PEC Education

PEC Education PEC Education is a youth lead platform that believes in Facilitation and Quality Education.

FYI 🖤
25/08/2026

FYI 🖤

Career တစ်ခု​လျှောက်လှမ်းဖို့ လိုအပ်​နေပြီဆိုရင် PEC မှာ Volunteer လုပ်ပြီး​တော့ စတင်နိုင်ပါပြီ 💌

စာဖတ်​နေလို့ပဲမရဘူး၊တကယ်လုပ်ကြည့်မှ တကယ်သိမယ်ဆိုတဲ့ အ​တွေ့အကြုံ​ကောင်း​တွေရရှိမယ့် Volunteer Opportnities ​တွေကို PEC ဆိုတဲ့ ​နေရာ​လေးမှာ ​ဖန်တီးပေး​နေပါတယ်။

✔Volunteer လုပ်ရင်းနဲ့ ဒီအ​တွေ့အကြုံ​တွေ​ကြောင့်
ရင့်ကျက်သွားကြတယ်။
✔အရင်ကထက် ၁၀ ဆပို​တော်လာတယ်။
✔ကိုယ့်အစွမ်းအစ​တွေကို ရှင်းရှင်းလင်းလင်းမြင်လာတယ်။
✔အမှား​တွေက​နေတစ်ဆင့် သင်ယူတတ်လာတယ်။
✔Community အတွက် ပညာယူရင်း အ​တွေ့အကြုံလည်းရ၊ ကုသိုလ်လည်းရတယ်။
✔ဒါ​ကြောင့် အသက်ငယ်စဥ်မှာပဲ ရည်ရွယ်ချက်​တွေ ရှာ​တွေ့ကြပြီး​တော့
✔ဘဝအဓိပ္ပါယ်ကို ခံစားရတယ်လို့ ​ပြောကြတာဟာ

💙PEC က Volunteers ​လေး​တွေပဲဖြစ်ပါတယ်။

💙ဒါက သာမန် ရရှိသွားမှု တစ်ခုမဟုတ်ဘူး​နော်။ Community Based Langauge Skills Empowerment ပြုလုပ်​ပေး​နေတဲ့ PEC ဆိုတဲ့​နေရာ​လေးမှာသာ ရှိတာပါ။

PEC ဆိုတာ လူငယ်​တွေကို English Skills ​ရ​အောင်သင်ကြား​ပေး​နေရုံတင်မကဘူး Workplace Skillsတွေရ​အောင်ပါ ​နောက်ကွယ်မှာ Volunteer Program မှာ Mentorship ​တွေနဲ့ ​သေချာ Training ​ပေးတဲ့ ​နေရာ​လေးဖြစ်​နေလို့ပါပဲ။

၈ နှစ်​ကျော်ကြာ Volunteer ​တွေကို Mindset & SkillsSet ​တွေ ပြောင်းလဲ​ပေးနိုင်တဲ့အပိုင်းမှာ ​အောင်မြင်တဲ့ အ​တွေ့အကြုံရှိထားပြီး​တော့ Volunteer ​တွေက​နေ Community Leaders ​တွေဖြစ်လာ​စေဖို့ Vision နဲ့ သွား​နေတဲ့ အဖွဲ့ဖြစ်လို့

PEC ကို​ရောက်လာတဲ့လူငယ်တိုင်းဟာ Ordinary မဟုတ်​​တော့ဘဲ Higher Identity ဖြစ်တဲ့ Leader တစ်​​ယောက်အ​နေနဲ့ ဘဝကို ဦး​ဆောင်နိုင်တဲ့ Youngsters ​တွေဖြစ်လာမှာ အ​သေအချာပါပဲ။

__________

▪️Program Assistant Position

▶️Project ​Managemnet ပိုင်းစိတ်ဝင်စားပြီးတော့ Online Community based Project တွေကို ဘယ်လိုအကောင်ဖော်လဲသိချင်တဲ့လူငယ်တွေ
▶️Program ​တွေဘယ်လိုမျိုး ထိ​ရောက်​အောင် စီစဥ်လဲဆိုတဲ့ အခန်းကဏ္ဍတွေကို ​ဝင်လေ့လာရမှာပါ။

▶️PEC က​တော့ သိတဲ့အတိုင်း Class ​တွေ Program ​တွေကို အ​ကောင်အထည်​ဖော်တဲ့အခါ အဖက်ဖက်က ပြည့်စုံ​အောင် စီစဥ်ပြီး​တော့ စနစ်တကျ Run တဲ့ အဖွဲ့ဖြစ်တာမို့လို့ ​လေ့လာစရာ​တွေ များမယ်ဗျို့။

