Students and Youth Congress of Burma - SYCB

Students and Youth Congress of Burma - SYCB "With understanding and mutual trust among ethnic nationalities of students & youth, we will pave a Founded on January 8th, 1996.

"With understanding and mutual trust among ethnic nationalities of students & youth, we will pave a foundation for a democratic Federal Union of Burma"

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံကျောင်းသားလူ...
30/08/2026

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) မှ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခြင်း
____________________

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၀)ရက်


ကရင်နီအမျိုးသားတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ (KSCC) ၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်သည် ၂၀၂၆ ခုနှစ်၊ ဩဂတ်(စ်)လ (၃၀) ရက်နေ့တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီး ဖြစ်ကြောင်း ကြားသိရသည့်အတွက် မိမိတို့ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) အနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များ၊ ရဲဘော်ရဲဘက်များနှင့် ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။


ဦးအောင်ဆန်းမြင့်သည် စစ်အာဏာရှင်ခေတ်အဆက်ဆက် မြန်မာ့စစ်အုပ်၏ ဖိနှိပ်မှုဒဏ်ကို ဖိနှိပ်ခံပြည်သူများ နှင့် လက်တွဲလျက် ဘဝတစ်လျှောက်လုံး‌ တော်လှန်တိုက်ပွဲဝင်ခဲ့သော ကရင်နီအမျိုးသားခေါင်းဆောင် တစ်ဦး ဖြစ်ပါသည်။ ဦးအောင်ဆန်းမြင့်သည် စစ်အာဏာရှင်စနစ်ဆိုးအား တိုက်ဖျက်ရာတွင် ကရင်နီအမျိုးသားရေး တစ်ခုတည်းအတွက်မဟုတ်ပဲ အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးလွတ်မြောက်ရေးအတွက် လူထုမှပေးအပ်သောတာဝန်၊ တော်လှန်ရေးမှ တောင်းဆိုသောလိုအပ်ချက်များကို ဘဝနိဂုံးတိုင်သည်အထိ ထမ်းဆောင်ခဲ့ပါသည်။


ဦးအောင်ဆန်းမြင့်အား ယခုကဲ့သို့လူမျိုးပေါင်းစုံပြည်သူတရပ်လုံး ပါဝင်ဆင်နွဲလျက်ရှိသော တော်လှန်ရေးကာလ လမ်းခုလပ်တွင် ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီပြည်သူတရပ်လုံးအတွက်သာမက၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံ လူထုတရပ်လုံးအတွက် ကြီးမာသည့် ဆုံးရှုံးမှုတရပ်ဖြစ်သည်။ ဦးအောင်ဆန်းမြင့်၏ တသက်တာပေးဆပ် စွန့်လွတ်မှုများအား သတိရအောက်မေ့လျက် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် မိမိတို့ မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB) အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု တော်လှန်ရေးသစ္စာဖြင့် ကတိပြုလျက် ဤဝမ်းနည်းကြောင်းသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

“ဦးအောင်ဆန်းမြင့် ကောင်းရာသုဂတိသွားပါစေ”


မြန်မာနိင်ငံကျောင်းသားလူငယ်များကွန်ဂရက်
Student and Youth Congress of Burma (SYCB)

24/08/2026

“ᴄʀᴏssɪɴɢ ᴛʜᴇ ʙʀɪᴅɢᴇ: ᴄᴏᴍᴍɪᴛᴛᴇᴅ ᴛᴏ ʙᴜɪʟᴅɪɴɢ ᴋᴀᴡᴛʜᴏᴏʟᴇɪ ᴛᴏɢᴇᴛʜᴇʀ”
[Panel Discussion]
Panelists: P’doh Saw Taw Nee, P’doh Saw Ler Ner, Naw Flower, Naw Seablue Dah
Moderator: Saw TKloo
Date: 24 August, 2026
Time: 7:00 PM (Kawthoolei Time)............
Do not wait until the last minute. Save these dates, prepare your application, and get ready to step onto the bridge with us.
Click the link below to submit your application:
https://forms.gle/mLPo4HuQMGoAYRS1A

ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့ အခမ်းအနားတစ်ရပ် ပြုလုပ်..သြဂုတ်လ ၁၉ ရက်နေ့၊ ၂၀၂၆ ခုနှစ်။ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ...
19/08/2026

ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့ အခမ်းအနားတစ်ရပ် ပြုလုပ်..

