Myaw Lint Yar - HOPE

Myaw Lint Yar - HOPE HOPE is led by local people, a registered local organization working for local people in Myanmar.

 #မျှော်လင့်ရာ လူမှုအကျိုးပြုအသင်း (HOPE) သည် ဩဂုတ်လ ၂၂ ရက်နေ့၊ ၂၀၂၆ ခုနှစ်တွင် ခေါင်လန်ဖူးမြို့နယ် အမတ်ပေါ်ကျေးရွာမှ ပူ...
27/08/2026

#မျှော်လင့်ရာ လူမှုအကျိုးပြုအသင်း (HOPE) သည် ဩဂုတ်လ ၂၂ ရက်နေ့၊ ၂၀၂၆ ခုနှစ်တွင် ခေါင်လန်ဖူးမြို့နယ် အမတ်ပေါ်ကျေးရွာမှ ပူတာအိုသို့ တိုက် ပွဲရှောင်လာသူ များအတွက် ပူတာအို ခရိုင်လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ သွားရောက်တွေ့ဆုံကာ၊ ဆန်နှင့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးခဲ့သည်။


PUTAO, MULASHIDI ရွာမှဆရာကြီး ဆီကီယို၏သား၊သင်းထောက်လူကြီး ဦးယောနသန် သည် ၂၇. ၈. ၂၀၂၆ ရက်နေ့နံက် ၅:၁၅ နာရီတွင် ခရစ် တော်၌...
27/08/2026

PUTAO, MULASHIDI ရွာမှဆရာကြီး ဆီကီယို၏သား၊သင်းထောက်လူကြီး ဦးယောနသန် သည် ၂၇. ၈. ၂၀၂၆ ရက်နေ့နံက် ၅:၁၅ နာရီတွင် ခရစ် တော်၌အိမ်ပျော်သွားပြီဖြစ်သော​ကြောင့် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၂၈ ရက် သောကြာနေ့၊ နံနက် ၁၁ နာရီတွင်၊ မှော်ဘီ၊ EBI ကျောင်း ရှေ့၊ U Thaung Wu နေအိမ်တွင် ခရစ်ယာန်ထုံးတမ်းအတိုင်း နောက် ဆုံးဝတ်ဝတ်ပြုပြီး၊ စာဖြူစု ခရစ်ယာန် သင်းချိုင်းတွင် မြေမြှုပ်သဂြိုလ်မည်ဖြစ်ပါကြောင်း ဆွေမျိုးများအားအကြောင်း ကြားအပ်ပါသည်။

ဦးယောနသန် သည် မူလာရှီးဒီရွာ သောက်သုံးရေစီမံကိန်း စတင်သည့်အချိန်မှသည် သူ့ဘဝနောက်ဆုံးထိတိုင် ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းတွင် ကိုယ်ကျိုးမဖက် ကြိုးစားလုပ်ကိုင် ပေးခဲ့သည့် ပရဟိတသမားတစ်ဦးလည်း ဖြစ်ပါသည်။

🛑 ဖြစ်ပုံကဒီလို - ဒီဩဂုတ်လအတွင်းမှာပဲ ဖြစ်ခဲ့တာပါ။ ပူတာအိုက ရွာတစ်ရွာမှာ သူစိမ်းတစ်ဖွဲ့ ‌ကံစမ်းမဲလာရောင်းတယ်။  "နောက်နှစ...
26/08/2026

🛑
ဖြစ်ပုံကဒီလို -
ဒီဩဂုတ်လအတွင်းမှာပဲ ဖြစ်ခဲ့တာပါ။
ပူတာအိုက ရွာတစ်ရွာမှာ သူစိမ်းတစ်ဖွဲ့ ‌ကံစမ်းမဲလာရောင်းတယ်။ "နောက်နှစ်ပတ်အကြာမှာ မဲပေါက်/မပေါက် ဖုန်းဆက်ပေးမယ်" ဆိုပြီး ဖုန်းနံပါတ်လည်း တောင်းယူသွားတယ်။

