Digital Cleanup Day MM

Digital Cleanup Day MM Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Digital Cleanup Day MM, Nonprofit Organization, Yangon.

Digital Cleanup Day Myanmar promotes mindful technology use for a cleaner, greener future. 🌱💻


Thank you so much our honorable guest speakers, partner organizations and the participants for joining our tonight event...
20/03/2026

Thank you so much our honorable guest speakers, partner organizations and the participants for joining our tonight event. With over 120 participants, we celebrated the digital clean up campaign in Myanmar, which will be recorded as a historic moment. 💚💚

19/03/2026

[English Version Below]

ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကို သတိမမူမိဘဲ မြို့ပြဖွံ့ဖြိုးမှု နဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု အကြောင်းတွေကိုပဲ ပြောလေ့ရှိကြပါတယ်။ 🏙️🌿

လက်တွေ့အရေးယူ ဆောင်ရွက်မှုတွေ မစတင်ခင်မှာ၊ မမြင်ရနိုင်တဲ့ အမှိုက် (Invisible waste) တွေအကြောင်း အသိပညာပြန့်ပွားအောင် လုပ်ဆောင်ပြီး ကျွန်ုပ်တို့ရဲ့ ဒစ်ဂျစ်တယ် အမှိုက်တွေကို အရင်ဆုံး ရှင်းလင်းလိုက်ကြရအောင်လား။ 🗑️✨

Parami University (Class of 2029) မှ ကျောင်းသူ Kay Thi San က ဒီလို မမြင်ရနိုင်တဲ့ အမှိုက်တွေက ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်စေနိုင်သလဲဆိုတဲ့ သူမရဲ့ အမြင်တွေကို မျှဝေထားပြီး Digital Clean up day လှုပ်ရှားမှုမှာ အတူတကွ ပါဝင်ဖို့ တိုက်တွန်းထားပါတယ်။ 📢💚

📢 ဒီပွဲကို ဒီနေ့ ညနေ မြန်မာစံတော်ချိန်ညနေ ၇ နာရီမှာ စတင်မှာဖြစ်ပြီး၊ Registration form ကိုတော့ မတ်လ ၂၀ရက်နေ့ ညနေ ၅နာရီ အထိ နောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်ပါတယ်။

ဒါကြောင့် အချိန်မနှောင်းခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ကြရအောင်!! 👇
👉https://forms.gle/aoVMEiVNiALPGM3o8
—---------------------
We often ignore the waste in our surroundings, and talk about sustainability with urban development. Now before we start doing anything to take action, let’s clear our digital waste first and spread awareness of these invisible waste.

Kay Thi San, a parami student from Class of 2029 shares her insights of how these invisible waste can harm our environment, and calls out to join the digital Clean up day campaign.

We kindly would like to announce that the event will be starting today at 7p.m MMT and will open the registration form till 5 p.m MMT. So go ahead and register now!!
👉https://forms.gle/aoVMEiVNiALPGM3o8

How to cleanup your digital space?IT’S SIMPLE - START SMALL ✔ Check storage✔ Delete large files✔ Unsubscribe✔ Clean inbo...
19/03/2026

How to cleanup your digital space?
IT’S SIMPLE - START SMALL
✔ Check storage
✔ Delete large files
✔ Unsubscribe
✔ Clean inbox
✔ Review cloud
✔ Remove unused apps

📣📣Special Guest Speaker announcement📣📣[English Version Below]မတ်လ ၂၀ရက်နေ့မှာပြုလုပ်ကျင်းပသွားမည်ဖြစ်တဲ့ Digital Cleanup...
19/03/2026

📣📣Special Guest Speaker announcement📣📣

[English Version Below]
မတ်လ ၂၀ရက်နေ့မှာပြုလုပ်ကျင်းပသွားမည်ဖြစ်တဲ့ Digital Cleanup Day Myanmar Campaign event ကို Environment, Health and Safety (EHS) Myanmar ၏ Founder နှင့် Executive Director ဖြစ်သူ ဒေါက်တာကောင်းထက်စွမ်းမှ Special Guest Speaker အဖြစ် ပါဝင်အားဖြည့်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။✨✨

