Kindle Together

Kindle Together A network of people working together with the same passion for charity

🪄 Kindle Together မှာ Yangon Long Term Volunteer အဖြစ် ပါဝင်လိုသူများအတွက်Kindle Together ဟာ လူငယ်တွေဦးဆောင်ပြီး လူမှုအသ...
07/09/2026

🪄 Kindle Together မှာ Yangon Long Term Volunteer အဖြစ် ပါဝင်လိုသူများအတွက်

Kindle Together ဟာ လူငယ်တွေဦးဆောင်ပြီး လူမှုအသိုင်းအဝိုင်းအတွင်း တိုးတက်ပြောင်းလဲမှုတွေကို ဖော်ဆောင်နိုင်ဖို့အတွက် လေ့လာ၊ ပူးပေါင်း၊ လက်တွေ့လုပ်ဆောင်နေတဲ့ Charity Network တစ်ခုဖြစ်ပါတယ်။
လက်ရှိမှာတော့ မတူညီတဲ့စွမ်းရည်တွေကို အသုံးချပြီး Kindle Together ရဲ့ Project တွေမှာ ပါဝင်ကူညီပေးနိုင်မယ့် Yangon-based Volunteer တွေကို ခေါ်ယူသွားမှာဖြစ်ပါတယ်။
ခေါ်ယူသွားမယ့် Position တွေက —

✏️ Community Outreach Coordinator — ၄ ဦး
အလှူငွေ Project များအတွက်လိုအပ်သည့် နေရာများနှင့် Beneficiary များကို Background check စီစစ်ပြီး ရှာဖွေဖော်ထုတ်ပေးနိုင်မည့်သူ ၊ Project လုပ်ဖို့လူမှုအသိုင်းအဝိုင်းတွေနဲ့ ချိတ်ဆက်ပြီး Community Outreach Activities တွေကို စီစဉ်ဆောင်ရွက်ပေးနိုင်မယ့်သူများ လျှောက်ထားနိုင်ပါတယ်။

💡 Grant & Partnership Team Member — ၆ ဦး
Kindle Together ရဲ့Project တွေအတွက် လိုအပ်တဲ့ Grant Opportunities တွေကို ရှာဖွေလေ့လာတာကစလို့ Grant-related Tasks တွေမှာ ပါဝင်ဆောင်ရွက်ပေးနိုင်မယ့်သူများအတွက် ဖြစ်ပါတယ်။

📊Admin & Data Officer ( HR ) - ၁ ဦး
Volunteer နှင့် Team Members အချက်အလက်များကို စီမံထိန်းသိမ်းပြီး Recruitment၊ Onboarding၊ Attendance နှင့် HR ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနိုင်မည့်သူများလျှောက်ထား နိုင်ပါတယ်။

📝 Content Writer — ၁ ဦး
Kindle Together ရဲ့ Projects တွေနဲ့ လှုပ်ရှားမှုတွေကို လူအများ နားလည်လွယ်ပြီး စိတ်ဝင်စားဖွယ်ဖြစ်အောင် စာအရေးအသားနဲ့ ဖော်ပြပေးနိုင်သူများ လျှောက်ထားသင့်ပါတယ်။

🎨 Graphic Designer — ၂ ဦး
Kindle Together ရဲ့ Projects နဲ့ Content တွေအတွက် လိုအပ်တဲ့ Visual တွေကို ဖန်တီးပေးနိုင်မယ့်သူများအတွက် ဖြစ်ပါတယ်။

✍️ Editor — ၁ ဦး
Kindle Together ရဲ့ Activities တွေအတွက် Video Content တွေကို စိတ်ဝင်စားဖို့ကောင်းအောင် Editing ပြုလုပ်ပေးနိုင်မယ်လို့ယုံကြည်ထားရင် လာရောက်လျှောက်ထားနိုင်ပါတယ်။

‼️မှတ်ချက် — COC position က On ground Projectတွေမှာ ပါဝင်အားဖြည့်ရမှာဖြစ်ပြီး ကျန်တဲ့ position တွေကတော့ Project တွေမှာ ကိုယ်တိုင်ပါဝင်ဖို့ မဖြစ်မနေမလိုအပ်ပါဘူး။

🪄 Kindle Together မှာ Volunteer အဖြစ် ပါဝင်ရင် ဘာတွေရရှိနိုင်မလဲ?

⭐️ကိုယ့်ရဲ့ Position နဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေအပြင် Soft Skills တွေ တိုးတက်လာနိုင်မယ်။
⭐️KT Network အတွင်း Projects, Activities တွေနဲ့ Community Opportunities တွေမှာ ပါဝင်ခွင့်ရနိုင်မယ်။
⭐️Project တစ်ခုချင်းစီမှာ ပါဝင်ပြီးမြောက်ရင် Project Certificate ရရှိမယ့်အပြင် စိတ်အားထက်သန်စွာ ရေရှည်ဆောင်ရွက်ထားသူများအတွက် Recommendation Letter ရရှိနိုင်မယ်။
⭐️မတူညီတဲ့နယ်ပယ်အသီးသီးက လူငယ်တွေနဲ့အတူ လက်တွဲလုပ်ကိုင်ရင်း Network အသစ်တွေ တည်ဆောက်နိုင်မယ်။

🪄 Commitment ဘာတွေပေးရမလဲ။
Volunteerတွေအနေနဲ့ ရေရှည် ၂ နှစ်တာ ပါဝင်ဆောင်ရွက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ Volunteer အသစ်တွေအတွက် ပထမ ၃ လကို Trial Period အဖြစ် သတ်မှတ်ထားပါတယ်။

📩 ပါဝင်ဖို့စိတ်အားထက်သန်တယ်ဆိုရင် ခုပြထားတဲ့ Form လေးကိုဖြည့်ပြီး လာရောက်လျှောက်ထားနိုင်ပါပြီ။

Form link - https://docs.google.com/forms/d/e/1FAIpQLScZ2xaNC9d-0vVDr9P6vyOVCy_PnrnQfE9sTqNS0tmAAQa9Ew/viewform?usp=publish-editor

ဒီတစ်ခေါက်မှာလည်း အသစ်ရောက်ရှိလာမယ့် Volunteer တစ်ဦးချင်းစီကို Kindle Together Team က နွေးထွေးစွာ ကြိုဆိုနေပါတယ်နော်။

ရန်ကုန်KTတို့ကြိုးစားခဲ့ကြတဲ့ "ရင်တွင်းပဲ့တင်သံ" Project 3 လေးရဲ့ အမှတ်တရ ဒိုင်ယာရီ 🍃✨"ငါ အဆင်ပြေပါတယ်" ဆိုတဲ့ စကားနောက်...
31/08/2026

ရန်ကုန်KTတို့ကြိုးစားခဲ့ကြတဲ့ "ရင်တွင်းပဲ့တင်သံ" Project 3 လေးရဲ့ အမှတ်တရ ဒိုင်ယာရီ 🍃✨

"ငါ အဆင်ပြေပါတယ်" ဆိုတဲ့ စကားနောက်မှာ မြိုသိပ်ထားခဲ့ရသမျှတွေကို လွတ်လပ်စွာ ရင်ဖွင့်ခဲ့ကြတဲ့ "ရင်တွင်းပဲ့တင်သံ" Project 3 လေး အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။🤍

