ချင်း

ချင်း CHIN mi he pehthlai mi paoh

05/09/2025
အခုတစ်လော ခေတ်စားနေတာ စမ်းထားတာအဆင်ပြေလား အဲ့လိုပုံလေးတွေ လိုချင် Comment မှာ စာချန်ခဲ့ပါအလကားပြင်ပေးပါမယ်
05/09/2025

အခုတစ်လော ခေတ်စားနေတာ စမ်းထားတာ
အဆင်ပြေလား
အဲ့လိုပုံလေးတွေ လိုချင် Comment မှာ စာချန်ခဲ့ပါ
အလကားပြင်ပေးပါမယ်

သစ္စာတရားရဲ့ ပြယုဒ် ချင်းလူမျိုးတို့ရဲ့ သင်္ကေတ
05/09/2025

သစ္စာတရားရဲ့ ပြယုဒ် ချင်းလူမျိုးတို့ရဲ့ သင်္ကေတ

05/09/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

သဘာဝကို တန်းဖိုးထားကြပါ
14/05/2025

သဘာဝကို တန်းဖိုးထားကြပါ

22/01/2024
13/01/2024
13/01/2024
12/01/2024
08/01/2024

"အိပ်မက်အသစ်ကို စတင်ပါ"

လွန်ခဲ့တဲ့နှစ်က တံခါးနှစ်ခုတွဲထားတဲ့ အစိုးရအဆောက်အဦးတစ်ခုဆီသို့ သွားခဲ့ပါတယ်။ တံခါးနှစ်ကြားမှာ (၁၅)ပေ လောက်ခြားထား ပါတယ်။ ပထမတံခါးနားကို ကျွန်တော်ရောက်သွားတဲ့အခါ တံခါးဟာ ပိတ်သွားပါတယ်။ ပထမတံခါးနားမှာပဲ ဆက်နေနမယ်ဆိုရင် ဒုတိယတံခါးက ဘယ်တော့မှပွင့်လာမှာမဟုတ်ဘူး။ ပွင့်လာဖို့ အနားကို လှမ်းသွားရပါတယ်။

အလိုအလျှောက်ပွင့်လာတဲ့တံခါးလိုပါပဲ လူ့ဘ၀အသက်တာမှာ ဖြစ်တည်နေပါတယ်။ သင်စိတ်ဓါတ်ကျခဲ့တဲ့ကိစ္စ၊ သင်ကျရှုံးခဲ့တဲ့ကိစ္စတွေအားလုံးကို ပိတ်သွားတဲ့ပထမတံခါးရဲ့နောက်ကွယ်မှာ ထားခဲ့လိုက်ပါ။ ပြီးသွားတဲ့ကိစ္စကို သင်မတတ်နိုင်တော့ဘူး။ သင်နဲ့လည်းမဆိုင်တော့ဘူး။သင်ဟာအတိတ်မှာမရှိဘူး။ဘုရားသခင်က သင့်အနာဂတ်အတွက်
များပြားစွာသိုထားတယ်ဆိုတာသိမှတ်ပြီးအရှေ့ကိုဆက်လှမ်းလိုက်ပါ။ သင့်ရဲ့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စကို သင်ဘာမှ မတတ်နိုင်တော့ပါဘူး။ဒါပေမယ့်သင့်ရဲ့အနာဂတ်အတွက် ပိုကောင်းတဲ့အရာကိုရွေးချယ်ဖို့ သင့်မှာ အခွင့်အရေးတွေရှိနေတုန်းပါ။

