်ဆက်ဆံပြီးချိန်မှာ (၇၂) နာရီအတွင်း
PEP ဆေးသောက်ပြီး ကာကွယ်ကြတဲ့အခါ
(၂၈) ရက်အပြည့်အဝ သောက်ရပါတယ်၊

ကူးစက်ဝင်ရောက်လာတဲ့ အိပ်ချ်အိုင်ဗွီပိုး
တွေ ခန္ဓာကိုယ်ထဲမှာ လုံးဝမကျန်တော့တဲ့
အထိ (တနည်းအားဖြင့်) ခိုအောင်းမျိုးပွား
မရနိုင်တဲ့အထိ PEP ဆေးကို အတိအကျ
ရက်ပြည့်အောင် သောက်ရပါတယ်၊

WHO Guidelines အရလည်း (၂၈)ရက်
ပြည့်အောင် သောက်မှ စိတ်ချရတာဖြစ်
ပြီး လေ့လာမှုတွေအရလည်း PEP ဆေး
သောက်နေစဥ်မှာ လိင်ဆက်ဆံမှုထပ်ဖြစ်
ပြီး ဆေးကိုရက်တိုးမသောက်လို့ ကူးစက်
ခဲ့တာတွေ ရှိခဲ့ပါတယ်၊

ယနေ့အချိန်အထိလည်း PEP ဆေးသောက်
ပြီး ကာကွယ်မှုယူမယ်ဆိုရင် (၂၈)ရက်ပြည့်
မှ ကာကွယ်မှုရနိုင်ပါတယ်၊ ပေးထားတဲ့ဆေး
မတည့်ရင် ဘေးထွက်ဆိုးကျိုးများရင် အခြား
ဆေးတွေပြောင်းပေးပြီး (၂၈) ရက်ပြည့်အောင်
သောက်ရပါတယ်၊

PEP ဆေးသောက်ပြီး ကူးစက်သွားတယ်ဆို
တာ သောက်တဲ့ဆေးရဲ့ အာနိသင်မကောင်း
တာ၊ ဆေးမှန်မှန်မသောက်တာ၊ ဆောင်ရန်
ရှောင်ရန်တွေ မသိတာ၊ မလိုက်နာတာတွေ
ကြောင့် ဖြစ်ပါတယ်၊

ဒါကြောင့် PEP ဆေး သောက်မယ်ဆိုရင်
ဆေးရယူရာ နေရာက PEP အကြောင်းကို
ဘယ်လောက် ရှင်းပြနိုင်လဲ၊ ဆေးသောက်
နေစဥ်ကာလမှာ ထူးခြားမှုတွေဖြစ်လာရင်
ဘယ်လို ဖြေရှင်းပေးလဲ၊ ဆေးကုန်ပြီးရင်
သွေးစစ်ဖို့အထိ ဆွေးနွေးပေးလား စတဲ့
အချက်တွေပေါ်မူတည်ပြီး ဆေးဝယ်ယူ
သင့်ပါတယ်၊

တနေရာမှာ ဆေးဝယ်ပြီး အခြားနေရာမှာ
လိုက်မေးနေရတယ်ဆိုတာ မဖြစ်သင့်ပါ၊
ဝယ်တဲ့နေရာမှာပဲ သွေးစစ်တဲ့အချိန်အထိ
မေးမြန်းဆွေးနွေးကြပါလို့ အကြံပြုပါတယ်၊

Hotline ☎ 09775292602


PEP (Post Exposure Prophylaxis)ဆေး ဘယ်လိုသောက်မလဲ?အိပ်ချ်အိုင်ဗွီပိုး ရှိနိုင်တယ်လို့ သံသယရှိသူ၊အကြောင်းသေချာမသိသူနဲ့ အက...
23/08/2026

PEP (Post Exposure Prophylaxis)
ဆေး ဘယ်လိုသောက်မလဲ?

အိပ်ချ်အိုင်ဗွီပိုး ရှိနိုင်တယ်လို့ သံသယရှိသူ၊
အကြောင်းသေချာမသိသူနဲ့ အကာအကွယ်မဲ့
လိင်ဆက်ဆံပြီးချိန်မှ (၇၂) နာရီအတွင်းစတင်
သောက်ရပါမယ်၊

ကူးစက်ဝင်ရောက်လာတဲ့ အိပ်ချ်အိုင်ဗွီပိုးကို
မျိုးပွားလို့မရအောင် တားဆီးပေးနိုင်တဲ့ဆေး
PEP ကို (၂၈)ရက်ကြာ နေ့စဥ်အချိန်တစ်ချိန်
သတ်မှတ်ပြီး မှန်မှန်သောက်ရပါမယ်၊

