Pop Pop Ba Ba

Pop Pop Ba Ba A community space on a farm offering fresh food, drinks, and events. We are a place to relax, connect, and enjoy nature.

Category is " စိမ်းလန်းခြင်း🍏"
09/09/2025

Category is " စိမ်းလန်းခြင်း🍏"

"မျှဝေခြင်းမှာ မေတ္တာရှာ✨"ပေါ့ပါးတဲ့ စိတ်တွေပြန်ရဖို့ သဘာဝတရားနဲ့ထိတွေ့ဖို့လိုသလို စေတနာထားတဲ့ လူတွေနဲ့လည်း ပြောဆိုဆက်ဆံ...
08/08/2025

"မျှဝေခြင်းမှာ မေတ္တာရှာ✨"

ပေါ့ပါးတဲ့ စိတ်တွေပြန်ရဖို့ သဘာဝတရားနဲ့ထိတွေ့ဖို့လိုသလို စေတနာထားတဲ့ လူတွေနဲ့လည်း ပြောဆိုဆက်ဆံနေဖို့လိုပါတယ်။ ငယ်ငယ်တုန်းကဆို မုန့်စားဆင်းချိန် သူငယ်ချင်းထည့်လာတဲ့ ထမင်းချိုင့်ထဲက ကြက်ဥလေးတစ်ခြမ်းကကို ကြည်နူးပေါ့ပါးစေတက်တာလေ။

ကုက္ကိုရာရဲ့ အရိပ်မှာရှိနေတဲ့ ပေါ့ပေါ့ပါးပါးအဖွဲ့သားတွေလည်း ထမင်းစားချိန်၊ ခဏနားချိန်၊ မုန့်စားချိန်တွေမှာ သူသူငါငါ ချစ်စရာစေတနာနဲ့ ဝေမျှစားတက်ကြတာပါ။ ပုံလေးတွေထဲက သာကူချိုချိုလေးက MHK Coffee က မစန္ဒာရဲ့ စေတနာပေါ့ရှင်။ စိမ်းလန်းရမယ်၊ အဲဒါအပြင် အားလုံး ကိုယ်စိတ်နှလုံး ပေါ့ပါးဖို့ ကြိုးစားရမယ်‌နော်🌳



"အဖွဲ့လိုက်အတူစားပါ အစိမ်းရောင် နေ့လည်စာ🌱"ကျောင်းက ကလေးတွေနဲ့ဖြစ်ဖြစ်၊ လုပ်ငန်းခွင်က  လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်၊ ...
23/06/2025

"အဖွဲ့လိုက်အတူစားပါ အစိမ်းရောင် နေ့လည်စာ🌱"

ကျောင်းက ကလေးတွေနဲ့ဖြစ်ဖြစ်၊ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝက သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အဖွဲ့လိုက်နေ့လည်စာစားပြီး သဘာဝအကြောင်း ပေါ့ပေါ့ပါးပါး ဆွေးနွေးလို့ရတဲ့ ကုက္ကိုရာ အစိမ်းရောင် ယာခင်းဆီက စကားလက်ဆောင်ပါ🌳

ယာခင်းထဲက Organic ဟင်းသီးဟင်းရွက်တွေနဲ့ မြိုင်ဆိုင်နေမယ့် နေ့လည်စာအပြင် အိမ်လုပ်သဘာဝမြေဩဇာနဲ့ ယာခင်းတည်ဆောက်ထားတာတွေကို ကွင်းဆင်းရှင်းပြသွားမှာဖြစ်ပြီး၊ မျောက်လွှဲကျော်ကော်ဖီမွှေးမွှေးနဲ့ တည်ခင်းသွားမှာပါ။ ကော်ဖီတစ်စေ့ချင်းစီက ရခိုင်သစ်တောကို ထိန်းသိမ်းထားပုံတွေကိုလည်း Coffee စကားဝိုင်းနဲ့ရှင်းပြပေးမှာဖြစ်ပြီး တခြား စိုက်ခင်း Activities နဲ့ အိမ်လုပ်မြေဩဇာပြုလုပ်ခြင်း၊ Pizza Making စတာတွေကိုလည်း Tour အကြောင်းဖုန်းဆက်ရင်း မေးမြန်းထည့်သွင်းလို့ရပါသေးတယ်နော်🥦