သင့်ရဲ့နောက်ကျောဘက်မှာ ရှိခဲ့တဲ့အရာတွေထက် သင့်ရဲ့အရှေ့မှာရှိတဲ့ အရာတွေက ပိုအရေးကြီးပါတယ်။ သင် ဘယ်မှာရှိခဲ့တယ်၊ ဘယ်ကနေလာခဲ့တယ်ဆိုတာတွေထက် အခု သင် ဘယ်အရပ်ကို ဦးတည်နေသလဲဆိုတာက ပိုအရေးကြီတယ်။ သင့်မှာ မှန်ကန်တဲ့၊လုံလောက်တဲ့အပြုစိတ်ဓါတ်တွေသာရှိမယ်ဆိုရင် သင် အတိတ်မှာ ဆုံရှုံးလက်လွတ်ခဲ့တဲ့အရာတွေထက်ပိုကောင်းတဲ့ပိုများတဲ့အရာတွေ အနာဂတ်မှာမွေးဖွားလာပါလိမ့်မယ်။အနောက်လှည့်တတ်တဲ့အကျင့်ကိုရပ်လိုက်ပါ။ဒီနေ့
ဟာနေ့ရက်သစ်ဖြစ်တယ်။သင့်ရဲ့အိပ်မက်တွေဟာ ပျက်စီးကုန်ပြီလို့ထင်ရပါတယ်။ဒါပေမယ့်ဘုရားသခင်ကသင့်ရဲ့သေဆုံးသွားတဲ့အိပ်မက်
တွေကို အသက်ပြန်သွင်းပေးဖို့ တတ်နိုင်ပါတယ်။ အသစ်သောအရာတွေကိုအမြဲပေးနိုင်ပါတယ်။ သူဟာ သဘာ၀လွန်ဘုရားဖြစ်တယ်။ "ဖြစ်စေ"အရှင်ဖြစ်တယ်။ "ဖြစ်စေ" မိန့်လိုက်ရင် ဘာမဆိုဖြစ်လာနိုင်တယ်။ ဒါကို သင်ယုံကြည်စိတ်ချမယ်ဆိုရင် အရာခပ်သိမ်းဖြစ်လာနိုင်တယ်။

ဘုရားသခင်က သင့်ကိုဘယ်တော့မှ စိတ်ပျက်မှာမဟုတ်ဘူး။ လက် လွှတ်မှာမဟုတ်ဘူး။ သင့်အထဲမှာသူကိုယ်တိုင်ထည့်ပေးတဲ့မျိုးစေ့ရှိတယ်ဆိုတာ သူသိတယ်။ သင့်မှာ ဘယ်သူ့ဆီမှာမှမရှိတဲ့ ပေးလှူစရာ အရည်အချင်းတွေရှိတယ်၊ ပိုင်ဆိုင်ထားတယ်။ ဘုရားသခင်က သင့်အထဲမှာအိပ်မက်ရူပါရုံတွေနဲ့ပြင်းပြနေတဲ့ဆန္ဒတွေကို အသေအချာထည့်သွင်းပေးထားတယ်။မကြာခဏပဲ ကျွန်ုပ်တို့ဟာ ရန်သူတွေနဲ့၊ စိတ်ပျက်စရာတွေကို အသက်တာထဲ ၀င်ခွင့်ပေးတတ်ကြတယ်။ မကြာမီမှာပဲ ကျွန်ုပ်တို့ဟာ အဲဒီစိတ်ပျက်စရာတွေကြောင့် ရှေ့ဆက်မသွားနိုင်တာဖြစ်တယ်လို့ မြင်လာကြတယ်။ ပိုမြင့်တဲ့အရပ်ကို တက်လှမ်းနိုင်တယ်ဆိုတာ မယုံကြည်နိုင်တော့ဘူး။

ဒီနေ့၊ ဆုကျေးဇူးပိုင်ဆိုင်တဲ့သူ၊ အရည်အချင်းရှိတဲ့သူတွေဟာ သူတို့မမျှော်လင့်ထားတဲ့အတွေ့အကြုံတွေနဲ့၊ မမျှတတဲ့ အရာတွေကို ရင်ဆိုင်ရကြတယ်။ အိမ်ထောင်ပြိုကွဲခြင်း၊ အလွဲသုံးစားလုပ်တာခံရခြင်၊ လျစ် လျူရှုပစ်ပယ်ခံရခြင်း စတဲ့ခါးသီးချင်စရာတွေကို ရင်ဆိုင်ရကြတယ်။ အဲသလိုအတွေ့အကြုံမျိုးကို ရင်ဆိုင်ရတဲ့သူအနေနဲ့ ဒီလိုညည်းတွားဖို့လွယ်ကူပါတယ်။
"ဘာဖြစ်လို့ ငါ့ဘ၀မှာ ဒီလိုဖြစ်ရတာလဲ"
"ဒီလိုဖြစ်လာရအောင် ငါ ဘာအမှားတွေ လုပ်ခဲ့လို့လဲ"