(၂၈) ရက်ကြာ အချိန်မှန်မှန်သောက်မှသာ
အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုကို စိတ်ချရတဲ့
အထိ တားဆီး ကာကွယ်နိုင်ပါတယ်၊

PEP ဆေးသောက်နေစဥ်ကာလမှာ ထပ်မံပြီး
လိင်ဆက်ဆံတာရှိရင် အကာအကွယ်သုံးရ
ပါမယ်၊ မိမိရဲ့ ပုံမှန် လိင်ဆက်ဆံဖော်ထံကို
ကူးစက်မသွားအောင်ကာကွယ်ရပါမယ်၊

အကာအကွယ်သုံးပေမယ့် ပေါက်ပြဲသွားရင်
လိင်ဆက်ဆံဖော်လည်း PEP ဆေးသောက်ရ
ပါမယ်၊ ဒါမှမဟုတ် အကြောင်းမသိတဲ့သူနဲ့ပဲ
လိင်ဆက်ဆံမိတယ်ဆိုရင်တော့ PEP ဆေးကို
ရက်တိုးသောက်ရပါမယ်၊

ဆေးကုန်ပြီး (၂) ပါတ်အရမှာ သွေးစစ်ကြည့်ရ
ပါမယ်၊ ဓာတ်ခွဲခန်းမှာပဲ စစ်ဆေးသင့်ပါတယ်၊
ရတဲ့အဖြေက (၈၀) ရာခိုင်နှုန်း စိတ်ချရပါတယ်၊

PEP ဆေးကို စတင်သောက်ကတည်းက မှန်ကန်
တဲ့ ဆေးတွဲဖြစ်မယ်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို
သေချာ လိုက်နာမယ်ဆိုရင် အိပ်ချ်အိုင်ဗွီပိုး လုံးဝ
မကူးစက်အောင် ရာနှုန်းပြည့် ကာကွယ်နိုင်ပါတယ်၊

Hotline 09775292602



အေအာတီဆေး ထိုးဆေးနဲ့ သောက်ဆေးဘယ်ဟာပိုကောင်းလဲ?အများမျှော်လင့်နေကြတဲ့ အေအာတီထိုးဆေးတွေထွက်လာနေပါပြီ၊ တစ်လ ထိုးဆေး၊ နှစ်လ ...
20/08/2026

အေအာတီဆေး ထိုးဆေးနဲ့ သောက်ဆေး
ဘယ်ဟာပိုကောင်းလဲ?

အများမျှော်လင့်နေကြတဲ့ အေအာတီထိုးဆေးတွေ
ထွက်လာနေပါပြီ၊ တစ်လ ထိုးဆေး၊ နှစ်လ ထိုးဆေး
စသဖြင့် ပေါ်လာနေပြီလို့သိရပါတယ်၊ မြန်မာနိုင်ငံမှာ
တော့မရနိုင်သေးပါ၊

ထိုးဆေးတွေက နေ့စဥ်ဆေးသောက်စရာမလိုတာ၊
ဆေးမေ့မှာ ဆေးမမှန်မှာ၊ ကိုယ့်ဆေးဗူးကိုသူများ
တွေ့မှာတွေ မရှိတော့တဲ့ ကောင်းကျိုးတွေရှိပေမယ့်
ဆေးထိုးရမယ့်ရက်ကို အတိအကျထိုးရမှာ၊ ဆေး
အပိုပေးလို့မရတာ၊ ဆေးကို သိမ်းဆည်းထားရမယ့်
နည်းလမ်းတွေက သေချာဂရုစိုက်ရမှာ၊ နယ်ပေါင်းစုံ
ကို ဖြန့်ဖြူးပို့ပေးဖို့ အခက်အခဲရှိမှာ စတဲ့ အားနည်း
ချက်တွေလည်း ရှိနိုင်ပါတယ်၊

သောက်ဆေးအနေနဲ့က ဆေးအပိုရရှိနိုင်တာ၊ ဆေး
သောက်မေ့ရင်လည်း သတိရတာနဲ့ပြန်သောက်နိုင်
တာ၊ ကိုယ်နဲ့မကွာဆောင်ထားနိုင်တာ၊ လိုအပ်ရင်
အချိန်မရွေး ဝယ်လို့ရနိုင်တာ စတဲ့ ကောင်းကျိုး
တွေရှိသလို ကိုယ်ဆေးသောက်နေတာ သူများ
မြင်သွားမှာ၊ ကိုယ့်ဆေးဗူးကိုတွေ့လို့မေးရင်ဖြေ
ရခက်တာ စတဲ့ အားနည်းချက်တွေရှိနိုင်ပါတယ်၊