မနက် ၁၀:၃၀ လောက်ထဲက စုရပ်မှာ အတူတူစုပြီး ပြည်သူ့ရင်ပြင်လေးထဲ ရယ်ရယ်မောမောနဲ့စတင်ဝင်ရောက်ခဲ့ကြပါတယ်။

✨ မစိမ်းရအောင် စတင်ခဲ့တဲ့ စကားဝိုင်း

ပထမဆုံး ရင်းနှီးမှုရသွားအောင် တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရင်း "1 Truth, 2 Lies" Mini Game လေးနဲ့ Ice Breaking စလုပ်ခဲ့ကြတယ်။ ဘယ်အရာက Truth လဲဆိုတာကို လိုက်ခန့်မှန်းရင်း ရယ်မောသံလေးတွေနဲ့ ပွဲလေးက စတင်နွေးထွေးလာခဲ့တာပေါ့။ အဲ့ဒီနောက် "Choose Your Side" Game လေး ထပ်ဆော့ပြီး တစ်ယောက်အကြောင်းတစ်ယောက် ပိုသိခွင့်ရခဲ့ကြပါတယ်။

💬 စိတ်ချင်းဆက်ခဲ့ကြတဲ့ Group Discussion

ဂိမ်းလေးတွေ ဆော့အပြီးမှာတော့ တူညီတဲ့ အခြေအနေနဲ့ စိတ်ဝင်စားမှုအလိုက် မိသားစု၊ ပညာရေးနဲ့ အချစ်ရေးဆိုပြီး Topic (၃) ခုအတွက် Group (၃) ခု ခွဲလိုက်ကြပါတယ်

Family- မပြောဖြစ်ခဲ့တဲ့ ရင်တွင်းခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခွင့်ရခဲ့ကြတယ်။

Education- ကြုံတွေ့နေရတဲ့ ဖိအားတွေကို အပြန်အလှန် ရင်ဖွင့်ရင်း အကောင်းဆုံး အဖြေတွေကို တိုင်ပင်ခဲ့ကြတယ်။

Relationship - စိတ်ဒဏ်ရာတွေကို ဘာ Judgement မှမပါဘဲ စာနာနားလည်မှုအပြည့်နဲ့နားထောင်ပေးခဲ့ကြပြီး adviceတွေ ပေးခဲ့ကြပါတယ်။

နေ့လည်စာ အတူတူစားရင်း ခဏတာ Break ယူခဲ့ကြတာမို့ အရင်က ထက် ပိုပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်သွားခဲ့ကြပါတယ်။ 🌿

📸 ကလေးဘဝဆီ ပြန်လည်ထွက်ခွာခြင်း

နောက်ဆုံး အစီအစဉ်လေးကတော့အပျော်ဆုံးနဲ့ အလွမ်းဆုံးပါပဲ! တက်ရောက်လာသူတွေ ကြိုပို့ထားတဲ့ ငယ်ဘဝဓါတ်ပုံလေးတွေကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး "ဒါ ဘယ်သူ့ပုံလေးလဲ" ဆိုတာ ခန့်မှန်းခဲ့ကြတာပါ။ ပုံလေးတွေကိုကြည့်ပြီး ကလေးဘဝရဲ့ အေးချမ်းမှုကို ပြန်လည်ခံစားရင်း ရယ်မောပျော်ရွှင်ခဲ့ကြပါတယ်။

အဆုံးမှာတော့ အမှတ်တရ Group Photo လေးတွေ ရိုက်ပြီး ပေါ့ပါးတဲ့ စိတ်ကလေးတွေနဲ့ အိမ်ပြန်ခဲ့ကြပါတယ်ရှင်။

ဒီနေ့မှာ ရင်ထဲက လေးလံမှုတွေကို ခဏချထားပြီး Safe Space လေးထဲမှာ စိတ်ဓာတ်ခွန်အားတွေ အပြည့်အဝ ဖြည့်တင်းသွားနိုင်ကြမယ်လို့မျှော်လင့်ပါတယ်နော် 🤍

ဆုံတွေ့ခဲ့ကြသူများအားလုံးနဲ့ ကူညီပေးခဲ့သူ တစ်ယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ✨

နောက်ထပ် ဘယ်လို Project လေးတွေနဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တွေ လာဦးမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော်!

#ရင်တွင်းပဲ့တင်သံ

The Memory Diary of Yangon KT’s “Echoes Within” Project 3

The “Echoes Within” Project 3, where participants were given a safe space to freely express everything they had been holding inside behind the words “I’m fine,” has successfully come to an end.

At around 10:30 in the morning, we gathered at the meeting point and happily made our way into People’s Park together, filled with laughter and excitement.

A Conversation to Break the Ice
To get to know one another and feel more comfortable, we first introduced ourselves and started with a mini game called “1 Truth, 2 Lies.” Everyone had fun trying to guess which statement was the truth, and the event gradually became warmer with laughter and cheerful conversations. After that, we played another game called “Choose Your Side,” which gave us a chance to learn more about each other.

Group Discussions That Connected Our Hearts
After the games, we divided into three groups based on shared interests and chose three topics: Family, Education, and Relationships.
Family, Participants had the opportunity to openly share feelings and thoughts that they had never been able to express before.
Education, We shared the pressures we were experiencing and discussed possible solutions together while supporting one another.
Relationships — We listened to each other’s emotional wounds with empathy and understanding, without any judgement, and shared our thoughts and advice.
We then took a short break to have lunch together, which gave us even more time to connect and become closer as friends.

A Journey Back to Childhood
The final activity was probably the most fun yet the most nostalgic part of the day! The participants had previously submitted their childhood photos, and we divided into two teams to guess, “Whose childhood photo is this?”
Looking at those precious photos brought back memories of the peacefulness of childhood, allowing everyone to laugh, reminisce, and enjoy those beautiful moments once again.

Finally, we took some memorable group photos before heading home with lighter hearts and brighter smiles.
We hope that everyone was able to put down their emotional burdens for a while and recharge themselves with positive energy and encouragement within this safe space.

A huge thank you to everyone who joined us, as well as to every single person who helped make this project possible.

Stay tuned and keep an eye out for what kinds of exciting projects and meaningful activities we, KT, will be bringing to you next.

