Shwe Kyar

Shwe Kyar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Kyar, Community Organization, Yangon.

Since 2024
Golden Louts -Shwe Kyar
To create a safe and secure social environment where s*x workers can live in accordance with their empowerment, equality, trust and positive human dignity.

21/04/2026
🌸 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ 🌸(International Women’s Day – March 8)ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ လူမှုရေး၊ စီး...
08/03/2026

🌸 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ 🌸
(International Women’s Day – March 8)

ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ အောင်မြင်မှုများကို ဂုဏ်ပြုသည့်နေ့ဖြစ်သော International Women’s Day ကို နှစ်စဉ် မတ်လ ၈ ရက်နေ့ တွင် ကျင်းပကြပါသည်။

✨ ၂၀၂၆ ခုနှစ် ဆောင်ပုဒ်မှာ
“Give To Gain”
(တန်းတူညီမျှမှုအတွက် ပေးဆပ်ကူညီခြင်းဖြင့် အကျိုးကျေးဇူးများ ရရှိစေရန်) ဖြစ်ပါသည်။

📜 သမိုင်းအကျဉ်း
• ၁၉၀၈ ခုနှစ် – အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် အလုပ်သမားအမျိုးသမီး ၁၅,၀၀၀ ကျော် အလုပ်ချိန်လျှော့ချရန်၊ လစာတိုးရန်နှင့် မဲပေးပိုင်ခွင့်ရရှိရန် ဆန္ဒပြခဲ့ရာမှ စတင်ခဲ့သည်။

• ၁၉၁၀ ခုနှစ် – ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပသည့် အလုပ်သမားအမျိုးသမီးများ နိုင်ငံတကာညီလာခံတွင် Clara Zetkin က အမျိုးသမီးများနေ့ သတ်မှတ်ရန် အဆိုပြုခဲ့သည်။
• ၁၉၇၅ ခုနှစ် – ကုလသမဂ္ဂမှ International Women’s Day အဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။

🇲🇲 မြန်မာနိုင်ငံတွင်
မတ်လ ၈ ရက် ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အဖြစ် နှစ်စဉ် ကျင်းပကြသကဲ့သို့
ဇူလိုင်လ ၃ ရက်နေ့ ကိုလည်း မြန်မာအမျိုးသမီးများနေ့ အဖြစ် သီးခြား ကျင်းပလေ့ရှိပါသည်။

💜 အမျိုးသမီးများ၏ အခန်းကဏ္ဍကို လေးစားဂုဏ်ပြုကြပါစို့။

💜 တန်းတူညီမျှသော အနာဂတ်ကို အတူတကွ ဖန်တီးကြပါစို့။


#အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

15/02/2026

#မေး ။ မိမိကို ဆိုရှယ်မီဒီယာပေါ်တွင် မဖွယ်မရာပုံများဖြင့် ခြိမ်းခြောက်လာသဖြင့် တရားစွဲလိုပါတယ်၊ ဒါပေမယ့် ဖုန်းအခိုးခံရလို့ အမှန်တစ်ကယ်နစ်နာသူဖြစ်ပေမယ့် အထောက်အထားတွေ မိမိတွင် မရှိပါ။ ဘယ်လိုလုပ်လို့ရပါသလဲ။

#ဖြေ ။ ဥပဒေအရ ကုစားမှုတောင်းဆိုမယ်ဆိုလျှင် အမှုအတွက် ခိုင်လုံတဲ့သက်သေအထောက်အထားမရှိပါဘဲ တရားရုံး တွင် စစ်ဆေးပါက အမှုအားနည်းနိုင်ပြီး နိုင်ရန်မသေချာပါ။

#ခိုင်လုံတဲ့သက်သေတင်ပြနိုင်မှသာ အမှုကို အားကောင်းစေပြီး တစ်ဖက်အား အရေးယူပေးမှာဖြစ်ပါတယ်။

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။

#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

page စာမျက်နှာမှ အသုံးပြုထားသော ပို့စ်များ၊ ဓါတ်ပုံများကို တဆင့်ကူးယူအသုံးပြုလိုပါက LCM ၏အတည်ပြုချက်ဖြင့်သာရယူနိုင်ပါသည်။

ဥပဒေဗဟုသုတရရှိစေရန်အတွက်သာ ရည်ရွယ်၍ မျှဝေခြင်းဖြစ်ပါသည်.



#ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)

16/12/2025

❤️December 17 2025 ❤️

❤️International Day to End Violence Against S*x Workers.❤️

👍We joined the global call to end violence and uphold the rights and dignity of s*x workers.👍

Thanks Shwe Kyar

*xWorkers
*xWorkerRights
*xworkiswork


❤️December 17 2025 ❤️❤️International Day to End Violence Against S*x Workers.❤️ 👍We joined the global call to end violen...
16/12/2025

❤️December 17 2025 ❤️

❤️International Day to End Violence Against S*x Workers.❤️

👍We joined the global call to end violence and uphold the rights and dignity of s*x workers.👍

Thanks Shwe Kyar

*xWorkers *xWorkerRights
*xworkiswork

ရုပ်ပိုင်းဆိုင်ရာထိခိုက်မှ အကြမ်းဖက်မှုလား ရွှေကြာလေးတို့ရေ  ....အကြမ်းဖက်မှုဆိုတာနဲ့ တော်တော်များများက ရုပ်ပိုင်းဆိုင်ရ...
03/12/2025

ရုပ်ပိုင်းဆိုင်ရာထိခိုက်မှ အကြမ်းဖက်မှုလား

ရွှေကြာလေးတို့ရေ ....

အကြမ်းဖက်မှုဆိုတာနဲ့ တော်တော်များများက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှ အကြမ်းဖက်မှုလို့ထင်တတ်ကြပါတယ် 😔

အမှန်တော့ အကြမ်းဖက်မှုဆိုတာ ပုံစံမျိုးစုံ ရှိပါတယ် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ၊ လ-ိင်ပိုင်းဆိုင်ရာ ၊လူမှုရေးပိုင်းဆိုင်ရာအကြမ်းဖက်တာ စတဲ့အကြမ်းဖက်မှုတွေအပြင် အခုခေတ်မှာ တော့ အွန်လိုင်းအကြမ်းဖက်မှုတွေပါပါဝင်လာပါတယ် 📱

အွန်လိုင်းအကြမ်းဖက်မှုဆို‌တာကတော့ အမျိုးသမီးတွေကို အွန်လိုင်းကနေ ခြိမ်းခြောက်အကြပ်ကိုင်တာ ၊ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တာ ၊ လ-ိင်ပိုင်းဆိုင်ရာနှောက်ယှက်တာ စတာတွေဖြစ်ပါတယ် 💻

နည်းပညာတွေတိုးတက်လာတာနဲ့အမျှ အွန်လိုင်းအကြမ်းဖက်မှုတွေက အမျိုးသမီးတွေအပေါ်ပိုမို ခြိမ်းခြောက်နေပါတယ် 👩‍💻

ဒါကြောင့်ဒီနှစ်ရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (16ရက်တာလှုပ်ရှားမှု) ဆောင်ပုဒ်မှာ "အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ဒစ်ဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှု ပပျောက်ဖို့ စည်းလုံးကြစို့(UNiTE) ဆိုပြီး အွန်လိုင်းအကြမ်းဖက်မှုကို တားဆီးနိုင်ဖို့ ရည်ရွယ်ထားပါတယ် 🥰

အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့အတွက်ဆို ပြုလုပ်ခံရသူက ဖွင့်ဟဖို့လိုအပ်သလို အခြားသိမြင်သူတွေကလည်း ဝိုင်းဝန်းကာကွယ်တားဆီးဖို့လိုအပ်ပါတယ် 🤝

ရွှေကြားလေးတို့အနေနဲ့လည်း အကြမ်းဖက်မှုတွေကို ကိုယ်တိုင်ကြုံရတာဖြစ်ဖြစ် မြင်တွေ့ရတာပဲဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးချင်တယ်ဆို ရွှေကြာဆီမှာ လုံခြုံစိတ်ချစွာ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ် နော် 🥰

#၁၆ရက်တာလှုပ်ရှားမှု

  AIDS Dayနှစ်စဉ် ဒီဇင်ဘာ(၁)ရက်နေ့သည် "ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေး" World AIDS Day နေ့ဖြစ်ပါသည်။World ...
01/12/2025

AIDS Day

နှစ်စဉ် ဒီဇင်ဘာ(၁)ရက်နေ့သည် "ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေး" World AIDS Day နေ့ဖြစ်ပါသည်။

World AIDS Day ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်မှာ HIV ပိုးနှင့်ပတ်သက်ပြီး အသိပညာ ရရှိစေရန်၊ AIDS ရောဂါကြောင့် သေဆုံးခဲ့ရသူများအတွက် အထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ၁၉၈၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် World AIDS Day သည် ကမ္ဘာ့ကျန်းမာရေးအထိမ်းအမှတ်နေ့များထဲတွင် ပထမဆုံးသတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်ရဲ့World AIDS Day ရဲ့ ဆောင်ပုဒ်ကတော့“AIDS ရောဂါတိုက်ဖျက်ဖို့ အခက်အခဲများကို ဖြေရှင်းလို့ အတူပူးပေါင်းဆောင်ရွက်စို့”
("Overcoming disruption, transforming the AIDS response" )ဖြစ်ပါတယ် ။

FYI
30/11/2025

FYI

#"အမျိုးသမီးများအားလုံးအပေါ် ဒီဂျစ်တယ်နည်းဖြင့် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်စို့"

်တာလှုပ်ရှားမှု ဆိုတာဟာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ လျော့ကျပပျောက်စေရန် ရည်ရွယ်ပြီး လှုပ်ရှားမှုတွေကို

နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်ကြတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်...