ထိုးဆေးဆိုတာက တစ်လခံ၊ နှစ်လခံဖြစ်လို့
ဘေးထွက်ဆိုးကျိုးဖြစ်လာရင် ဆေးပမာဏ
များများရဲ့ ဒဏ်ကို ခံရနိုင်ပါတယ်၊

သောက်ဆေးမှာတော့ တစ်နေ့တစ်ကြိမ်သောက်
ရတာကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်လည်း ဆေး
ရဲ့ ပမာဏ နည်းနိုင်ပါတယ်၊

အေအာတီထိုးဆေးရော သောက်ဆေးပါ ပျောက်တဲ့
ဆေးမဟုတ်ပါဘူး၊ ပိုးထိန်းဆေးတွေပဲ ဖြစ်ပါတယ်၊
ပုံမှန်ထိုးနေ သောက်နေမှ အိပ်ချ်အိုင်ဗွီပိုးကို ထိန်းထား
နိုင်မှာပါ၊ ဆေးမှန်နေဖို့က အရေးကြီးပါတယ်၊

Hotline ☎ 09775292602



အေအာတီဆေး သောက်နေပြီးကိုယ်ခံအား (CD4) count မတက်သူများအတွက် အကောင်းဆုံးအားဆေး၊Immunor (Zifam) အားဆေးက အလုပ်ပင်ပန်းလို့ဖြ...
17/08/2026

အေအာတီဆေး သောက်နေပြီးကိုယ်ခံအား (CD4)
count မတက်သူများအတွက် အကောင်းဆုံးအားဆေး၊

Immunor (Zifam) အားဆေးက အလုပ်ပင်ပန်းလို့
ဖြစ်စေ၊ စိတ်ဖိစီးမှုများလို့ဖြစ်စေ ကိုယ်ခံအားစနစ်တက်
မလာသူများမှာ အထူးသင့်တော်ပါတယ်၊

အိပ်ချ်အိုင်ဗွီကုသတဲ့ သမားတော်ကြီးများ ကိုယ်တိုင်
လမ်းညွှန်မှုပေးတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်၊

အေအာတီဆေးမှန်မှန်သောက်တယ်၊ ဆေးမပျက်ဘူး၊
ဒါပေမယ့် ကိုယ်ခံအားစနစ် တန့်နေတယ်၊ မတက်ဘူး၊
ကျဆင်းသွားတယ် ဆိုတဲ့ အခြေအနေတွေမှာ သောက်
သုံးသင့်တဲ့ အားဆေးဖြစ်ပါတယ်၊

Hotline ☎ 09775292602



PEP ဆေးနှင့် လိင်ဆက်ဆံခြင်း၊အိပ်ချ်အိုင်ဗွီပိုး အရေးပေါ်ကာကွယ်ရန်အတွက်PEP ဆေး (၂၈) ရက်သောက်ကာကွယ်တဲ့အခါထပ်မံလိင်ဆက်ဆံရင်...
10/08/2026

PEP ဆေးနှင့် လိင်ဆက်ဆံခြင်း၊

အိပ်ချ်အိုင်ဗွီပိုး အရေးပေါ်ကာကွယ်ရန်အတွက်
PEP ဆေး (၂၈) ရက်သောက်ကာကွယ်တဲ့အခါ
ထပ်မံလိင်ဆက်ဆံရင် ဆောင်ရွက်ရမယ့်အရာ
တွေရှိပါတယ်၊

မိမိရဲ့ ဇနီး၊ခင်ပွန်း၊ချစ်သူ တို့လို ပုံမှန်ဆက်ဆံ
မှုရှိနေတဲ့သူတွေနဲ့ဆိုရင် ကွန်ဒုံးစနစ်တကျသုံး
ရပါမယ်၊ တကယ်လို့ ကွန်ဒုံး မသုံးမိလိုက်ရင်
သူတို့အတွက်လည်း PEP သောက်ဖို့ လိုအပ်
ပါလိမ့်မယ်၊

ပြင်ပက မသိတဲ့သူတွေနဲ့ လိင်ဆက်ဆံမှုရှိရင်
ဆက်ဆံတဲ့ရက်မှာ PEP သောက်နေတဲ့ရက်ကို
တွက်ပြီး တကယ်လို့ (၇) ရက်အရမှာဖြစ်ရင်
နောက်ထပ် (၇) ရက်တိုး သောက်ရပါမယ်၊
(၁၀) ရက်အရမှာ ဖြစ်ရင် (၁၀) ရက်တိုးပြီး
သောက်ရပါမယ်၊