ကဲ...စိတ်ဖိစီးမှုတွေကနေ မျက်စိနဲ့ စိတ်လေးတွေကို အစိမ်းရောင်ကျွေးသင့်ပါပြီ။ Kokkoya Organics ရဲ့ ပေါ့ပေါ့ပါးပါး မှာ အတူဆုံကြမယ်နော်⛳

Cultivate Sustainability Special Workplace Offer��Join us at Pop Pop Ba Ba at Kokoya for a Green Lunch!��June Activities:
• World Environment Day: Celebrate with us and learn about sustainable practices.
July Activities:
• Plastic Free July: Participate in workshops and activities to reduce plastic use.
Complementary Activities:
1. Farm Tour: Discover how we grow food with the help of our farm chickens.
2. Upcycle Workshop: Create unique products from upcycled materials.
3. Urban Conservation: Get involved in urban conservation projects.
Contact Us:
• Phone: 09445344147
• Book Now!



Join our "Natural Pigment Painting Workshop" and discover the beauty of eco-friendly art! 🌱  Using ingredients straight ...
16/05/2025

Join our "Natural Pigment Painting Workshop" and discover the beauty of eco-friendly art! 🌱

Using ingredients straight from nature—coffee grounds, fruits, leaves, vegetables, and even cooking staples—you’ll learn how to craft your own organic colors and bring them to life on watercolor paper and fabric.

💡 No experience needed—just your creativity and love for nature!

Date: 17th / 18th May, 2025 (one day workshop)
Time: 11:00 am to 3:00 pm
Location: Pop Pop Ba Ba Food Court
Fee: 35,000 mmk per person

ဒီတစ်ပတ်ပိတ်ရက်မှာတော့ သဘာဝထဲက အရောင်တွေကို ရှာဖွေဆေးခြယ်ကြဖို့ အစီအစဥ်လေး ပေါ့ပေါ့ပါးပါးမှာရှိနေပါမယ်။

သုံးပြီးသားကော်ဖီမှုန့်တွေ၊ အသီးအရွက်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကနေ ရလာတဲ့အရောင်တွေနဲ့ ရေဆေးပန်းချီဆွဲကြမယ်။ ပိတ်စပေါ်မှာ block printing တွေလုပ်ကြမယ်။

ဒီအစီအစဥ်က စနေရော တနင်္ဂနွေပါ ရှိနေမှာမို့ အားတဲ့ရက်ကို လာတက်လိုရပါတယ်။ အချိန်ကတော့ မနက် (၁၁)နာရီကနေ ညနေ (၃)နာရီ အတွင်း ကြိုက်တဲ့အချိန် လာလို့ရပါတယ်။

💡ဖန်တီးချင်စိတ်လေးနဲ့ သဘာဝကိုချစ်တတ်ဖို့ပဲလိုပါတယ်။ ပန်းချီမဆွဲတတ်လဲ ရတာမို့ weekend ကို
ပေါ့ပေါ့ပါးပါးမှာ လာ chill လိုက်ပါနော်

စိမ်းလန်းခြင်းမင်္ဂလာရှိပါစေနော် 🌱ပေါ့ပေါ့ပါးပါးမှာရှိနေမယ့် သူငယ်ချင်းတွေနဲ့ ကြိုတင်မိတ်ဆက်ပေးပါရစေ။ အားလုံးက စိမ်းလန်း...
11/05/2025

စိမ်းလန်းခြင်းမင်္ဂလာရှိပါစေနော် 🌱
ပေါ့ပေါ့ပါးပါးမှာရှိနေမယ့် သူငယ်ချင်းတွေနဲ့ ကြိုတင်မိတ်ဆက်ပေးပါရစေ။ အားလုံးက စိမ်းလန်းတဲ့ရပ်ဝန်းကို ပေါ့ပေါ့ပါးပါး‌အတူတူရွေ့နေကြပြီး သူငယ်ချင်းတို့အားလုံးကိုလည်း လာရောက်လည်ပတ် ခွန်အားဖြည့်ပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်🌱