နှစ်ပတ်အကြာမှာ ... ဖုန်းမြည်လာပါပြီ။
"ဝမ်းသာစရာ သတင်းပြောပါမယ်။ လူကြီးမင်းအတွက် ကားတစ်စီး မဲပေါက်ပြီ" လို့ ဖုန်းဆက်တယ်။ အချက်အလက်တောင်းတယ်။ ပြီးတော့ "ကားအတွက်စာရွက် စာတမ်း ပြုလုပ်ဖို့၊ လမ်းရှင်းကြေးသုံးဖို့ ငွေ သိန်း (၁၀၀) အမြန်ပေးသွင်းပါ" လို့ လောဆော်ပါ‌ တော့ တယ်။

ဒီတော့ ရွာသားက နေမထိ၊ ထိုင်မသာတော့ဘဲ ရွာမှာ ငွေလိုက်ချေး ပါတော့တယ်။ ပို့လုဆဲဆဲ၊ ဆုံးရှုံးလုဆဲဆဲပါပဲ။ အသိမိတ်ဆွေတစ်ယောက်က ကံစမ်းမဲ လုပ်တဲ့သူတွေရဲ့ "တည် နေရာ ရုံးဘယ်မှာလဲ" လို့ လိုက်မေးတော့၊ "မြစ်ကြီးနား" မှာတဲ့။ "ဒါဆိုရင် မြစ်ကြီးနားက အသိတွေက ငွေလာသွင်းခိုင်းမယ်" ဆိုတော့၊ "မဟုတ်တော့ဘူး နေပြည် တော် မှာဖြစ်သွားပြီ" တဲ့။ ဒီလိုနဲ့ "နေပြည် တော်မှာလည်း အသိတွေရှိတယ်၊ ရုံးလိပ် စာပေးပါ" ဆိုတော့မှ၊ "ငါတို့က စေတနာနဲ့ လုပ်ပေးတာ၊ မဲပေါက်တာ မယူချင်ရင်လည်း မတတ်နိုင်ဘူး" ဆိုပြီး လျှောချသွားတယ်။

#ဒီအချိန်မှာ လူတိုင်းကြပ်တည်းနေတဲ့အချိန်။ လောဘတက်လောက်တဲ့အရာတွေနဲ့ ဆွဲဆောင်တတ်တယ်။

အရင်က ကိုယ်မဲမထိုးထားပဲ မဲမပေါက်နိုင်ဘူးဆိုတဲ့အဆင့်နဲ့ ပညာပေး ခဲ့ကြပါတယ်။ အခုတော့ မဲထိုးထားလည်း တကယ်ပေါက်တာ မဟုတ်ဘူး။ မရှိတဲ့ကြားထဲ အကြွေးပါ ထပ်တင်သွားမယ် လို့ ပညာပေးနေရပါပြီ။

အားလုံး အသိ၊ သတိနဲ့ကာကွယ်ကြရအောင်။

#အွန်လိုင်းရော၊မြေပြင်မှာရော အလိမ်အညာတွေက ခြေရာထပ်နေပြီ။ အချင်းချင်းသတိပေးပါ။ ကိုယ် ချစ်တဲ့သူတွေကို ငွေမပေးနိုင်ရင်တောင်၊ သူတို့ ငွေမဆုံးရှုံး အောင် ကာကွယ်ပေးပါ။

  for IDPs. Under construction!
26/08/2026

for IDPs. Under construction!

 ရန်ကုန်ကပြန် ~ပူတာအိုကကြို ဆေးကုသခြင်းအဆင့် 2 အောင် မြင်စွာ ပြီးစီးပါပြီ။ နောက်ထပ် operation အနည်းဆုံး နှစ်ကြိမ် ထပ်လုပ...
26/08/2026


ရန်ကုန်ကပြန် ~
ပူတာအိုကကြို

ဆေးကုသခြင်းအဆင့် 2 အောင် မြင်စွာ ပြီးစီးပါပြီ။

နောက်ထပ် operation အနည်းဆုံး နှစ်ကြိမ် ထပ်လုပ်ရဦးပါမယ်။

https://www.facebook.com/share/p/19MwNLcqPx/

 #လင့်တွေကိုမနှိပ်ပါနဲ့မသမာသူတွေက ဆိုရှယ် Platform မျိုးစုံကနေ စာတွေ၊ လင့်တွေ တရစပ် ပို့နေကြပါတယ်။လင့်တွေကို လုံးဝမနှိပ်...
26/08/2026