ဒေါက်တာကောင်းထက်စွမ်း သည် self-funded, non-profit organization ဖြစ်သည့် Environment, Health and Safety Myanmar (EHS Myanmar) ၏ Founder & Executive Director ဖြစ်ပါတယ်။ ဒေါက်တာစွမ်းသည် Ph.D. ပါရဂူဘွဲ့ကို Environmental and Water Resources Engineering ဖြင့် Mahidol University မှရရှိထားပြီး လက်ရှိ ထိုင်းနိုင်ငံ KMUTT တက္ကသိုလ်တွင် Senior Researcher ဖြင့်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူသည် EHS Myanmar နှင့်အတူ Environmental နှင့် Sustainable Development ဆိုင်ရာအသိပညာပေးခြင်း၊ Youth Empowerment နှင့် ရေရှည်တည်တံ့ခိုင်မြဲပြီးဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ သုတေသနလုပ်ငန်းများတွင် (၈) နှစ်ကျော်ကြာ ဦးဆောင်လုပ်ကိုင်လျက်ရှိပြီး လူငယ်ပေါင်း (၂၅၀၀) ကျော်ကို အသိပညာဝေမျှပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ် ၅၀ ကျော်ကိုအနီးကပ် EHS Myanmar နှင့်အတူ Mentoring လုပ်ဆောင်ပေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ အသိပညာပေးဆောင်းပါးများ နှင့် နည်းပညာဆောင်းပါးများ (၂၀၀) ကျော် ကို “နိုင်ကျော်လူ” ကလောင်အမည်ဖြင့်ရေးသားနေသည့် စာရေးဆရာတစ်ယောက် ဖြစ်ပြီး ESIA နယ်ပယ်တွင်လဲ လိုင်စင်ရအတိုင်ပင်ခံအဖြစ်လုပ်ကိုင်လျက်ရှိပြီး လုပ်သက် (၉) နှစ် ကျော်အတွေ့အကြုံရှိထားသူလဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အာဆီယံလူငယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးချန်ပီယံဆု (ASEAN Youth-Eco Champion Award) ကို မြန်မာနိုင်ငံကိုယ်စားပြုရရှိထား သူလဲဖြစ်ပါတယ်။ သူကျွမ်းကျင်သည့်နယ်ပယ်များမှာ Sustainability, Sustainable Development, Solid Waste Management, Environmental Engineering and Management, Air Pollution Control and Management, Policy and Governance တို့ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ Campaign Event နေ့တွင် "မမြင်နိုင်သော စွန့်ပစ်ပစ္စည်းများ" (Invisible Waste) တွေက ကာဗွန်ထုတ်လွှတ်မှုများကို လက်တွေ့ကမ္ဘာတွင် မည်ကဲ့သို့ ဖြစ်ပေါ်စေသနည်းဆိုသည့် ရှုထောင့်အမြင်နှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နယ်ပယ် အပေါ် သက်ရောက်မှုများကို ဒေါက်တာကောင်းထက်စွမ်းမှ အကျဉ်းချုပ် မျှဝေပေးသွားမည် ဖြစ်ပါသည်။
ကျွန်တော်တို့ရဲ့ Campaign တွင် ပါဝင်ပြီး မြန်မာနိုင်ငံအတွက် ဒစ်ဂျစ်တယ်သန့်ရှင်းရေး စံချိန်မှတ်တမ်းတစ်ခု အတူတူဖန်တီးလိုက်ကြပါစို့။
📍📍လာမည့် မတ်လ ၁၉ ရက်၊ ကြာသပတေးနေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
👉https://forms.gle/aoVMEiVNiALPGM3o8

—-------------------
We would like to announce that Dr. Kaung Htet Swan, Founder and Executive Director of Environment, Health and Safety (EHS) Myanmar will be starring as a special guest speaker. ။✨✨

Dr. Kaung Htet Swan is the Founder and Executive Director of Environment, Health and Safety Myanmar (EHS Myanmar), a self-funded non-profit organization. He holds a Ph.D. in Environmental and Water Resources Engineering from Mahidol University and is currently a Senior Researcher at King Mongkut’s University of Technology Thonburi (KMUTT), Thailand. For over eight years, he has led environmental and sustainable development education, youth empowerment, and water sustainability research through EHS Myanmar. During this time, he has shared knowledge with more than 2,500 young people and mentored over 50 youths. Dr. Swan is also an author who has written more than 200 environmental education and technical articles under the pen name “Naing Kyaw Lu.” In addition, he is a licensed Environmental and Social Impact Assessment (ESIA) consultant with over nine years of professional experience. He is the recipient of the 2023 ASEAN Youth Eco-Champion Award for Myanmar. His areas of expertise include sustainability, sustainable development, solid waste management, environmental engineering and management, air pollution control and management, and environmental policy and governance.

