19/03/2025
မတ် ၂ ရက်ကတည်းက ပျောက်ဆုံးသွားတဲ့ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်က ဝမ်းကွဲညီအစ်ကို တော်စပ်ကြတဲ့ ကလေး ၂ ဦးကို တပတ်အကြာ မတ် ၁၀ ရက်က စဉ့်ကိုင်နယ်ထဲက ရွာဘက်မှာ အသက်သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ မိသားစုဝင် တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လတ်တလောသိထားရတဲ့ ရဲစစ်ဆေးချက်အရ အသက် ၁၃ နှစ် မောင်အောင်ခန့်ဦးနဲ့ ၁၀ နှစ်အရွယ် မောင်ပြည့်စုံကျော်တို့ ၂ ဦးကို သူတို့နဲ့ ပေါင်းသင်းဆက်ဆံရေးရှိသူ လူငယ်တချို့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ ယူဆရကြောင်း မိသားစုဝင် ကပြောပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို သိရတာမရှိသလို သေဆုံး ကလေးငယ်တွေရဲ့ မိသားစုဝင် ပြောပြချက်အရ ကျူးလွန်သူလို့ ယူဆရတဲ့ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာလို့ နားလည်ရပါတယ်။
“ရှာမတွေ့တဲ့ အဆုံးမှာ သူတို့နဲ့အတူသွားတဲ့သူတွေကို ရဲကဖမ်းချုပ်ပြီးမေးရင်းနဲ့မှ ကလေးတွေ ဘယ်မှာရှိတယ်ဆိုတာ ပေါ်လာတာပေါ့။ ကလေးတွေက ပြန်တွေ့တဲ့အချိန် ကြာနေပြီဆိုတေ့ မျက်နှာတွေသေချာမမြင်ရတော့ဘူး အရိုးတောင်ကျနေပြီ” လို့ မိသားစုဝင်က ဆိုပါတယ်။
ဘာကြောင့် အခုလို ကျူးလွန်တယ်ဆိုတဲ့ အကြောင်းပြချက်ကို မသိရသေးဘူးလို့လည်း မိသားစုကပြောပါတယ်။
မိသားစုက သေဆုံးသူ ကလေး ၂ ဦးအတွက် ဒီနေ့ မတ် ၁၄ ရက်မှာ ရက်လည်ဆွမ်းကပ်ပြီး အလှူအတန်းပြုလုပ်ပေးခဲ့ပါတယ်။
လူပျောက်ကြော်ငြာတွေ ဖြန့်ဝေပေးနေတဲ့ Center for Missing & Orphaned Children of Myanmar လူမှုကွန်ရက်စာမျက်နှာမှာတော့ တစ်လကို ပျောက်ဆုံးသူ ၁၀ ဦးဝန်းကျင်ရှိနေတာတွေ့ရပြီး အဲဒီထဲက အများစုဟာ ပျောက်ဆုံးနေကြဆဲ ဖြစ်ပါတယ်။
---
သတင်းပို့၊ မျှဝေ၊ ထောက်ပံ့ပေး ပျောက်ဆုံးနှင့် မိဘမဲ့ ကလေးသူငယ်များအရေး
Report, Share, and Support Missing and Orphaned Children in Myanmar
---
ဆက်သွယ်ရန် - Contact Us
📞 (+95) 09 767 968339
📧 [email protected] (သို့)
📲 Facebook Messenger မှတဆင့်
အောက်ပါအချက်အလက်များဖြင့် အမြန်ဆုံး ပေးပို့ပေးပါ။
- ပျောက်ဆုံးသူ၏ လတ်တလော ဓာတ်ပုံ
- ပျောက်ဆုံးသည့်နေ့
- အမည်နှင့် အသက်
- ကျောင်း/အလုပ်အကိုင်
- ထင်ရှားသည့် အမှတ်အသား
- နောက်ဆုံး တွေ့ရှိခဲ့သည့် နေရာ/လမ်း/မြို့နယ်
- နောက်ဆုံး ဝတ်ဆင်ထားသည့် အဝတ်အထည်
- မိဘအုပ်ထိန်းသူ အမည်
- ဆက်သွယ်ရမည့် ဖုန်းနံပါတ်
---
လတ်တလောသိထားရတဲ့ ရဲစစ်ဆေးချက်အရ အသက် ၁၃ နှစ် မောင်အောင်ခန့်ဦးနဲ့ ၁၀ နှစ်အရွယ် မောင်ပြည့်စုံကျော်တို့ ၂ ဦးကို သူတို့နဲ့ ပေါင်းသင်းဆက်ဆံရေးရှိသူ လူငယ်တချို့က ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့တယ်လို့ ယူဆရကြောင်း မိသားစုဝင် ကပြောပါတယ်။
“ရှာမတွေ့တဲ့ အဆုံးမှာ သူတို့နဲ့အတူသွားတဲ့သူတွေကို ရဲကဖမ်းချုပ်ပြီးမေးရင်းနဲ့မှ ကလေးတွေ ဘယ်မှာရှိတယ်ဆိုတာ ပေါ်လာတာပေါ့။ ကလေးတွေက ပြန်တွေ့တဲ့အချိန် ကြာနေပြီဆိုတေ့ မျက်နှာတွေသေချာမမြင်ရတော့ဘူး အရိုးတောင်ကျနေပြီ” လို့ မိသားစုဝင်က ဆိုပါတယ်။
သတင်းအပြည့်အစုံနဲ့ မတ် ၁၄ ရက် ဘီဘီစီသတင်း တိုက်ရိုက်ထုတ်လွှင့်ချက်ကို ဒီလင့်ခ်မှာ https://www.bbc.com/burmese/live/c1lpz3v1n9et နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါပြီ။
#ဘီဘီစီမြန်မာပိုင်း #မန္တလေး #လူပျောက် #ကလေး #သေဆုံး