PEP သောက်နေတဲ့ ကာလဖြစ်လို့ PrEP လို
ကာကွယ်မှု အာနိသင် ရနေတယ်လို့ ပြောလို့
မရပါဘူး၊

PEP ဆေးရဲ့ အာနိသင်အပြည့်အဝရဖို့ဆိုရင်
(၂၈) ရက်အပြည့် သောက်ရပါတယ်၊

PEP ဆေးသောက်နေရင်းနဲ့ အိပ်ချ်အိုင်ဗွီပိုး
ကူးစက်သွားကြတာဟာ ထပ်မံလိင်ဆက်ဆံ
မှုပြုလုပ်ပြီး ဆေးကို ရက်တိုးမသောက်တာ
ကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်၊

Hotline ☎️ 09775292602



ဘယ်ဆေးပဲသောက်သောက်အေအာတီဆေးနဲ့ အချိန်ခြားပါ၊အားဆေးပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာပဲဖြစ်ဖြစ်အေအာတီဆေးနဲ့ အနည်းဆုံး (၂ - ၃) နာရီအခ...
09/08/2026

ဘယ်ဆေးပဲသောက်သောက်
အေအာတီဆေးနဲ့ အချိန်ခြားပါ၊

အားဆေးပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာပဲဖြစ်ဖြစ်
အေအာတီဆေးနဲ့ အနည်းဆုံး (၂ - ၃) နာရီ
အချိန်ခြားသောက်တာ အကောင်းဆုံးပါ၊

ဆေးဝါးအခြင်းခြင်း ဓာတ်တုံ့ပြန်မှုမရှိဖို့နဲ့
ဆေးဝါးရဲ့အာနိသင်အပြည့်အဝ ရရှိစေရန်
အချိန်ခြားသောက်တာ ကောင်းပါတယ်၊

Hotline ☎ 09775292602



05/08/2026

ပါးစပ်နဲ့လိင်ဆက်ဆံရင် အိပ်ချ်အိုင်ဗွီပိုး
ကူးစက်မှုအန္တရာယ်ရှိလား?

ပါးစပ်နဲ့ လိင်ဆက်ဆံတာက အိပ်ချ်အိုင်ဗွီပိုး
ကူးစက်မှု အန္တရာယ် အနည်းဆုံးပါ၊

ကူးစက်နိုင်မှု မရှိသလောက်ဖြစ်ပါတယ်၊

ပါးစပ်တွင်း မိန်းမအင်္ဂါအရည်၊ သုတ်ရည်
တွေ ဝင်ရောက်ခြင်း၊ မျိုချခြင်းကလည်း
ကူးစက်နိုင်မှု အန္တရာယ်နည်းပါတယ်၊

ဘာကြောင့်လဲဆိုရင် ပါးစပ်တွင်းပေါက်ပြဲ
ဒဏ်ရာတွေ မရှိဘူး၊ သွေးထွက်နေတာတွေ
မရှိဘူးဆိုရင် လိင်အင်္ဂါအရည်တွေကတဆင့်
ဝင်ပေါက် မရှိပါဘူး၊ မျိုချလိုက်တဲ့ အရည်တွေ
က အစာအိမ်အတွင်း အက်ဆစ်ရည်တွေနဲ့တွေ့
တဲ့အခါ ပျက်စီးသွားပါတယ်၊

တကယ်လို့သာ ပါးစပ်တွင်းပေါက်ပြဲ ဒဏ်ရာ
တွေရှိနေတယ်၊ သွေးထွက်နေတယ်ဆိုရင်တော့
လိင်အင်္ဂါအရည်တွေ ဝင်ရောက်သွားနိုင်ပြီး ကူး
စက်နိုင်ချေရှိပါတယ်၊ ဒါပေမယ့် ခံတွင်းပေါက်ပြဲ
ပြီး သွေးတွေ ထွက်နေသူကလည်း ပါးစပ်နဲ့လိင်
ဆက်ဆံတာမျိုး လုပ်နိုင်မယ်မထင်ပါဘူး၊

အချုပ်အားဖြင့်ပြောရရင် ပါးစပ်နဲ့လိင်ဆက်ဆံ
ရာမှတဆင့် အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်ချေမရှိ
သလောက်နည်းပါတယ်၊

Hotline ☎ 09775292602



HIV, ART, PEP, PrEP, Counselling...