On our campaign event day, Dr Kaung Htet Swan will give us a short perspective of how "Invisible Waste" creates real-world carbon emissions and the specific impact on Myanmar’s digital landscape.

Join our campaign event and make a digital clean up record in Myanmar.

📍📍Please kindly register by the end of this Thursday, March 19th.
👉https://forms.gle/aoVMEiVNiALPGM3o8

18/03/2026

[English Version Below]
Digital Cleanup Day Campaign မှာပါဝင်လုပ်ဆောင်ခြင်းဟာ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ရုံသာမက သင့်စက်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ စက်ပစ္စည်းသက်တမ်းကို ပိုမိုရှည်ကြာစေခြင်းနဲ့ ဆိုင်ဘာလုံခြုံရေးကို ပိုမိုခိုင်မာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
DCD က သင့်ရဲ့ ဒစ်ဂျစ်တယ်လူနေမှုဘဝကို ဘယ်လိုမျိုး ပိုမိုအဆင်ပြေချောမွေ့စေပြီး အချက်အလက်တွေကို ဘေးကင်းအောင် ကာကွယ်ပေးနိုင်သလဲဆိုတာကို သိရှိနိုင်ဖို့ Parami ကျောင်းသားတစ်ဦး ဖြစ်တဲ့ Pone Nyet Aung ရဲ့ ဒီဗီဒီယိုလေးကို ကြည့်ရှုလိုက်ရအောင်။
ကျွန်တော်တို့ရဲ့ DCDMM pageနဲ့ PU community တို့ဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှာ Digital Clean Up Day 2026 campaign ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် အမှိုက် တွေကို ဖျက်ဆီးရင်း ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ကျွန်တော်တို့နဲ့အတူ ပါဝင်ဖို့ ဒီဖောင်မှာ လျှောက်ထားနိုင်ပါတယ်!!
👉https://forms.gle/aoVMEiVNiALPGM3o8
—---------
Beyond lowering your carbon footprint, Digital Cleanup Day Campaign boosts your device's performance, helps your hardware last longer, and strengthens your cybersecurity.
Check out this video by Parami student Pone Nyet Aung to learn how DCD can streamline your digital life and keep your data safe!
Our DCDMM page and PU community are celebrating the Digital Carbon Clean up day on 20th March 2026. Join with us to participate in this event where we celebrate by deleting our digital waste. 🍃🍃

Apply this form to participate with us!!
👉https://forms.gle/aoVMEiVNiALPGM3o8

17/03/2026

[English Version Below]
📣📣Parami University ရဲ့ Academic Advisor အဖြစ်လုပ်ဆောင်ဖူးခဲ့တဲ့ Anny Lin က ကျွန်တော်တို့ ရေရှည် မမြင်နိုင်ခဲ့တဲ့ စွန့်ပစ်ပစ္စည်းတွေရဲ့ သက်ရောက်မှုတွေအကြောင်း ဒီဗီဒီယိုနဲ့အတူ သတိပေးထားပါတယ်။
ကျွန်တော်တို့ စကားပြောနေကြတဲ့ အချိန်မှာတောင် Database ထဲမှာ လျှပ်စစ်စွမ်းအင်အမြောက်အမြား အသုံးပြုနေကြတာပါ။ ပိုမိုကောင်းမွန်တဲ့ ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်အတွက် ဒစ်ဂျစ်တယ် အမှိုက် (Digital waste) တွေကို လျှော့ချပြီး Carbon emission တွေကို လျှော့ချဖို့ အတူတကွ ကြိုးပမ်းကြပါစို့။ 🍃🍃
ကျွန်တော်တို့ရဲ့ DCDMM pageနဲ့ PU community တို့ဟာ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှာ Digital Clean Up Day 2026 campaign ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် အမှိုက် တွေကို ဖျက်ဆီးရင်း ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ကျွန်တော်တို့နဲ့အတူ ပါဝင်ဖို့ ဒီဖောင်မှာ လျှောက်ထားနိုင်ပါတယ်!!
👉https://forms.gle/aoVMEiVNiALPGM3o8
📣📣Anny Lin, former Academic Advisor at Parami University, reminds us that the effects of waste we couldn’t see for a long time with this video. As we talk, these can use an immense amount of electricity in the database. Let’s try reducing our digital waste to reduce the amount of carbon emission to take action for a more sustainable future!
Our DCDMM page and PU community are celebrating the Digital Carbon Clean up day on 20th March 2026. Join with us to participate in this event where we celebrate by deleting our digital waste. 🍃🍃