#လင့်တွေကိုမနှိပ်ပါနဲ့

မသမာသူတွေက ဆိုရှယ် Platform မျိုးစုံကနေ စာတွေ၊ လင့်တွေ တရစပ် ပို့နေကြပါတယ်။

လင့်တွေကို လုံးဝမနှိပ်ပါနဲ့။ တန်းပြီး block ဘလော့ပစ်ပါ။

စကားပြန် မပြော၊ လင့်မနှိပ်ခြင်းဖြင့် ကိုယ့်အချက်အလက်၊ ကိုယ့်ငွေ၊ ကိုယ့် အရှက်သိက္ခာကို ကာကွယ်ကြပါ။

ကိုယ့်ချစ်တဲ့အသိုင်း အဝိုင်းကို အသိပညာပေးပါ။

25/08/2026

🛑 ကမ္ဘာ့သတင်း မီဒီယာတွေနဲ့ တရုတ်သတင်းဖော်ပြချက်တွေမှာ ပါရှိတဲ့ မြန်မာအခြေစိုက် ကျားဖျန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေရဲ့ သဘော နှင့် လူဆိုးကွန်ရက်နဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မြန်မာပြည်အရှေ့ပိုင်းက Scam Compound များနှင့် အမည်များ-
ထိုင်း-မြန်မာနယ်စပ် ကရင် ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ KK Park နှင့် ရွှေကုက္ကိုလ် စသည့် စခန်း (Compound) အများအပြား အပါအဝင် ရှမ်းမြောက် ကိုးကန့်ဒေသ (လောက်ကိုင်) တို့ဟာ အွန်လိုင်းလိမ်လည်မှုတွေရဲ့ အဓိက အခြေစိုက်စခန်းတွေအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Minbaka (မင်းဘာကာ) နာမည်- တရုတ်သတင်းနှင့် လိမ်လည်သူများ၏ ဝှက်စကား တို့တွင် မြန်မာနိုင်ငံဘက်အခြမ်းကို "မင်းဘာကာ" ဟု သုံးနှုန်းကြပြီး မြောက်ပိုင်းနှင့် အရှေ့ပိုင်းဟူ၍ ထပ်မံခွဲခြားထားကြပါတယ်။

၂၀၂၆ နောက်ဆုံးရ ဆက်လက်တိုးချဲ့မှုများ - ဂြိုဟ်ဓာတ်ပုံ (Satellite Imagery) စုံစမ်းစစ်ဆေးချက်များအရ ၂၀၂၆ ခုနှစ်အတွင်းမှာပင် မြဝတီဒေသ၌ Scam စခန်းအသစ်နှင့် တိုးချဲ့စခန်းပေါင်း နည်းပါး ၂၅ ခုထက်မနည်း ထပ်မံတွေ့ရှိထားရပါတယ်။

ငွေလိမ်အဖွဲ့များ၏ လုပ်ငန်းလည်ပတ်ပုံ -
ဒီလုပ်ငန်းစဉ်ဟာ သာမန်အလုပ်အကိုင်လိမ်လည်မှု မဟုတ်ဘဲ လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှုတို့နဲ့ စနစ်တကျ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

မက်လုံးပေး ဆွဲဆောင်ခြင်း- "လစာ $800–$1,500 ရမည်၊ IT သို့မဟုတ် Customer Service အလုပ်ဖြစ်သည်" ဟုဆိုကာ လူငယ်များကို စည်းရုံးခေါ်ယူသည်။

ပိတ်လှောင်ခိုင်းစေခြင်း - စခန်းသို့ ရောက်သည် နှင့် နိုင်ငံကူးလက်မှတ်နှင့် ဖုန်းများကို သိမ်းဆည်းကာ ပြင်ပသို့ ထွက်ခွင့်မပေးတော့ဘဲ အွန်လိုင်းမှတစ်ဆင့် လူလိမ်ခိုင်း သည်။