29/08/2026

ပျော်ရွှင်မှုတွေကို ပြန်လည်သတိရရင်း… 🩵

ဒီနေ့မှာတော့ မန္တလေးက ကေသီတို့တွေက ကလေးလေးတွေနဲ့အတူ ပျော်ရွှင်ခဲ့ကြတဲ့ အမှတ်တရ Memories လေးတွေကို ပြန်လည်ကြည့်ရှုကြရအောင်နော်။ 🩵🫶🏻

တစ်နေ့တစ်နေ့ ကစားလိုက်၊ စားလိုက်၊ အိပ်လိုက်နဲ့ ရိုးရှင်းစွာ ဖြတ်သန်းနေကြတဲ့ ကလေးလေးတွေရဲ့ ဘဝအစိတ်အပိုင်းလေးထဲကို ကေသီတို့တွေက ဝင်ရောက်ပြီး ပျော်ရွှင်မှုလေးတွေ ဖန်တီးပေးခဲ့ကြပါတယ်။ 🤍

တစ်နေ့တာလုံး ကလေးလေးတွေရဲ့ အပြုံးတွေ၊ သူတို့ရဲ့ ချစ်စရာစကားသံလေးတွေ၊ ကေသီတို့တွေနဲ့ ကလေးလေးတွေအကြား ဖြစ်ပေါ်လာခဲ့တဲ့ ရင်းနှီးနွေးထွေးမှုလေးတွေကတော့ မေ့လို့မရနိုင်တဲ့ အမှတ်တရလေးတွေအဖြစ် ကျန်ရှိနေခဲ့ပါတယ်။

ရာသီဥတုရဲ့ အပူဒဏ်ကိုတောင် အန်တုပြီး ကလေးလေးတွေရဲ့ အပြုံးတွေနဲ့အတူ ပျော်ရွှင်အေးချမ်းနေခဲ့ကြတာကတော့ ကေသီက Volunteers တွေပဲ ဖြစ်ပါတယ်။ ☀️🫶🏻

ဒီလိုနဲ့ အလှူရှင်တွေနဲ့ ကေသီတို့အားလုံးရဲ့ စုပေါင်းအားထုတ်မှု၊ စေတနာနဲ့ မေတ္တာတွေကြောင့် “မေတ္တာမိုးစက် ရွာသွန်းရာ” Project လေးကို အောင်မြင်စွာ ဖန်တီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီ Memories Recap လေးကတော့ ကေသီတို့ Volunteer တွေနဲ့ ကလေးလေးတွေအတွက် အချိန်တွေဘယ်လောက်ကြာသွားပါစေ မမေ့နိုင်မယ့် အမှတ်တရလေးတစ်ခု ဖြစ်နေမှာပါ။

“မေတ္တာမိုးစက် ရွာသွန်းရာ” ဆိုတဲ့ Project လေး ပြီးဆုံးသွားပေမယ့် ဒီနေ့လေးမှာ ဖန်တီးခဲ့ကြတဲ့ ပျော်ရွှင်မှုတွေ၊ နွေးထွေးမှုတွေနဲ့ အပြုံးလေးတွေကတော့ အမြဲတမ်း ကျန်ရှိနေမှာပါ။

ဒီ Video လေးထဲမှာ သိမ်းဆည်းထားတဲ့ အခိုက်အတန့်လေးတွေကို အတူတူ ပြန်လည်ခံစားရင်း “မေတ္တာမိုးစက် ရွာသွန်းရာ” ရဲ့ လှပတဲ့ Memories လေးတွေကို အားလုံးနဲ့အတူ အမှတ်တရအဖြစ် သိမ်းဆည်းထားလိုက်ကြရအောင်နော်။ 🩵



#မေတ္တာမိုးစက် ရွာသွန်းရာ

Reminiscing the Happiness We Shared… 🩵

Today, let’s take a look back at the precious memories we shared, KT Mandalay, created together with the children, filled with laughter, happiness, and unforgettable moments. 🩵🫶🏻

Stepping into the simple little world of these children, where each day is spent playing, eating, sleeping, and enjoying the little things in life, we had the chance to create moments of happiness and joy together. 🩵

Throughout the day, their bright smiles, adorable little voices, and the warm connection that grew between the children and our volunteers became precious memories that we will never forget.

Even under the warmth of the summer sun, our KT volunteers continued to share laughter and happiness with the children, finding warmth and peace in their beautiful smiles. ☀️🫶🏻

And so, through the collective efforts, kindness, and love of our donors and everyone involved, we were able to successfully bring “Where Raindrops of Love Fall” to life.

This Memories Recap will always remain a special memory for both our volunteers and the children , one that we hope will stay in our hearts no matter how much time passes.

Although “Where Raindrops of Love Fall” has come to an end, the happiness, warmth, and smiles we created together on this special day will always remain with us.

As we relive the little moments captured in this video, let’s cherish and keep the beautiful memories of “Where Raindrops of Love Fall” close to our hearts. 🩵






August 21 က အားလုံးအတွက် သာမန်နေ့လေးတစ်ရက်ဆိုပေမယ့် မန္တလေးက KT တို့အတွက်တော့ ထူးခြားတဲ့ ရက်လေးတစ်ရက်ပါ။ 🩵ဒါဆို ဘာကြောင့...
27/08/2026

August 21 က အားလုံးအတွက် သာမန်နေ့လေးတစ်ရက်ဆိုပေမယ့် မန္တလေးက KT တို့အတွက်တော့ ထူးခြားတဲ့ ရက်လေးတစ်ရက်ပါ။ 🩵

ဒါဆို ဘာကြောင့် ထူးခြားတာလဲဆိုတာ ပြောပြပေးသွားမှာမို့ အတူတူ လိုက်ကြည့်ပေးကြပါဦးနော်။ 🫵🥰

ပထမဆုံးအနေနဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီးကုန်းမှာရှိတဲ့ ဘုန်းကြီးကျောင်းက ကလေးလေးတွေဆီကို ကေသီတို့တွေ ပျော်ပျော်ပါးပါးနဲ့ အတူတကွ စုပေါင်းပြီး သွားရောက်ခဲ့ကြပါတယ်။

ကေသီတို့ ကလေးတွေဆီရောက်သွားတဲ့အခါ ဘာတွေလုပ်ခဲ့ကြလဲဆိုတော့...

ကလေးလေးတွေနဲ့အတူ Games တွေဆော့ခဲ့ကြတယ်၊ Activities လေးတွေအတူတူလုပ်ခဲ့ကြတယ်၊ သီချင်းတွေနဲ့ ကဗျာတွေလည်း အတူတူဆိုခဲ့ကြပါသေးတယ်။ ကလေးတွေရဲ့ စကားသံလေးတွေကိုလည်း ကေသီတို့ နားထောင်ပေးခဲ့ကြပါတယ်။ သူတို့ရဲ့ တစ်နေ့တာအကြောင်းတွေ၊ သူတို့ကြိုက်တဲ့အရာလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပြောပြနေကြတဲ့ ကလေးတွေရဲ့ အပြုံးလေးတွေဟာ ကေသီတို့အတွက် ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်ခဲ့ပါတယ်။ 🤍

နောက်ပြီး Sexual Education နဲ့ပတ်သက်တဲ့ အသိပညာလေးတွေကိုလည်း မျှဝေပေးခဲ့ကြပါသေးတယ်။ စကားနဲ့ပဲ အသိပညာမျှဝေပေးခဲ့တာမဟုတ်ဘဲ ကေသီတို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြပြီး ကလေးလေးတွေ နားလည်လွယ်အောင် အသိပညာပေးခဲ့ကြတာပါ။

ဒါတင်မကသေးပါဘူး...