Apply this form to participate with us!!
👉https://forms.gle/aoVMEiVNiALPGM3o8

[English Version Below]🗑️ သင့် Inbox က သင်ထင်ထားတာထက် ပိုပြီး လေးလံနေနိုင်ပါတယ်။မဖတ်ရသေးတဲ့ အီးမေးလ်တွေ၊ ဝေဝါးနေတဲ့ Scre...
16/03/2026

[English Version Below]

🗑️ သင့် Inbox က သင်ထင်ထားတာထက် ပိုပြီး လေးလံနေနိုင်ပါတယ်။
မဖတ်ရသေးတဲ့ အီးမေးလ်တွေ၊ ဝေဝါးနေတဲ့ Screenshot တွေနဲ့ Cloud ထဲမှာ မေ့လျော့နေတဲ့ မှတ်တမ်းတွေစတဲ့ "Dark Data" တွေဟာ ကမ္ဘာကြီးကို အသံတိတ် အပူပေးနေပြီး စွမ်းအင်တွေကို ဖြုန်းတီးနေတယ်ဆိုတာ သင်သိပါသလား?

ကျွန်ုပ်တို့ဟာ ခိုင်မာတည်မြဲပါတယ်ဆိုတဲ့ ကမ္ဘာကြီးထဲမှာ ရှင်သန်နေရင်း မသိလိုက်ပဲ "ဒစ်ဂျစ်တယ် အမှိုက်" (Digital Trash) တွေကို အဆက်မပြတ် စုဆောင်းမိနေကြပါတယ်။ ကျွန်ုပ်တို့ မလိုအပ်ဘဲ သိမ်းဆည်းထားတဲ့ ဒေတာ Gigabyte တိုင်းဟာ အပူချိန်မြင့်တက်နေတဲ့ ကမ္ဘာမြေရဲ့ တစ်နေရာရာက Server တွေဆီကနေ စွမ်းအင်တွေကို အဆက်မပြတ် လိုအပ်နေတာဖြစ်ပါတယ်။

အခုဆိုရင် Parami Environmental Club ရဲ့ ဒုတိယအကြိမ်မြောက် Digital Cleanup Day Myanmar ပြန်လည်ရောက်ရှိလို့ လာပါပြီ။ ၂၀၂၅ ခုနှစ်ရဲ့ အောင်မြင်မှုခြေလှမ်းတွေအတိုင်း ဒစ်ဂျစ်တယ် ရေရှည်တည်တံ့မှုအတွက် ကျွန်ုပ်တို့အားလုံး စုပေါင်းရပ်တည်ကြရအောင်။

ဘာတွေလုပ်မှာလဲ ?- မလိုအပ်တဲ့ ဒစ်ဂျစ်တယ်ဖိုင်လ်တွေနဲ့ ဒေတာတွေကို စုပေါင်းရှင်းလင်းကြမှာပါ။
ဘာကြောင့်လဲ? - မမြင်ရတဲ့ ညစ်ညမ်းမှုဟာလည်း ညစ်ညမ်းမှုတစ်မျိုးပဲ ဖြစ်လို့ပါပဲ။

ဘယ်တော့လဲ? - ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် (သောကြာနေ့)
ဘယ်အချိန်လဲ? - မြန်မာစံတော်ချိန် ညနေ ၇နာရီမှ ၉နာရီအထိ

အခုပဲ စာရင်းပေးသွင်းလိုက်ပါ -
👉https://forms.gle/aoVMEiVNiALPGM3o8

--------------------

🗑️ YOUR INBOX IS HEAVIER THAN YOU THINK.
Did you know that "Dark Data"—those thousands of unread emails, blurry screenshots, and forgotten recordings in your cloud—is silently draining energy and warming the planet?
In a world that feels fixed and solid, we are often unknowingly accumulating "digital ghosts." Every unnecessary gigabyte we store requires a pulse of energy from a server somewhere on this warming earth.
The Parami Environmental Club is back for the 2nd Annual Digital Cleanup Day Myanmar! Following the success of our 2025 pilot, we are once again taking a collective stand for digital sustainability.
WHAT: A collective "Digital Purge" of unnecessary files and data.
WHEN: March 20, 2026
TIME: 7:00 - 9:00 PM MMT
WHY: Because invisible pollution is still pollution.