Program လို့​ပြောရင်​တော့ Free ​ရော Paid ​ရော ပါပါမယ်။ (Free သီးသန့် မဟုတ်ပါ)
- English for Consistency Program
- English for Foundation Program
- English for Youth Program
- Growth for Youth Program စတဲ့လက်ရှိ Run ​နေတဲ့ Program ​တွေအပြင်
- ဒီနှစ်ထဲ အသစ်ဖွင့်မယ့် New Program ​​တွေပါပါမယ်။
▶️ ကံ​ကောင်းတာက ဒီအသုတ်မှာ Founder မ Shila ကိုယ်တိုင် Operation Team ကို ဦး​​ဆောင်ပြီး​တော့ Mentor လုပ်​ပေးသွားမှာပါ။
___________________

▪️Student Service Assistant

▶️ Sale & Service ပိုင်းကို စိတ်ဝင်စားပြီး​တော့ Marketing Field ထဲဝင်ဖို့ အ​ခြေခံ Service ​ပေးတဲ့ အ​တွေ့အကြုံ​တွေကို လိုချင်တဲ့သူ​တွေ
▶️PEC ရဲ့ Members ​တွေ Students ​တွေကို Communication Service ​တွေကို Pro ဆန်ဆတ်​ပေးတတ်​ဖို့ ​လေ့လာရမှာပါ။
▶️ ကံ​ကောင်းတာက ဒီအသုတ်မှာ Founder မ Shila ကိုယ်တိုင် Service Team ကို ဦး​​ဆောင်ပြီး​တော့ Mentor လုပ်​ပေးသွားမှာပါ။
___________________

​Position တစ်ခုစီအတွက် ပေးရမယ့် အချိန်အတိအကျ နဲ့ လိုအပ်တဲ့အရည်အချင်း အ​သေးစိတ်ကို​တော့ JD မှာ ဖတ်ကြည့်​နော်။

💙Program Assistant Job Descriptionနှင့် Application Form Link👇
https://www.mediafire.com/file/ce8m4zszutlgww9/JD_Program+Assistant_2026+Term+2.pdf/file

💚Service Assistant Job Description နှင့် Application Form Link👇
https://www.mediafire.com/file/5du13mfk6qbmhk7/JD_Student+Service+Assistant_2026+Term+2.pdf/file

JD ထဲပါတဲ့ အရည်အချင်း​တွေနဲ့ ကိုက်ညီတယ်ဆိုရင် JD Pdf ထဲမှာပါတဲ့ Application Form Link ကို ဖွင့်ပြီး ​ဖောင်ဖြည့်ပြီး ​လျှောက်နိုင်ပါတယ်။

လင့်​တွေ ဖွင့်မရရင်​တော့ ဒီ Telegram Channel Post ရဲ့ Comment မှာ လာ​ရောက် Download ဆွဲနိုင်ပါတယ်
✅https://t.me/pecmyanmar/4504
____________________________________

⚠️Interview Sessionတွေကို ကြားထဲခေါ်ယူနေမှာဖြစ်ပြီး သတ်မှတ် Volunteer အရေအတွက်ရရှိရင်တော့ နောက်ကျမှလျှောက်တဲ့သူတွေကိုရွေးချယ်တော့မှာမဟုတ်တဲ့အတွက် အချိန်မဆွဲပဲ Deadline အထိမစောင့်ဖို့ရယ် အမြန်ဆုံးလျှောက်ထားကြဖို့ အရေးကြီးပါတယ်နော်⚠️
____________________________

၆လ ပြီးတဲ့အထိ အောင်မြင်စွာ ပါဝင်နိုင်တဲ့သူတွေက

▪️ Position နဲ့ ချိတ်ဆက်တဲ့ အလုပ်အတွေ့အကြုံတွေ ရပါမယ်။

▪️အချိန်ပေးရင်ပေးနိုင်သလို Paid Program တွေမှာ သင်တန်း​ကြေး​ပေးစရာမလိုဘဲ Free ပါဝင်ပြီး English Skillတွေ သွေးနိုင်ရင် English Skill ပါတိုးတက်မှာပါ။ ဒါဟာ PEC မှာပဲ ရတဲ့ Volunteer ​တွေကိုပဲ ​ပေးတဲ့ အခွင့်အ​ရေးဖြစ်ပါတယ်။

▪️6 လအပြီးမှာလည်း Completion Certificate ရရှိမှာ ဖြစ်ပါတယ်။ အရည်အချင်းအ​​ပေါ် မူတည်ပြီး Recommendation Letter ​တွေ​ပေးအပ်သွားမယ်။

▪️အသင်းအဖွဲ့နဲ့ ချိတ်ဆက် အလုပ်လုပ်တတ်တဲ့ Teamwork Skill တွေရသွားမယ်။

▪️Online မှာ ထိထိ​ရောက်​ရောက် အလုပ်လုပ်နိုင်မယ့် Digital Skill ​တွေသင်ယူရရှိမယ်။

▪️Leaders များရဲ့ Leadership Stylesတွေ နဲ့ Problem Solvingတွေကို လက်တွေ့လေ့လာခွင့်ရမယ်