ကေသီတို့ ဘုန်းကြီးကျောင်းမှာ တရားနာပြီး ရေစက်ချခဲ့ကြပါသေးတယ်။ ကလေးလေးတွေအတွက် အရုပ်လေးတွေနဲ့ အအေးဘူးလေးတွေကိုလည်း ဝေမျှပေးခဲ့ကြသလို အာဟာရဖြစ်စေမယ့် နေ့လယ်စာလေးတွေကိုလည်း လှူဒါန်းပေးခဲ့ကြပါတယ်။

ဒါ့အပြင် ကေသီတို့ Volunteer တွေကလည်း အချင်းချင်း ပိုမိုရင်းနှီးလာစေဖို့ Activities လေးတွေအတူတူလုပ်ရင်း ပျော်ရွှင်စရာအချိန်လေးတွေကို ဖြတ်သန်းခဲ့ကြပါတယ်။ 🫶🏻

ဒီနေ့လေးကို ပိုပြီး အဓိပ္ပာယ်ရှိစေခဲ့တာကတော့ ကလေးလေးတွေအတွက် လိုအပ်တဲ့အရာလေးတွေကို လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တစ်ဦးချင်းစီရဲ့ စေတနာနဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ အားလုံးရဲ့ ပါဝင်ကူညီပေးမှုတွေကြောင့် ကလေးလေးတွေအတွက် အရုပ်လေးတွေ၊ အအေးဘူးလေးတွေနဲ့ အာဟာရဖြစ်စေမယ့် နေ့လယ်စာလေးတွေကို မျှဝေပေးနိုင်ခဲ့သလို သူတို့လေးတွေရဲ့ မျက်နှာပေါ်မှာလည်း အပြုံးလေးတွေ ပေါ်လာအောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 🥰

ဒီလိုနဲ့ ကလေးလေးတွေအတွက် ပျော်ရွှင်မှုနဲ့ အမှတ်တရကောင်းလေးတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ August 21 ရက်နေ့လေးမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်များအားလုံးကို ကေသီတို့ Volunteer Team မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 💗

အားလုံးရဲ့ စေတနာ၊ မေတ္တာနဲ့ ပံ့ပိုးကူညီပေးမှုတွေဟာ ကလေးလေးတွေအတွက် အမှတ်တရကောင်းလေးတစ်ခု ဖြစ်စေခဲ့ပါတယ်။ နောင်လည်း ဒီလိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေမှာ အတူတူ ဆက်လက်ပါဝင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ 🩵🫶🏻✨

ဒါဆိုရင်တော့ “မေတ္တာမိုးစက် ရွာသွန်းရာ” ဆိုတဲ့ Project လေးဟာ အကောင်းဆုံးသော အမှတ်တရလေးတွေနဲ့အတူ အောင်မြင်စွာ ပြီးမြောက်သွားခဲ့ပါပြီ။ 🩵
ကလေးလေးတွေနဲ့ ကေသီတို့ အတူတူဖန်တီးခဲ့ကြတဲ့ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေ၊ ရယ်မောခဲ့ကြတဲ့အချိန်လေးတွေက အချိန်တွေဘယ်လောက်ကြာသွားပါစေ မမေ့နိုင်တဲ့ အမှတ်တရကောင်းလေးတွေအဖြစ် ကျန်ရှိနေမှာပါ။ 🫶🏻

ဒါကြောင့် အားလုံးနဲ့အတူ “မေတ္တာမိုးစက် ရွာသွန်းရာ” Memories Recap လေးကို အတူတူကြည့်ရှုရင်း ဒီနေ့လေးမှာ အတူတူဖန်တီးခဲ့ကြတဲ့ အမှတ်တရလေးတွေကို ပြန်လည်သိမ်းဆည်းလိုက်ကြရအောင်နော်။ 🥰🩵✨



#မေတ္တာမိုးစက် ရွာသွန်းရာ


August 21 may have been just an ordinary day for many people, but for KT Mandalay, it was a truly special one. 🩵

So, what made this day so special? Come along with us as we take you through the memories we created together. 🫵🥰

Our journey began with a cheerful visit to the children at a monastery in Ngwe Taw Kyi Kone, Pyigyitagon Township. We came together as a team, ready to spend a meaningful and joyful day with them.

So, what did we do when we arrived?

We played games, took part in fun activities, sang songs, and recited poems together. Most importantly, we took the time to listen to the children. They happily shared stories about their daily lives and talked about the things they loved.

The sound of their little voices and the smiles on their faces became precious memories that we will always cherish — memories that cannot be replaced by anything else. 🤍

We also shared some basic knowledge about Sexual Education with the children. Rather than simply explaining things through words, our volunteers took part in role-plays and demonstrations to make the lessons easier for the children to understand and remember.

And that wasn’t all…

We also had the opportunity to listen to Dhamma and share merit together at the monastery. We distributed toys and cold drinks to the children and donated nutritious lunches for them to enjoy. 🥰

Beyond our time with the children, our volunteers also spent time doing fun activities together. These moments helped us get to know one another better, strengthen our connections, and create even more joyful memories as a team. 🫶🏻

What made this day even more meaningful was the kindness and generous support of every donor who contributed to providing the things the children needed.

Because of everyone’s support, we were able to share toys, cold drinks, and nutritious lunches with the children — and, most importantly, put smiles on their faces. 🥰

To all the generous donors who supported and took part in making August 21 a day filled with happiness and beautiful memories for these children, the entire KT Volunteer Team would like to extend our heartfelt gratitude. 💗

Your kindness, love, and support have become a beautiful memory in the lives of these children. We sincerely hope that we can continue to come together and take part in more meaningful initiatives like this in the future. 🩵🫶🏻✨

And with that, our project,”Where Raindrops of Fall”,
has come to a successful end, leaving us with countless beautiful memories. 🩵

The joyful moments we shared with the children, the laughter we had together, and all the little moments we created will remain as precious memories that we will never forget, no matter how much time passes. 🫶🏻

So, let’s look back on those beautiful moments together through our “Where Raindrops of Love Fall”Memories Recap and relive the memories we created together on this special day. 🥰🩵✨




Kindle Together (Main Partner)✨“လှူရင်းကူ၊ ကူရင်းယူ” ✨ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း ကိုယ့်အတွက်လည်း အခွင့်အရေးတစ်...
26/08/2026

Kindle Together (Main Partner)
✨“လှူရင်းကူ၊ ကူရင်းယူ” ✨

ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း ကိုယ့်အတွက်လည်း အခွင့်အရေးတစ်ခု ရယူကြမယ် 🤍

Dream Education ရဲ့ "လှူရင်းကူ၊ ကူရင်းယူ" Campaign လေးမှာ ကျွန်တော်တို့ Kindle Together မှ Main Partnership အနေနဲ့ အားတက်သရော ပါဝင်အားဖြည့်ထားပါတယ်။ 🤩

🌱 “လှူရင်းကူ၊ ကူရင်းယူ” ဆိုတာဘာလဲ?