Don’t wait—registration is now OPEN:
👉https://forms.gle/aoVMEiVNiALPGM3o8

[English version below]ဒစ်ဂျစ်တယ်ခေတ်ကို ရောက်ရှိလာတာနဲ့အမျှ ဒစ်ဂျစ်တယ်အသုံးအဆောင်တွေဖြစ်တဲ့ မိုဘိုင်းဖုန်း ၊ လပ်တော့ အစ...
10/03/2026

[English version below]

ဒစ်ဂျစ်တယ်ခေတ်ကို ရောက်ရှိလာတာနဲ့အမျှ ဒစ်ဂျစ်တယ်အသုံးအဆောင်တွေဖြစ်တဲ့ မိုဘိုင်းဖုန်း ၊ လပ်တော့ အစရှိသဖြင့် အသုံးအဆောင်ပစ္စည်းတွေဟာ ကျွန်တော်တိုရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခုဖြစ်လာပါတယ်။ ဒါအပြင့် ယခုခေတ်မှာ အလုပ်အကိုင်အပြင် သင်ကြားရေးနဲ့ဆိုင်သော လုပ်ငန်းစဉ်များကိုလည်း အွန်လိုင်းမှတစ်ဆင့် လုပ်ကိုင်မှုများရှိလာတဲ့အတွက် ဒီဂျစ်တယ်မှထွက်တဲ့ သတိမထားမိနိုင်တဲ့ မမြင်နိုင်တဲ့ အမှိုက်တွေအကြောင်း သတိပြုမိဖို့လိုအပ်ပါတယ်။
စမတ်ဖုန်းတစ်လုံးကနေ ကျွန်တော်တို့ပုံမှန်မြင်နေကျ အမှိုက်တွေလိုမဟုတ်ပဲ ဒစ်ဂျယ်တယ်အမှိုက်တွေက သတိတရ စွန့်ပစ်ဖို့ရန်မေ့နေတက်ကြပါတယ်။ အီးမေးလ်တစ်စောင်ပို့တိုင်း ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပမာဏ 4 ဂရမ် လောက်ထုတ်လွှတ်ရပါတယ်။ သာမာန်မြင်နေကြအမှိုက်တွေထပ် ဒီလိုမျိုး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်တဲ့ ဒီဂျစ်တယ်အမှိုက်တွေက ဘယ်လောက်တောင်များနေမလဲဆိုတာ စိုးရိမ်စရာပါ။ အီးမေးလ်တစ်စောင်သာမက ဓာတ်ပုံတွေ ပိုနေတဲ့ဖိုင်လ်တွေပါ ထပ်ပေါင်းထည့်မယ်ဆိုရင် 50 ဂရမ်ကနေ 10 ကီလိုဂရမ်အထိ နှစ်စဥ်ထုတ်လွှတ်မိနိုင်ပါတယ်။ ဒီပမာဏထပ်ပိုဖို့ပဲရှိပါတယ်။
ဘာလို့ဓာတ်ပုံလေးရိုက်ရုံ ဖိုင်လ်တွေသိမ်းထားရုံနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထွက်တာလဲ?
ဒီမေးခွန်းကိုဖြေဖို့အတွက် Cloud server ကလောက်ဆာဗာ လို့ခေါ်တဲ့ နေရာကနေစပြီးလေ့လာဖို့လိုပါမယ်။ ဒီနေရာတွေမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဖုန်းတွေ ကွန်ပျူတာတွေထဲက ဓာတ်ပုံတွေ ဖိုင်လ်တွေ အစရှိတဲ့ ဒေတာတွေကို သိမ်းထားရပါတယ်။ ဒီလိုသိမ်းဖို့ဆိုတာ ကလောက်ဆာဗာ စင်တာတွေမှာ စွမ်းအင်ကုန်ကျမှုတွေရှိပါတယ်။ အဲ့လိုစွမ်းအင်တွေသုံးဖို့ရန်အတွက် လည်ပတ်တဲ့ တဲ့အခါမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထုတ်လွှတ်ရပါတယ်။
၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Environmental Costs of Being Selfiesh” ဆိုတဲ့ Research အရ Selfie တစ်ပုံ Upload လုပ်တာမျိုးကဲ့သို့ ရိုးရှင်းတဲ့ လုပ်ဆောင်ချက်တွေကတောင် Carbon Emissions (ကာဗွန်ထုတ်လွှတ်မှု) ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလေ့လာမှုအရ ဓာတ်ပုံတစ်ပုံကို Upload လုပ်ဖို့အတွက် ကုန်ဆုံးသွားတဲ့ Data Transmission (အချက်အလက်ပေးပို့ခြင်း) နဲ့ Storage (သိမ်းဆည်းခြင်း) ဆိုင်ရာ စွမ်းအင်တွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ၅ ဂရမ်ခန့် ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ Social Media Platforms တွေပေါ်မှာ နေ့စဉ် ဓာတ်ပုံပေါင်း ဘီလီယံနဲ့ချီပြီး Upload လုပ်နေကြတဲ့အခါ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုက သိသိသာသာကို ကြီးမားလာပါတယ်။