▪️မတူညီတဲ့သူတွေနဲ့ ဆက်သွယ်ပြောဆိုရမှာဖြစ်လို့ Communication Skillတွေရမယ်။

▪️Deadlinesတွေနဲ့ အလုပ်လုပ်တတ်သွားပြီး Time Managementနဲ့ Survival Skills တွေကောင်းလာမယ်။

▪️စနစ်တကျနဲ့ အဖွဲ့အစည်းပုံစံ အလုပ်လုပ်နိုင်မယ့် Organizational Skillsတွေရရှိမှာပါ။

▪️အလုပ်ကြိုးစားပြီး Team နဲ့တူတူ တက်တက်ကြွကြွနဲ့ ပါဝင်စီးမျောတဲ့ Potential Volunteerတွေကိုလည်း ပိုမြင့်တဲ့ Next Level အတွေ့အကြုံတွေကို ထပ်ပေးဖို့လည်း ပြင်ဆင်ထားပြီး Paid Volunteer/ ဝန်ထမ်း​တွေ အဖြစ် ဆက်လက် လက်တွဲနိုင်ဖို့ အခွင့်အရေးတွေလည်း ပြင်ဆင်ထားတာ ရှိပါတယ်။

⭐ ဒါ့အပြင် တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ထူးခြားအခွင့်အ​ရေးက​တော့ ဘဝအတွက် ​လိုအပ်တဲ့အခါ ဆွေး​နွေးတိုင်ပင်​ဖော်အဖြစ် Founder တွေရဲ့ အနီးကပ်လမ်းညွှန်ပေးမှု​တွေ Mentoring ​တွေပါ ရရှိနိုင်မှာဖြစ်လို့ ပထမခြေတစ်လှမ်းကို PEC ကနေစပြီး လှမ်းလိုက်တော့နော်💙

ထပ်သိချင်တာရှိနေသေးရင် ဖုန်းနဲ့ Messenger👇

Shila Phyoe
Founder & Program Coordinator
[Human Resource Management Incharge]

☎️09254459736
📱m.me/shilaphyoe95







.

PEC က တွဲဖက်ဆရာမလေးတွေက Healing Journey ကိုသွားနေကြတဲ့သူလေးတွေ ဖြစ်နေကြတာကို……🖤သိရတဲ့အခါ ဝမ်းသာမိတယ်😍ကျောင်းသားတွေအတွက် ...
24/08/2026

PEC က တွဲဖက်ဆရာမလေးတွေက Healing Journey ကိုသွားနေကြတဲ့သူလေးတွေ ဖြစ်နေကြတာကို……🖤

သိရတဲ့အခါ ဝမ်းသာမိတယ်😍

ကျောင်းသားတွေအတွက် အလင်းဖြစ်မယ့် ဆရာ/ဆရာမတွေဟာ အလင်းအရင်ဖြစ်ရမယ်

ဒါကြောင့် PEC ကို အလင်းပေးချင်တဲ့ စိတ်နှလုံးနဲ့လာတဲ့ လူငယ်မျိုးဆက်သစ်ဆရာ/မတွေဟာ ရှားပါးတဲ့ စိတ်နှလုံးပိုင်ရှင်တွေလို့မြင်တယ်

ဒါကြောင့်ပဲ
✔️သူတို့က အလုပ်လုပ်ရင်း
✔️နှလုံးသားတွေ ဒီမှာသန့်စင်တယ်
အနာတွေကို မြင်အောင်ကြည့်ပြီး ဆေးထည့်တယ်
✔️အစွမ်းအစတွေကို မှန်ဘီလူးနဲ့ မြင်အောင်ကြည့်တယ်
✔️အမှားတွေကို လက်ခံပေးပြီး ပြင်ဆင်ဖို့ တွန်းအားပေးတယ်
✔️အရည်အချင်းတွေနဲ့လာကြတဲ့သူတွေမို့ လုပ်ပိုင်ခွင့်တွေ ပေးပြီးတော့ ဖန်တီးမှုတွေလုပ်စေတယ်

မပြည့်စုံသော်လည်း ဒီလို Teachers/Facilitators Training Role ကိုလည်း ယူခွင့်ရတာဟာလည်း PEC Education က အခွင့်ထူးတစ်ခုပါ။

🙏ဒီရပိုင်ခွင့်တစ်ခုအတွက် Universe ကြီးကို ကျေးဇူးတင်မိတယ်။

ဒါဟာ Community ကို လင်းစေဖို့ဖြစ်သလို
မှောင်နေတဲ့နေရာတွေမှာ ဒီပိုးစုန်းကြူးလေးတွေဟာ အလင်းဖြစ်စေဖို့ဖြစ်တယ်။

🖤PEC Education ရဲ့ နောက်ကွယ်က “You are the light” Vision ကို စပြီးရောက်တယ်လို့ ဒီနေ့ ခံစားရပါတယ်။