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။

#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

page စာမျက်နှာမှ အသုံးပြုထားသော ပို့စ်များ၊ ဓါတ်ပုံများကို တဆင့်ကူးယူအသုံးပြုလိုပါက LCM ၏အတည်ပြုချက်ဖြင့်သာရယူနိုင်ပါသည်။



#ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)

30/11/2025

#"အမျိုးသမီးများနှင့် အမျိုးသမီးငယ်များအပေါ် အား အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ လက်တွဲဖြေရှင်းကြပါစို့”

်တာလှုပ်ရှားမှု ဆိုတာဟာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေ လျော့ကျပပျောက်စေရန် ရည်ရွယ်ပြီး လှုပ်ရှားမှုတွေကို

နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်ကြတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်...

#ဥပဒေအကူအညီ ရယူလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပြီး ကျွန်ုပ်တို့ထံမှ အခမဲ့ အကူအညီရယူနိုင်ပါသည်။

#ဖုန်းနံပါတ် ၀၉၂၆၆၆၈၄၄၄၈, ၀၉၂၆၆၆၈၄၄၄၉

page စာမျက်နှာမှ အသုံးပြုထားသော ပို့စ်များ၊ ဓါတ်ပုံများကို တဆင့်ကူးယူအသုံးပြုလိုပါက LCM ၏အတည်ပြုချက်ဖြင့်သာရယူနိုင်ပါသည်။



#ဥပဒေရေးရာကုစားရေးအဖွဲ့(မြန်မာ)

အမျိုးသမီးတိုင်းသိထားသင့်ပါတယ်
30/11/2025

အမျိုးသမီးတိုင်းသိထားသင့်ပါတယ်

မိန်းမကိုယ့်အနံ့မပြင်းအောင်ဘယ်လိုကာကွယ်မလဲ? 🌸

မိန်းမကိုယ်က ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ် 😊။ မိန်းမကိုယ်ကခန္ဓာကိုယ်ကအခြားနေရာတွေလိုပဲ သန့်ရှင်းမှုအားနည်းတဲ့အခါ နဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် အနံ့ဆိုးထွက်နိုင်ပါတယ် ❗

မိန်းမကိုယ်အနံ့ဆိုးထွက်ရတဲ့အကြောင်းအရာတွေကတော့—
• တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ 🚿
• အမျိုးသမီးလစဉ်သုံးတွေကို အချိန်အကြာကြီးမလဲပဲထားတာ 🩸
• လ-ိင်မှတဆင့်ကူးစက်ခံနိုင်တဲ့ ကာလသားရောဂါတွေကူးစက်ခံရတာ ⚠️
• မိန်းမကိုယ်ကိုအနံ့ဆိုးစေတဲ့ အစားအသောက်တွေစားသောက်တာ 🍤🍟
• အတွင်းခံတွေကိုကျပ်ကျပ်တွေဝတ်တာ 👙 စတဲ့အကြောင်းအရာတွေကြောင့်ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်အနံ့ဆိုးထွက်တာမဖြစ်အောင်ကာကွယ်ဖို့အတွက်ဆိုရင်—
• တစ်ကိုယ်ရည်သန့်ရှင်းမှုကို သေချာဂရုစိုက်ပါ ✨
• အမျိုးသမီးလစဉ်သုံးတွေကို လေးနာရီခြားတစ်ခါလဲလှယ်ပေးပါ ⏱️
• လ-ိင်မှတဆင့်ကူးစက်နိုင်တဲ့ ကာလသားရောဂါတွေမကူးစက်အောင် လ-ိင်ဆက်ဆံတိုင်း ကွန်ဒုံးကိုစနစ်တကျအသုံးပြုပါ 🛡️
• မိန်းမကိုယ်အနံ့ဆိုးစေနိုင်တဲ့အစားအစာတွေကိုရှောင်ကြဉ်ပါ 🍋
• အတွင်းခံကျပ်ကျပ်ဝတ်ခြင်းမှရှောင်ကြဉ်ပါ ၊ ချည်သားကဲ့သို့အတွင်းခံမျိုးရွေးချယ်ဝတ်ဆင်ပါ စတဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် မိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းကို ကာကွယ်နိုင်မှာပါ အမျိုသမီးတို့ရေ 💕…

အမျိုးသမီးကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို လုံခြုံစိတ်ချစွာတိုင်ပင်ဆွေးနွေးချင်တယ်ဆိုရင် PrettyGirl – Lan Pya Kyel Page Messenger မှာ လုံခြုံစိတ်ချစွာအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင် 🩷

ဘိုကင်တင်ရန် Link:
https://docs.google.com/forms/d/e/1FAIpQLSefaiI6rbK4vp3KtiB299WxwvcS0y4hn3ujQosGCORyatr6KQ/viewform

ဆက်သွယ်ရန်: ☎️ 09-979020465 / 09-880005923 / 09-977773428

🌿

ဖြေဆိုပြီး ဆုတွေယူရအောင်💜
26/11/2025

ဖြေဆိုပြီး ဆုတွေယူရအောင်💜

🎊16Days Activism Quiz အစီအစဉ်*🎉

Hello … Hello

Quiz အစီအစဉ် မှာ ပါဝင်ဖို့ အားလုံး READY ဖြစ်ကြပြီလား???

မနေ့က post ရဲ့ comment မှာ ကြိုတင်ဝင်ရောက် လေ့လာထားပြီးပြီလို့ မျှော်လင့်ပါတယ်..

~~~~~~~~~~

**Quiz ဖြေဆိုရမည့် အချိန် စတင်ပါပြီ ❓**

⏰ **အချိန်** - November (26)ရက်နေ့၊ ည ၆ နာရီ မှ ည ၁၀ နာရီ အတွင်းဖြေဆိုရမှာဖြစ်ပါတယ်။

**ဘယ်လိုဖြေဆိုရမလဲ❓**
အောက်ဖော်ပြပါ Link အတွင်းသို့ ဝင်ရောက်ပြီး ဖြေဆိုရမှာပါ။

👉🏻 https://forms.office.com/r/SGbyWeRvz5

(ည ၆ နာရီ မှ ည ၁၀ နာရီ အထိ) ဖြေရမည်ဖြစ်ပြီး ယနေ့ည ၁၀နာရီနောက်ပိုင်းဖြေဆိုသည့် သူများကို ထည့်သွင်းစဉ်းစားသွားမှာ မဟုတ်ပါဘူးနော်။

~~~~~~~~~~

အထက်ဖော်ပြပါ Link တွင် ဝင်ရောက်ဖြေဆိုပြီးပါက အောက်ပါ စည်းကမ်းချက်များကိုအတိုင်း လုပ်ဆောင်ရန် လိုအပ်ပါတယ်။

**မေးခွန်းဖြေမည့်သူများ လိုက်နာရမည့် စည်းကမ်း**

ယခုတင်ထားသော Quiz ပို့စ်အား မိမိ Facebook account တွင် အောက်ဖော်ပြပါ hashtag များဖြင့် share ရမည်ဖြစ်ပြီး မိမိshare ထားကြောင်းကို Screen Shot ရိုက်ကာ Screen Shot ပုံနှင့်အတူ "Done" စာသားဖြင့် Quiz ပို့စ် အောက်တွင် Comment မန့်ပေးရပါမည်။

Hashtag များ

for online abuse




~~~~~~~~~~

**ဖုန်းဘေလ်ဆုလက်ဆောင်ပေးခြင်း**

အထက်တွင်ဖော်ပြထားသော စည်းကမ်းချက်များကိုလုပ်ဆောင်ပြီး အဖြေမှန်တွေကို အမြန်ဆုံးနှင့်အများဆုံးဖြေဆိုနိုင်သူတွေကို **ဖုန်းဘေလ်လက်ဆောင်များ** ချီးမြှင့်သွားမှာမို့ လွတ်မသွားပါစေနဲ့နော်။

TFP ဝန်ထမ်းများ နှင့် ၎င်းတို့ရဲ့ မိသားစုဝင်များ ဝင်ရောက် ဖြေဆိုခွင့်မရှိပါဘူးနော်။
"စည်းကမ်းချက်များနှင့် ကိုက်ညီသူများကိုသာ ဖုန်းဘေလ်လက်ဆောင် ချီးမြှင့် ပေးသွားပါမယ်။"

---
**Like, Share & Comment** လုပ်ပြီး ပါဝင်ဖြေဆိုဖို့ မမေ့ပါနဲ့နော်။ အားလုံးကို ကြိုဆိုပါတယ်။ 🎉

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Kyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share