02/07/2026
Media Partnership Announcement
ကဲ... The Youth Horizon ရဲ့ Youth လေးတွေ မေလတုန်းက စိတ်ဝင်စားခဲ့ရတဲ့ SLC Advocates ရဲ့ “သစ်ရိပ်ဝါးရိပ်စကားဝိုင်း” ကြီးက အခုဇူလိုင်လမှာ ပိုပြီးဆန်းသစ်တဲ့ပုံစံတစ်ခုနဲ့ ပြန်လာပါပြီနော်။
ဘာတွေ ထူးခြားသွားလဲဆိုတော့... 👀
🤝 ဒီဇူလိုင်လမှာ SLC Advocates နဲ့ Mindful Burma တို ပူးပေါင်းပြီး အရင် Volume ထက် ပိုမိုကောင်းမွန်၊ ပိုပြီးလည်း အနှစ်သာရရှိမယ့် Collaboration Project ကြီးကို ယူဆောင်လာပါပြီ။
💁✅ အဓိကကတော့ အခုတလောအရမ်းကို လူပြောများနေတဲ့ မြိုကြီးတွေအောက်က မြေပြိုတဲ့အသံတွေလို့ ဆိုလိုရတဲ့ Sinking Land (မြေပြင်နိမ့်ဆင်းမှု)တွေအကြောင်းကို Mindful Burma ဘက်ကနေ သေချာလေးအသေးစိတ်ဆွေးနွေးဖို့ ပါဝင်အားဖြည့်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။
Mindful Burma ဘက်ကနေဆိုရင်တော့
✅ Sinking Land ဆိုတာ ဘာလဲ။
✅ မြေအောက်ရေ အလွန်အကျွံထုတ်ယူခြင်းက မြေပြင်နိမ့်ဆင်းမှုနဲ့ ဘယ်လိုဆက်စပ်နေလဲ။
✅ မြန်မာနိုင်ငံမှာ ဘယ်ဒေသတွေက အန္တရာယ်ရှိနိုင်သလဲ။
✅ ကမ္ဘာတစ်ဝှမ်းမှာ ဘယ်လိုဖြေရှင်းဖို ကြိုးစားနေကြသလဲ... စတဲ့ အကြောင်းအရာတွေကို လေးပတ်တာကာလမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးသွားနိုင်ဖို့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
ဒီစကား၀ိုင်းကို ဇူလိုင်လကနေ သြဂုတ်လအစအထိ စနေနေ့တိုင်း ကျင်းပသွားမှာဖြစ်ပြီး အပတ်စဉ် မတူညီတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ ဆွေးနွေးသွားမှာပါ။
ဒီတစ်ခေါက် Vol.2 မှာ ပိုထူးခြားသွားတာက...
🎯 အရင်လို တစ်ခါ Register လုပ်ပြီးတာနဲ့ အပြီးတက်ရတာမျိုး မဟုတ်တော့ဘူးနော်။
တစ်ပတ်နဲ့ တစ်ပတ် မတူညီတဲ့ Agenda တွေနဲ့ လာမှာဆိုတော့ ကိုယ်စိတ်ဝင်စားတဲ့ အပတ်ကိုပဲ ကိုယ်တိုင်ရွေးချယ်ပြီး တက်ရောက်လို့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ပတ်ချင်းစီအလိုက် (တစ်ပတ်တစ်ခါ) စိတ်ကြိုက် Register လုပ်ခွင့် ပေးသွားမှာပါရှင်။
For 1st week - Register Here!
https://forms.gle/9NjH9mXVuvrM35tY7
အချိန်နဲ့ ရက်လေးတွေရဲ့ အသေးစိတ်ကိုလည်း အောက်မှာ ပြောပြပေးထားပါတယ်ရှင်။
Date - Every Saturday (July 11th, 18th, 25th, August 1st)
Time - 7:30-9:00 PM
Platform - ZOOM
📍SLC ရဲ့ page မှာလည်း တစ်ပတ်ချင်းစီအလိုက် Registeration Form ဖွင့်ပေးနေမှာမို့ အစီအစဉ်အသေးစိတ်ကို သွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။ စိတ်ဝင်စားတယ်ဆို Register လုပ်ပြီး စောင့်မျှော်နေဖို့ တိုက်တွန်းပါရစေရှင်။