သြဂုတ်လ ၁၉ ရက်နေ့၊ ၂၀၂၆ ခုနှစ်။

ကယန်းမျိုးဆက်သစ်လူငယ် (KNGY) ၏ လူမှုဝန်ဆောင်မှုနှင့် စွမ်းရည်မြှင့်တင်ရေးဌာနမှ ဦးဆောင်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့ အခမ်းအနားတစ်ရပ်ကို ဒီမော့ဆိုမြို့နယ် နောက်ခြမ်းရှိ ကယန်းဒေသတစ်နေရာ၌ ပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို တက်ရောက်လာသော ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့အကြောင်း ပိုမိုသိရှိနားလည်စေရန်၊ မိမိတို့ ကြုံတွေ့နေရသော အခက်အခဲများနှင့် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်စေရန်နှင့် လိုအပ်သော စိတ်ပိုင်းဆိုင်ရာခွန်အားများ တိုးမြှင့်ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပါသည်။

အခမ်းအနားသို့ အဆိုပါဒေသရှိ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၁၅၀ ဝန်းကျင် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအတွင်း အဖွင့်အမှာစကား ပြောကြားခြင်း၊ အခမ်းအနား၏ ရည်ရွယ်ချက်များ ရှင်းလင်းတင်ပြခြင်း၊ ကမ္ဘာ့လူသားချင်းစာနာထောက်ထားရေးနေ့အကြောင်း မျှဝေတင်ဆက်ခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းနှင့် အဖွဲ့လိုက် ဂိမ်းများ ကစားခြင်း စသည့်အစီအစဉ်များကို ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် စစ်ဘေးရှောင်ကျောင်းတစ်ကျောင်း၌ ကလေးငယ်ပေါင်း ၁၃၀ ဦးအတွက် အာဟာရကျွေးမွေးခြင်း၊ ဂိမ်းများ ကစားပေးခြင်းနှင့် အကအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ပေးခြင်း စသည့် လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

- သတင်းနှင့်ပြန်ကြားရေး



ကရင်နီဒေသအတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာတွင် လူ့ဘောင်သစ်လူငယ်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို...
19/08/2026

ကရင်နီဒေသအတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာတွင် လူ့ဘောင်သစ်လူငယ်နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲကို ဆုံးခန်းတိုင် ဆင်နွှဲကြ”ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာပုံ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် လက်ရှိတော်လှန်ရေးအခြေအနေများကို ဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့အပြင် “ဘုံရန်သူကို ဦးတည်တိုက်ရေးနှင့် ညီညွတ်ရေးဆီသို့” ဆောင်းပါးပါ ပန်းဖလက်များကိုလည်း ဖြန့်ဝေခဲ့ကြသည်။

"𝐌𝐢𝐧 𝐀𝐮𝐧𝐠 𝐇𝐥𝐚𝐢𝐧𝐠'𝐬 𝟏𝟎𝟎-𝐃𝐚𝐲 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 𝐨𝐟 𝐈𝐧𝐭𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐀𝐠𝐚𝐢𝐧𝐬𝐭 𝐂𝐢𝐯𝐢𝐥𝐢𝐚𝐧𝐬"Jointly Compiled and Published by Human Ri...
19/08/2026

