19/03/2026
📣📣Special Guest Speaker announcement📣📣
[English Version Below]
မတ်လ ၂၀ရက်နေ့မှာပြုလုပ်ကျင်းပသွားမည်ဖြစ်တဲ့ Digital Cleanup Day Myanmar Campaign event ကို Environment, Health and Safety (EHS) Myanmar ၏ Founder နှင့် Executive Director ဖြစ်သူ ဒေါက်တာကောင်းထက်စွမ်းမှ Special Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။✨✨
ဒေါက်တာကောင်းထက်စွမ်း သည် self-funded, non-profit organization ဖြစ်သည့် Environment, Health and Safety Myanmar (EHS Myanmar) ၏ Founder & Executive Director ဖြစ်ပါတယ်။ ဒေါက်တာစွမ်းသည် Ph.D. ပါရဂူဘွဲ့ကို Environmental and Water Resources Engineering ဖြင့် Mahidol University မှရရှိထားပြီး လက်ရှိ ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်တွင် Senior Researcher ဖြင့်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူသည် EHS Myanmar နှင့်အတူ Environmental နှင့် Sustainable Development ဆိုင်ရာအသိပညာပေးခြင်း၊ Youth Empowerment နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင် (၈) နှစ်ကျော်ကြာ ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး လူငယ်ပေါင်း (၂၅၀၀) ကျော်ကို အသိပညာဝေမျှပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ် ၅၀ ကျော်ကိုအနီးကပ် EHS Myanmar နှင့်အတူ Mentoring လုပ်ဆောင်ပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ အသိပညာပေးဆောင်းပါးများ နှင့် နည်းပညာဆောင်းပါးများ (၂၀၀) ကျော် ကို “နိုင်ကျော်လူ” ကလောင်အမည်ဖြင့်ရေးသားနေသည့် စာရေးဆရာတစ်ယောက် ဖြစ်ပြီး ESIA နယ်ပယ်တွင်လဲ လိုင်စင်ရအတိုင်ပင်ခံအဖြစ်လုပ်ကိုင်လျက်ရှိပြီး လုပ်သက် (၉) နှစ် ကျော်အတွေ့အကြုံရှိထားသူလဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အာဆီယံလူငယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု (ASEAN Youth-Eco Champion Award) ကို မြန်မာနိုင်ငံကိုယ်စားပြုရရှိထား သူလဲဖြစ်ပါတယ်။ သူကျွမ်းကျင်သည့်နယ်ပယ်များမှာ Sustainability, Sustainable Development, Solid Waste Management, Environmental Engineering and Management, Air Pollution Control and Management, Policy and Governance တို့ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ Campaign Event နေ့တွင် "မမြင်နိုင်သော စွန့်ပစ်ပစ္စည်းများ" (Invisible Waste) တွေက ကာဗွန်ထုတ်လွှတ်မှုများကို လက်တွေ့ကမ္ဘာတွင် မည်ကဲ့သို့ ဖြစ်ပေါ်စေသနည်းဆိုသည့် ရှုထောင့်အမြင်နှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ် အပေါ် သက်ရောက်မှုများကို ဒေါက်တာကောင်းထက်စွမ်းမှ အကျဉ်းချုပ် မျှဝေပေးသွားမည် ဖြစ်ပါသည်။
ကျွန်တော်တို့ရဲ့ Campaign တွင် ပါဝင်ပြီး မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်သန့်ရှင်းရေး စံချိန်မှတ်တမ်းတစ်ခု အတူတူဖန်တီးလိုက်ကြပါစို့။
📍📍လာမည့် မတ်လ ၁၉ ရက်၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
👉https://forms.gle/aoVMEiVNiALPGM3o8
—-------------------
We would like to announce that Dr. Kaung Htet Swan, Founder and Executive Director of Environment, Health and Safety (EHS) Myanmar will be starring as a special guest speaker. ။✨✨
Dr. Kaung Htet Swan is the Founder and Executive Director of Environment, Health and Safety Myanmar (EHS Myanmar), a self-funded non-profit organization. He holds a Ph.D. in Environmental and Water Resources Engineering from Mahidol University and is currently a Senior Researcher at King Mongkut’s University of Technology Thonburi (KMUTT), Thailand. For over eight years, he has led environmental and sustainable development education, youth empowerment, and water sustainability research through EHS Myanmar. During this time, he has shared knowledge with more than 2,500 young people and mentored over 50 youths. Dr. Swan is also an author who has written more than 200 environmental education and technical articles under the pen name “Naing Kyaw Lu.” In addition, he is a licensed Environmental and Social Impact Assessment (ESIA) consultant with over nine years of professional experience. He is the recipient of the 2023 ASEAN Youth Eco-Champion Award for Myanmar. His areas of expertise include sustainability, sustainable development, solid waste management, environmental engineering and management, air pollution control and management, and environmental policy and governance.
On our campaign event day, Dr Kaung Htet Swan will give us a short perspective of how "Invisible Waste" creates real-world carbon emissions and the specific impact on Myanmar’s digital landscape.
Join our campaign event and make a digital clean up record in Myanmar.
📍📍Please kindly register by the end of this Thursday, March 19th.
👉https://forms.gle/aoVMEiVNiALPGM3o8