ဒီသက်ရောက်မှုကို လူတွေနားလည်စေဖို့အတွက် သုတေသီတွေက Digital Data တွေကို Carbon Emissions အဖြစ် ပြောင်းလဲတွက်ချက်တဲ့ “Selfie Index” ဆိုတဲ့ model တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ သူတို့ရဲ့ နှိုင်းယှဉ်ချက်အရ Selfie ၁၀ ပုံလောက် Upload လုပ်ရာကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏဟာ ကားတစ်စီးကို ၁ ကီလိုမီတာ မောင်းနှင်တာနဲ့ ညီမျှပြီး၊ ပျမ်းမျှ သစ်ပင်တစ်ပင်က တစ်နေ့တာ စုပ်ယူပေးနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏနဲ့လည်း တူညီနေပါတယ်။

ဒီဥပမာက Digital Waste တွေဟာလည်း ပတ်ဝန်းကျင်ဆိုင်ရာ အမှိုက်တွေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ကို သတိပေးနေပါတယ်။ အသုံးမပြုတဲ့ ဓာတ်ပုံတွေ၊ Duplicate Files ၊ Email အဟောင်းတွေနဲ့ Cloud ထဲမှာ မလိုအပ်ဘဲ သိမ်းထားတဲ့ Data တွေဟာ Data Centers တွေရဲ့ စွမ်းအင်လိုအပ်ချက်ကို မြင့်တက်စေပါတယ်။

ဒါကြောင့်လည်း Digital Cleanup Day က လူတွေကို မလိုအပ်တဲ့ File တွေ ဖျက်ပစ်ဖို့၊ Digital Storage တွေကို စနစ်တကျ ပြန်စီစဉ်ဖို့နဲ့ Digital Waste တွေကို လျှော့ချဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Digital Spaces တွေကို ရှင်းလင်းလိုက်ခြင်းအားဖြင့် Digital Carbon Footprint ကို လျှော့ချနိုင်ပြီး ပိုမိုကျန်းမာတဲ့ ကမ္ဘာမြေဖြစ်လာဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

—-------------------------
As we enter the digital age, devices like mobile phones and laptops have become indispensable parts of our daily lives. Furthermore, since modern professional work and educational processes have moved online, it is essential to be mindful of the "invisible" digital waste that we often overlook.
Unlike the physical trash we see every day, we tend to forget to dispose of digital waste. Every time you send an email, it emits approximately 4 grams of carbon dioxide (CO₂). It is concerning to realize how much this digital waste, which harms the environment just like physical trash, is accumulating. If you add photos and large attachments to those emails, the emissions can range from 50 grams to 10 kilograms annually and this amount is only likely to increase.
Why does simply taking photos or storing files release carbon dioxide?
To answer this, we need to look at Cloud Servers. These are the places where data such as photos and files from phones and computers worldwide is stored. Operating these Cloud Server centers requires massive amounts of energy. When that energy is generated and consumed to keep the servers running and cooled, carbon dioxide is emitted.
According to a 2019 research report titled “The Environmental Costs of Being Selfiesh,” even a simple action like uploading a single selfie can generate carbon emissions. The study estimates that uploading one photo can release about 5 grams of CO₂ due to the energy required for data transmission and storage. When billions of photos are uploaded to social media platforms every day, the environmental impact becomes significantly large.
To help people visualize this impact, researchers created a model called the “Selfie Index,” which converts digital data into carbon emissions. Their comparison shows that the amount of CO₂ emitted by uploading just 10 selfies is equivalent to driving a car for 1 kilometer; it is also equal to the total amount of CO₂ an average tree can absorb in an entire day.
This example serves as a reminder that Digital Waste is indeed environmental waste. Unused photos, duplicate files, old emails, and unnecessary data stored in the cloud drive up the energy demands of data centers.
This is why Digital Cleanup Day encourages people to delete unnecessary files, organize digital storage, and reduce digital waste. By cleaning up our digital spaces, we can reduce our Digital Carbon Footprint and contribute to a healthier planet.

