25/09/2026
လျှောက်လွှာပိတ်ရက် အသိပေးခြင်း
လက်ရှိခေါ်ယူနေတဲ့ Guidance Program ရဲ့ လျှောက်လွှာတွေကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ ပိတ်သိမ်းသွားမှာဖြစ်တဲ့အတွက် (၃) ရက်ပဲ ကျန်ပါတော့တယ်။
Access to Educaiton - Myanmar နဲ့ Mosaik Education တို့ ပူးပေါင်းစီစဉ်တဲ့ ဒီ Guidance Program ဟာဆိုရင် အဆင့်မြင့်ပညာရေး(တက္ကသိုလ် ပညာရေး)ကို ဆက်လက်တက်ရောက်လိုတဲ့ တိုင်းပြည်ရဲ့ အခြေအနေ အကြောင်းကြောင်းကြောင့် နေရပ်တနေရာကနေ အခြားနေရာဒေသတခုခုကို ရွေ့ပြောင်းအခြေချနေထိုင်နေကြရတဲ့ လူငယ်တွေအတွက်
- တက္ကသိုလ်/အဆင့်မြင့်ပညာရေး လျှောက်တဲ့အခါမှာ လိုအပ်ချက်တွေကို နားလည်နိုင်ရန်၊
- မိမိ၏ ပညာရေးရည်မှန်းချက်တွေကို သတ်မှတ်နိုင်ရန်၊
- အဆင့်မြင့်ပညာရေးအခွင့်အလမ်းတွေကို ရှာဖွေပြီး လျှောက်ထားနိုင်ရန်၊ နဲ့
- လျှောက်လွှာတင်ခြင်းနှင့် ပညာရေးအခွင့်အလမ်းများအတွက်
လိုအပ်သော အဆင့်များကို ပြင်ဆင်နိုင်ရန်အတွက် Workshop များမှတစ်ဆင့် လမ်းညွှန်သင်ကြားပို့ချ ပေးသွားမှာပဲ ဖြစ်ပါသည်။
လျှောက်ထားလိုသူတွေအတွက် အသက် 17–24 နှစ်၊ အနည်းဆုံး အထက်တန်းအောင်လက်မှတ် (သို့) တန်းတူညီမျှမှုရှိတဲ့ ပညာရေးအဆင့်ရှိသူ၊ တက္ကသိုလ်/အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူရန် ရည်ရွယ်ချက်ရှိတဲ့သူ၊ မြန်မာနိုင်ငံ နယ်စပ်ဒေသတွေနှင့် အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်နှင့် ဒုက္ခသည်မဟုတ်သော လူငယ်များ (Refugee and non-refugee youth)၊ အင်္ဂလိပ်စာကို ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သူ စတဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်မီတဲ့သူ မည်သူမဆို ပါဝင်လျှောက်ထားလို့ပါတယ်။
လျှောက်လွှာတင်ရန်: https://tinyurl.com/guidanceprogram2026
*လျှောက်လွှာဖောင်၏ ညာဘက်အပေါ်ထောင့်ရှိ Language Option မှတဆင့် English ဘာသာသို့ ပြောင်းလဲအသုံးပြုနိုင်ပါသည်။
ဒီအစီအစဉ်ရဲ့ အသေးစိပ်အချက်အလက်ကို အောက်ပါလင့် (https://www.facebook.com/share/p/1GXNzTBHnG/) မှာလည်း သွားရောက်ဖတ်ရှုလို့ ရပါတယ်။