26/02/2026
ထပ်ထပ်ဖြည့်ရဲ့ Refill Hero Campaign မှာ ကမ္ဘာကြီးရဲ့ ဖျားနာမှုကို တစ်စိတ်တစ်ပိုင်းကနေ ပြန်လည်ကုသ ကယ်တင်ပေးနိုင်ခဲ့တဲ့ Refill Hero လေးတွေ ပေါ်ထွက်လာခဲ့ပါပြီ။
Refill Hero လေးတွေဆိုတာကတော့ တစ်ခါသုံးပလတ်စတစ်နဲ့ ထုတ်ပိုးထားတဲ့ ခေါင်းလျှော်ရည်တွေကို မရွေးချယ်ဘဲ၊ မိမိနဲ့နီးစပ်ရာ Refill Station လေးတွေမှာ ခေါင်းလျှော်ရည်ကို (ကမ်ပိန်းကာလအတွင်း) ၅ ကြိမ်အထိ ပြန်လည်ဖြည့်တင်း ဝယ်ယူခဲ့ကြတဲ့ တာဝန်သိဝယ်ယူသူ (Responsible Consumers) လေးတွေပဲ ဖြစ်ပါတယ်။ 🧴♻️
ကမ္ဘာကြီးရဲ့ ညစ်ညမ်းမှု၊ ပူနွေးမှုနဲ့ ဖျားနာမှုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီကယ်တင်ပေးခဲ့တဲ့ Hero တွေဆိုရင်လည်း မမှားဘူးပေါ့နော်။ 🌍💚🩹
ထပ်ထပ်ဖြည့်ရဲ့ ပထမဦးဆုံးသော Refill Hero လေးတွေအတွက် ဝမ်းမြောက်ဂုဏ်ယူရင်း 🎉 နောက်ထပ်လာမယ့် အစီအစဉ်သစ်တွေမှာလည်း အားလုံးအတူတူ စိတ်ဝင်တစား ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။