04/09/2026
[English Text Below]
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များသည် လျင်မြန်စွာ ပြောင်းလဲနိုင်သလို၊ တုံ့ပြန်ဆောင်ရွက်မှုများကလည်း လိုအပ်ချက်များနှင့်အညီ ပြောင်းလဲနိုင်ဖို့ အရေးကြီးပါသည်။
မကြာသေးမီက စစ်တွေမြို့သို့ သွားရောက်ခဲ့ကြသည့် သြစတြေးလျသံရုံး Australian Embassy in Myanmar မှ ကိုယ်စားလှယ်များသည် နေရပ်စွန့်ခွာနေရသူများနှင့် နိုင်ငံမဲ့သူများအား တွေ့ဆုံကာ ၎င်းတို့ ရင်ဆိုင်နေရသော အခက်အခဲများနှင့် UNHCR မှ မည်သို့တုံ့ပြန်ဆောင်ရွက်နေသည်ကို ပိုမိုလေ့လာခွင့်ရရှိခဲ့ပါသည်။
သြစတြေးလျ၏ လူသားချင်းစာနာမှုဆိုင်ရာ ပံ့ပိုးကူညီမှုဖြင့် UNHCR သည် လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ပြီး၊ အကူအညီအလိုအပ်ဆုံးနေရာများတွင် လိုအပ်သော ပံ့ပိုးမှုများကို ဆက်လက်ပေးအပ်လျက်ရှိပါသည်။
ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော သူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်နိုင်စေရန် ပံ့ပိုးပေးမှုအတွက် DFAT ကို ကျေးဇူးအထူးတင်ရှိပါသည်။
In Myanmar, humanitarian needs can change quickly and so must the response.
During a recent visit to Sittwe, representatives from the Australian Embassy in Myanmar met displaced and stateless communities and learned more about the challenges they face, as well as how UNHCR is responding.
Australia’s humanitarian support gives UNHCR the ability to respond as the situation changes and direct assistance to where it is needed most.
Thank you, DFAT for the support that helps us stay responsive to the people we serve.