Kokkoya Organics

‌မြို့ပြကြားက အော်ဂဲနစ်စိုက်ခင်းဖြစ်တဲ့ Kokkoya Organics ကတော့ စိမ်းလန်းတဲ့ယာခင်း Activities တွေလုပ်လို့ရတဲ့အပြင် အော်ဂဲနစ် Farm Salad, Pizza နဲ့ Veggies Lunch Box တွေနဲ့အတူ ယခင်ကတည်းက အားလုံးရဲ့ ရွေးချယ်စရာနံမည်ကြီးမီနူးတွေရှိနေပါတယ်🌳

မုန့်ဟင်းခါး-Mohinga

မုန့်ဟင်းခါးကတော့ မုန့်ဟင်းခါးအပြင် Dumpling ၊ ဘာဘီကျူးနဲ့ ကော့တေးအတွဲအစပ်တွေဖြစ်တဲ့ ပဲခြမ်းသုပ်၊ ဆိတ်လက်ဖက်ထောင်း တို့ရနိုင်တဲ့ဆိုင်လေးပါ။အချိုမှုန့်နဲ့ တစ်ခါသုံးပလတ်စတစ်တွေပါဝင်ခြင်းမရှိစေရအောင် အိမ်ချက်လက်ရာအတိုင်း သန့်ရှင်းကျန်းမာစွာတည်ခင်းပေးသွားမှာပဲဖြစ်ပါတယ်🥦

Daw YinKyay Spinach Noodle ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ🌿

ကျန်းမာသန့်ရှင်း ကာဗွန်ကင်းစေဖို့ရည်ရွယ်တဲ့ အရသာအပြည့်နဲ့ ဒေါ်ယဥ်ကျေးဆီချက်ခေါက်ဆွဲကလည်း ပေါ့ပေါ့ပါးပါးမှာပါဝင်အားဖြည့်ထားပြီး ဟင်းနုနွယ်ခေါက်ဆွဲကို ယာခင်းအလှနဲ့ခံစားနိုင်ပါပြီ🌿

မျောက်လွှဲကျော် ကော်ဖီ - MHK Coffee

အနောက်ပိုင်းမျက်ခုံးဖြူမျောက်လွှဲကျော်မျိုးစိတ်တွေရဲ့ ရှင်သန်မှူကိုအဓိက အထောက်အပံ့ပေးနေတဲ့ မျောက်လွှဲကျော်ကော်ဖီမီနူးအမျိုးမျိုးကို Hoolock Hoolock မှာရရှိနိုင်ပါတယ်☕



Stiching နဲ့ အဝတ်အထည် Repair လုပ်လို့ရတဲ့ ရီကာကလည်း ချစ်ခင်ရသူတွေအားလုံးရဲ့ အမှတ်တရရှင်သန်ဆဲ အဝတ်အထည်နဲ့ပတ်သက်တာတွေအတွက် ပေါ့ပေါ့ပါးပါးမှာ ဝိုင်းဖွဲ့ချုပ်လုပ်ဖို့အတူရှိနေပေးမှာပါ🧶

Yours Bar (Pop Up Only)
Yours မှာတော့ ရာသီးပေါ် အသီးတွေနဲ့ ဖျော်စပ်ထားတဲ့ ကော့တေးလေးတွေကို မှာယူအားပေးနိုင်ပါတယ်။ အ​တွေ့အကြုံများစွာနဲ့ ဖန်တီးမှု့တွေ များစွာလုပ်ရတာကြိုက်တဲ့ ကိုကြီး Ryan ရဲ့ လက်ရာတွေဖြစ်ပါတယ်။

