နိဒါန်းယံ

နိဒါန်းယံ I do what I believe!! I believe what I do!! But, I don't trying to change anything. It's just Rebellion with love..

 #မေတ္တာတရားရှိတယ်ဆိုလို့သာ_ဒီကမ္ဘာမှာငါနေမိတာဘုရားကို တိုက်ရိုက်ခေါ်ဆိုဖို့ ဘယ်နံပါတ်ကိုနှိပ်ရမလဲလောကကြီး အကြောင်းသိချင...
02/06/2024

#မေတ္တာတရားရှိတယ်ဆိုလို့သာ_ဒီကမ္ဘာမှာငါနေမိတာ

ဘုရားကို တိုက်ရိုက်ခေါ်ဆိုဖို့ ဘယ်နံပါတ်ကိုနှိပ်ရမလဲ
လောကကြီး အကြောင်းသိချင်လို့ လူဖြစ်လာတာမဟုတ်ဘူး
ဘယ်ပုစ္ဆာကိုမှ အဖြေထုတ်နေမှာမဟုတ်သလို
မနက်ဖြန်တွေကိုလည်း မယုံကြည်ဘူး ။

ဘဝဆိုတာ ပြန်ညစ်ပေမယ်ဆိုတာသိသိနဲ့
ဖြူစင်အောင်လျှော်ဖွတ်နေရတဲ့ ဖိနပ်တွေလိုပဲ
တနေ့ဆုံးရှုံးရမှာသိသိနဲ့ ပိုင်ဆိုင်ဖို့ကြိုးစားနေကြရတယ်
လူဟာ ရယ်စရာသတ္တဝါလို့ပြောရင် လက်မခံချင်ကြဘူး ။

မနေ့ကနဲ့မနက်ဖြန်တွေကို ထည့်မတွက်ရင်
လူ့ဘဝဟာ တစ်ရက်ထက်မပိုဘူး
ငါတို့ဘာအတွက် ပင်ပန်းနေကြရတာလဲ
ဒီအဖြေအတွက်
ဘုရားကို တိုက်ရိုက်ခေါ်ဆိုဖို့ ဘယ်နံပါတ်ကိုနှိပ်ရမလဲ... ။ ။

#နိဒါန်းယံ

 #လိင်အင်္ဂါနှင့်တူသော_နေ့ညများနားသန့်ဆေး မထည့်တတ်တာကလည်း ထရော်မာကော်ဖီကို တခွက်နဲ့မတင်းတိမ်တာလည်း ထရော်မာဆိုင်ကယ်မောင်း...
21/04/2024

#လိင်အင်္ဂါနှင့်တူသော_နေ့ညများ

နားသန့်ဆေး မထည့်တတ်တာကလည်း ထရော်မာ
ကော်ဖီကို တခွက်နဲ့မတင်းတိမ်တာလည်း ထရော်မာ
ဆိုင်ကယ်မောင်းရင် နောက်ကျောမလုံတာလည်း ထရော်မာ
နွေရဲ့ လက်ဖျံပေါ်ကတက်တူးလို
ဒါဟာ မပျောက်တာ့မယ့် ထရော်မာများ ။

အတ္တဝါဒီကင်းတဲ့ ကမ္ဘာမှာ ဘယ်ပန်းမှ မပွင့်ဘူး
သိဒ္ဓတ္ထရဲ့ တော်လှန်ရေးခရီးဟာ
ယသော်ဓရာအစ စကြာဝဠာအဆုံး
အားလုံးကို ပုန်ကန်ပြီးကာမှ
အတ္တာဟိ အတ္တနော နာထော နဲ့ ခရီးဆုံးတယ် ။

လောကမှာ လူဟာ အရက်စက်ဆုံးပဲ
ဘယ်သတ္တဝါမှ တိရိစ္ဆာန်သားရေကို အင်္ကျီချုပ်မဝတ်ဘူး
လိင်ဆက်ဆံဖို့ ဖိတ်စာရိုက်ပြီး
လူတွေကို အသိပေးတာကလည်း ထုံးတမ်းအစဥ်အလာ ။

