한별 HAN BYEOL Korean Language Center

한별 HAN BYEOL Korean Language Center Chase your dreams with Han Byeol

15/08/2025

နှုတ်ဆက်တဲ့အခါမှာ ဒီစကားလုံးလေးတွေ သုံးပြီး နှုတ်ဆက်ကြရအောင်...👋

#한별 #어휘

ရွှေနဲ့ လဲပေးလေ နော်🙌   #한별
06/08/2025

ရွှေနဲ့ လဲပေးလေ နော်🙌

#한별

05/08/2025

안녕 별들 🙋‍♀️

ဒီနေ့မှာတော့

옷 = အ၀တ်အစားနဲ့သက်ဆိုင်တဲ့ 어휘လေးတွေကို လေ့လာကြမယ်....

#한별 #어휘

ရည်းစားကို ''ဘယ်လောက်ချစ်လဲ'' မေးတဲ့အခါ Chatgpt လောက်မှ မဖြေနိုင်ရင်ပြတ်လိုက်ပါ ချင်းဂု👋   #한별
30/07/2025

ရည်းစားကို ''ဘယ်လောက်ချစ်လဲ'' မေးတဲ့အခါ
Chatgpt လောက်မှ မဖြေနိုင်ရင်
ပြတ်လိုက်ပါ ချင်းဂု👋

#한별

절대 믿어서는 안 될 말🙅‍♀️လုံး၀ မယုံသင့်တဲ့စကား ယုံရင်တော့ မှားမယ်နော် ....
28/07/2025

절대 믿어서는 안 될 말🙅‍♀️
လုံး၀ မယုံသင့်တဲ့စကား

ယုံရင်တော့ မှားမယ်နော် ....

안녕 어러분ဒီနေ့မှာတော့ မင်မင်က Topikတွက်လည်း အသုံး၀င်ပြီး နေ့စဥ်ဘ၀တွက်လည်း အသုံးတည့်တဲ့ 관요어လေးတွေကို ပြောပြချင်ပါတယ်관요어 ဆိုတ...
25/07/2025

안녕 어러분

ဒီနေ့မှာတော့ မင်မင်က Topikတွက်လည်း အသုံး၀င်ပြီး နေ့စဥ်ဘ၀တွက်လည်း အသုံးတည့်တဲ့ 관요어လေးတွေကို ပြောပြချင်ပါတယ်

관요어 ဆိုတာကတော့ သွယ်၀ိုက်ပြောဆိုတဲ့ စကားစုလေးတွေကို ဆိုလိုတာပဲ ဖြစ်ပါတယ်

ဒီနေ့မှာတော့ 귀 = နား နဲ့ပတ်သက်တဲ့ 관요어 လေးတွေကို လေ့လာကြရအောင်💫

#한별 #어휘 #관용어

21/07/2025

안녕 어러분

ဒီနေ့မှာတော့ မင်မင်တို့ နေ့စဥ်ဘ၀မှာ သုံးလေ့ရှိတဲ့ ဖျားနားတာနဲသက်ဆိုင်တဲ့ စကားလုံးလေးတွေကို Dialogueလေးတွေနဲ့ လေ့ကျင့်ကြည့်ကြရအောင်🙋‍♀️

#한별

Hanbyeolရဲ့ ရုံးသမားလေးတွေအတွက် ရုံးချိန်လွတ် Online classအတန်းလေးတွေ သြဂုတ်လမှာ စတင်လိုက်ပါပြီ📖အလုပ်နဲ့တစ်ဖက်မို့ အပြင်...
15/07/2025

Hanbyeolရဲ့ ရုံးသမားလေးတွေအတွက် ရုံးချိန်လွတ် Online classအတန်းလေးတွေ သြဂုတ်လမှာ စတင်လိုက်ပါပြီ📖

အလုပ်နဲ့တစ်ဖက်မို့ အပြင်မှာ တက်ဖို့လည်း အဆင်မပြေလို့ ညပိုင်းမှ တက်ချင်တဲ့ဆိုတဲ့ သူလေးတွေအတွက် အဓိကထားပြီး ဖွင့်ပေးထားတဲ့ အတန်းလေးတွေပါရှင့်

ဒါအပြင် မင်မင်တို့က promotion အနေနဲ့ ကျောင်းသားတိုင်းအတွက် အတန်းတိုင်းကို 15% offပေးတဲ့ အစီစဥ်လည်း ရှိပါသေးတယ်နော်