📍နေရာ - ကုက္ကိုလ်ယာမြို့ပြစိုက်ခင်း၊ ဘောဂ(၂)လမ်း၊ သင်္ကန်းကျွန်း

https://maps.app.goo.gl/itwpDhxfY4sxwfLFA?g_st=com.google.maps.preview.copy

🗺️လမ်းညွှန် - သုဝဏ္ဏဈေးမှတ်တိုင် သို့ ybsယာဥ်နံပါတ် ၃၊ ၂၅၊ ၅၉၊ ၆၃၊ ၇၅၊ ‌၈၀၊ ၁၁၀၊ ၁၁၈၊ ၁၄၄ တို့စီးလာနိုင်ပြီး ကံကော်မြိုင်လမ်းအတိုင်း ဝင်ခဲ့ရုံပါပဲ၊ ဘောဂ ၂ လမ်းကနေ ကုက္ကိုလ်ယာကို‌ရောက်တဲ့အထိ လမ်းမီးဓာတ်တိုင်တိုင်းမှာ kokkoya လမ်းညွှန်ဘုတ်လေးတွေထားပေးထားပါတယ်။ - Ref from echo pop-up

Green Greetings from Pop Pop Ba Ba Team🌱
Let us introduce you to friends who are part of a like-minded, green community. Join us to refresh and recharge at our farm.
🌱Kokkoya
Kokkoya Organics is an urban organic farm that offers lush field activities and popular organic farm salads, pizzas, and veggie lunch boxes.
🍲 Mohinga serves mohinga, dumplings, BBQ, and spicy combos like chickpea salad and Pounded Tealeaf with Mutton. Everything is prepared cleanly and healthily without MSG or single-use plastics.
🌱Daw Yin Kyay Daw Yin Kyay's vegan-friendly, flavorful noodle dishes are part of the lighthearted community, allowing you to enjoy delicate noodle dishes in a beautiful field setting. 🌿Hoolock Hoolock Cafe by MHK Coffee ☕Supporting the conservation of the Western hoolock gibbon, Hoolock Hoolock offers a variety of gibbon-friendly coffee menus.
YIKA clothing 🧶, specialising in stitching and clothing repair, as well as eco wear with a touch of creativity, will help preserve the cherished memories of all loved ones' clothing. 🧶Feel free to ask if you need more information or have any other questions! 😊

Yours Bar (Friday, Saturday & Sunday)
Pop-up cocktails are made by Ryan and are made with seasonal fruits.

Buy 2 get 1 !!!! Come to Pop Pop Ba Ba on this coming Sunday!!!!!
06/05/2025

Buy 2 get 1 !!!! Come to Pop Pop Ba Ba on this coming Sunday!!!!!

တရွေ့ရွေ့ကုန်လာတဲ့ အချိန်တွေကြား သတိပြုမိချိန်မှာတော့ ဒေါ်ယဉ်ကျေးတို့ရဲ့ ဟင်းနုနွယ်ခေါက်ဆွဲကို ခေါက်ဆွဲချစ်သူတွေနဲ့ မိတ်ဆက်ပေးခဲ့တာ မေလ(၁၂)ရက်ဆိုရင် ၅နှစ်တိတိ ပြည့်ပါတော့မယ်ရှင်။

၅နှစ်တာကာလမှာ အခက်အခဲမျိုးစုံရှိခဲ့သလို စားသုံးသူတွေဆီက ပြန်ကြားရတဲ့ ပီတိဖြစ်စရာ ကောင်းမွန်သော feedbackတွေကိုလည်း များစွာရခဲ့ပါတယ်။

စားသုံသူတွေဆီကရတဲ့ ကောင်းမွန်တဲ့feedbackတွေကြောင့်လည်း ဒီနှစ်တွေမှာ ဘယ်လိုအခက်အခဲတွေပဲကြုံကြုံ ဒေါ်ယဉ်ကျေးတို့ ခွန်အားအပြည့်နဲ့ ပြန်လာနိုင်ခဲ့တာပါ။

ဒါကြောင့်လည်း ဒီတစ်ခါ(၅)နှစ်ပြည့်မှာတော့ ဒေါ်ယဉ်ကျေးတို့ တတ်နိုင်သလောက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ (၂)ပွဲဝယ်တိုင်း (၁)ပွဲအပိုလက်ဆောင်ပေးမယ့် အစီအစဉ်လေးကို ပြုလုပ်ထားပါတယ်။