[English version below]၂၀၂၀ ခုနှစ်ကတည်းက Let’s Do it World ကနေ ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ Digital tools တွေမှ...
06/03/2026

[English version below]

၂၀၂၀ ခုနှစ်ကတည်းက Let’s Do it World ကနေ ဦးဆောင်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ Digital tools တွေမှာ အသုံးပြုနေတဲ့ Carbon footprint တွေကို လျှော့ချသန့်စင်ဖို့အတွက် Digital Clean Up day ကို စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှာတော့ Digital Cleanup Day MM ဦးဆောင်တဲ့ Campaign မှာ Participants နဲ့ Volunteers စုစုပေါင်း ၁၈၆ ဦးနဲ့အတူ Campaign ပြုလုပ်တဲ့ တစ်ရက်အတွင်းမှာပဲ မလိုအပ်တဲ့ Gigabytes ပေါင်းများစွာကို ဖျက်သိမ်းရှင်းလင်းနိုင်ခဲ့ပါတယ်။

ဒီနှစ်မှာဆိုရင်လည်း Campaign ကို ကျွန်ုပ်တို့ဘက်ကနေ ပြန်လည်ဦးဆောင်သွားတော့မယ်ဆိုတာကို ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်! အစီအစဉ်လေးမစတင်ခင်မှာတော့ ပဟေဠိလေးတစ်ခုနဲ့ အရင်စတင်လိုက်ရအောင်နော်။

မေးခွန်း လေးကတော့ - ၂၀၂၆ ခုနှစ်ရဲ့ Digital Carbon Cleanup Day campaign ကို ဘယ်နေ့မှာ ကဘယ်နေ့မှာကျရောက်ပါသလဲ?

အဖြေကို အောက်က Comment section မှာ ရေးပေးခဲ့ကြပါဦး။ 🌱💻
(Hint - It takes place every third Saturday in March)
—-------------
Since 2020, Let’s Do it World has initiated the Digital Clean Up day to spread awareness to clean up our carbon footprint we use in digital tools in our daily life. Last year on March 15, 2025 along with 186 participants and volunteers we cleaned up tons of unnecessary gigabytes within one campaign day. We are excited to announce that we will be leading this campaign again this year! To begin, we would like to start with a small quiz.

Question: On which day will the Digital Carbon Cleanup Day campaign be celebrated in 2026?
Please kindly leave your answer in the comment section below. 🌱💻

Digital Clean Up Day ဆိုတာဘာလဲ။[English Version Below]ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်မှာရှိသလိုပဲ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာလည်း...
21/11/2025

Digital Clean Up Day ဆိုတာဘာလဲ။

[English Version Below]

ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင်မှာရှိသလိုပဲ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာလည်း အမှိုက်သရိုက် တွေ အများကြီးရှိနေပါတယ်။ မလိုအပ်တဲ့ အီးမေးလ်တွေ၊ ဖိုင်တွေ၊ အက်ပ်တွေ၊ ပုံတူကူးထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ စတာတွေအားလုံးဟာ ဒစ်ဂျစ်တယ်စွန့်ပစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။
ဒီဒစ်ဂျစ်တယ်အမှိုက်တွေဟာ ဒစ်ဂျစ်တယ်ညစ်ညမ်းမှုကို ဖြစ်စေပြီး ကျွန်တော်တို့မေ့လျော့နေတဲ့အချိန်မှာတောင် စွမ်းအင်တွေကို ဆက်လက်သုံးစွဲနေပါတယ်။ နှစ်စဉ် အင်တာနက်နှင့် ၎င်း၏အထောက်အကူစနစ်များကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် သန်း ၉၀၀ ထုတ်လုပ်ရပါတယ်။ ဒီပမာဏဟာ ဂျာမနီနိုင်ငံတစ်နိုင်ငံလုံးရဲ့ တစ်နှစ်စာ ထုတ်လုပ်မှုထက်ကို ပိုများနေပါတယ်။
ဒစ်ဂျစ်တယ်သန့်ရှင်းရေးနေ့ကို မတ်လတတိယပတ် စနေနေ့တိုင်းမှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး ၂၀၂၆ ခုနှစ်အတွက် စီစဉ်ထားတဲ့ ဆောင်ရွက်မှုကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်၊ စနေနေ့မှာ ကျင်းပမည်ဖြစ်ပါတယ်။
အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) ကဏ္ဍ၏ စွမ်းအင်သုံးစွဲမှုနှင့် စွန့်ပစ်ဒစ်ဂျစ်တယ်အလေ့အထများမှတစ်ဆင့် ဖြစ်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ် ညစ်ညမ်းမှုအပေါ် စိုးရိမ်မှုများ တိုးပွားလာမှုကြောင့် Let’s Do It World မှ ၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးသော ကမ္ဘာ့ဒစ်ဂျစ်တယ်သန့်ရှင်းရေးနေ့ ဆောင်ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုအချိန်မှစ၍ အီလက်ထရွန်းနစ်စက်ပစ္စည်းများမှ ဒစ်ဂျစ်တယ်စွန့်ပစ်ပစ္စည်းများ ဖယ်ရှားခြင်းဖြင့် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၃,၀၀၀ ကျော် ထုတ်လုပ်မှုကို တားဆီးနိုင်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒစ်ဂျစ်တယ်သန့်ရှင်းရေးနေ့ရဲ့ ရလဒ်များကို ရေတွက်နေဆဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဆောင်ရွက်မှုအတွက် ရလဒ်အရ နိုင်ငံနှင့် နယ်မြေပေါင်း ၁၀၅ ခုမှ ပါဝင်သူ ၃၈၀,၀၀၀ ကျော်သည် ၎င်းတို့၏စက်ပစ္စည်းများမှ GB ၁၂.၇ သန်းကို ဖယ်ရှားနိုင်ခဲ့ပြီး အနည်းဆုံး ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁,၇၄၂ ၏ နှစ်စဉ်ထုတ်လုပ်မှုကို တားဆီးနိုင်ခဲ့ပါတယ်။
ထို့အပြင် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျွန်တော်တို့ရဲ့ Digital Clean Up MM စာမျက်နှာနှင့်အတူ ပါဝင်သူ ၁၈၆ ဦး ပါဝင်ခဲ့ပြီး ပိုမိုစိမ်းလန်းသော အနာဂတ်အတွက် ထိရောက်သောကတိကဝတ်များကို ပြုခဲ့ကြပါတယ်။ လာမည့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့တွင် ကျရောက်မည့် ဒစ်ဂျစ်တယ်သန့်ရှင်းရေးဆောင်ရွက်မှုနေ့တွင် ပိုမိုသန့်ရှင်းသော ဒစ်ဂျစ်တယ်ပတ်ဝန်းကျင်ဆီသို့ ရည်မှန်းချက်ဖြင့် ဤဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။
အတူတကွပါဝင်ရန် ဖိတ်ခေါ်လိုက်ပါတယ်။ စောင့်ဆိုင်းနေစဉ်အတွင်း ဒစ်ဂျစ်တယ်နှင့် ဂေဟစနစ်ဆိုင်ရာ အသိပညာပေးပို့စ်များကို မျှဝေပေးသွားမှာဖြစ်တဲ့အတွက်လည်း စောင့်မျှော်ပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်။
__________
What is digital Clean Up day?
In the digital world, just as in our natural environment, there’s a huge amount of trash. Unnecessary emails, files, apps, duplicates of photos and videos, etc., are all digital waste.
This digital trash creates digital pollution that continues to consume energy, even when we have forgotten it’s there. Each year the internet (and its supporting systems) produces 900 million tons of CO2, which is more than the annual output of the whole country of Germany!
Digital Cleanup Day is held annually on the third Saturday of March, with 2026's campaign scheduled for Saturday 21st March.
The growing concern about the Information and Communication Technology (ICT) sector's energy consumption and CO2 pollution created by wasteful digital practices prompted Let’s Do It World to initiate the first global Digital Cleanup Day campaign in 2020.
Since then, enough digital waste has been deleted from electronic devices to prevent the production of over 3,000 tons of CO2 a year.
Digital Cleanup Day 2024's results are still being counted. The results for 2023's campaign saw over 380,000 participants, from105 countries and territories, delete 12.7 million GB from their devices, thus preventing the annual production of at least 1,742 tons of CO2.
Also 2024 in Myanmar, together with our Digital Clean Up MM page, 186 participants participated in the campaign and made an impactful commitment to our greener future. In the upcoming Digital Clean up campaign day on March 21, 2026, we will be continuing the campaign with the goals to cleaner digital environment. Stay tuned with us to participate together and while waiting we will be sharing digital and eco awareness posts.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Digital Cleanup Day MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share