04/08/2026

PEP ဆေးအကြောင်း၊

အိပ်ချ်အိုင်ဗွီပိုး ကူးစက်နိုင်တဲ့ အပြုအမူ
ဖြစ်ပြီးချိန်မှ (၇၂) နာရီအတွင်း PEP ဆေး
သောက်ပြီး ကာကွယ်လို့ရပါတယ်၊

အေအာတီဆေးအမျိုးအစားထဲမှ ထိရောက်
မှုရှိပြီး၊ ဘေးထွက်ဆိုးကျိုးနည်းတဲ့ ဆေးတွဲ
ကို ရွေးချယ်သောက်သုံးသင့်ပါတယ်၊

PEP ဆေးသောက်သင့် / မသင့် ဆွေးနွေးမှု
အရင်ဆုံးပြုလုပ်ရပါမယ်၊

လိုအပ်လို့ ဆေးရယူမယ်ဆိုရင် ထိရောက်
မှန်ကန်တဲ့ ဆေးအမျိုးအစား ရရှိအောင်
ဆောင်ရွက်ပေးပါတယ်၊

Hotline ☎ 09775292602



HIV, ART, PEP, PrEP, Counselling...

03/08/2026

အေအာတီဆေးအကြောင်း၊

အိပ်ချ်အိုင်ဗွီပိုး ကုသတဲ့နေရာမှာ အသုံးပြု
သလို အိပ်ချ်အိုင်ဗွီပိုး မကူးအောင် ကာကွယ်
ပေးတဲ့ နေရာမှာလည်း ထိရောက်စွာ အသုံးပြု
ကြပါတယ်၊

အိပ်ချ်အိုင်ဗွီပိုး မျိုးပွားမှုကို တားဆီးထိန်းချုပ်
ပေးနိုင်တဲ့ ဆေးဝါးတွေကို အနည်းဆုံး (၃) မျိုး
အထိပေါင်းစပ်ပြီးအသုံးပြုရပါတယ်၊

အိပ်ချ်အိုင်ဗွီပိုး စတင်ကူးစက်နိုင်တဲ့ အချိန်
(၇၂) နာရီအတွင်း စတင်သောက်သုံးခြင်းဖြင့်
အိပ်ချ်အိုင်ဗွီပိုးတွေ မျိုးပွားမှုကို တားဆီးပေး
ပြီး ကူးစက်မှုကို ကာကွယ်ပေးနိုင်ပါတယ်၊
(PEP ဆေးဝါး ကာကွယ်မှုလို့ သိကြပါတယ်)

အိပ်ချ်အိုင်ဗွီပိုး ကူးစက်သွားပြီဆိုရင်တော့
နေ့စဥ် အချိန်မှန်မှန်သောက်ပြီး ကိုယ်ခံအား
စနစ်ကျဆင်းမသွားအောင်၊ အေအိုင်ဒီအက်စ်
ရောဂါအဆင့် ရောက်မသွားအောင် ကာကွယ်
ပေးနိုင်ပါတယ်၊
(ဆေးမှန်မှန်သောက်လို့ U=U အခြေအနေရလာ
ရင် လိင်ဆက်ဆံရာမှတဆင့် အိပ်ချ်အိုင်ဗွီပိုးထပ်
မံ မကူးစက်နိုင်အောင်လည်း ကာကွယ်ပေးပါတယ်)

အေအာတီဆေးကို PEP အနေနဲ့ အိပ်ချ်အိုင်ဗွီပိုး
ကာကွယ်မှုအတွက် သုံးရင်ပဲဖြစ်ဖြစ်၊ အေအာတီ
ဆေးအနေနဲ့ အိပ်ချ်အိုင်ဗွီပိုး ကုသမှုမှာသုံးရင်ပဲ
ဖြစ်ဖြစ်၊ အချိန်မှန်မှန်သောက်ပြီး ဆေးယဥ်ပါးမှု
မဖြစ်အောင် သတိထား အသုံးပြုရပါမယ်၊

PEP ဆေးအနေနဲ့ ကာကွယ်မှုကိုလည်း ဆေးရဲ့
အာနိသင်အပြည့်အဝရရှိအောင် (၂၈)ရက်အထိ
သောက်ရမှာဖြစ်ပြီး ကာကွယ်ဖို့လိုအပ်တဲ့ အချိန်
တိုင်းမှာ ရက်ပြည့်အောင် စနစ်တကျသောက်ပြီး
ထိရောက်စွာ ကာကွယ်လို့ရပါတယ်၊

Hotline ☎ 09775292602



HIV, ART, PEP, PrEP, Counselling...

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Prevent HIV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share