- Shila (Founder, PEC Education)
17 August 2026


🍋ဘဝက သံပုရာသီးပုပ်တွေ ပေးလာရင်ရော ဘာသာ ဆက်လုပ်ကြတော့မလဲ🤭❓လူငယ်တွေအားလုံး ဘဝကိုဖြတ်သန်းနေကြရတဲ့အခါ တစ်ချို့က ဘဝဆိုတာကို မ...
24/08/2026

🍋ဘဝက သံပုရာသီးပုပ်တွေ ပေးလာရင်ရော ဘာသာ ဆက်လုပ်ကြတော့မလဲ🤭❓

လူငယ်တွေအားလုံး ဘဝကိုဖြတ်သန်းနေကြရတဲ့အခါ တစ်ချို့က ဘဝဆိုတာကို မြစ်တစ်စင်းပဲလို ခံစားပြီးတော့ အလိုက်သင့်လေးစီးမျောကြတာ။

တစ်ချို့ကလည်း ဖြစ်ချင်တာတွေများ၊ မလုပ်နိုင်တာတွေများ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ဘဝမြစ်ထဲမှာ ကန့်လန့်ကြီးစီးမျောနေကြလေရဲ့။

🍋ပုံမှန်ဆို ဘဝက ကိုယ့်ကို သကြားလုံးမပေးဘဲ သံပုရာသီးပေးလေးရှိပေမယ့်

🍋အခုချိန်မှာတော့ ဘဝတွေခက်ခဲကြတာဆိုရင် သံပုရာသီးပုပ်တွေလာလာပေးနေသလိုပါပဲ။

🍋ဒီတော့ အရည်တောင်ဖျော်သောက်လို့မရတော့ဘူး။ စိတ်ပျက်ခြင်းတွေကြားမှာ ဘယ်စိတ်ကို ခိုင်မာအောင် Mindset Shift တွေလုပ်ကြမလဲဆိုတာကို ဆွေးနွေးဖို့

🧩🌱English လို ပေါ့ပေါ့ပါးပါး လေ့ကျင့်ကြမယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။

▪️English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။

▪️Facilitator Team က ပြောထွက်အောင် ဂရုစိုက်ကူညီပေးမှာမို့ ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။

▪️English စကားပြောလေ့ကျင့်ရင်း မတူညီတဲ့အမြင်တွေကို နားထောင်ပြီး Beauty နဲ့ Society အကြောင်း စိတ်ဝင်စားဖွယ် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
------------------------

⏰Time - 7:00 - 9:00 PM
🗓 Date - 24 August 2026 (Wed)
💰 Fees - 0 ks
💻 Platform - Zoom
👥 Participants- 100 (Maximum)
-----------------------------------------------

📍ဘယ်သူတွေ Join နိုင်သလဲ ?

✔အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း

-----------------------------------------------

📍Join ဖို့ ဘာတွေ လိုအပ်သလဲ ?

✔ Zoom သုံးတတ်ရပါမယ်
✔ အစအဆုံး Join နိုင်ရမယ်
✔️Video ပိတ်ပြီးပဲ နားထောင်နေလို့မရဘူး။ လိုက်ပြီးတော့ ပြောရမယ်။ ပါဝင်ရမယ်။
✔ Registration လုပ်ရမယ်။

-----------------------------------------------

📍 ဘယ်လို Register လုပ်ရမလဲ?

✔ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။

✔Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။

✔ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။

✔ ပြီးရင် ဒီဖိတ်စာအောက်မှာ "Done" လို့ မန့်သွားပါ။

------------------------------------------------
️
Rerun Club Registration Form
📌 https://forms.gle/dMvPDhKe6LPwFZUx6

⚠️Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️

💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။

----------------------------------------------





12/08/2026

Congratulations to all young people serving for the goodness of community anywhere, in any field, anytime🩵🎉

Happy International Youth Day 💌




#2026

Congratulations to our Founder & PEC Community 🖤
12/08/2026

Congratulations to our Founder & PEC Community 🖤

Happy IYD to You All 🖤🎉💌လူငယ်များအားလုံး ကြားပါစေသား 🙏
12/08/2026

Happy IYD to You All 🖤🎉💌
လူငယ်များအားလုံး ကြားပါစေသား 🙏

Happy International Youth Day
🎊🎊🎊🎊🎊🎊🎊🎊🎊🎊🎊

သဲပွင့် လေးတွေ စုပေါင်းတဲ့အခါ သဲထုကြီးဖြစ်လာတယ်။ ဒီသဲထုကြီးက လူသားတွေလျှောက်လှမ်းဖို့ Foundation ဖြစ်လာတယ်။လူငယ်ဆိုတာ ကမ္ဘာကြီးရဲ့ အရေးကြီးဆုံးသော Foundation ပါ။