-အပြစ်ပေး နှိပ်စက်ခြင်း - သတ်မှတ်ထားသော ပစ်မှတ် (Quota) မပြည့်ပါက ရိုက်နှက်ခြင်း၊ ငှက်ဆိုးတုတ်ဖြင့် ထိန်းချုပ်ခြင်း စသည့် အကြမ်းဖက်မှုများ ပြုလုပ်ကြသည်။

🛑 အရေးကြီးသော တွေ့ရှိချက် - ဒီစနစ်မှာ "ဒုက္ခသည် နှစ်ထပ်" ဖြစ်နေကြပါတယ်။

အပြင်ဘက်မှ လူများမှာ "ငွေကြေးလိမ်လည်ခံရသူများ" ဖြစ်ကြပြီး၊ အထဲရောက် နေသည့် အလုပ်သမားများမှာ "လူကုန်ကူးခံရပြီး အဓမ္မ စေခိုင်းခံနေရသူများ" ဖြစ်ကြပါတယ်။

Pig Butchering (အချစ်ရေး + ရင်းနှီးမြှုပ်နှံမှု လိမ်နည်း)
အထူးသဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများမှ တစ် ကောင်ကြွက်များ၊ သက်ကြီးရွယ်အိုများနှင့် ငွေကြေးတတ် နိုင်သူများကို အဓိက ပစ်မှတ်ထားလေ့ရှိပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

၁။ ပစ်မှတ်ရှာခြင်း - Facebook, Instagram, Dating Apps, Telegram စသည်တို့မှတစ်ဆင့် အစပျိုးသည်။

၂။ ယုံကြည်မှု တည်ဆောက်ခြင်း - ရက်သတ္တပတ်မှ လပေါင်းများစွာအထိ နေ့စဉ်စကားပြောကာ အချစ်ရေး/ခင်မင်ရေး တည်ဆောက်သည်။

၃။ Crypto ရင်ူနှီးမြုပ်နှံရန် မက်လုံးပေးခြင်း- ယုံကြည်မှုရသည်နှင့် Crypto ရင်းနှီးမြှုပ်နှံမှု အတု (Fake Apps/Websites) များသို့ ငွေထည့်ခိုင်းသည်။

၄။ အမြတ်အတုပြသ၍ မက်လုံးပေးခြင်း- အစပိုင်းတွင် $1,000 ထည့်ပါက $1,300 အဖြစ် အမြတ်ထွက်ပြပြီး ယုံကြည်အောင် လုပ်သည်။

၅။ ဒေါ်လာ သောင်းဂဏန်းအထိ လိမ်ယူခြင်း - $10,000 မှ $100,000 ထိ ထပ်မံထည့်ခိုင်းပြီး၊ ငွေပြန်ထုတ်ချိန်တွင် Tax သို့မဟုတ် Unlock Fee ဟုဆိုကာ ထပ်မံလိမ်လည်ပြီးမှ အကောင့်ကို ပိတ်ပစ်ကြသည်။

*အသိ၊ သတိဖြင့် ကာကွယ်ကြပါ။ ကိုယ့်အသိုင်းအဝိုင်းကို ချစ်လျှင် ပညာပေးပြီး ကာကွယ်ပေးကြပါ။ လွယ်လင့်တကူရတဲ့ ငွေနောက် လိုက်တာထက်၊ ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြုဖို့ အားပေးပါ။

AG GC ရုံး၊ ရန်ကုန်။ ဩဂုတ်လ ၂၄၊ ၂၀၂၆ ခုနှစ်။လေးစားချစ်ခင်ရတဲ့ Rev. Ngwa Ye Yaw အောက်မေ့ဘွယ်ရာ ဝတ်ပြုကိုးကွယ်ခြင်းမှာ HOP...
24/08/2026

AG GC ရုံး၊ ရန်ကုန်။ ဩဂုတ်လ ၂၄၊ ၂၀၂၆ ခုနှစ်။

လေးစားချစ်ခင်ရတဲ့ Rev. Ngwa Ye Yaw အောက်မေ့ဘွယ်ရာ ဝတ်ပြုကိုးကွယ်ခြင်းမှာ HOPE team လည်းပါဝင်ခဲ့ပါတယ်။