Basic မှာဆိုရင်
ဗျည်း+သရ
ဗျည်းသရပေါင်းစပ်ပုံ
အခြေခံ Grammar အပြင်
vocabulary လေးတွေကိုပါ သင်ကြားပေးမှာဖြစ်ပြီးတော့

Level 1/Level 2အတန်းလေးတွေဆိုလည်း
Vocabularyနဲ့
ကျောင်းသားတွေ အကြောက်ဆုံးဖြစ်တဲ့ Grammarတွေကိုလည်း ‌မရောရအောင်လို့ စနစ်တကျနဲ့ သေချာလေးရှင်းပြပြီး သင်ကြားပေးမှာပါရှင့်

ဒါအပြင် ကျောင်းသားတွေ စကားပြောနဲ့ရင်းနှီးအောင်လည်း မကြာခဏ စကားပြောလေးတွေပါ လေ့ကျင့်ပေးမှာဆိုတော့

အတွေးမမှားပဲ မင်မင်တို့ရဲ့ Hanbyeolနဲ့အတူ ကိုရီးယားအိပ်မက်ကို အကောင်ထည်ဖော်ကြရအောင်...💫

စိတ်၀င်စားရင်တော့ page messenger သို့မဟုတ်
09-956594948
09-778998204
ကနေ တဆင့် မေးမြန်း စုံစမ်းလို့ရပါတယ်ရှင့်

#한별

စိတ်ထဲကနေ ကိုရီးယားစကားပြောပုံ        တကယ်ပြောတဲ့အခါ🫠   #한별
09/07/2025

စိတ်ထဲကနေ ကိုရီးယားစကားပြောပုံ တကယ်ပြောတဲ့အခါ🫠

#한별

05/07/2025

ဒီနေ့တော့ မင်မင်က ချစ်ဖို့ကောင်းတဲ့ aegyo songလေးဖြစ်တဲ့
"Ottokhe - 어떡해" လေးကို တင်ပေးလိုက်ပါတယ်နော်

ကဲ အောက်မှာ lyricsလေးကို ကြည့်ရအောင်⏬

하나 둘 셋
၁ ၂ ၃

니가 너무 좋아 어떡해 어떡해
နင့်ကို အရမ်းကြိုက်လို့ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ

니가 너무 예뻐 어떡해 어떡해
နင်က အရမ်းလှလို့ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ

나랑 만나 볼래 어떻게 생각해
ငါနဲ့ တွေ့ကြည့်မလား ဘယ်လိုသဘောရလဲ

잔말 말고 말해 좋다구 좋다구
အသုံးမ၀င်တဲ့ စကားတွေမပြောဘဲ ပြောပေးပါ ကောင်းပြီ ကောင်းပြီလို့

#한별

30/06/2025

안녕 별들 🌟

ဒီနေ့မှာတော့ မင်မင်က K drama‌ တွေမှာ ခဏခဏ ကြားနေကြဖြစ်တဲ့ "죽겠어"ဆိုတဲ့ စကားလုံး‌လေးကို ပြောပြ‌‌ချင်ပါတယ်

죽겠어ရဲ့ အဓိပ္ပါယ်က "tayတော့မှာပဲ, tayတော့မလိုပဲ" ဒီလိုမျိုး အဓိပ္ပါယ်ရပါတယ်
မေးခွန်းဆိုရင်တော့ (?)လေး ထည့်ပြီး သုံးလို့ရပါတယ် (V+아/어/여 죽겠어)

ဘယ်ချိန်တွေမှာသုံးတာလဲဆိုရင် တစ်ခုခုကို အလွန်အကျူး အိုဗာလုပ်ပြီး ပြောတဲ့အခါမျိုးပေါ့

ဥပမာဆိုရင်
맛있어 죽겠어 = အရသာရှိလွန်းလို့ tayတော့မှာပဲ

ဒါမှမဟုတ် ကိုယ့်ရှေ့မှာ အတွဲတွေ roပြနေရင်
사랑해 죽겠어? = ချစ်လွန်းလို့ tayတော့မှာလား ဒီလိုမျိုး ရွဲ့မေးလို့ရတယ်နော်

ဒါမှမဟုတ် crushလေးကို ကြူးချင်တဲ့အခါ
예뻐 죽겠어 = လှလွန်းလို့ tayတော့မှာပဲ

တစ်ယောက်ကို လွမ်းတဲ့အခါဆိုရင်တော့
보고 싶어 죽겠어 = လွမ်းလွန်းလို့ tayတော့မှာပဲ

ကဲ ဘယ်လောက်အသုံးဝင်လိုက်သလဲနော်🙊

#한별

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 한별 HAN BYEOL Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share