ဒီနေ့ ကမ္ဘာအရပ်ရပ်က ၁၈-၃၅ နှစ်ထဲက လူငယ်လေးတွေအားလုံးကို ဂုဏ်ပြုခွင့်ရတဲ့ International Youth Day ပါ။

မထိုက်တန်သော်လည်း လူငယ်Community ကို ဦးဆောင်ခွင့်ရတဲ့ လူငယ်တစ်ဦးအနေနဲ့ စိတ်ထဲမှာ ရေရွတ်နေမိတဲ့ Wish လေးကတော့

📣ပိုမိုငြိမ်ချမ်းတဲ့ကမ္ဘာကြီးကို တည်ဆောက်နိုင်သော သူတွေဟာ “လူငယ်”တွေ ဖြစ်ပါစေ။

📣စစ်မှန်သော မေတ္တာကို ရည်ရွယ်ချက်ရှိရှိရွေးချယ်တဲ့ Generation ဟာ ကျွန်မတို့ Generation ဖြစ်ပါစေ။

📣သေးငယ်သောနေရာအသီးသီက ကြီးမားသော Impact ကို နားလည်တဲ့လူတွေက ကျွန်မတို့ လူငယ်တွေ ဖြစ်ပါစေ။

📣အခက်အခဲ အတားဆီးတွေကြားက ရုန်းထနိုင်တဲ့ စွမ်းရည်ကို ကြီးမားစွာပိုင်ဆိုင်သူတွေက ကျွန်မတို့ လူငယ်တွေ ဖြစ်ပါစေ။

📣ဘုရားပေးတဲ့အလှတရားတွေနဲ့ ကိုယ်ပိုင်ထူးခြားမှုတွေကို အတွင်းဆုံးကနေ အနက်ရှိုင်းဆုံး ဂုဏ်ပြုသူတွေဟာ ကျွန်မတို့ လူငယ်တွေ ဖြစ်ပါစေ။

📣မိမိတို့ရဲ့ Talents တွေကို တစ်ပါးသူအတွက် ကိုယ်ကျိုးမယ့်စွာ အသုံးခံနိုင်သူတွေက ကျွန်မတို့ လူငယ်တွေ ဖြစ်ပါစေ။

📣 သာခြင်း၊ နာခြင်း၊ ပြိုင်ဆိုင်ခြင်းဆိုတဲ့ ချို့တဲ့ခြင်းစိတ်ထားတွေကို Generation အလိုက်ထုတ်ပစ်နိုင်တဲ့သူ၊ ကြွယ်ဝချမ်းသာခြင်းစိတ်ထားကို မိသားစုအတွင်းမှ စံပြနိုင်တဲ့သူတွေက ကျွန်မတို့ လူငယ်တွေ ဖြစ်ပါစေ။

📣အာလုံးပါဝင်သော ဟန်ချက်ညီတဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ Equality ကို ဖော်ဆောင်ခြင်းမှာ Passion ရှိတဲ့လူတွေဟာ ကျွန်မတို့ လူငယ်များ ဖြစ်ပါစေ။

Today, PEC education proudly shares your true identities as

🌟You are the light of your community even you may feel yourself nothing.

🌟You are strong even in your weakest time of your life.

🌟You are able even nobody believes in you.

🌟You are valuable even you may fail in life very often.

🌟You are useful even you can’t prove with any single achievement.

🌟You are Abundant with what you have now in life .

🌟You are enough even you may lost some opportunities!

💚You are what we are proud of !!
💚You are who matters most.
💚The Future is “You”.

Congratulations 🎉 to those who are trying to survive for more resilience in this toughest Situation in the down time of 🇲🇲 !!

Shiba
Founder



#2026

🩵
10/08/2026

🩵

💸😊💭
"ပိုက်ဆံနဲ့ ပျော်ရွှင်မှုကို ဝယ်လို့ရလား?"

ဒီမေးခွန်းကို တစ်ခါလောက်တော့ စဉ်းစားဖူးကြမှာပါနော်။

ဒီတစ်ပတ်ကို Money & Happiness ဆိုတဲ့ Topic လေးနဲ့ ဆွေးနွေးကြပါမယ်။

💰 ပိုက်ဆံက ဘဝမှာ ဘယ်လောက်အရေးပါလဲဆိုတာ အမြင်ချင်းဖလှယ်ကြမယ်။

🌸 ပိုက်ဆံနဲ့ ဝယ်လို့ရတဲ့ ပျော်ရွှင်မှုတွေနဲ့ ဝယ်လို့မရတဲ့ ပျော်ရွှင်မှုတွေအကြောင်း ဆွေးနွေးကြမယ်။

🌱 ပျော်ရွှင်တဲ့ဘဝတစ်ခုအတွက် ပိုက်ဆံတစ်ခုတည်းနဲ့ လုံလောက်ရဲ့လား၊ ဒါမှမဟုတ် တခြားဘယ်အရာတွေ လိုအပ်သေးလဲဆိုတာ အတူစဉ်းစားကြမယ်။