ဒီ Project လေးကတော့ Give & Take ပုံစံနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ကိုယ်တတ်နိုင်သလောက် လှူဒါန်းပြီး ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးနိုင်သလို၊ ကိုယ်တိုင်လည်း ပညာသင်ယူခွင့်၊ Skill Development အခွင့်အရေးတွေနဲ့ Discount Benefits တွေကို ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ကူညီတဲ့အရာက တစ်စုံတစ်ယောက်ရဲ့ ဒီနေ့ကို ကယ်တင်ပေးနိုင်သလို၊ ကိုယ်ရရှိမယ့်အခွင့်အရေးက ကိုယ့်ရဲ့မနက်ဖြန်ကိုလည်း ပိုကောင်းစေနိုင်ပါတယ်။ ✨

—
📌ပါဝင်လှူဒါန်းမယ့်သူတွေက…

Dream Education, Charity with Dream ရဲ့ Page Messenger သို့လည်းကောင်း…



စတဲ့ Telegram Account တွေမှာလည်းကောင်း သွားရောက်လှူဒါန်းနိုင်ပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်သူ၊ ထိုင်းဘဏ်အကောင့်ရှိတဲ့ သူတွေအနေနဲ့လည်း ထိုင်းဘတ်ဖြင့် ပါ၀င်လှူဒါန်းနိုင်ပါတယ်။

Benefit တွေ မယူဘဲ သီးသန့်ပါဝင်လှူဒါန်းချင်တဲ့သူ တွေရှိရင်လည်း ပါဝင်လှူဒါန်းနိုင်ပါတယ်။ ♥️

တစ်ယောက်ရဲ့ Share တစ်ချက်က
တစ်စုံတစ်ယောက်ဆီကို အကူအညီတစ်ခု ရောက်ရှိစေနိုင်တာမလို့
အလှူငွေမထည့်ဝင်နိုင်ရင်တောင် သတင်းတစ်ခုကို မျှဝေပေးခြင်းကလည်း ကူညီမှုတစ်ခုပါပဲ ✨

ရေဘေးသင့်မိသားစုတွေနဲ့အတူ ရပ်တည်ရင်း
သူတို့ရဲ့ ဒီနေ့ကို ကူညီပေးပြီး
ကိုယ့်ရဲ့ မနက်ဖြန်အတွက်လည်း သင်ယူကြရအောင်။ 💙



#လှူရင်းကူကူရင်းယူ

25/08/2026

ခိုနားရာအေးရိပ်လေးထဲက အမှတ်တရတွေဟာ နွေးထွေးခဲ့ပါကြောင်း.…🩵

လွန်ခဲ့တဲ့ ဩဂုတ်လ (၁၆) ရက်နေ့က မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်လေးထဲ မန္တလေးက ကေသီတို့ ဦးဆောင်ကျင်းပခဲ့တဲ့ Eco-Grounding Project လေးကို တူတူပြန်ကြည့်ကြရအောင်…။

ထို project လေးကိုတော့ “ရင်ခွင်အေးရိပ် အားဖြည့်အရိပ်” ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပြုလုပ်ပေးခဲ့တာဖြစ်ပြီး နွေးထွေးတဲ့စကားဝိုင်းလေးတွေ၊ ပျော်စရာဂိမ်းလေးတွေနဲ့ အမှတ်တရဓာတ်ပုံလေးတွေကြား နေ့စဉ်ဘဝရဲ့ ပင်ပန်းမှုတွေကို ခဏလောက်လွှတ်ချပြီး စိတ်ကလေးကို အနားပေးနိုင်စေဖို့ ကေသီတို့က အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်နော်။ 🩵

ဆိုတော့…ဒီ video လေးထဲမှာတော့
“ရင်ခွင်အေးရိပ် အားဖြည့်အရိပ်” လေးရဲ့ ရယ်သံလွင်လွင်လေးတွေ၊ အပြုံးချိုချိုလေးတွေနဲ့ အမှတ်တရ နွေးနွေးလေးတွေကို ပြန်ကြည့်ရင်း မှတ်ဉာဏ်လှလှလေးတွေအဖြစ် တူတူသိမ်းထားကြရအောင်နော် 🎥 🍃

Oh Wait…. ✋

နောက် project တွေမှာ ပြန်ဆုံနိုင်ဖို့ Kindle Together ကို follow ထားဖို့လည်း မမေ့နဲ့ဦးနော် 🫶🏻



#ရင်ခွင်အေးရိပ်အားဖြည့်အရိပ်

🏠 ရန်ကုန်KTတို့ရဲ့ “မေတ္တာရိပ်မြုံ လွှမ်းလို့ခြုံ” Project Journey➡️မိသားစုတစ်စုရဲ့ နေ့စဉ်ဘဝလေး ပိုမိုနွေးထွေးလာစေဖို့အတ...
25/08/2026

🏠 ရန်ကုန်KTတို့ရဲ့ “မေတ္တာရိပ်မြုံ လွှမ်းလို့ခြုံ” Project Journey➡️

မိသားစုတစ်စုရဲ့ နေ့စဉ်ဘဝလေး ပိုမိုနွေးထွေးလာစေဖို့အတွက် လက်ကမ်းကူညီမှုလေးတစ်ခုနဲ့ မေတ္တာတွေမျှဝေခဲ့ကြတဲ့ “မေတ္တာရိပ်မြုံ လွှမ်းလို့ခြုံ” Project လေးကို ရန်ကုန်KTတို့တွေ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါပြီ။ 🤍

ဒီတစ်ခေါက် Project မှာတော့ KTတို့Volunteer တွေက သင်္ကန်းကျွန်းမြို့နယ်နေ မိခင်ကြီးနဲ့ သမီးဖြစ်သူအန်တီကြီးတို့ရဲ့ နေအိမ်လေးဆီ အိမ်တိုင်ရာရောက် သွားရောက်ခဲ့ပြီး အခြေခံလိုအပ်ချက်တွေအတွက် စေတနာရှင်တို့ရဲ့ လှူဒါန်းငွေတွေကို သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

လမ်းမပေါ်က ပလတ်စတစ်ဘူးတွေ၊ ပုလင်းခွံလေးတွေကို ကောက်ယူရင်း မိသားစုအတွက် ကြိုးစားရုန်းကန်နေရတဲ့ အန်တီကြီးရဲ့ဘဝမှာ အနည်းငယ်ပဲဖြစ်ဖြစ် အားဖြည့်ပေးနိုင်ဖို့ ရည်ရွယ်ခဲ့တဲ့ ဒီ Project လေးကတော့ KT တို့အတွက်လည်း မေတ္တာနဲ့ စေတနာကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ အမှတ်တရလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီ Project လေး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့အတွက် အလှူငွေများနဲ့ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ စေတနာရှင်တစ်ဦးချင်းစီကို KT မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင့်။ 🫶🏻

🏠 Yangon’s KT “Enfolded in Loving Kindness Project Journey” ➡️

With the hope of making a family’s everyday life a little warmer, Yangon KT successfully carried out “Enfolded in Loving Kindness” a project where we shared kindness, love, and a helping hand with a family in need. 🤍

For this project, our KT volunteers visited the home of a mother and her daughter in Thingankyun Township and delivered donations from generous supporters to help with their basic needs.

The mother works hard to support her family by collecting plastic bottles and empty containers from the streets. Through this project, we hoped to ease her struggles, even if only in a small way, and provide some support for her family.

For KT, this project became a meaningful memory one where we were able to turn love, kindness, and compassion into real action 🤍

KT would like to express our heartfelt gratitude to every generous donor who contributed and supported us in making this project possible. Your kindness made this small act of love possible.