အပြန်အလှန်မတိုက်ခိုက်ကြပဲ ပြဿနာမှန်သမျှကို
လိင်ဆက်ဆံပြီး ဖြေရှင်းခဲ့ကြရင်ကောင်းမယ်
ဒါဆို စစ်ပွဲတွေလည်း ရှိလောက်မှာ မဟုတ်ဘူး
ငါတို့ရဲ့ ကမ္ဘာ့မိသားစု မိသားစုကမ္ဘာကြီး ။

အဲ့ဒီလိုပါပဲ နံရိုးတစ်ချောင်းပျောက်ဆုံးတဲ့အခါ
အဆီအငေါ်မတည့်တဲ့ အတွေးပေါင်းများစွာနဲ့
ငါ့နေ့ ငါ့ညတွေကို စောက်ထာကျကျဖြတ်သန်း ။ ။

#နိဒါန်းယံ

 မြေမှုန့်နဲ့ ဖြစ်လာတဲ့လူက အရိုးနဲ့ ဖန်ဆင်းထားတဲ့ သူကိုအဆင်ပြေပါ့မလား တွေးပူရကမ္ဘာရဲ့ လည်ပတ်ပုံကို သံသယဝင်မိတယ် ...တောင်...
12/04/2024



မြေမှုန့်နဲ့ ဖြစ်လာတဲ့လူက အရိုးနဲ့ ဖန်ဆင်းထားတဲ့ သူကို
အဆင်ပြေပါ့မလား တွေးပူရ
ကမ္ဘာရဲ့ လည်ပတ်ပုံကို သံသယဝင်မိတယ် ...

တောင်းပန်ခံရတဲ့နေ့မှာ စက္ကူပန်းတွေပွင့်ရဲ့လား
၃၂ဘုံမြောက်ဟာ ဧရိယာပြင်ပ
ပြည်တွင်းစစ်ကြီးပြီးသွားရင်ကော
နေကြာတွေ ဘယ်အရပ်လှည့်မှာလဲ ...

အိပ်မပျော်တာ ဆေးသောက်လို့ရတယ်
သိပ်မပျော်တာကြတော့
ကော်ဖီသောက်လို့လည်းအဆင်မပြေဘူး ။ ။

#နိဒါန်းယံ

 #မေတ္တယျ_ရှင်းတမ်းနိဗ္ဗာန်မရောက်ချင်သေးဘူးအဝိုင်းဖြစ်ဖြစ် လေးထောင့်ဖြစ်ဖြစ် ကိုယ်နဲ့အံဝင်ခွင်ကျရှိမယ့်ကမ္ဘာတစ်ခု တည်ဆော...
16/12/2023

#မေတ္တယျ_ရှင်းတမ်း

နိဗ္ဗာန်မရောက်ချင်သေးဘူး
အဝိုင်းဖြစ်ဖြစ် လေးထောင့်ဖြစ်ဖြစ် ကိုယ်နဲ့အံဝင်ခွင်ကျရှိမယ့်
ကမ္ဘာတစ်ခု တည်ဆောက်ဦးမယ် ...

တဏှာကိုသတ်ဖို့
အီလက်ထရောနစ်အဆိပ်တွေမလိုဘူး
သစ္စာအကြောင်းပါတဲ့တရားတွေမလိုဘူး
သော်ဒီဝေရဲ့သတ္ထုသံပါတဲ့တေးတစ်ပုဒ်တော့ရှိသင့်တယ် ...

ကော်ဖီပဲသောက်သောက် အရက်ပဲသောက်သောက်
ရည်ရွယ်ချက်တူရင် မူးတာပဲ
သူတို့နှစ်ခုလုံးက စောက်ချိုးပြင်ပေးတယ် ...

အေးအေးဆေးဆေးနေချင်ပေမယ့်လည်း
တိုင်းပြည်က မငြိမ်းချမ်းဘူး
ဒီချိန်မှာ ဘုရားဖြစ်ချင်တဲ့ကောင်က အတ္တအကြီးဆုံးပဲ ...

ဥပမာ - ငါ့လိုကောင်မျိုး
ပြီး ..... ။ ။

#နိဒါန်းယံ

Address

Yangon
1031990

Alerts

Be the first to know and let us send you an email when နိဒါန်းယံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to နိဒါန်းယံ:

Share