🛑 SIM အသစ်ဆိုတိုင်း နံပါတ်အသစ်ဖြစ်မနေပါSIM Card အသစ်ဝယ်တဲ့အခါ အရင်အသုံးပြုသူက စွန့်လွှတ်ထားတဲ့ Recycled Number ဖြစ်နိုင်...
21/08/2026

🛑 SIM အသစ်ဆိုတိုင်း နံပါတ်အသစ်ဖြစ်မနေပါ

SIM Card အသစ်ဝယ်တဲ့အခါ အရင်အသုံးပြုသူက စွန့်လွှတ်ထားတဲ့ Recycled Number ဖြစ်နိုင်ပါတယ်။ အဲဒီနံပါတ်နဲ့ အရင်ပိုင်ရှင်က Viber, Telegram, Facebook စတဲ့ အကောင့်တွေ ချိတ်ထားခဲ့ရင် လုံခြုံရေးပြဿနာ ဖြစ်လာနိုင်ပါတယ်။

SIM အသစ်ရပြီးတာနဲ့ စစ်ဆေးပါ။
မိမိနံပါတ်နဲ့ သက်ဆိုင်ရာ App တွေမှာ အကောင့်ရှိပြီးသားလား စစ်ကြည့်ပါ။ တခြားသူရဲ့ အကောင့်နဲ့ ချိတ်ဆက်နေတယ်ဆိုရင် မသုံးခင် သက်ဆိုင်ရာဝန်ဆောင်မှုပေးသူထံ ဆက်သွယ်ပြီး ဖြေရှင်းတာ ပိုလုံခြုံပါတယ်။

တစ်ဖက်မှာလည်း ဖုန်းနံပါတ်ဟောင်းကို စွန့်မယ့်သူတွေ က အဲဒီနံပါတ်နဲ့ ချိတ်ထားတဲ့ Social Media နဲ့ အခြားအကောင့်တွေကို နံပါတ်အသစ်သို့ အရင်ပြောင်းထားသင့်ပါတယ်။ မဟုတ်ရင် နောက်လူက အဲဒီနံပါတ်ကို ပြန်ရရှိသွားတဲ့အခါ အကောင့်ပြန်ရယူရာမှာ ပြဿနာဖြစ်နိုင်ပါတယ်။

အဓိကအချက်က — SIM အသစ်ဝယ်တာနဲ့ မပြီးပါဘူး။ နံပါတ်ရဲ့ Digital History ကိုလည်း သတိထားဖို့လိုပါတယ်။

🛑 ကျားဖြန့်ဆိုတာ အွန်လိုင်းကနေ ငွေလိမ်ရုံတင် မဟုတ်ပါဘူး (မိဘတိုင်း သတိထားရမယ့် သားသမီးတွေရဲ့ အွန်လိုင်းအန္တရာယ်)"ကျားဖြန...
20/08/2026

🛑 ကျားဖြန့်ဆိုတာ အွန်လိုင်းကနေ ငွေလိမ်ရုံတင် မဟုတ်ပါဘူး (မိဘတိုင်း သတိထားရမယ့် သားသမီးတွေရဲ့ အွန်လိုင်းအန္တရာယ်)

"ကျားဖြန့်" လို့ ကြားလိုက်ရင် လူအများစုက ဘဏ်အကောင့်ထဲက ပိုက်ဆံတွေကို လိမ်ယူတဲ့သူတွေလို့ပဲ ပြေးမြင်ကြပါတယ်။ ဒါပေမဲ့ တကယ့်အန္တရာယ်က ငွေကြေးတစ်ခုတည်း မဟုတ်ပါဘူး။ အထူး သဖြင့် ဖုန်းသုံးနေတဲ့ သားသမီးရှိတဲ့ မိဘတွေအဖို့ ဒါဟာ အလေးအနက်ထား သတိပြုရမယ့် ကိစ္စဖြစ်ပါတယ်။
ဒီနေ့ခေတ် ကျားဖြန့် သို့မဟုတ် အွန်လိုင်းဒုစရိုက်သမားတွေဟာ ကလေးတွေကို ပစ်မှတ်ထားလာကြပါတယ်။ သူတို့ရဲ့ မဟာဗျူဟာက ရိုးရှင်းပေမဲ့ မာယာများပါတယ်။ ကလေးတွေကို အွန်လိုင်းကနေ စောင့်ကြည့်မယ်၊ ခင်မင်ရင်းနှီးအောင် စကားပြောပြီး ယုံကြည်မှု တည်ဆောက်မယ်၊ ကိုယ်ရေးကိုယ်တာ အချက် အလက်တွေကို တဖြည်းဖြည်း နှိုက်ယူမယ်၊ နောက်ဆုံးမှာတော့ ကလေးရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး သူတို့ခိုင်းဖတ်ဖြစ်အောင် ကြိုးကိုင်အသုံးချကြတာပါ။