#မေတ္တာရိပ်မြုံလွှမ်းလို့ခြုံ

“ရင်ခွင်အေးရိပ် အားဖြည့်အရိပ်” လေးထဲမှ  မန္တလေးကေသီတို့ရဲ့ အမှတ်တရလှလှလေးများ 🍃🩵ဟိတ်…ဟိတ်…လွန်ခဲ့တဲ့ ဩဂုတ်လ (၁၆) ရက်၊ တန...
24/08/2026

“ရင်ခွင်အေးရိပ် အားဖြည့်အရိပ်” လေးထဲမှ မန္တလေးကေသီတို့ရဲ့ အမှတ်တရလှလှလေးများ 🍃🩵

ဟိတ်…ဟိတ်…

လွန်ခဲ့တဲ့ ဩဂုတ်လ (၁၆) ရက်၊ တနင်္ဂနွေနေ့တုန်းကမန္တလေးရဲ့ ရတနာပုံတိရစ္ဆာန်ဥယျာဉ်လေးထဲမှာ လူဦးရေ (၃၀) စာလောက် ပြုလုပ်ပေးခဲ့တဲ့ မန္တလးကေသီတို့ရဲ့ Eco-Grounding project ဖြစ်တဲ့ “ရင်ခွင်အေးရိပ် အားဖြည့်အရိပ်” ဆိုတဲ့ project လေးကတော့ အောင်မြင်စွာနဲ့ အဆုံးသတ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ် 🥳

ဆိုတော့ အဲ့နေ့လေးမှာ ကေသီတို့ ဘာတွေလုပ်ခဲ့ကြလဲ သိချင်ကြတယ်…ဟုတ် 👀

🌱 ပထမဆုံး Introduction & Ice-breaking အနေနဲ့ “This or That” Game လေးကနေ စတင်ပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ အချင်းချင်း ရင်းနှီးမှုတွေ တူတူတည်ဆောက်ခဲ့ကြပါတယ်။

🍃 အဲ့ဒီနောက်မှာတော့ Eco-Grounding Session လေးပြုလုပ်ခဲ့ကြပြီး Group လေးတွေအလိုက် စကားတွေတူတူဝိုင်းဖွဲ့ပြောရင်း connection လေးတွေတည်ဆောက်ခဲ့ကြရုံသာမက သဘာဝတရားကြီးထဲ ကိုယ့်စိတ်ကလေးကို ပြန်လည်နားထောင်နိုင်ဖို့ အချိန်လေးတွေလည်း ပေးခဲ့ကြပါတယ်။

ဒါတင် ဘယ်ဟုတ်ပါ့မလဲဗျာ….

🍔 Snack time လေးပြီးတဲ့နောက်မှာတော့…

📸 ပျော်စရာကောင်းတဲ့ Photo Scavenger Hunt ဂိမ်းလေးမှာတော့ challenge လေးတွေကို အဖွဲ့လိုက် တူတူဖြေရှင်းပြီး ရယ်မောပျော်ရွှင်ခဲ့ကြတဲ့အပြင် အမှတ်တရဓာတ်ပုံလေးတွေပါ တူတူဖန်တီးနိုင်ခဲ့ကြပါတယ်။

🎁 Activity လေးတွေပြီးတဲ့နောက်မှာတော့ အားလုံးစောင့်မျှော်နေကြတဲ့အတိုင်း winner announcement လေးနဲ့ အတူ ဆုလေးတွေ ချီးမြှင့်ကြ၊ ဓာတ်ပုံလေးတွေလည်းတူတူရိုက်ကြရင်း အမှတ်တရလှလှလေးတွေကို သိမ်းဆည်းခဲ့ကြပါသေးတယ်။

💭 နောက်ဆုံးမှာတော့ ထိုနေ့လေးမှာ ရရှိခဲ့တဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေနဲ့ အမှတ်တရလေးတွေကို ကေသီဘက်က Feedback လေးပြန်တောင်းရင်းနဲ့ပဲ တစ်နေ့တာကို အောင်မြင်စွာနဲ့ အပြီးသတ်နိုင်ခဲ့ပါတယ်။

“ရင်ခွင်အေးရိပ် အားဖြည့်အရိပ်” ဆိုတဲ့ နာမည်လေးအတိုင်းပဲ…

ထိုနေ့လေးရဲ့ အခိုက်အတန့်လေးတွေထဲ ကျွန်တော်တို့ကေသီလေးတွေက မိတ်ဆွေတို့ရဲ့ လုံခြုံနွေးထွေးရာ ရင်ခွင်လေးတစ်ခု၊ ခဏတာ စိတ်အေးချမ်းရာ နေရာလေးတစ်နေရာ၊ ပြန်လည်အားဖြည့်နားခိုနိုင်ရာ အရိပ်လေးတစ်ရိပ် ဖြစ်ခဲ့မယ်လို့လည်း ယုံကြည်မျှော်လင့်မိပါတယ်နော်။ 🩵

ဒီ project လေးမှာ တက်ကြွစွာနဲ့ အတူတူပါဝင်ပေးခဲ့ကြတဲ့ participants လေးတွေ ၊ volunteers လေးတွေနဲ့ project ဖြစ်မြောက်အောင် ပါဝင်ကူညီပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Kindle Together မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🫶🏻

ထိုနေ့လေးမှာ ရခဲ့တဲ့ အမှတ်တရလေးတွေ၊ ရယ်မောသံလေးတွေနဲ့စကားသံလေးတွေကိုတော့ memory လေးတစ်ခုအဖြစ် သိမ်းထားပြီး နောက် project တွေမှာ တူတူ ပြန်ဆုံကြမယ်နော်။

အဲ့မတိုင်ခင်ထိတော့ ပင်ပန်းမှုတွေကြား ကိုယ့်စိတ်ကလေးကို တစ်ခါတစ်ခါ အနားလေးပေးရင်း Kindle Together ရဲ့ နောက်ထပ် အေးချမ်းရာ project တွေကိုစောင့်မျှော်နေဖို့ မမေ့နဲ့နော်။ 🩵



#ရင်ခွင်အေးရိပ်အားဖြည့်အရိပ်


“Cool Shelter, Recharging Shade” — Beautiful memories from Mandalay KT 🍃🩵

Hey… hey…

Last Sunday, August 16, we successfully completed “Cool Shelter, Recharging Shade,” an Eco-Grounding project organized by Mandalay KT at Yadanabon Zoological Gain Mandalay for around 30 participants. 🥳

So, you might be wondering… what exactly did Kethi do that day? 👀

🌱 Introduction & Ice-breaking
We started off with a fun “This or That” game, allowing everyone to get to know one another and build connections in a relaxed and comfortable atmosphere.

🍃 After that, we had an Eco-Grounding Session, where everyone gathered in groups, talked and connected with one another. We also took some time to reconnect with nature and listen to our own minds and feelings.

But that wasn’t all…

🍔 After a little snack time…

📸 During the fun Photo Scavenger Hunt, participants worked together in teams to complete different challenges, laughed and enjoyed themselves, and created lots of memorable photos along the way.