Deliveryတော့မရှိတာမို့ ဒေါ်ယဉ်ကျေးတို့ ဆိုင်ခန်းတည်ရှိရာ Pop Pop Ba Ba marketမှာ လာရောက်သုံးဆောင်ရင်း ယခုပရိုမိုးရှင်းအစီအစဉ်လေးမှာ ပါဝင်နိုင်မှာပဲ ဖြစ်ပါတယ်ရှင့်။
ပရိုမိုးရှင်းပြုလုပ်မည့်ရက်ကတော့ မေ(၁၁)ရက်၊တနင်္ဂနွေနေ့ဖြစ်တာမို့ အခုကတည်းက ကြိုတင်ပလန်နိုင်ဖို့ ကြိုတင်အသိပေးလိုက်ရပါတယ်ရှင့်။

အားလုံးပဲ တနင်္ဂနွေနေ့မှာ တွေ့ကြမယ်နော်🤗

🌱 အသေးစိပ်သိရှိလိုပါက ဖုန်းနံပါတ် 09761066802, 09756755861 တို့သို့ ဆက်သွယ်မေးမြန်းမှာယူနိုင်ပါတယ်။

🌱တာဝန်သိစွာရောင်းချပါ🌱

#တာဝန်သိသောစားသုံးသူ

🙌
02/05/2025

🙌

🥰🥰🥰
02/05/2025

🥰🥰🥰

ဟယ်လိုဟယ်လို ဒီနေ့ Pop Pop Ba Ba မှာ Prevent Plastics+ ကစီစဉ်တဲ့ Circulate event လေးရှိနေပါမယ်နော်။မိမိမှာပိုနေ လိုနေ မယ...
23/03/2025

ဟယ်လိုဟယ်လို

ဒီနေ့ Pop Pop Ba Ba မှာ Prevent Plastics+ ကစီစဉ်တဲ့ Circulate event လေးရှိနေပါမယ်နော်။
မိမိမှာပိုနေ လိုနေ မယ့် ပစ္စည်းများကို လာရောက် လဲလှယ် ရောင်းချ ဝယ်ယူ နိုင်မှာဖြစ်ပါတယ်။

ပေါ့ပေါ့ပါးပါး ရဲ့ Daw YinKyay Spinach Noodle ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ မျောက်လွှဲကျော် ကော်ဖီ - MHK Coffee Kokkoya Organicsမုန့်ဟင်းခါး-Mohinga တို့လဲရှိနေမှာပါနော်။

Pop Pop Ba Ba - ပေါ့ပေါ့ပါးပါး မှာ မုန့်ဟင်းခါး-Mohinga Daw YinKyay Spinach Noodle ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ...
14/03/2025

Pop Pop Ba Ba - ပေါ့ပေါ့ပါးပါး မှာ
မုန့်ဟင်းခါး-Mohinga Daw YinKyay Spinach Noodle ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲမျောက်လွှဲကျော် ကော်ဖီ - MHK Coffee အပြင် ပိတ်ရက်တွေမှာ တားရော့ နဲ့ ကော့တေး များကို ပါ သုံးဆောင် ရင်း ခဏတာ သဘာဝနဲ့ နီးစပ် လိုက်ပါ။

We are open 9 am to 5 pm!See you here at Pop Pop Ba Ba 🥰Kokkoya Organics မျောက်လွှဲကျော် ကော်ဖီ - MHK Coffee Daw YinKyay...
13/03/2025

We are open 9 am to 5 pm!
See you here at Pop Pop Ba Ba 🥰

Kokkoya Organics
မျောက်လွှဲကျော် ကော်ဖီ - MHK Coffee
Daw YinKyay Spinach Noodle ဒေါ်ယဉ်ကျေး ဟင်းနုနွယ် ဆီချက်ခေါက်ဆွဲ
မုန့်ဟင်းခါး-Mohinga

Address

Kokkoya Organics
Yangon

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Pop Pop Ba Ba posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share