စိတ်မကောင်းစရာပါပဲ။ ရန်သူက သင့်အထဲမှာဘာရှိသလဲဆိုတာကို သိနေတယ်။ လောကကြီးမှာ သင် ဘယ်လိုအကျိုးအမြတ်ကြီးတဲ့အမှုတွေကို စွမ်းဆောင်မလဲဆိုတာကို သူကသိနေတယ်။ ဒါကြောင့် သူတတ်နိုင်သလောက်သင့်ထဲမှာရှိတဲ့မျိုးစေ့ကိုအမြစ်မတွယ်နိုင်အောင်နှောင့်ယှက် ဟန့်တားမှာဖြစ်တယ်။ သင့်မှာရှိတဲ့ ဆုကျေးဇူးတွေနဲ့ စွမ်းရည်တွေကို ဖွံဖြိုးကြီးထွားလာမှာ သူမလိုလားဘူး။ သင့်အိပ်မက်တွေ အကောင်းအထည်ပေါ်လာမှာ သူမလိုလားဘူး။ သင့်ကို သာမန်အညတရဘ၀မျိုးနဲ့ပဲ အသက်ရှင်စေချင်တယ်။ ဒုတိယတန်းစားအဆင့်မှာပဲ ရှိစေချင်တယ်။

ဒါပေမယ့်ဘုရားသခင်ကတော့ သင့်နဲ့ကျွန်ုပ်အထဲမှာ အလွန်တန်ဖိုးကြီးတဲ့ရတနာကို မထည့်ပေးဘဲနဲ့ မဖန်ဆင်းခဲ့ပါဘူး။ ဘ၀မှာ ရုန်းကန်ရတာ
တော့ရှိမှာပဲ။ စိတ်ပျက်စရာတွေနဲ့သင့်ကိုဆွဲချဖို့ ရန်သူက ကြိုးစားမှာ ပဲ။ သာမန်အားဖြင့်တော့သင်ဟာ ပိုမြင့်တဲ့အရပ်ဆီဘယ်လိုတက်လှမ်းလို့ရနိုင်မလဲဆိုတာကို မသိနိုင်ပါဘူး။ ပျော်ရွှင်တဲ့ဘဝကို ဘယ်လိုပိုင်ဆိုင်ရမလဲဆိုတာ သင်မမြင်နိုင်ဘူး။ သင့်ဖနှောင့်ကိုဆောင့်ပြီး ဒီလိုကြွေးကြော်လိုက်ပါ။
"ငါ့အထဲမှာ ဘာရှိသလဲဆိုတာ ငါသိတယ်"
"ငါဟာ အမြင့်ဆုံးမှာ စိုးစံတဲ့ ဘုရားသခင်ရဲ့သားဖြစ်တယ်"
"ငါ့မှာ အရာရာကို ကျော်လွှားနိုင်တဲ့ ခွန်အားရှိတယ်"
"ငါ့ကို ဘုရားသခင် ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာဖို့ အရှေ့ကို ဆက်လှမ်းမယ်"

အပျက်သဘောနဲ့ပြည့်တဲ့သူတွေပြောတဲ့ အပျက်စကားလုံးတွေကို
၀န်မခံပါနဲ့။ သင့်အထဲမှာ ဘုရားသခင်ထည့် ပေးတဲ့ ကောင်းတဲ့အရာတွေရှိနေတုန်းပါ။ အခု သင့်အပိုင်းကိုသင်လုပ်ဖို့ ၊ တူးဖော်ဖို့ စတင်လိုက်ပါ။အာမင်။


:ကျော်သူဇင်(မိုင်းဖြတ်)ဘာသာပြန်

Address

Yangon
Yangon

Telephone

+959899005551

Website

Alerts

Be the first to know and let us send you an email when ခ်င္း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share