✨ မတူညီတဲ့ အမြင်တွေကို နားထောင်ရင်း ကိုယ့်ရဲ့ Happiness ဆိုတဲ့ အဓိပ္ပာယ်ကို ပြန်လည်ရှာဖွေကြမယ်။

ပေါ့ပေါ့ပါးပါး English လိုလေ့ကျင့်မယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။

▪️English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။

▪️Facilitator Team က ပြောထွက်အောင် ဂရုစိုက်ကူညီပေးမှာမို့ ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။

▪️English စကားပြောလေ့ကျင့်ရင်း သူငယ်ချင်းတွေလည်းရပြီး ပျော်ရွှင်မှုအပေါ် မတူညီတဲ့ အမြင်တွေကို အတူမျှဝေဖို့ ဖိတ်ခေါ်ပါတယ်။
------------------------

⏰Time - 7:00 - 9:00 PM
🗓 Date - 12 August 2026 (Wed)
💰 Fees - 0 ks
💻 Platform - Zoom
👥 Participants- 100
-----------------------------------------------

📍ဘယ်သူတွေ Join နိုင်သလဲ ?

✔အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း

-----------------------------------------------

📍Join ဖို့ ဘာတွေ လိုအပ်သလဲ ?

✔ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းလည်း ပြောပြပေးမှာပါ)
✔ အစအဆုံး Join နိုင်ရမယ်
✔ Registration Form ဖြည့်ရမယ်

-----------------------------------------------

📍 ဘယ်လို Register လုပ်ရမလဲ?

✔ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။

✔Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။

✔ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။

✔ ပြီးရင် ဒီဖိတ်စာအောက်မှာ "Done" လို့ မန့်သွားပါ။

------------------------------------------------
️
Rerun Club Registration Form
📌 https://forms.gle/dMvPDhKe6LPwFZUx6

⚠️Rerun Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️

💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။

----------------------------------------------





Tonight 🖤
29/07/2026

Tonight 🖤

🌏🌱💚
ကမ္ဘာကြီးက တစ်လုံးတည်း… ဒါပေမယ့် ဂရုစိုက်ပေးမယ့်သူတွေက အများကြီးလိုတယ်နော်...

ဒီတစ်ပတ်တော့ ကမ္ဘာကြီးကို ကယ်တင်ကြမယ်… အဲမဟုတ်ပါဘူး ကမ္ဘာကြီးအတွက်ကိုယ်လုပ်နိုင်တာလေးတွေကို ပြောကြမယ်။ 😅

ကမ္ဘာကြီး ပိုစိမ်းလန်းပြီး ပိုကောင်းလာဖို့ ကိုယ်က ဘာလေးတွေလုပ်ပေးနေလဲ စဉ်းစားကြည့်ဖူးလား❓

🌱 သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့ လုပ်နိုင်တဲ့ အလေ့အကျင့်လေးတွေကို မျှဝေကြမယ်။
🌿 Plastic လျှော့သုံးတာ၊ Recycling လုပ်တာ၊ သစ်ပင်စိုက်တာလို နေ့စဉ်ဘဝက အလေ့အထလေးတွေအကြောင်း ဆွေးနွေးကြမယ်။
🌍 Climate Change နဲ့ Environmental Issues တွေအပေါ် ကိုယ့်အမြင်တွေကို အပြန်အလှန်ဖလှယ်ကြမယ်။
🌼 လူတစ်ယောက်ချင်းစီရဲ့ သေးငယ်တဲ့ လုပ်ရပ်လေးတွေက ကမ္ဘာကြီးအတွက် ဘယ်လောက်အရေးပါလဲဆိုတာ အတူစဉ်းစားကြမယ်။

ပေါ့ပေါ့ပါးပါး English လိုလေ့ကျင့်မယ့် PEC ရဲ့ English Conversation Club လေးကို လာခဲ့ပါ။
▪️English စကားကို Basic လောက်ပဲ ပြောတတ်မယ်ဆိုလည်း အိုခေတယ်။

▪️Facilitator Team က ပြောထွက်အောင် ဂရုစိုက်ကူညီပေးမှာမို့ ဘာမှကြောက်မနေဘဲ အရဲစွန့်ပြီးသာ ရောက်အောင်လာခဲ့ပါ။

▪️English စကားပြောလေ့ကျင့်ရင်း သူငယ်ချင်းတွေလည်းရပြီး ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်လေးတွေကို အတူမျှဝေဖို့ ဖိတ်ခေါ်ပါတယ်။
------------------------

⏰Time - 7:00 - 9:00 PM
🗓 Date - 29 July 2026 (Wed)
💰 Fees - 0 ks
💻 Platform - Zoom
👥 Participants- 100
-----------------------------------------------

📍ဘယ်သူတွေ Join နိုင်သလဲ ?