"𝐌𝐢𝐧 𝐀𝐮𝐧𝐠 𝐇𝐥𝐚𝐢𝐧𝐠'𝐬 𝟏𝟎𝟎-𝐃𝐚𝐲 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 𝐨𝐟 𝐈𝐧𝐭𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐕𝐢𝐨𝐥𝐞𝐧𝐜𝐞 𝐀𝐠𝐚𝐢𝐧𝐬𝐭 𝐂𝐢𝐯𝐢𝐥𝐢𝐚𝐧𝐬"
Jointly Compiled and Published by Human Rights Committee and the Research Working Committee of the Karen National Union (KNU)
"ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်သည့် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်း"
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လူ့အခွင့်အရေးကော်မတီ နှင့် သုတေသနလုပ်ငန်း ကော်မတီ တို့မှ ပူးပေါင်းပြုစု ထုတ်ပြန်သည်။

"တို့လူငယ်ဘဝ"အရွယ်ရောက်တော့ စမ်းသပ်ချင်မကောင်းတာသိ တားလို့မရအမြဲခေါင်းမာနေ သိချင်တာစမ်းသပ်တော့ ပျက်စီးကျတာပေါ့ မပြုလုပ်ရ...
15/08/2026

"တို့လူငယ်ဘဝ"

အရွယ်ရောက်တော့ စမ်းသပ်ချင်
မကောင်းတာသိ တားလို့မရ
အမြဲခေါင်းမာနေ သိချင်တာစမ်းသပ်တော့
ပျက်စီးကျတာပေါ့ မပြုလုပ်ရန်တားလဲ
မရပြန် မလွယ်တဲ့ လူငယ်တွေ
ပြောပြန်တော့ မနာခံ
ဆူပြန်တော့ ‌ဒေါသထွက်
လူငယ်တွေကို ပျက်စီးစေတဲ့ အရာကို
ဖယ်ရှားလိုက်ပါ
လူငယ်တွေရဲ့ အင်အားက နိင်ငံတည်နိင်တာ
လူငယ်လက်တွေ ခိုင်မြဲစေ
မပြိုကွဲတဲ့ လူငယ်များ။

ရေးသားသူ - ခေတ်သမင်






TSYU မှ ဦးဆောင်သော ယနေ့မှ ကျရောက်သည့် နိုင်ငံတကာ လူငယ်များနေ့အတွက်  (၁၂.၈.၂၀၂၆) ရက် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင်အမျိုးသားအ...
14/08/2026

TSYU မှ ဦးဆောင်သော ယနေ့မှ ကျရောက်သည့် နိုင်ငံတကာ လူငယ်များနေ့အတွက် (၁၂.၈.၂၀၂၆) ရက် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင်
အမျိုးသားအသင်းများ-
ပထမဆု အမျိုးသားအသင်း
ရှမ်းလူငယ် Black Bears အသင်း
ဒုတိယဆု ရခိုင်လူငယ် Young Star
တတိယဆု တအာင်းလူငယ်အသင်း NK Idea
အမျိုးသမီး အသင်းများ
ပထမဆု ဘ္လောမ်တမာည်း
ဒုတိယ‌ဆု အ.ထ.က (၃) ဟိုနောင်
တတိယ အ.ထ.က(၁) တို့ဖြစ်ကြသည်။

ဖူဆယ် ဘောလုံး ပြိုင်ပွဲတွင် လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးပွားစေရန်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရန် ရည်ရွယ်သည့် ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော အားကစားသမားများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

#နမ့်ခမ်း #ဖူဆယ်ဘောလုံးပြိုင်ပွဲ #စည်းလုံးညီညွတ်မှု

"လူငယ့်ခြေလှမ်း ပန်းတိုင်မှန်း၊ အမှောင်ကိုခွင်းမဲ့အလင်းတန်း"၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်သြဂုတ်လ (၁၂) ရက်နေ့ တွင် ကျ‌ရောက...
14/08/2026

"လူငယ့်ခြေလှမ်း ပန်းတိုင်မှန်း၊ အမှောင်ကိုခွင်းမဲ့အလင်းတန်း"
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်