🎁 After all the activities, we had the much-awaited winner announcement and presented prizes to the winners. We also took photos together, capturing those beautiful moments as lasting memories.

💭 Finally, we ended the day by collecting feedback from everyone about the feelings, experiences, and memories they had gained throughout the day.

Just like the name “Cool Shelter, Recharging Shade” suggests…

We sincerely hope that, throughout those moments of the day, we were able to become a safe and warm space for you, a place where you could find a little peace of mind, and a comforting shade where you could rest and recharge for a while. 🩵

Kindle Together would like to express our deepest gratitude to every participant who actively joined the project, all the volunteers, and every single person who contributed to making this project possible. 🫶🏻

We’ll keep the memories, laughter, and conversations we shared that day as a precious memory, and we hope to meet you all again in our future projects.

Until then, don’t forget to give your mind a little rest from time to time, especially during tiring days, and stay tuned for more peaceful and meaningful projects from Kindle Together. 🩵




YUFL အနုပညာအသင်း (၄) နှစ်ပြည့်ပွဲKT x YUFL Art Association၁၁.၈.၂၀၂၆ (အင်္ဂါနေ့) တုန်းက ကျင်းပခဲ့တဲ့ ရန်ကုန်နိုင်ငံခြားဘာ...
24/08/2026

YUFL အနုပညာအသင်း (၄) နှစ်ပြည့်ပွဲ
KT x YUFL Art Association

၁၁.၈.၂၀၂၆ (အင်္ဂါနေ့) တုန်းက ကျင်းပခဲ့တဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် YUFL အနုပညာအသင်းရဲ့ (၄) နှစ်ပြည့် အထိမ်းအမှတ်ပွဲလေးမှာ KT x YUFL Art Association အနေနဲ့ Collaboration Partner တစ်ခုအဖြစ် ပူးပေါင်းပါဝင်ခွင့်ရခဲ့ပါတယ်။🤩
ဒီလိုအထူးခြားဆုံးပွဲလေးမှာ Volunteering နဲ့ လူငယ်အင်အားအကြောင်းကို စိတ်ဝင်စားကြတဲ့ ညီငယ်ညီမငယ်တွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ရင်ဘတ်ချင်းနီးကပ်စွာနဲ့ ဆွေးနွေးမျှဝေခွင့်ရခဲ့တာက KT အတွက် တကယ်ကို အမှတ်တရဖြစ်စေတဲ့ အခိုက်အတန့်ပါပဲ။🫶

ဒီပွဲလေးမှာ KT ဘက်က ကိုယ်စားပြုလူငယ် (၄) ယောက်က Stage ပေါ်တက်ပြီး -
KT ဆိုတာ ဘာလဲ၊ ဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ လက်ရှိ ဘာတွေဆက်လုပ်နေလဲ၊ KT မှာ ဘယ်လိုပုံစံတွေနဲ့ ပါဝင်လို့ရလဲ ဆိုတာတွေကို အကျဉ်းချုပ် ရှင်းပြပေးခဲ့ကြပါတယ်။
ဒါ့အပြင် လက်ရှိ ရေဘေးဒုက္ခခံစားနေရတဲ့ ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးမှာ KT ဘက်ကနေ တတ်နိုင်သမျှ ကူညီဖို့ အလှူငွေတွေ လက်ခံနေကြောင်းကိုလည်း ထည့်သွင်းပြောပြဖြစ်ခဲ့ပါတယ်။

KT ဘက်က Member လေးတွေကလည်း Audience အနေနဲ့ရော Manpower နဲ့ပါ ပွဲပြီးတဲ့အထိ တက်တက်ကြွကြွ သေချာလေး ပါဝင်အားဖြည့်ပေးခဲ့ကြပြီး၊ ပွဲပြီးတဲ့အချိန်မှာလည်း အဖွဲ့လိုက် အမှတ်တရဓာတ်ပုံလေးတွေလည်း ရိုက်ကူးခဲ့ကြပါသေးတယ်။ 📸

ရှေ့လျှောက်မှာ YUFL အနုပညာအသင်းနဲ့အတူ Fundraising event တွေ၊ onground projects တွေကိုပါ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိတာမို့အားလုံးပဲစောင့်ကြည့်ပေးကြပါဦးနော်။
ခုလို ဖိတ်ကြားပြီး အတူလက်တွဲ collab လုပ်
ခွင့်ပေးတဲ့ YUFL အနုပညာအသင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။ ❤️



YUFL Art Association 4th Anniversary Celebration KT x YUFL Art Association

On August 11, 2026, KT x YUFL Art Association had the wonderful opportunity to join the 4th Anniversary Celebration of the Yangon University of Foreign Languages (YUFL) Art Association as a Collaboration Partner.

It was truly a memorable experience for KT to connect with and share ideas with enthusiastic young people, students, and members who are passionate about volunteering and the power of youth.

During the event, four representatives from KT took the stage and gave a brief introduction about KT, including what KT is, the projects we have carried out, what we are currently working on, and the different ways people can get involved with KT.

We also shared information about KT’s ongoing fundraising efforts to support the recovery and rebuilding of communities affected by the current floods, and encouraged everyone to contribute in any way they can.

Our KT members actively supported the event not only as audience members but also by contributing their time and manpower throughout the entire program. After the event, we also captured some memorable moments together through group photos.

Moving forward, KT and the YUFL Art Association will continue working together on fundraising events and on-ground projects, so stay tuned for more exciting collaborations!

A very special thank you to the YUFL Art Association for inviting us and giving KT the opportunity to collaborate on such a meaningful occasion.

🌷 ပန်းလေးတွေနဲ့ စတင်ခဲ့တဲ့နေ့မှာ မေတ္တာတွေဟာ ပိုပြီးကျယ်ပြောခဲ့တဲ့အကြောင်း ပြန်ပြောပြမယ်။ ဒီတစ်ခေါက် မန္တလေး ကေသီတို့ရဲ့...
23/08/2026

🌷 ပန်းလေးတွေနဲ့ စတင်ခဲ့တဲ့နေ့မှာ မေတ္တာတွေဟာ ပိုပြီးကျယ်ပြောခဲ့တဲ့အကြောင်း ပြန်ပြောပြမယ်။

ဒီတစ်ခေါက် မန္တလေး ကေသီတို့ရဲ့ August 16 ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ “နွေးထွေးမေတ္တာရနံ့ဖြာ” Project လေးဟာဆိုရင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။🎊

Project လေး ပြီးဆုံးသွားခဲ့ပြီဆိုပေမဲ့ အဲ့ဒီက ရရှိခဲ့တဲ့ ပီတိတွေကတော့ စားလို့မကုန်နိုင်ပါဘူး။ မြင်တွေ့ခဲ့ရတဲ့ ဝမ်းပန်းတသာအပြုံးတွေကလည်း အခုထိ ချိုမြိန်ဆဲ၊ မြင်ယောင်ဆဲပါပဲ။

ဒါဆိုရင် ဒီ project လေးမှာ မန္တလေး ကေသီတွေရဲ့လှုပ်ရှားမှုတွေကို စိတ်ဝင်စားနေပြီမလား?

