25/09/2026
ကူးစက်ဖို့ မလွယ်ပေမယ့်
ကာကွယ်ရမယ့် အိပ်ချ်အိုင်ဗွီပိုး၊
အိပ်ချ်အိုင်ဗွီပိုးရှိသူနဲ့ အတူနေထိုင်
စားသောက်ခြင်း၊ ပွေ့ဖက်နမ်းရှုံ့ခြင်း၊
စတဲ့အခြေအနေတွေမှ မကူးနိုင်ပါဘူး၊
(ဒါကြောင့်လည်း လွယ်လွယ်မကူးစက်
နိုင်ဘူးလို့ ဆိုလိုတာပါ၊)
အကာအကွယ်မဲ့ လိင်ဆက်ဆံမိတာ၊
သွေးပေပစ္စည်းတွေ မျှဝေသုံးစွဲရာမှ
ထိမိရှမိတာတွေက ကူးနိုင်ပါတယ်၊
အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါ
လိင်ဆက်ဆံဖော်က အိပ်ချ်အိုင်ဗွီပိုးရှိ
နေပြီး အေအာတီဆေးသောက်နေတာ
ကြာနေပြီ၊ အိပ်ချ်အိုင်ဗွီပိုး ကောင်ရေ
လည်း မရှိသလောက်ဖြစ်နေရင် မကူး
နိုင်ပေမယ့် ကိုယ်တိုင်က ကူးနေလား
မကူးနေလားမသိပဲ သွေးလည်းမစစ်
ကြည့်သူတွေမှာ တကယ်လို့ကူးစက်
နေခဲ့ရင် အန္တရာယ်များပါတယ်၊
အိပ်ချ်အိုင်ဗွီပိုး ကူးစက်နေပြီး ကိုယ်တိုင်
လည်းမသိပဲ ကျန်းမာနေတဲ့အချိန် တခြား
သူတွေနဲ့ လိင်ဆက်ဆံနေသူတွေရှိပါတယ်၊
သူတို့ကြောင့်ပဲ အသစ်အသစ်သောကူးစက်
မှုတွေ ဖြစ်ပွားနေပါတယ်၊
ဒါကြောင့် အကြောင်းသေချာမသိတဲ့သူနဲ့
လိင်ဆက်ဆံမယ်ဆိုရင် ကွန်ဒုံးစနစ်တကျ
အသုံးပြုပါ၊ ကွန်ဒုံးသုံးပေမယ့် ပေါက်ပြဲခဲ့
ရင် PEP ဆေးနဲ့ (၇၂) နာရီအတွင်းကာကွယ်
ရပါမယ်၊ အိပ်ချ်အိုင်ဗွီပိုး ကူးစက်မှုဆိုတာ
အချိန်မှီရင် PEP ဆေးနဲ့ စိတ်ချရတဲ့အထိ
ကာကွယ်လို့ရနေပါပြီ၊
ကူးစက်ဖို့မလွယ်တဲ့ အခြေအနေတွေရှိနေ
သလို ကူးစက်နိုင်တဲ့အခြေအနေတွေလည်း
ရှိနေတာဖြစ်တဲ့အပြင် ကူးစက်မှုနှုန်းလည်း
ရှိနေတာဖြစ်လို့ သတိထားပြီး ကာကွယ်ပါ၊
PEP ဆေး ဘယ်အမျိုးအစား သောက်ရမယ်၊
ဘယ်လိုသောက်ရမယ်၊ ဘယ်မှာဝယ်ယူရမယ်၊
ဆောင်ရန်၊ ရှောင်ရန်တွေ လိုက်နာရမှာတွေကို
မေးမြန်းဆွေးနွေးလို့ရပါတယ်၊
Hotline ☎ 09775292602
HIV, ART, PEP, PrEP, Counselling...