🗝️ အဆိုးရွားဆုံးကတော့ အသုံးချခံနေရတဲ့ ကလေးကိုယ်တိုင်က သူခံနေရမှန်း မသိတာပါပဲ။

🛑 ကျောင်း/အဖွဲ့အစည်း/စိတ်ဝင်စားမှု/ရပ်ရွာ ဂရုပ်တွေမှာ တွေ့လာတဲ့ အန္တရာယ်။

အခုနောက်ပိုင်း ခေတ်စားနေတဲ့ ကျောင်းအလိုက်/စိတ် ဝင်စားမှုအလိုက်/ ရပ်ရွာအလိုက် သတင်း၊ ရင်ဖွင့်ရာ ဂရုတွေ၊ ဖေ့ခ်ျတွေမှာ သတိထားဖို့ လိုလာ ပါတယ်။

"ဘယ်သူက ဘယ်သူ့ကို သဘောကျနေတာလဲ"
"ဘယ်သူက ဘယ်သူနဲ့ တွဲနေတာလဲ"
"ကျောင်းမှာ ဘာတွေဖြစ်နေလဲ"
"ဘယ်မြို့မှာ ဘာဖြစ်နေလဲ။"

ဒီလို ပျော်စရာ၊ သိစရာ စာတိုလေးတွေကို Admin ဆီ ပို့လိုက်၊ Page မှာ တင်လိုက်နဲ ဆယ်ကျော်သက် ကလေးတွေကြားမှာ ခေတ်စားလာပါတယ်။ ဒါပေမဲ့ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေအတွက်တော့ ဒါဟာ ရတနာသိုက်ပါပဲ။ လိုချင်တဲ့အချက် အလက် အများဆုံရတဲ့နေရာပေါ့။
ကလေးတွေ ဘာကို စိတ်ဝင်စားလဲ၊ ဘယ်သူနဲ့ ရင်းနှီးလဲ၊ ဘယ်သူ့အပေါ် စိတ်ယိုင်နေလဲ၊ စိတ်ဓာတ်ရေးရာ ဘာအဆင်မပြေဖြစ်နေလဲဆိုတဲ့ ကိုယ်ရေးကိုယ်တာ အချက် အလက် (Data) တွေကို အလွယ်တကူ စုဆောင်းလို့ ရသွားပါတယ်။

သတိမထားမိဘည်း တဖြည်း ဖြည်း ဦးနှောက် ဆေးခံရခြင်း (Manipulation)
အန္တရာယ်ဆိုတာ ချက်ချင်းကြီး ရောက်မလာပါဘူး။

၁။ မိတ်ဆွေဖွဲ့မယ်- အစပိုင်းမှာ သူငယ်ချင်းကောင်းလို၊ ရင်ဖွင့်ဖော်လို စတင်ချဉ်းကပ်ပါမယ်။
၂။ယုံကြည်မှုယူမယ်- စကားတွေ အများကြီးပြောပြီး ကလေးရဲ့ လျှို့ဝှက်ချက်တွေကို တောင်းယူပါမယ်။
၃။ ကြိုးကိုင်ခြယ်လှယ်မယ်- ကလေးရဲ့ ဆုံးဖြတ်ချက်တွေကို တဖြည်းဖြည်း လွှမ်းမိုးလာပါမယ်။
ကလေးကတော့ "ငါ့စိတ်နဲ့ငါ ဆုံးဖြတ်တာ" လို့ ထင်နေပေမဲ့ တကယ်တော့ တစ်ဖက်သား ရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း ကနေရတာ ဖြစ်ပါတယ်။
ခြိမ်းခြောက် ငွေညှစ်မယ် -
ကိုယ်ရေးကိုယ်တာ Chat တွေ၊ ပုံတွေ၊ ဗီဒီယိုတွေနဲ့ Screenshot တွေကို ရသွားပြီဆိုရင်တော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ "ငွေညှစ်ခြင်း" စတင်ပါပြီ။