ဒီ project လေးကတော့ ပန်းရောင်းချပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အဖွားတစ်ဦးကို အဓိကထားပြီး သွားရောက်အားဖြည့်ပေးဖို့ စီစဉ်ခဲ့ကြတာပါ။ ဒါပေမဲ့ ရောက်ရှိသွားတဲ့အခါ အဖွားတစ်ဦးတည်းသာမဟုတ်ဘဲ အနီးအနားမှာ အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနေရတဲ့သူတွေကိုလည်း တွေ့ခဲ့ရတာကြောင့် ကိုယ်တတ်နိုင်သလောက် အတူမျှဝေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Mandalay KT တွေအနေနဲ့ တစ်နေ့တာကို

• ပန်းရောင်းနေတဲ့ အဖွားနဲ့ အချိန်ပေးစကားပြောရင်း သူမရဲ့ နေ့စဉ်ဘဝအကြောင်း နားထောင်ခဲ့ကြပါတယ်။

• လိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းလေးတွေနဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးလေးတွေကိုလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ကြပါတယ်။

• အဖွား ပန်းရောင်းရာမှာလည်း အတူတူကူညီပေးရင်း ပန်းလေးတွေရဲ့ အနံ့နဲ့အတူ နွေးထွေးတဲ့အချိန်လေးတွေကို မျှဝေခဲ့ကြပါတယ်။

ဒါတင်မကသေးပါဘူး…

အနီးအနားမှာ လှုပ်ရှားသွားလာရာမှာ အခက်အခဲရှိနေတဲ့ ဘိုးဘိုးတစ်ဦးကိုလည်း တွေ့ရှိခဲ့တာကြောင့် လိုအပ်တာလေးတွေ မေးမြန်းပြီး တတ်နိုင်သလောက် အကူအညီပေးခဲ့ကြပါတယ်။ 🤝

အဲ့ဒီနားတစ်ဝိုက်မှာလည်း နေ့စဉ်ဘဝအတွက် အခက်အခဲတွေကို ရင်ဆိုင်နေရတဲ့သူလေးတွေကို တွေ့ခဲ့ရတာကြောင့် မုန့်လေးတွေ၊ ငွေကြေးလေးတွေနဲ့ တတ်နိုင်သလောက် ထပ်မံမျှဝေပေးခဲ့ကြပါသေးတယ်။

ကိုယ်စီစဉ်ထားတာက လူတစ်ဦးအတွက် အားဖြည့်ပေးဖို့ဆိုပေမယ့် အဲ့ဒီနေ့မှာတော့ တွေ့ဆုံခဲ့ရတဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို မြင်တွေ့ရင်း “တတ်နိုင်သလောက် မျှဝေပေးမယ်” ဆိုတဲ့ စိတ်လေးက နေရာတစ်နေရာထက် ပိုပြီး ကျယ်ပြန့်သွားခဲ့ပါတယ်။ 🩵

အကူအညီဆိုတာမျိုးက အမြဲတမ်း ကြီးမားတဲ့အရာတွေ ဖြစ်နေစရာမလိုပါဘူးနော်။ မုန့်လေးတစ်ထုပ်၊ လိုအပ်တာလေးတစ်ခု၊ အချိန်ခဏလေးပေးပြီး စကားပြောပေးခြင်းကလည်း လူတစ်ယောက်ရဲ့ တစ်နေ့တာကို နည်းနည်းလေးပိုနွေးထွေးသွားစေနိုင်ပါတယ်။

ဒီ Project လေးပြီးဆုံးသွားတဲ့အခါ ကျန်ခဲ့တာက ပန်းရနံ့လေးတွေတင်မဟုတ်ဘဲ အတူမျှဝေခဲ့တဲ့ စကားသံလေးတွေ၊ တွေ့ဆုံခဲ့ရတဲ့သူတွေရဲ့ အမှတ်တရလေးတွေပဲ ဖြစ်ပါတယ်။

ဒီလိုအမှတ်တရလေးတွေ ဖြစ်လာအောင် ကိုယ်တတ်နိုင်တဲ့အားနဲ့ ပါဝင်ပေးခဲ့ကြတဲ့ Mandalay KT Volunteer လေးတွေနဲ့ အလှူရှင်တစ်ဦးချင်းစီတိုင်းကို Kindle Together မှ အထူးကျေးဇူးတင်ရှိပါတယ်။ 🫶

ဒါဆိုရင်တော့ “နွေးထွေးမေတ္တာရနံ့ဖြာ” Project လေးထဲက မေတ္တာတွေ၊ အပြုံးတွေ၊ အမှတ်တရလေးတွေကို ပုံရိပ်လေးတွေနဲ့အတူ ပြန်လည်ကြည့်ရှုလိုက်ကြရအောင်နော်။ 📸

ရှေ့ဆက်မယ့် KT ရဲ့ ခြေလှမ်းလေးတွေမှာလည်း တတ်နိုင်သလောက် အတူတူပါဝင်ပြီး မေတ္တာလေးတွေ ဆက်လက်မျှဝေသွားကြရအောင်နော်။ 🩵



#နွေးထွေးမေတ္တာရနံ့ဖြာ


🌷 Let me tell you about how love grew even wider on a day that began with flowers.

The “Nway Dhwe Mettar Yane Phyar” Project, organized by Mandalay KT on August 16, has successfully come to an end. 🎊

Although the project has ended, the joy we gained from that day is something we can never fully contain. The happy smiles we witnessed still feel sweet and remain vivid in our memories.

So, are you curious about what the Mandalay KT team did during this project?

This project was originally planned to support an elderly grandmother who earns her living by selling flowers. However, when we arrived, we found that she was not the only person nearby facing difficulties. We also met others who were going through challenging circumstances, so we decided to share whatever support we could with them as well.

Throughout the day, the Mandalay KT team:

• Spent time talking with the grandmother who sells flowers and listened to stories about her daily life.

• Provided some essential daily necessities and medicines that she needed for her health, as much as we were able to.

• Helped her sell flowers and shared warm moments together, surrounded by the lovely fragrance of the flowers.

But that wasn’t all…

We also met an elderly grandfather nearby who had difficulty moving around. After asking about what he needed, we did our best to provide him with some assistance. 🤝

We also encountered other people in the surrounding area who were facing difficulties in their daily lives, so we shared snacks, financial support, and whatever else we could offer.

Although we had originally planned to support just one person, seeing the needs of the people we met that day made our desire to “share whatever we can” grow beyond just one person and one place. 🩵

Help doesn’t always have to be something big. A packet of snacks, a small necessity, or simply giving someone a little time to talk can make their day feel just a little warmer.

When this project came to an end, what remained wasn’t just the sweet fragrance of flowers, but also the conversations we shared and the precious memories of the people we met that day.

Kindle Together would like to express our heartfelt gratitude to every Mandalay KT volunteer and each and every donor who contributed their time, effort, and support to make these beautiful memories possible. 🫶

And now, let’s look back together through these photos at the love, smiles and precious memories from the “Warm Fragrance of Love” Project. 📸

As KT continues moving forward, let’s keep joining hands whenever we can and continue sharing kindness and love with one another. 🩵



#နွေးထွေးမေတ္တာရနံ့ဖြာ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Kindle Together posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share