✔အသက် ၁၆ နှစ်ပြည့်ပြီး English Level Basic - Advanced ရှိသူတိုင်း

-----------------------------------------------

📍Join ဖို့ ဘာတွေ လိုအပ်သလဲ ?

✔ Zoom သုံးတတ်ရပါမယ် (Zoom သုံးနည်းလည်း ပြောပြပေးမှာပါ)
✔ အစအဆုံး Join နိုင်ရမယ်
✔ Registration Form ဖြည့်ရမယ်

-----------------------------------------------

📍 ဘယ်လို Register လုပ်ရမလဲ?

✔ အောက်မှာပေးထားတဲ့ Form linkကိုဖြည့်ပါ။

✔Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။

✔ Form ဖြည့်ပြီးရင် Submit/ပေးပို့ရန် ခလုတ်ကိုနှိပ်ပြီး နောက်ဆုံးပေါ်လာတဲ့ စာမျက်နှာကို Screenshot ရိုက်ပါ (သို့) Copy လုပ်ပြီး တစ်နေရာမှာ Paste လုပ်ပြီး သိမ်းထားပါ။

✔ ပြီးရင် ဒီဖိတ်စာအောက်မှာ "Done" လို့ မန့်သွားပါ။

------------------------------------------------
️
Rerun Club Registration Form
📌 https://forms.gle/dMvPDhKe6LPwFZUx6

⚠️Rerun Form ဖြည့်ပြီးရင် နောက်ဆုံးစာမျက်နှာကို Screenshot ရိုက်ယူထားဖို့ မမေ့ပါနဲ့။ Form ရဲ့ နောက်ဆုံး စာမျက်နှာမှာ Zoom Link ရယ် Meeting ID နဲ့ Password ရယ်ကို ထည့်ပေးထားပါတယ်။⚠️

💌 PEC Member ဖြစ်ပြီးသူတွေ နောက်ကျလို့ Form မမီရင် Page ရဲ့ Chatbox မှာ Member Code မြန်မြန်သွားပို့ပြီး Zoom Link တောင်းလို့ရပါတယ်။

----------------------------------------------





English နဲ့ပတ်သက်ရင် အခြားသူတစ်ယောက်လိုပြောင်းလဲသွားတယ်တဲဲ့ 🖤🥹ဒါဟာ သာမန်မဟုတ်ဘူးနော်။ ကြားရခဲတယ်။ စစ်မှန်တဲ့ တိုးတက်မှုတ...
26/07/2026

English နဲ့ပတ်သက်ရင် အခြားသူတစ်ယောက်လိုပြောင်းလဲသွားတယ်တဲဲ့ 🖤🥹

ဒါဟာ သာမန်မဟုတ်ဘူးနော်။ ကြားရခဲတယ်။
စစ်မှန်တဲ့ တိုးတက်မှုတွေအကြောင်းကို နှလုံးသားကနေထုတ်ပြောပြတာပါ။

ရင်ထဲက စကားသံလေးတွေ ပီတိတွေဝေရပါ၏ 🌱🥰

သူတို့ တစ်ဦးချင်းရဲ့ ဖွင့်ဟချက်အပြည့်အစုံကို ဒီ Post ရဲ့ Comment မှာ ဖတ်ရှုနိုင်ပါတယ်။

E4C Introduction
📍 https://www.facebook.com/share/p/14oTBhxaHAx/?mibextid=wwXIfr





Community အတွက် ချစ်ခြင်း​မေတ္တာ​လေးတစ်ခု 😍
12/07/2026

Community အတွက် ချစ်ခြင်း​မေတ္တာ​လေးတစ်ခု 😍

English Speaking Skill တိုးတက်ဖို့ လိုအပ်တဲ့လူငယ်တွေအတွက် PEC ရဲ့ မိုးရာသီ Scholarship လက်ဆောင် 🩵🖤

PEC က English Speaking မလေ့ကျင့်နိုင်လို့ Level မ Up လာတဲ့ လူငယ်တွေအတွက် စနစ်တကျနဲ့ သင်ကြားပေးနေတဲ့ E4C Program လေးကို Free တက်ရောက်ခွင့်လေးပေးသွားမှာဖြစ်ပါတယ်။

PEC ရဲ့ Community အ​ပေါ်ကို ပြ​ပေးနိုင်တဲ့ချစ်ခြင်း​မေတ္တာ​လေးတစ်ခုဖြစ်တာ​ကြောင့် ​ပေးနိုင်ခွင့်​လေးရရှိ​နေတာကို PEC က​ပျော်​နေပါပြီ။

ဘယ်သူပဲဖြစ်ဖြစ်​လျှောက်ပါ။ တကယ့်ကိုလိုအပ်တယ်။ တကယ်ကိုလိုချင်တယ်ဆိုတဲ့လူငယ်​တွေကို ​ပိုလျှောက်​စေချင်ပါတယ်။