သြဂုတ်လ (၁၂) ရက်နေ့ တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို လူငယ်အစုအဖွဲ့များ စုစည်းကာ အဖက်ဖက်မှ တော်လှန်နေကြသော ကရင်နီလူငယ်များအား ဂုဏ်ပြုရေးနှင့် စနစ်ဆိုးကိုချေဖျက်၍ အနာဂတ်ဖယ်ဒရယ်ပြည်‌ထောင်စု တည်ဆောက်ရာတွင် ဆက်လက်ပါဝင်နိုင်ရေး၊ အကျပ်အတည်းအတွင်း တောင့်ခံနေကြသော လူငယ်များအား စိတ်ဓာတ်မြင့်တင်နိုင်ရေး၊ ကရင်နီလူငယ်များ ပညာရေးအခွင့်အလမ်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများလက်လှမ်းမှီနိုင်ရေး၊ ရည်ရွယ်လျက် “လူငယ့်ခြေလှမ်း ပန်းတိုင်မှန်း၊ အမှောင်ကိုခွင်းမယ့် အလင်းတန်း” ခေါင်းစဉ်ဖြင့် ကရင်နီပြည်အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ကို ဖရူဆိုအနောက်ဖက်တွင်တစ်နေရာ ဒီးမောဆိုအနောက်ဖက်တွင်တစ်နေရာ၊ ဒီးမောဆိုအရှေ့ဖက်တွင်တစ်နေရာ စုစုပေါင်း သုံးနေရာမှ လူငယ်များအတွက် ပြုလုပ်ကျင်းပခဲ့ပါသည်။

အခမ်းအနားဖြစ်မြောက်အောင် ပူးပေါင်းလုပ်ဆောင်ပေးခဲ့သည့် UKSY၊ KwYO၊ KyNYO၊ KLY ၊KNGY၊ KLY၊ ပရဲ့လူငယ်များ၊KSSU၊ KAC၊ ဒီးမောဆိုရှေ့ခြမ်းလူငယ်များ၊ ကျောင်းအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်ရင်းတပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကျေးရွာအသီးသီးမှ ကိုယ်စားလှယ်များ နှင့် ပါဝင်ဆင်နွဲပေးကြသည့် အခန်းကဏ္ဍအသီးသီးမှ လူငယ်များအား ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

"ဖိနှိပ်ခံလူငယ်ထု၏ စုစည်းအားဖြင့် စနစ်ဆိုးကိုတိုက်ဖျက်ကာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ စုပေါင်းချီတက်ကြစို့" ✊

ပုံမှတ်တမ်း - ဖရူဆိုအ‌နောက်ဖက်ခြမ်းတွင် ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ပုံရိပ်များ။




အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လှုပ်ရှားမှု အစီအစဉ်ပြီးဆုံးကြောင်းနှင့် ပါဝင်အားဖြည့်ခဲ့သူများကို ကျေးဇူးတင်ရှိကြောင်းထုတ်...
14/08/2026

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လှုပ်ရှားမှု အစီအစဉ်ပြီးဆုံးကြောင်းနှင့် ပါဝင်အားဖြည့်ခဲ့သူများကို ကျေးဇူးတင်ရှိကြောင်းထုတ်ပြန်ခြင်း
__________________

ရက်စွဲ - ၂၀၂၆ခုနှစ်၊ ဩဂုတ်လ၊ ၁၄ရက်နေ့


အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ လှုပ်ရှားမှု အစီအစဉ်သည် ၂၀၂၆ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ပြီးဆုံးပြီးဖြစ်ကြောင်းနှင့် အစီအစဉ်တစ်ခုချင်းစီတွင် ပူးပေါင်းပါဝင်ခဲ့ကြသော (SYCB) ၏ တပ်ပေါင်းစုအဖွဲ့ဝင်များ၊ မဟာမိတ် လူငယ်အဖွဲ့အစည်းများနှင့် မြန်မာနိင်ငံတစ်ဝှမ်းရှိ လူမျိုးပေါင်းစုံ ဖိနှိပ်ခံကျောင်းသား လူငယ်ထု၏ တစ်ဦးချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိကြောင်း ဦးစွာအသိပေးလိုပါသည်။