> "ပိုက်ဆံမပေးရင် မင်းပုံတွေကို လိုင်းပေါ်တင်မယ်"
> "ကျောင်းကသူတွေကို ပို့ပြမယ်"

> "မိဘတွေကို ပြောပြမယ်"
>
ဒီလို ခြိမ်းခြောက်ခံရတဲ့အခါ ကလေးဟာ လွန်စွာ ကြောက်ရွံ့သွားတတ်ပါတယ်။ မိဘကိုလည်း မပြောရဲ၊ ဆရာ/မကိုလည်း မတိုင်ရဲဘဲ တစ်ယောက်တည်း ကြောက် လန့်တကြား ဖြေရှင်းရင်း ပြဿနာက ပိုမို ကြီးထွားသွားလေ့ ရှိပါတယ်။

🗝️ မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ထားသင့်သလဲ?
ကလေးဆီက ဖုန်းသိမ်းလိုက်ရုံနဲ့ ဒီပြဿနာ မပြီးသွားပါဘူး။ "မသိတဲ့သူနဲ့ စကားမပြောနဲ့" ဆိုရုံနဲ့လည်း မလုံလောက်တော့ပါဘူး။
၁။ ယုံကြည်မှု တံတားထိုးထားပါ -
ကလေး အမှားတစ်ခုခု လုပ်မိရင်တောင် မိဘဆီ ကြောက်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ လာပြောရဲမယ့် ပတ် ဝန်းကျင်တစ်ခု ဖန်တီးပေးထားပါ။ ကလေးကို
"အွန်လိုင်းမှာ ဘာပဲဖြစ်ဖြစ်၊ သား/သမီး အမှားပါရင်တောင် မေမေ/ဖေဖေ့ကို အရင်ပြောပါ။ မင်းကို ဆူမှာထက် အရင်ကူညီပေးမှာပါ" ဆိုတဲ့ စိတ်ဓာတ်မျိုး အမြဲ ရိုက်သွင်းပေးထားပါ။

၂။ ဒီအချက်တွေကို သေချာ သင်ကြားပေးပါ-
မလိုအပ်ဘဲ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၊ Location များ မမျှဝေရန်။
ကျောင်း၊ အတန်း၊ သူငယ်ချင်း အုပ်စုအကြောင်း အလွန်အကျွံ အွန်လိုင်းပေါ် မတင်ရန်။

မသိတဲ့ Account တွေနဲ့ Private Chat တွင် အလွန်အကျွံ စကားမပြောရန်။
ကိုယ်ရေးကိုယ်တာ ပုံ၊ ဗီဒီယိုများ အခြားသူထံ လုံးဝ မပို့ရန်။
* ခြိမ်းခြောက်ခံရပါက ပိုက်ဆံပေးပြီး တစ်ယောက်တည်း မဖြေရှင်းရန်။
အွန်လိုင်းပေါ်က ကလေးတစ်ယောက်ရဲ့ "သေးသေးလေးပါ" လို့ ထင်ရတဲ့ အချက်အလက်တစ်ခုဟာ မနက်ဖြန်မှာ သူ့ဘဝကို ဖျက်ဆီးပစ်နိုင်တဲ့ လက်နက် ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေကို အင်တာနက် ပိတ်ပင်တာထက် အင်တာနက်ထဲမှာ ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ ဒီဂျစစ်တယ် လုံခြုံရေး (Digital Safety) ကို သင်ပေးကြရအောင်ပါ။

Address

Yangon

Alerts

Be the first to know and let us send you an email when Myaw Lint Yar - HOPE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myaw Lint Yar - HOPE:

Shortcuts

Share