လာမယ့် 18- 19 July မှာ ပြန်စမယ့် E4C Program (Batch 5) မှာ လူငယ်တွေတက်ရောက်နိုင်ဖို့ 50% to 100% Scholarship တွေပေးသွားမှာပါ။

E4C Program ဆိုတာကဘာလဲ❓
📍 https://www.facebook.com/share/1FuFGTRLz2/?mibextid=wwXIfr

💎ဒီ Program မှာ တန်းခွဲ နှစ်ခု Level Class ၂ ခုပါဝင်ပါတယ်။
💙Saturday | 1-3 Pm | Basic Levels Class
💚Sunday | 1-3 Pm | Above Basic Levles Class တွေကို ၁၀ ပတ်တာ တက်ပြီးတော့ English Skills လိုအပ်ချက်တွေဖြစ်တဲ့

✔️Confidence
✔️Fluency
✔️Idea
✔️Expression
✔️Self-study skill တွေကို Next Level တိုးတက်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။

ဒီ Program ရဲ့ Level Class တစ်ခုကို
🎁100% Scholarship - ၁ ဦး (သို့) 50% - ၂ ဦး နှုန်းနဲ့ လိုအပ်တဲ့ လူငယ်​တွေကို ရွေးချယ်​ပေးအပ်သွားမှာဖြစ်ပါတယ်။
____________________

▶️Scholarship Program မှာဘယ်လို
ပါဝင်ကြမလဲ❓

▪️Step 1: ဒီ​ လင့်ကနေတစ်ဆင့် Page အသစ်လေးကို Like & Follow လုပ်ပေးပါ။ (အခုမှ အသစ်ဖွင့်ထားတဲ့ PEC ရဲ့ Quality Program တွေ ဖွင့်ပေးတဲ့နေရာလေးမို့ပါ)

🖤Like & Follow လုပ်ရမယ့် Page Link
https://www.facebook.com/share/19qEqEtihk/?mibextid=wwXIfr

▪️Step 2: အပေါ်မှာ ပြထားတဲ့ ကိုယ်တက်ရမယ့် E4C Program Intro Post လေးကို Public နဲ့
“I want to join E4C Program💚” လို့ Caption လေးနဲ့ Share ပေးပါ။

✔️Share ပြီးရင် Post ကို ဖျက်မပစ်ရပါ။ စီစစ်​ရွေးချယ်တဲ့အချိန် FB Wall မှာ Post မ​တွေ့ရင် ​ရွေးချယ်ခံရမှာမဟုတ်ပါဘူး။

✔️Share ရမယ့် E4C Program Post Link က အပေါ်မှာပြထားတဲ့ Link ပါပဲ။

▪️Step 3: ကိုယ် Share ထားကြောင်းကို Screenshot ရိုက်ပြီး ဒီ Scholarship Post ရဲ့ Comment မှာမန့်ပေးပါ။

▪️Step 4: ပြီးရင် ဒီလင့်ကနေတစ်ဆင့် PEC Page Messenger ကို သွားပြီး Comment မန့်ထားကြောင်းကိုသိရ​​အောင် Screenshot ရိုက်ပြီး ပို့ပေးပါ။
🖤m.me/practicalenglishclubmyanmar

📋Page ရဲ့ Chatbox က​နေ Scholarship Application Form Link လေးပြန်ပို့ပေးမှာဖြစ်ပြီး ​ရွေးချယ်ခံရသူ​တွေကို -

✅16 July မှာ Page မှာ ​ကြေညာ​ပေးမှာဖြစ်ပြီး​တော့
✅ 17July မှာ ည၇နာရီမှာ Scholar ရသူတွေကို Zoom မှာ Need Assessment စစ်ပေးမှာဖြစ်ပြီးတော့
✅ စနေ/တနင်္ဂနွေမှာ ရွေးချယ်ပေးတဲ့အတန်းကို တစ်ခါတည်း FOC ဝင်တက်ရမှာပါ။
✅ PEC မှာ နှစ်ခါ မရနိုင်တဲ့ အစီအစဥ်မို့ Deadline မတိုင်မှီ အမြန်ဆုံး လက်သွက်သွက်​လေးနဲ့ ပါဝင်လိုက်​တော့ဗျို့🥳🥳💯

✅ လိုအပ်တာတူရင် PEC Community Member တွေ၊ LGBT 🏳️‍🌈 နဲ့ Disabled နဲ့ တိုင်းရင်းသားစတဲ့ လူနည်းစုတွေနဲ့ စစ်ကြောင့် နယ်ပြောင်းနေထိုင်ရတဲ့ IDP တွေကို ဦးစားပေးရွေးချယ်သွားပါမယ်။

‼️Deadline : 15 July | 11:59 Pm - Open only for 3 Days ‼️
______________








Address

Yangon

Alerts

Be the first to know and let us send you an email when PEC Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share