လှုပ်ရှားမှုကာလ ပြီးဆုံးသွားပြီးဖြစ်သော်လည်း ကျောင်းသားလူငယ်များ၊ မိဘပြည်သူများအနေဖြင့် ထပ်မံ ပေးပို့လိုသော ကဗျာ၊ ဆောင်းပါး၊ ပန်ချီ၊ ဓါတ်ပုံများကို ဆက်လက်ပေးပို့နိုင်ပါကြောင်းနှင့် ၎င်းအချက်အလက်များကို ဆက်လက်ဖော်ပြပေးမည် ဖြစ်ကြောင်း အသိပေးလိုပါသည်။ သြဂုတ်လ (၁၂)ရက်နေ့ တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့လှုပ်ရှားမှုတွင် မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက် (SYCB) နှင့် မဟာမိတ်လူငယ် အဖွဲ့အစည်းများ ပူးပေါင်း၍ "လူမျိုးပေါင်းစုံ ဖိနှိပ်ခံလူငယ်ထု၏ စုစည်းအားဖြင့် စနစ်ဆိုးကိုတိုက်ဖျက်ကာ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုသစ်ဆီသို့စု‌ပေါင်းချီ တက်ကြပါစို့" ဟူသောခေါင်းစဉ်ဖြင့် ပူးပေါင်းလှုပ်ရှားမှုအား ပြုလုပ်ခဲ့ပါသည်။

လှုပ်ရှားမှုအစီအစဉ်တွင် လက်ရှိ‌တော်လှန်ရေးကာလတွင် လူငယ်များ ရင်ဆိုင်နေရသော မတရားစစ်မှုထမ်း ဥပဒေ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ပညာရေး အခွင့်အလမ်းဆုံးရှုံးမှု အခြေအနေများအား အဓိကချဉ်းကပ်၍ လူငယ်များ၏ အသံကိုဖော်ထုတ်ခဲ့ပါသည်။

လူငယ်များ၏ အသံကိုဖော်ထုတ်ရာတွင် လူငယ်ခေါင်းဆောင်များ၏ သဘောထားအမြင် ရုပ်သံထုတ်လွင့်ခြင်း၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီ၊ ဓါတ်ပုံတို့ဖြင့် လူမျိုးပေါင်းစုံ ကျောင်းသားလူငယ်များမှ အင်တိုက်အားတိုက် တက်ကြွစွာပူးပေါင်းပါဝင်ပေးခဲ့ကြပါသည်။

အစီအစဉ်တစ်ခုချင်းစီတွင် သွေးစည်းညီညွတ်စွာ ပူးပေါင်းပါဝင်ပေးခဲ့ကြသော မဟာမိတ်အဖွဲ့ဝင်အသီးသီးနှင့် တစ်ဦးချင်းပါဝင်ပေးခဲ့ကြသော လူမျိုးပေါင်းစုံ ကျောင်းသားလူငယ်ထုအား အထူးကျေးဇူးတင်လျှက်ရှိကြောင်း လေးစားစွာဖြင့် ထုတ်ပြန်အပ်ပါသည်။

မြန်မာနိင်ငံကျောင်းသားလူငယ်များကွန်ဂရက် (SYCB)






YOUTH FOR A NEW SOCIETY (YNS) STATEMENT ON INTERNATIONAL YOUTH DAYStatement No: 1/YNS/2026Date: August 12, 2026
13/08/2026

YOUTH FOR A NEW SOCIETY (YNS) STATEMENT ON INTERNATIONAL YOUTH DAY

Statement No: 1/YNS/2026

Date: August 12, 2026

Address

Yangon

Alerts

Be the first to know and let us send you an email when Students and Youth Congress of Burma - SYCB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Students and Youth Congress of Burma - SYCB:

Shortcuts

Share